Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ကျန်းမာခြင်း

    ကျန်းမာခြင်းသည် ကောင်းချီးမင်္ဂလာ တစ်ရပ် ဖြစ်သော်လည်း ၎င်း၏ တန်ဖိုး နှင့် အကျိုးသက်ရောက်မှုကို သဘောပေါက်သူ နည်းပါးလှပါ၏။ ကျွန်ုပ်တို့၏ နှလုံးရည် နှင့် လက်ရုံးရည်သည် ယင်းအပေါ်တွင် များစွာ အမှီတံကဲ ပြုနေပါသည်။ ကျွန်ုပ်တို့၏ စိတ်အာရုံ အလိုဆန္ဒ ပြင်းပြမှုတို့ သည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ် အတွင်း၌ အရင်းခံသည် ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ စွမ်းရည်များကို အကောင်းဆုံး အသုံးပြုရန် ကျွန်ုပ်တို၏ ခန္ဓာကိုယ် ကျန်းမာရေး နှင့် ဝိညာဉ်ရေး အကျိုးသက်ရောက်မှုကို အကောင်းဆုံးသော အခြေအနေတွင် ရှိအောင် ဂရုစိုက်ရမည်။COLB 433.3

    ကိုယ်အင်္ဂါကို ခွန်အား ယုတ်လျော့စေသည့် အရာ ရှိသမျှသည် ဦးနှောက်ကိုပါ အားနည်းစေသည် ဖြစ်၍ အမှန်အမှားကို ပိုင်းခြားဝေဖန်ရန် အခက်အခဲ ရှိလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့သည် အကောင်းကို ရွေးချယ်ရန် အခက်အခဲ ရှိလိမ့်မည့်ပြင် အမှန်ကို သိလျက် အမှန်အတိုင်း ပြုလုပ်ရန် အားနည်းလိမ့်မည်။COLB 434.1

    ကျွန်ုပ်တို့သည် ကိုယ်အင်္ဂါစွမ်းအားကို အလွဲ အသုံးပြုပါက ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်အတွက် ကျွန်ုပ်တို့၏ အသက်တာကို အသုံးပြုရန် အချိန် တိုတောင်းလိမ့်မည်။ ၎င်းအပြင် ကျွန်ုပ်တို့အား ဘုရားသခင် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်ကို ထမ်းဆောင်ရန် မထိုက်မတန် ဖြစ်လိမ့်မည်။ မကောင်းသော အလေ့အကျင့်များကို လိုက်စားခြင်း၊ ညနက်အောင် နေခြင်း၊ ကျန်းမာရေး ချို့တဲ့လောက်အောင် ခံတွင်း အလိုလိုက်၍ စားသောက်ခြင်းတို့သည် ခွန်အားနည်းခြင်း အကြောင်း၏ အခြေခံများ ဖြစ်ပါသည်။ ကိုယ်လက်အင်္ဂါ ဖွံ့ဖြိုးအောင် လေ့ကျင့်မှု မပြုလုပ်ခြင်းအားဖြင့် လည်းကောင်း၊ ဦးနှောက်ရော ကိုယ်ခန္ဓာကိုပါ လွန်ကြူးစွာ အလုပ်ပေးခြင်းအားဖြင့် လည်းကောင် ကျွန်ုပ်တို့သည် အာရုံကြောများကို အလေးမညီ ဖြစ်စေပါသည်။ ယင်းနည်းများဖြင့် ကိုယ်အသက်ကို တိုအောင် ပြု၍ ဓမ္မတာ တရားများကို အလေးဂရု မပြုသည့်အတွက် ကိုယ်ကိုကိုယ် ဘုရားသခင်၏ အမှုတော်နှင့် မထိုက်မတန်အောင် ပြုသူများသည် ဘုရားသခင်၏ ဥစ္စာကို လုယူသည့် ပြစ်ဒဏ်သင့်ပါသည်။ လူသား အချင်းချင်း လုယူသူများလည်း ဖြစ်ကြ၏။ လူသားများအတွက် ကောင်းချီးမင်္ဂလာ ဖြစ်စေရန် ဤ လောကတွင်းသို့ ဘုရားသခင်က သူတို့အား အခွင့်အရေးများ ပေးအပ်၍ စေလွှတ်လိုက်သော်လည်း သူတို့သည် ကိုယ့်လမ်းစဉ်သို့သာ ကိုယ်လိုက်လျှောက်ကြသဖြင့် အချိန် မရောက်မီ ရုတ်တရက် အဆုံးသတ်လိုက်ရ၏။ သာ၍ တိုတောင်းသော အချိန်အတွင်း၌ပင် သူတို့ ဆောင်ရွက်ပြီးစီးရမည့် လုပ်ငန်းကိုပင် မဆောင်ရွက်နိုင်အောင် သူတို့ကိုယ် သူတို့ ဖျက်ဆီးကြ၏။ ကျွန်ုပ်တို့၏ မဟုတ်မမှန်သော အကျင့်ဓလေ့များကြောင့် ဤ ကမ္ဘာကြီးသည် ကောင်းသော အရာများကို လက်လွှတ်ရသည့်အတွက် ကျွန်ုပ်တို့တွင် အပြစ်ဒဏ်သင့်သည်ဟု ဘုရားသခင် မှတ်တော်မူ၏။COLB 434.2

    ကိုယ်အင်္ဂါနှင့် စပ်ဆိုင်သောသ တရားဥပဒေကို ကျူးလွန်ခြင်းသည် ကောင်းသော ကျင့်ဝတ်နှင့် စပ်ဆိုင်သော တရားဥပဒေကို ကျူးလွန်ခြင်းပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကိုယ်အင်္ဂါနှင့် စပ်ဆိုင်သော တရားဥပဒေကို ပြဌာန်းတော်မူသကဲ့သို့ ကောင်းသော ကျင့်ဝတ်နှင့် စပ်လျဉ်းသော ဥပဒေကိုလည်း ပြဌာန်းတော်မူ၏။ ကိုယ်တော်သည် ၎င်း တရားဥပဒေကို အာရုံကြော တစ်ခုချင်း အပေါ်၌ လည်းကောင်း၊ ကြွက်သား တစ်ခုချင်း အပေါ်၌ လည်းကောင်း၊ လူသားအား ယုံမှတ် လွှဲအပ်ထားသည့် စွမ်းရည်သတ္တိ တစ်ခုချင်း အပေါ်တွင် လည်းကောင်း လက်တော်ဖြင့် ရေးသားထားတော်မူ၏။ ထိုကြောင့် ကျွန်ုပ်တို့၏ အင်္ဂါစုတွင် မည်သည့် အင်္ဂါကို မဆို အသုံးပြုလျှင် ယင်း တရားဥပဒေကို ကျူးလွန်ခြင်း ဖြစ်ပါသည်။COLB 435.1

    လူ၏ ကိုယ်ခန္ဓာ အနေအထား ဖွဲ့စည်းပုံကို လူတိုင်း တတ်သိ နားလည်ထားသင့်ပါသည်။ သို့မှသာလျှင် သူတို့သည် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေတွင် သူတို့၏ ကိုယ်ခန္ဓာကို တည်မြဲအောင် ထိန်းသိမ်းထားနိုင်ပါလိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ အသက်တာကို မပျက်မယွင်းအောင်၊ တိုးတက်ဖွံ့ဖြိုးအောင် သတိတရားနှင့် ထိန်းသိမ်းထားရမည်။ သို့မှသာလျှင် ဘုရားဇာတိသည် လူသားတွင် စုံလင်စွာ ပေါ်လွင် ထင်ရှားပေလိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ ကိုယ်အင်္ဂါ ဖွဲ့စည်းပုံ နှင့် ဝိညာဉ်ရေး အသက်တာ ဆက်စပ်မှုသည် အရေးအကြီးဆုံး ပညာရပ် တစ်ခု ဖြစ်ပါသည်။ ကျောင်း၌ ဖြစ်စေ၊ နေအိမ်၌ ဖြစ်စေ အလေးဂရုပြု၍ သင်ကြားနာယူသင့်ပါသည်။ လူတိုင်း မိမိတို့ ကိုယ်ခန္ဓာ ဖွဲ့စည်းထားပုံ နှင့် သဘာဝ အသက်ကို ကွပ်ကဲသည့် ဥပဒေစည်းကမ်းများကို တတ်ကျွမ်းထားသင့်ပါသည်။ ယင်း ဥပဒေစည်းကမ်းများကို လိုလိုလားလား မသိနားမလည်အောင် နေ၍ မသိနားမလည်သည့်အတွက် ယင်း ဥပဒေစည်းကမ်းများကို ကျူးလွန်သူသည် ဘုရားသခင်ကို ပြစ်မှားနေခြင်း ဖြစ်ပါသည်။ မိမိတို့၏ ကျန်းမာရေး နှင့် အသက်ရှင်ရေးအတွက် လူတိုင်း အထူး ဂရုစိုက်သင့်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင် အုပ်ချုပ် ကွပ်ကဲတော်မူသည်ကို နာခံ၍ ကျွန်ုပ်တို့၏ အကျင့်ဓလေ့များကို ချုပ်တည်းသင့်ပါသည်။COLB 435.2

    “သင်တို့ ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်းဟူသော သင်တို့အထဲ၌ ကိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန် ဖြစ်ကြောင်းကို လည်းကောင်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကို လည်းကောင်း မသိကြသလော။ သင်တို့သည် အဖိုးနှင့် ဝယ်တော်မူသော သူ ဖြစ်သောကြောင့် ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာ နှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့” ဟု တမန်တော် ရှင်ပေါလုက သြဝါဒ ပေးခဲ့ပါသည်။ ၁ ကော၊ ၆:၁၉၊၂၀။COLB 436.1

    Larger font
    Smaller font
    Copy
    Print
    Contents