Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ယုဒလူမျိုးနှင့် သက်ဆိုင်ခြင်း

    သူဌေးကြီး နှင့် လာဇရုတို့၏ ဥပမာကို ခရစ်တော် မိန့်တော်မူချိန်တွင် ယုဒပြည်၌ ယုဒလူ အများစုသည် ဘုရားသခင်၏ ဥစ္စာပစ္စည်းများကို ကိုယ်ကျိုးအတွက် ကြိုက်နှစ်သက်သလို အသုံးပြုနေကြသဖြင့် သူဌေးကြီးကဲ့သို့ ရွံရှာဖွယ်သော အခြေအနေတွင် ရှိနေကြပါသည်။ “ကိုယ်တော်ကို ချိန်ခွင်နှင့် ချိန်၍ လျော့နေကြောင်းကို တွေ့မြင်တော်မူ၏” ဟု စီရင်ချက် ချသည်နည်းတူ ပြစ်ဒဏ်စီရင်ခြင်းကို ခံရဖို့ သူတို့ကိုယ် သူတို့ ပြင်ဆင်နေကြ၏။ ဒံ၊ ၅:၂၇။ သူဌေးကြီးသည် လောကီရေးရာနှင့် လည်းကောင်း၊ ဝိညာဉ်ရေးရာနှင့် လည်းကောင်း စပ်ဆိုင်သော ကောင်းချီးမင်္ဂလာ မျိုးစုံကို ခံစားရ၏။ သို့သော် ယင်း ကောင်းချီးမင်္ဂလာများကို အသုံးချရာ၌ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းပယ်ခဲ့ပါသည်။ ယုဒလူတို့သည်လည်း ယင်းအတိုင်းပင် ပြုနေကြပါသည်။ ဘုရားသခင်သည် ယုဒလူတို့အား မြတ်တော်မူသော သမ္မာတရားတော်အတွက် ဘဏ္ဍာတိုက် ဖြစ်စေတော်မူ၏။ ကိုယ်တော်သည် သူတို့အား မိမိ၏ ကျေးဇူးတော်များအတွက် ဘဏ္ဍာစိုးများအဖြစ် ခန့်ထားတော်မူ၏။ ကိုယ်တော်သည် ဝိညာဉ်ရေးရာနှင့် လည်းကောင်း၊ လောကီရေးရာနှင့် လည်းကောင်း စပ်ဆိုင်သော အခွင့်အရေး ရှိသမျှကို သူတို့အား ပေးသနားတော်မူပြီးလျှင် ယင်း ကောင်းချီးမင်္ဂလာများကိုလည်း ထပ်ဆင့် ဝေငှပေးကမ်းရန် ဆင့်ဆိုတော်မူ၏။ သူတို့၏ ညီအစ်ကိုများတွင် ယိုယွင်းပျက်စီးနေသူများကို လည်းကောင်း၊ သူတို့၏ ပရဝဏ်အတွင်း၌ ရှိသော ဧည့်သည်အာဂန္တုများကို လည်းကောင်း၊ ဝန်းကျင်ရှိ ဆင်းရဲနွမ်းပါးသူများကို လည်းကောင်း မည်သို့မည်ပုံ ပြုစုထောက်ပံ့ရမည်ကို အထူး ပညတ်များ ထားတော်မူ၏။ သူတို့သည် အတ္တ ကောင်းကျိုးအတွက် သက်သက် အမြတ်ထုတ်ရန် မဟုတ်၊ မရှိဆင်းရဲသူများကို သတိရ၍ သူတို့နှင့် ဝေငှသုံးစွဲရမည်။ မေတ္တာကရုဏာအလျောက် ကောင်းမှုပြုသည့် အချိုးအစားအတိုင်း သူတို့အား ကောင်းချီးပေးတော်မူမည်ဟု ဘုရားရှင် ကတိထားတော်မူ၏။ သို့သော် သူဌေးကြီးကဲ့သို့ သူတို့သည် ဆင်းရဲဒုက္ခ မျိုးစုံနှင့် ရင်ဆိုင်နေရသော လူသားတို့အား လောကီရေးအရ လည်းကောင်း၊ ဝိညာဉ်ရေးအရ လည်းကောင်း၊ သက်သာချောင်ချိမှု ရစေရန် ထောက်ပံ့ခြင်း၊ ကူညီရိုင်းပင်းခြင်း လုံးဝ မပြုမလုပ်ကြ။ သူတို့သည် ဘုရားသခင် ရွေးချယ်တော်မူခြင်းကို ခံရ၍ မျက်နှာရသော လူမျိုး ဖြစ်သည်ဟု သဘောထားလျက် စိတ်မြင့်နေကြ၏။ သို့သော် ဘုရားသခင်၏ အမှုတော်ကို မဆောင်ရွက်၊ ဘုရားသခင်ကိုလည်း ဝတ်ပြုကိုးကွယ်ခြင်း မရှိကြ။ သူတို့သည် အာဗြဟံ၏ သားသမီးများ ဖြစ်ကြသောကြောင့် အာဗြဟံကိုသာ အားကိုး အားထားပြုကြ၏။ “ငါတို့သည် အာဗြဟံ အမျိုး ဖြစ်ကြ၏” ဟု ဝါကြွားစွာ ပြောကြ၏။ (ယော၊ ၈:၃၃။) အရေးကြုံသောအခါ သူတို့ကိုယ် သူတို့ ဘုရားသခင်နှင့် ကင်းကွာစေပြီးလျှင် အာဗြဟံကို ဘုရားသခင်ကဲ့သို့ အားထား ကိုးကွယ်ကြသည်မှာ ထင်ရှားလှပါ၏။COLB 323.1

    ခရစ်တော်သည် အမိုက်မှောင် ဖုံးလွှမ်းလျက် ရှိသော ယုဒလူတို့၏ ဉာဏ်မျက်စိတွင် အလင်းတရားကို လင်းစေတော်မူ၏။ ထိုကြောင့် “သင်တို့သည် အာဗြဟံ၏ သား မှန်လျှင် အာဗြဟံ၏ အကျင့်ကို ကျင့်ကြလိမ့်မည်။ ဘုရားသခင့် အထံတော်၌ ကြားရသော သစ္စာတရားကို သင်တို့အား ဟောပြောသော သူ တည်းဟူသော ငါ့ကို သတ်အံ့သောငှါ သင်တို့သည် ယခု ရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူ ကျင့်သည် မဟုတ်။” ဟု ခရစ်တော်သည် ယုဒလူတို့အား မိန့်တော်မူ၏။ ယော၊ ၈:၃၉၊၄၀။COLB 324.1

    မျိုးရိုးစဉ်ဆက်အလိုက် ကောင်းမြတ်သည်ဟု ဆိုသော အယူအဆကို ခရစ်တော် အသိအမှတ် မပြုပါ။ ဝိညာဉ်ရေးအရ ဆက်နွယ်ခြင်းက ဓမ္မတာ ဆက်နွယ်ခြင်းကို စိုးမိုးကြောင့် ခရစ်တော် သင်ကြားတော်မူ၏။ ယုဒလူတို့က သူတို့သည် အာဗြဟံမှ ဆင်းသက်သော အမျိုး ဖြစ်သည်ဟု ဆိုကြ၏၊ သို့သော် အာဗြဟံကဲ့သို့ မကျင့်ကြသောကြောင့် အာဗြဟံ၏ အဆက်အနွယ် မစစ်ကြောင်း သက်သေထင်ရှားလျက် ရှိ၏။ ဝိညာဉ်ရေးအရ အာဗြဟံ၏ သဘောတရားနှင့် လျော်ညီ၍ ဘုရားသခင်၏ စကားတော်အတိုင်း နားထောင်ရာ၌ သက်သေ ထင်ရှားသော သူများသာလျှင် အာဗြဟံ၏ မှန်သော အမျိုးအနွယ်တွင် ရေတွက်ဝင်၏။ သူတောင်းစားသည် ယုတ်နိမ့်သော လူတန်းစားတွင် ပါဝင်သည်ဟု လူတို့က ယူဆကြသော်လည်း အာဗြဟံက အနီးကပ်ဆုံးသော မိတ်ဆွေအဖြစ် လက်ခံသော သူ ဖြစ်လိမ့်မည်ဟု ခရစ်တော် အသိအမှတ်ပြုတော်မူ၏။COLB 324.2

    သူဌေးကြီးသည် သူ့ အသက်တာအတွက် စည်းစိမ်ဥစ္စာ မြောက်များစွာဖြင့် ဝန်းရံလျက် ရှိသော်လည်း အသိပညာ နည်းပါးလွန်းသောကြောင့် ဘုရားသခင်ထက် အာဗြဟံကို ဦးစားပေး၏။ သူ့အား ချီးမြှင့်ထားသည့် အခွင့်အရေးများနှင့် ပတ်သက်သည့် ကျေးဇူးတရားကို ကောင်းစွာ နားလည် သဘောပေါက်၍ ဘုရားသခင်၏ ဝိညာဉ်တော်အား သူ၏ နှလုံး နှင့် ဉာဏ်မျက်စိကို ပုံသွန်းရန် ခွင့်ပြုစေခဲ့ပါက သူ၏ အခြေအနေသည် လုံးဝ ခြားနားလျက် ရှိလိမ့်မည်။ ထိုနည်းအတူ သူ ပုံဆောင်ထားသည့် လူမျိုးသည်လည်း ခြားနားလျက် ရှိလိမ့်မည်။ သူတို့သည် ဆင့်ဆိုတော်မူသည့် အတိုင်း လိုက်နာခဲ့ပါက သူတို့၏ နောင်ရေးသည် လုံးဝ ခြားနားလျက် ရှိလိမ့်မည်။ ဝိညာဉ်ရေးအရ မှန်ကန်စွာ ပိုင်းခြားဝေဖန်၍ သိမြင်တတ်ကြောင်းကိုလည်း ပြကြလိမ့်မည်။ သူတို့သည် ကမ္ဘာတစ်ဝန်းလုံးကို ကောင်းချီးပေး၍ အလင်းတရား ထွန်းလင်းစေနိုင်ရန် သူတို့၌ ရှိသော ဥစ္စာပစ္စည်းများကို ဘုရားသခင်သည် လုံလောက်အောင် တိုးတက်ဖွံ့ဖြိုးစေနိုင်တော်မူ၏။ သို့သော် ထိုအချိန်အထိ ဘုရားသခင်၏ စီမံတော်မူချက်နှင့် သူတို့ကိုယ် သူတို့ ကင်းကွာစေသောကြောင့် သူတို့ အသက်တာ တစ်လျှောက်လုံးတွင် လမ်းလွဲကြ၏။ ဘုရားသခင်၏ ဘဏ္ဍာစိုးများအနေဖြင့် သူတို့ ရရှိထားသော ဆုကျေးဇူးများကို သမ္မာတရားနှင့် လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့် လည်းကောင်း လျော်ညီအောင် အသုံးမပြုနိုင်ကြ။ ထာဝရကာလကို အလေးမပြုCOLB 325.1

    အမှုမထားသည့် အပြင် သူတို့၏ သစ္စာမဲ့မှုကြောင့် သူတို့ တစ်မျိုးသားလုံး ပျက်စီးယိုယွင်းကြ၏။COLB 326.1

    ယေရုရှလင်မြို့တော်ကြီး ဖျက်ဆီးခြင်းကို ခံရသောအခါတွင်မှ ယုဒလူတို့သည် ကိုယ်တော် သတိပေးတော်မူခြင်းကို သတိရကြလိမ့်မည် ဖြစ်ကြောင်း ခရစ်တော် သိနှင့်တော်မူ၏။ ယင်းအတိုင်းပင် မှန်ခဲ့၏။ ယေရုရှလင်မြို့ကြီးတွင် ကပ်ကြီးဆိုက်ရောက်လာသောအခါ လူအပေါင်းတို့သည် ငတ်မွတ်ခေါင်းပါးခြင်း ဘေးနှင့် သာမက ဘေးဒုက္ခ မျိုးစုံနှင့် ရင်ဆိုင်ရကြသောအခါ ခရစ်တော် မိန့်တော်မူခဲ့သည်များနှင့် တကွ ဤ ဥပမာတွင် ဖေါ်ပြထားသမျှကို နားလည် သဘောပေါက်ကြ၏။ ဘုရားသခင် သူတို့အား ပေးသနားတော်မူသည့် အလင်းတရားကို ဤ လောကတွင် ထွန်းလင်းစေရန် ပျက်ကွက်သောကြောင့် သူတို့ကိုယ် သူတို့ ဘေးဒုက္ခရောက်စေကြ၏။COLB 326.2

    Larger font
    Smaller font
    Copy
    Print
    Contents