Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ရှေးဦးစကား

    ခရစ်တော်သည် ပလတိဏပြည် တောင်ကုန်းဒေသများ နှင့် တောင်ကြားအရပ်များတွင် တပည့်တော်များ နှင့်အတူ လှည့်လည်တော်မူရာ၌လည်းကောင်း၊ ဂါလိလဲအိုင် နှင့် ယော်ဒန်မြစ်ဝန်းကျင်တွင် အပန်းဖြေရာ၌လည်းကောင်း ကိုယ်တော်၏ ဩဝါဒအများစုကို ဟောကြားတော်မူ၏။ ကိုယ်တော်သည် ဥပမာများကို ပုံဆောင်၍ ဩဝါဒပေးတော်မူရာ၌ သမ္မာတရားတော်ကို သိုးထိန်းများ၊ ဗိသုကာများ၊ ထွန်ယက်စိုက်ပျိုးသူများ၊ ခရီးသည်များ နှင့် အိုးအိမ်တည်ထောင်သူများ၏ အတွေ့အကြုံ ဗဟုသုတများ နှင့်စပ်လျဉ်းသည့် သာမန် အဖြစ်အပျက်များဖြင့် နှိုင်းယှဉ်၍ ဩဝါဒပေးတော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ချစ်တော်မူ၍ အရေးယူ ဂရုစိုက်တော်မူသည့် အကြောင်းများကိုလည်းကောင်း၊ ထိုကြောင့် ကျွန်ုပ်တို့သည် ကျေးဇူးတရား သိတတ်စွာဖြင့် ဘုရားရှင်ကို ဝတ်ပြုကိုးကွယ်ရမည့် အကြေင်းများကိုလည်းကောင်း၊ ကျွန်ုပ်တို့သည် လူသားချင်း တစ်ဦးကိုတစ်ဦး ကြည့်ရှုစောင့်ရှောက်ရမည့် အကြောင်းများကို လည်းကောင်း၊ လူသိများသော အကြောင်းအရာ၊ ဝတ္ထုပစ္စည်းများကို ပုံစံထား၍ မှန်ကန်စွာဖြင့်လည်းကောင်း၊ တင့်တယ်လျောက်ပတ်စွာဖြင့်လည်းကောင်း နှိုင်းယှဉ်ဖော်ပြထားပါသည်။ ထို့ကြောင့် ဉာဏ်တော်အားဖြင့် ဟောကြားတော်မူသည့် သမ္မာတရားတော်ဆိုင်ရာ ဩဝါဒများသည် ကိုယ်တွေ့အသုံးဝင်သော သစ္စာတရားများဖြစ်၏၊ အဓိပ္ပါယ်လေးနက်၏၊ စိတ်နှလုံးအတွင်း စွဲမှတ်စေနိုင်၏။COLB ii.1

    ဤစာစောင်တွင် ဥပမာများကို တူညီသော အကြောင်းအရာအလိုက် စီစဉ်ထားပါသည်။ ယင်းအကြောင်းအရာများနှင့် သက်ဆိုင်သည့် သင်ခန်းစာများကို အဓိပွါယ်ပေါ်လွင်အောင် ဖေါ်ပြထားပါသည်။ ရုပ်ပုံများဖြင့်လည်း သရုပ်ဖေါ်ထားပါသည်။ ဤစာစောင်သည် သစ္စာတရား ကျောက်မျက်ရွဲများနှင့် ကြွယ်ဝသည်ဖြစ်၍ စာဖတ်သူအများအတွက် ဝန်းကျင်၏ သာမန်အရာများက နေ့စဉ်အသက်တာကို အကျိုးထူးစေပါလိမ့်မည်။COLB ii.2

    “ခရစ်တော်၏သရုပ်ပြဩဝါဒများ” စာစောင်ကို အင်္ဂလိပ်ဘာသာအားဖြင့် လည်းကောင်း၊ အခြား ဘာသာရပ်ကြီးများဖြင့် လည်းကောင်း အကြိမ်ကြိမ် ထုတ်ဝေခဲ့ပြီးဖြစ်ပါသောကြောင့် လူကြိုက်များသော စာစောင်တစ်ခုဖြစ်ကြောင်း ထင်ရှားနေပါသည်၊ ယင်းစာစောင်ကို ပြုစုရေးသားစဉ် အချိန်က ကျမ်းပြုစုသူသည် ယင်းစာစောင်ကို ရိုက်နှိပ်ငှေရာတွင် ရရှိသမျှငွေကို ပညာရေးလုပ်ငန်းအတွက် ထောက်ပံ့ရန် သီးသန့်လှူဒါန်းခဲ့ပါသည်။ ထို့ကြောင့် ကျမ်းပြုစုသူ၏ အားထုတ်ကြိုးပမ်းမှုဖြင့် ခရစ်ယာန်ပညာရေးအတွက် အကျိုးထူးလောက်သော ဝင်ငွေကို ရရှိခဲ့ပါသည်။COLB iii.1

    ဤစာစောင်အားဖြင့် အမှုတော်ကို ဆက်လက်ဆောင်ရွက်ရာ၌ စာဖတ်သူသည် ကိုယ်တော်၏ ဩဝါဒများကို ပိုမိုနားလည်သဘောပေါက်၍ ကယ်တင်ရှင်၏ထံတော်ပါးသို့ တိုးဝင်ချဉ်းကပ်နိုင်စေရန်မှာ ပုံနှိပ်ထုတ်ဝေသူများ နှင့် အယ်လင်၊ ဂျီ၊ ဝှိုက် ထုတ်ဝေသော စာပေကျမ်းဂန်များကို စောင့်ရှောက်ထိန်းသိမ်းသည့် အဖွဲ့၏ ကောင်းမြတ်သော ဆန္ဒဖြစ်ပါသည်။COLB iii.2

    ပုံနှိပ်ထုတ်ဝေသူမျာ

    Larger font
    Smaller font
    Copy
    Print
    Contents