Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ချစ်ခင်ကြင်နာတတ်သော စိတ်

    ချစ်ခင် ကြင်နာတတ်ခြင်း၊ စွန့်ကြဲပေးကမ်းတတ်ခြင်း၊ ဝိညာည်ရေးရာ ကိစ္စရပ်များကို လျင်မြန်စွာ သိနားလည်တတ်ခြင်းတို့သည် အဖိုးထိုက်သော စွမ်းရည်သတ္တိများ ဖြစ်၍ ပိုင်ရှင်တွင် ကြီးလေးသော တာဝန် ရှိပါသည်။ အားလုံးသော စွမ်းရည်သတ္တိများကို ဘုရားသခင်၏ အမှုတော်အတွက် အသုံးချရပါမည်။ သို့သော် ဤ အချက်တွင် အများသူတို့ မှားယွင်းကြပါသည်။ ယင်း အရည်အချင်းများကို ပိုင်ဆိုင်ရသည့်အတွက် စိတ်ကျေနပ် ပြီးလျှင် သူတစ်ပါးအတွက် လက်တွေ့ အသုံးမပြုကြတော့ပါ။ အခွင့်အရေး ကောင်း၍ အခြေအနေကို သင့်မြတ်ပါက ကြီးကျယ်ခမ်းနားသော ကောင်းမှု တစ်ခုခု ပြုမည်ဟု ကိုယ်ကိုကိုယ် မြှောက်ပင့်တတ်ကြ၏။ သို့သော် သူတို့သည် အခွင့်အခါကိုသာ ငံ့လင့်နေတတ်ကြ၏။ မလုံလက်သော သူကို အနည်းငယ်မျှ ဝေငှရန် တွန့်တိုသည့် ဆင်းရဲသား လူစေးနှဲ၏ သဘောထား ကျဉ်းမြောင်းပုံကို သူတို့ ရှုတ်ချတတ်ကြ၏။ ထိုသူသည် ကိုယ်ကျိုးအတွက် အသက်ရှင်ဖို့သာ သိတတ်သည်။ ထိုကြောင့် သူ့ စွမ်းရည်ကို အလွဲအသုံးပြုသည်ဟု သူတို့ မြင်ကြ၏။ ထိုကြောင့် သူတို့သည် ယင်း သဘောထား ကျဉ်းမြောင်းသူများနှင့် ခြားနားပုံကို နှိုင်းယှဉ်၍ ထို အိမ်နီးချင်းများထက် သူတို့က အခြေအနေများစွာ ပို၍ ကောင်းသည်ဟု ယူဆလျက် စိတ်ကျေနပ်နေကြ၏။ သို့သော် သူတို့သည် ကိုယ်ကိုကိုယ် လှည့်စားနေခြင်းသာ ဖြစ်ကြ၏။ ပိုင်ဆိုင်ထားသည့် စွမ်းရည်သတ္တိများကို အသုံးမပြုဘဲထားခြင်းဖြင့် သူတို့တွင် တာဝန် ပိုမို များပြားပါသည်။ များစွာ ချစ်ခင်ကြင်နာတတ်သော သူတို့သည် ဘုရားသခင် တာဝန် ပေးအပ်ထားခြင်း ခံရသူများ ဖြစ်၍ သူတို့၏ မိတ်ဆွေများကို သာမက သူတို့၏ ထောက်ပံ့မှုကို လိုအပ်သူ အားလုံးကိုပါ ချစ်ခင်ကြင်နာရမည်။ လူမှုရေးတွင် အခွင့်အရေး သာခြင်းများသည် စွမ်းရည်COLB 443.1

    ဖြစ်၍ ကျွန်ုပ်တို့၏ သြဇာလွှမ်းမိုးမှု ဘောင်အတွင်း ရှိသူ အားလုံး၏ အကျိုးကျေးဇူးအတွက် အသုံးချရမည်။ အချို့သော သူများကိုသာ ကျေးဇူးပြုတတ်သည့် မေတ္တာသည် မေတ္တာစစ် မဟုတ်။ တစ်ကိုယ်ကောင်းဆန်ခြင်းမျှသာ ဖြစ်ပါသည်။ ထိုသို့ ပြုခြင်းဖြင့် စိတ်ဝိညာဉ်များအတွက် အဘယ်နည်း နှင့်မျှ ကောင်းမှု မပြု၊ ဘုရားသခင်၏ ဘုန်းတော်ကိုလည်း ထင်ရှားစေခြင်း မရှိ။ ယင်းသို့ သူတို့ သခင် ပေးအပ်ထားသော စွမ်းရည်သတ္တိများကို တိုးတက်ကောင်းမွန်အောင် မပြုစုသော သူများသည် သူတို့ အထင်သေးသော သူများထက် ပို၍ ပြစ်ဒဏ်သင့်ပါသည်။ ထိုသူများအား သင်တို့သည် သခင်၏ အလိုကို သိနားလည်သော်လည်း မလိုက်မနာ သူများ ဖြစ်ကြ၏ဟု ပြစ်တင် ပြောဆိုခြင်းကို ခံရကြပေလိမ့်မည်။COLB 444.1