Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    Chapter 3—“ရှေးဦးစွာ အညှောက်၊ ထိုနောက် အနှံ”

    မာကု၊ ၄:၂၆-၂၉ ကို အခြေပြုပါသည်။

    မျိုးစေ့ကြဲသောသူ၏ ဥပမာကြောင့် စိတ်ကြွသဖြင့် အမေးအမြန်းထူ၏၊ ပြဿနာ ဖြစ်၏။ အချို့သော တရားနာသူများက ခရစ်တော်သည် ဤ လောက၌ နိုင်ငံတော် တည်ထောင်ရန် မဟုတ်ဟု အနက်ကောက်ကြ၏။ အများသော သူတို့ကမူကား သိလိုဇောကြောင့် စိတ်ရှုပ်ထွေးကြ၏။ သူတို့ စိတ်ရှုပ်ထွေးနေကြသည်ကို ခရစ်တော် သိမြင်တော်မူသောအခါ သူတို့သည် လောကီနိုင်ငံ ထူထောင်ခြင်းကို မျှော်လင့်တောင့်တနေကြမည့်အစား အသက်ဝိညာဉ်အတွက် ဘုရားသခင်၏ ကျေးဇူးတော် လုပ်ငန်းအကြောင်းကို စူးစမ်းရှာဖွေကြစေလိုသောကြောင့် အခြားသော ဥပမာများကို ပုံဆောင်၍ သြဝါဒပေးတော်မူ၏။COLB 59.1

    “ထိုမှတစ်ပါး၊ လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ နောက်တစ်ဖန် မိမိ မကြည့်မမှတ်၊ ည၊ နေ့၊ အိပ်လျက်၊ နိုးလျက်နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏ နိုင်ငံတော်နှင့် တူ၏။ မြေကြီးသည် မိမိ အလိုအလျောက် အသီးကို သီးစေ၍ ရှေးဦးစွာ အညှောက်၊ ထိုနောက် အနှံ၊ ထိုနောက် အနှံထဲမှာ အောင်မာသော အဆန်ကို ဖြစ်စေတတ်၏။ အသီးမှည့်၍ ရိတ်ချိန် ရောက်သောအခါ လယ်ရှင်သည် မဆိုင်းမလင့်၊ တံစဉ်နှင့် ရိတ်စေတတ်သည်ဟု မိန့်တော်မူ၏။”COLB 59.2

    “အသီးမှည့်၍ ရိတ်ချိန်ရောက်သောအခါ လယ်ရှင်သည်” ဟု ဆိုရာ၌ ယင်း လယ်ရှင်သည် အခြားသူ မဟုတ် ခရစ်တော်သာလျှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည်ပင်လျှင် နောက်ဆုံးသော နေ့ရက်ကြီးသို့ ရောက်သောအခါ ဤ လောကကြီး၏ စပါးများကို ရိတ်သိမ်းတော်မူလိမ့်မည်။ သို့သော် မျိုးစေ့ကို ကြဲသောသူများမှာမူကား ခရစ်တော်၏ ကိုယ်စား အမှုတော်ဆောင်သူများကို ပုံဆောင်ထားပါသည်။ “မျိုးစေ့ကြဲပြီးမှ” မည်ကဲ့သို့ “အပင်ပေါက်၍ ကြီးပွား” သည်ကို “နောက်တစ်ဖန် မကြည့်မမှတ်” ဟု ဆိုရာ၌ ဘုရားသခင်၏ သားတော်ကို ဆိုလိုသည် မဟုတ်ပါ။ ခရစ်တော်သည် တာဝန်ကျနေချိန်၌ ကျိန်းစက်၍ မနေပါ။ နေ့ရော ညပါကြည့်ရှုစောင့်ရှောက်၍ နေတော်မူ၏။ မျိုးစေ့သည် မည်သို့ မည်ပုံ အပင်ပေါက်လာသည်ကိုလည်း ကိုယ်တော် သိတော်မူ၏။COLB 59.3

    ဘုရားသခင်သည် သဘာဝဓမ္မတွင် လုပ်ဆောင်လျက် ရှိတော်မူကြောင်း မျိုးစေ့ ဥပမာအားဖြင့် ထင်ရှားစေတော်မူ၏။ မျိုးစေ့၌ အပင်ပေါက်စေနိုင်သည့် အခြေခံ သဘောတရား ပါဝင်နေသည် ဖြစ်ရာ ယင်း သဘောတရားမှာလည်း ဘုရားသခင် စီမံထားတော်မူရာ ဖြစ်ပါသည်။ သို့ရာတွင် ယင်း မျိုးစေ့ကို သူ့ချည်းသက်သက် လွှတ်ထားပါက အပင်ပေါက်စေသည့် အာနိသင် မရှိပါ။ စပါးစေ့ကို အပင်ပေါက်စေလိုသောအခါ လူအနေဖြင့် တာဝန်ယူရသည့် အစိတ်အပိုင်း ရှိပါသည်။ လယ်မြေကို ထွန်ယက်တူးဆွရမည်၊ ယင်းသို့ လယ်မြေကို ပြုပြင်၍ ကောင်းသော မြေသြဇာကို ထည့်ပြီးလျှင် မျိုးစေ့ကို ကြဲရမည်။ သို့သော် လူသည် ယင်း အဆင့်ထက် ကျော်လွန်၍ မဆောင်ရွက်နိုင်ပါ။ မျိုးစေ့မှ ရှင်သန်စေသော အပင် ပေါက်လာစေရန် လူ၌ စွမ်းအား ပညာ မရှိပါ။ ဘူသည် မိမိတွင် စွမ်းအား ရှိသမျှ အတတ်နိုင်ဆုံး အားထုတ် ဆောင်ရွက်ပြီးနောက် မျိုးစေ့ကြဲချိန်မှ စပါးရိတ်သိမ်းချိန်တိုင်အောင် အံ့ချီးဖွယ်ကောင်းသော ကွင်းဆက်တို့ဖြင့် ဆက်စပ်ထားတော်မူသော အနန္တတန်ခိုးတော်ရှင်ကို အားထားမှီခိုရန် လိုပါသေးသည်။COLB 60.1

    မျိုးစေ့တွင်း၌ အသက် ရှိ၍ မြေသြဇာတွင် အာနိသင် ရှိ၏။ သို့သော် အနန္တတန်ခိုးတော်က နေ့ရော ညပါဆောင်ရွက်ခြင်း မပြုပါက မျိုးစေ့သည် တိုးပွားခြင်း ရှိလိမ့်မည် မဟုတ်ပါ။ ရေငတ်နေသော လယ်မြေကို စွတ်စိုစေရန် မိုးရွာသွန်း၍ နေက အပူဓါတ် ပေးသောအခါ မြေ၌ မြှပ်နေသော မျိုးစေ့သည် မိုးကြိုးဓါတ်အားကို ရရှိလေ၏။ ဖန်ဆင်းရှင် ထည့်သွင်းထားတော်မူသည့် အသက်ကို ကိုယ်တော်သာလျှင် ခေါ်ထုတ်နိုင်တော်မူ၏။ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် မျိုးစေ့တိုင်း အပင်ပေါက်၍ အပင်တိုင်း ရှင်သန်ကြီးထွား၏။COLB 60.2

    “မြေကြီးသည် အပင်ကို ပေါက်စေသကဲ့သို့ လည်းကောင်း၊ လယ်ယာသည် မိမိ၌ စိုက်ပျိုးသော မျိုးစေ့ကို အညှောက် ထွက်စေသကဲ့ သို့ လည်းကောင်း ထိုအတူ ထာဝရဘုရားသည် …. ဖြောင့်မတ်ခြင်း နှင့် ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မှုလိမ့်မည်။” ဟေရှာ၊ ၆၁:၁၁။ သဘာဝတွင် စိုက်ပျိုးသကဲ့သို့ ဝိညာဉ်ရေး စိုက်ပျိုးရာတွင်လည်း လိုက်နာရ၏။ သမ္မာတရားဓမ္မဆရာသည် စိတ်နှလုံး မြေသြဇာကို ပြုပြင်ရန် စူးစမ်းရှာဖွေ၍ တရားမျိုးစေ့ကို ကြဲရမည်။ သို့သော် အသက်ရှင်စေနိုင်သော တန်ခိုးသည် ဘုရားသခင်၌သာ ရှိတော်မူ၏။ လူတို့သည် ယင်း အဆင့်ထက်ကျော်လွန်၍ မဆောင်ရွက်နိုင်ပါ။ ကျွန်ုပ်တို့သည် တရားစကားကို ဟောကြားရမည် ဖြစ်သော်လည်း တရားနာယူသူ၌ ဖြောင့်မတ်ခြင်း နှင့် ချီးမွမ်းခြင်းပေါ်ထွန်းလာစေရန် သူ၏ စိတ်နှလုံးကို ရှင်သန်စေနိုင်သော တန်ခိုးကို ကျွန်ုပ်တို့တွင် မရှိပါ။ နှုတ်ကပါတ် တရားတော်ကို ဟောပြောရာတွင် လူသားအနေဖြင့် မတတ်စွမ်းနိုင်သော တန်ခိုးအင်အားက လုပ်ဆောင်လျက် ရှိပါသည်။ ထာဝရအသက် ရရှိဖို့ စိတ်နှလုံးကို အသစ် ပြုပြင်ပေးရန် ဝိညာဉ်တော်အားဖြင့်သာလျှင်တရားတော်သည် အသက်ရှင်၍ တန်ခိုးနှင့် ပြည့်ဝလိမ့်မည်။ ခရစ်တော်သည် တပည့်တော်တို့အား ယင်း အချက်ကို နှလုံးပိုက်စေလိုတော်မူ၏။ သူတို့၏ လုပ်ဆောင်မှု အောင်မြင်စေရန်အတွက် သူတို့ပိုင် အာနိသင် လုံးဝ မရှိကြောင်း၊ ဘုရားသခင်၏ အံ့ချီးဖွယ် ဖြစ်သော တန်ခိုးတော်သာလျှင် ကိုယ်တော်ပိုင် နှုတ်ကပါတ် တရားတော်ကို အစွမ်းထက် စေလိမ့်မည် ဖြစ်ကြောင်း သြဝါဒပေးတော်မူ၏။COLB 60.3

    မျိုးစေ့ကြဲသောသူ၏ လုပ်ငန်းသည် ယုံကြည်ခြင်း လုပ်ငန်း ဖြစ်၏။ မျိုးစေ့ကို အပင်ပေါက်စေ၍ ကြီးထွားရှင်သန်စေခြင်းနှင့် ပတ်သက်သော နက်နဲခြင်းအရာကို သူကိုယ်တိုင် နားမလည်ပါ။ သို့သော် ကောက်ပဲသီးနှံမှအစ သစ်ပင်ဝါးပင်အပေါင်းတို့ကို ပွားများရှင်သန်စေသည့် ဘုရားသခင်၏ အင်အားစုကို သူသည် ယုံကြည်အားထား၏။ မြေ၌ ကြဲဖြန့်လိုက်သော မျိုးစေ့သည် မိသားစုအတွက် တန်ဖိုး ရှိလှသော စားနပ်ရိက္ခာကို စွန့်ပစ်လိုက်သည့် လက္ခဏာ ရှိနေပါသည်။ သို့ရာတွင် ကောင်းသော လက်ရှိ စပါးကို စွန့်ပစ်ခြင်းမှာ ပို၍ များပြားသော ရိက္ခာကို ရရှိရန်အတွက် ဖြစ်ပါသည်။ များစွာသော အသီးကို ရိတ်၍ လုံလောက်စွာ စုသိမ်းထားရန် မျှော်မှန်းလျက် မျိုးစေ့များကို ကြဲဖြန့်လိုက်၏။ ထိုနည်းအတူ ခရစ်တော်၏ အမှုတော်ဆောင်များသည်လည်း သူတို့ ကြဲဖြန့်သော တရားစကားမျိုးစေ့မှ ဝိညာဉ်စပါး ရိတ်သိမ်းရန် ရည်မှန်းလျက် လုပ်ဆောင်ရမည်။COLB 61.1

    ကောင်းသော မျိုးစေ့သည် လောကီရေးရာနှင့် ကိုယ်အကျိုး ကိုယ်စီးပွားကိုသာ လိုလား၍ အေးစက်သော စိတ်နှလုံးအတွင်း၌ အတန်ကြာ ကာလတိုင်အောင် အမြစ် မစွဲဘဲနေသော်လည်း ဘုရားသခင်၏ ဝိညာဉ်တော် သက်ဝင်လှုပ်ရှားလာသောအခါ ဖုံးကွယ်လျက် ရှိသော မျိုးစေ့သည် အပင်ပေါက်၍ နောက်ဆုံးတွင် ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေဖို့ အသီး သီးလေ၏။ ကျွန်ုပ်တို့၏ အသက်တာ လုပ်ငန်းတွင် မည်သည့် လုပ်ရပ်က ထမြောက်အောင်မြင်လိမ့်မည်ဟု မသိနိုင်ပါ။ ယင်း ြပဿနာကို ကျွန်ုပ်တို့ ဖြေရှင်းရန် မဟုတ်။ ကျွန်ုပ်တို့သည် ကိုယ့်တာဝန်ကို ထမ်းဆောင်၍ အကျိုးသက်ရောက်မှုအတွက် ဘုရားသခင်အား လွှဲအပ်ထားရမည်။ “နံနက်အချိန်၌ မျိုးစေ့ကို ကြဲလော့၊ ညဦးအချိန်၌လည်း မကြဲဘဲ မနေနှင့်။” ဒေ၊ ၁၁:၆။ “မြေကြီး မကုန်မီတိုင်အောင် မျိုးစေ့ကြဲသော ကာလ၊အသီးအနှ့ကို သိမ်းရသော ကာလ၊ …. မပြတ်ရ” ဟု ဘုရားသခင်သည် ကြီးမြတ်တော်မူသော ပဋိညာဉ်ကို ပြုတော်မူ၏၊ က၊ ၈:၂၂။ ယင်း ကတိတော်ကို ယုံကြည်စိတ်ချလျက် လယ်သမားသည် လယ်ကို ထွန်ယက်စိုက်ပျိုး၏။ ဝိညာဉ်ရေးမျိုးစေ့ စိုက်ပျိုးသည့် လုပ်ငန်းတွင်လည်း၊ “ထိုအတူ ငါ၏ နှုတ်ကပါတ် စကားသည် ဖြစ်လိမ့်မည်။ အကျိုး မရှိဘဲ ငါ့ထံသို့ မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါ စေခိုင်းသော အမှု၌ အောင်လိမ့်မည်။” ဟု ကိုယ်တော်ထားတော်မူသည့် အာမခံချက်ကိုလည်း ယုံကြည်ကိုးစား၍ မလျှော့သော လုံ့လဖြင့် ဆောင်ရွက်ရမည်။ ဟေရှာ၊ ၅၅:၁၁။ “မျက်ရည်ကျလျက် ကြဲရန် မျိုးစေ့ကို ဆောင်၍ ထွက်သွားသော သူသည် ကောက်လှိုင်းများကို ဆောင်လျက် ရွှင်လန်းသော စိတ်နှင့် အမှန်ပြန်လာလိမ့်မည်။” ဆာ၊ ၁၂၆:၆။COLB 62.1

    မျိုးစေ့မှ အပင်ပေါက်လာခြင်းသည် ဝိညာဉ်ရေးအသက်တာ စတင်ချိန်ကို ပုံဆောင်၍ ပျိုးပင်ကြီး ထွားရှင်သန်ခြင်းသည် ခရစ်ယာန်အသက် တာ ဖွံ့ဖြိုးပုံကို လှပတင့်တယ်စွာ ရုပ်လုံးဖေါ်ထားခြင်း ဖြစ်ပါသည်။ သဘာဝဓမ္မမှာကဲ့သို့ ကျေးဇူးတရားတွင်လည်း ကြီးပွားတိုးတက်မှု မရှိဘဲ အသက်မရှင်နိုင်ပါ။ ပျိုးပင်သည် သေကျေပျက်စီးရမည်၊ သို့မဟုတ် ကြီးထွားရှင်သန်ရမည်။ ယင်း ကြီးထွားရှင်သန်မှုကို မျက်စိဖြင့် မတွေ့ မမြင်နိုင်သော်လည်း ငြိမ်သက်စွာ ဆက်တိုက်ကြီးထွားနေသကဲ့သို့ ခရစ်ယာန် အသက်တာသည်လည်း တိုးတက်ရှင်သန်၍ နေပါသည်။ တိုးတက်ရှင်သန်သည့်ဆင့်တိုင်းတွင် ကျွန်ုပ်တို့၏ အသက်တာ၌ စုံလင်ခြင်း ရှိကောင်း ရှိပေလိမ့်မည်။ သို့သော် ဘုရားသခင်၏ ကြံရွယ်တော်မူချက်သည် ကျွန်ုပ်တို့၌ ပြည့်စုံပါမှ အဆက်မပြတ် တိုးတက်ရှင်သန်၍ နေလိမ့်မည်။ သန့်ရှင်းခြင်းသည် ဘဝ အသက်တာ တစ်လျှောက်လုံးအတွက် လုပ်ရပ် ဖြစ်၏။ ကျွန်ုပ်တို့၏ အခွင့်ကောင်း အခါကောင်းများ ထပ်ဆင့် ပွားများလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ အသိအမြင်များလည်း ကျယ်ပြန့်လာသည့်အလျောက် ကျွန်ုပ်တို့၏ အသိပညာလည်းပိုမို တိုးတက်လာပါသည်။ ကျွန်ုပ်တို့သည် တာဝန်ထမ်းရွက်ရန် အားအင် ပြည့်ဖြိုးလာလိမ့်မည်။ ၎င်းအပြင် ကျွန်ုပ်တို့၏ အသိစိတ်ဓါတ် ရင့်ကျက်ခြင်းသည်လည်း ကျွန်ုပ်တို့ ရရှိသော အခွင့်အရေးများ၏ အချိုးအစားအတိုင်းပင် ဖြစ်ပေလိမ့်မည်။COLB 62.2

    အပင်သည် ဘုရားရှင် စီမံထားတော်မူသော အရာများကို ခံယူရရှိခြင်းအားဖြင့် ကြီးထွားရှင်သန်၏။ ၎င်း၏ အမြစ်များကို မြေကြီးအတွင်းသို့ ထိုးဆင်းစေ၏။ နေရောင်ခြည်၊ နှင်း နှင့် မိုးရေကို သောက်သုံး၏။ အသက်ရှင်စေနိုင်သော သတ္တိများကို လေမှ ရှူရှိုက်၏။ ထိုနည်းတူ ခရစ်ယာန်သည်လည်း ဘုရားရှင်နှင့် စပ်ဆိုင်သော တန်ခိုး အင်အားစုများနှင့် လက်တွဲ လုပ်ဆောင်ခြင်းဖြင့် ကြီးထွားရှင်သန်၏။ ကျွန်ုပ်တို့သည် ကိုယ်တိုင်အားဖြင့် ဘာမျှ မတတ်နိုင်သည်ကို ခံယူလျက် သာ၍ ပြည့်စုံကုံလုံသော ဗဟုသုတကို ရရှိနိုင်ရန် ခွင့်ပြုထားပြီး ဖြစ်သော အခွင့်အရေးများကို ပို၍ အကျိုးထူးအောင် ပြုရမည်။အပင်သည် မြေ၌ အမြစ်စွဲသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ခရစ်တော်၌ နက်ရှိုင်းစွာ အမြစ်စွဲနေရမည်။ အပင်သည် မိုး၊ နှင်း နှင့် နေရောင်ခြည်ကို ခံယူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူရန် စိတ်နှလုံးတံခါးကို ဖွင့်ထားရမည်။ လုပ်ငန်းကိုမူကား အသုံးအနှုန်း၊ (သို့မဟုတ်) သူတို့၏ အပြုအမူများကို ချီးမွမ်းခြင်းအားဖြင့် စိတ်ကြီးဝင်မှုမျိုးကိုလည်း အားမပေးသင့်ပါ။ ဟိတ်ဟန်ထုတ်သည့် သဘော သက်ရောက်သော အဝတ်များ၊ (သို့မဟုတ်) ငွေအကုန်အကျများစေသည့် အဖိုးတန် အထည်များကို ဆင်မြန်းမပေးသင့်ပါ။ ယင်းသို့ပြုလျှင် သူတို့အား ဝါကြွားစေရန် အားပေးရာ ရောက်သည့်အပြင် သူတို့၏ အပေါင်းအဖေါ်များကလည်း သူတို့အပေါ် မနာလိုစိတ်များ ပေါ်ပေါက်လိမ့်မည်။COLB 63.1

    ကလေးငယ်များကို ကလေးတို့၏ ရိုးသားမှုနှင့်လျော်ညီသော ပညာကို ပေးသင့်ပါသည်။ သူတို့၏အသက်တာနှင့် ပကတိ လိုက်လျောညီသော ဗဟုသုတဖြင့်လည်းကောင်း၊ သူတို့ကို အထောက်အကူပြုစေမည့် တာဝန် နှင့် ပျော်ရွှင်မှုကလေးများအားဖြင့် သူတို့သည် တင်းတိမ်ရောင့်ရဲမှု ရှိကြစေရန် သူတို့ကို လေ့ကျင့်ပညာပေးရမည်။ ကလေးဘဝသည် ဥပမာပုံတွင် ဖေါ်ပြထားသည့် အညှောက်နှင့် တူပါသည်။ ၎င်းအတွက် သီးခြားလှပတင့်တယ်ခြင်း ရှိပါသည်။ ကလေးသူငယ်များကို အချိန်အခါ မရောက်မီ လူကြီးဖြစ်အောင် အတင်းအဓမ္မ မပြုသင့်ပါ။ သူတို့၏ ငယ်ရွယ်နုနယ်သော အသက်တာနှင့် လိုက်လျောညီသည့် ယဉ်ကျေးဖွယ်ရာမှု နှင့် သန့်ရှင်းဖြူစင်မှုကို တာရှည်နိုင်သမျှ တာရှည်အောင် လက်ကိုင်ထားပါစေ။COLB 64.1

    ကလေးများအနေဖြင့် သူတို့၏ အသက်တာနှင့် ကိုက်ညီသော အတွေ့အကြုံဗဟုသုတအလိုက် ခရစ်ယာန်များ ဖြစ်နိုင်ပါသည်။ ဘုရားသခင်သည် သူတို့ထံမှ ဤမျှသာ အလိုရှိတော်မူ၏။ သူတို့သည် ဝိညာဉ်ရေးနှင့် ဆိုင်သော အရာများကို သင်ကြားကြရန် လိုအပ်ပါသည်။ ခရစ်တော်ကဲ့သို့သော အကျင့်စာရိတ္တ တည်ဆောက်ရန် မိဘများက တတ်နိုင်သမျှ နည်းပေးလမ်းပြရမည်။COLB 64.2

    သဘာဝတွင် ဘုရားသခင်၏ တရားတော်အရ အကြောင်းအကြောင့် အကျိုးဖြစ်လာရသည်မှာ မလွဲမမှားနိုင်သော တိကျမှန်ကန်မှု တစ်ရပ် ဖြစ်ပါသည်။ စိုက်ပျိုးခဲ့ပုံကို ရိတ်သိမ်းခြင်းက သက်သေထွက်ဆိုပါသည်။ ပျင်းရိသော အလုပ်သမားကို သူ၏ လုပ်ငန်းက ပြစ်ဒဏ်စီရင်ပါသည်။ သူ၏ တစ်ဖက်တွင် ရိတ်သိမ်းခြင်းက သက်သေခံပါသည်။ ထိုနည်းတူ ဝိညာဉ်ရေးရာများတွင်လည်း အမှုဆောင်တိုင်း၏ သစ္စာရှိမှုကို သူ၏ လုပ်ငန်း အကျိုးသက်ရောက်မှုဖြင့် တိုင်းတာပါသည်။ သူ၏ လုပ်ငန်းတွင် လုံ့လဝီရိယစိုက်ထုတ်ထားသည်၊ (သို့မဟုတ်) ပျင်းရိစွာ ဆောင်ရွက်ထားသည်ကို ရိတ်သိမ်းခြင်းက ထင်ရှားစေပါလိမ့်မည်။ ထိုနည်းတူ သူ၏ ထာဝရကံကြမ္မာကိုလည်း ယင်းအတိုင်းပင် ဆုံးဖြတ်လိမ့်မည်။COLB 64.3

    စိုက်ပျိုးသည့် မျိုးစေ့အမျိုးအစားအလိုက် အသီးကို ရိတ်သိမ်းရပါသည်။ လူ၏ အသက်တာတွင်လည်း ယင်းအတိုင်းပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် စိုက်သည့်အတိုင်း ရိတ်ရမည်ဖြစ်၍ သနားကြင်နာခြင်းမျိုးစေ့၊ စာနာထောက်ထားခြင်းမျိုးစေ့ နှင့် မေတ္တာမျိုးစေ့များကို စိုက်ပျိုးကြရန် လိုပါသည်။ လိုလားခြင်း၊ ကိုယ့်ကိုယ်ကိုသာ ချစ်မြတ်နိုးခြင်း၊ ကိုယ့်ကိုကိုယ်သာ အထင်ကြီးခြင်း၊ ကိုယ့်အလိုသို့သာ လိုက်စားခြင်း မှန်သမျှအတွက် တူညီသော အသီးကို ရိတ်သိမ်းရလိမ့်မည်။ ကိုယ်ကျိုးအတွက်သာ အသက်ရှင်သော သူသည် ဇာတိပကတိမျိုးစေ့ကို ကြဲသောကြောင့် ဇာတိပကတိအားဖြင့် ပုပ်ပျက်တတ်သော အသီးကို ရိတ်သိမ်းရလိမ့်မည်။COLB 64.4

    ဘုရားသခင်သည် မည်သူ့ကိုမျှ ဖျက်ဆီးတော်မမူ။ ပျက်စီးသူတိုင်းသည် ကိုယ့်ကိုယ်ကို ဖျက်ဆီးသောကြောင့်သာ ဖြစ်ရမည်။ အသိစိတ်၏ သတိပေးနှိုးဆော်ခြင်းကို ငြင်းဆန်သောသူသည် မယုံကြည်သော မျိုးစေ့ကို ကြဲသောကြောင့် တူညီသော အသီးကို မုချရိတ်သိမ်းရလိမ့်မည်။ ဘုရားသခင်က ပထမအကြိမ် သတိပေးနှိုးဆော်ခြင်းကို ငြင်းပယ်သော ရှေးသရောအခါက ဖါရောဘုရင်သည် နှလုံးခိုင်မာခြင်းမျိုးစေ့ကို ကြဲသောကြောင့် နှလုံးခိုင်မာခြင်းအသီးကို ရိတ်သိမ်းခဲ့ရ၏။ သူ့အနေဖြင့် မယုံကြည်ရန် ဘုရားသခင်က အတင်းအကျပ် ပြုတော်မူသည် မဟုတ်။ မယုံကြည်သော မျိုးစေ့ကို သူကိုယ်တိုင် ကြဲသောကြောင့် အမျိုးတူသော အသီးကို ရိတ်သိမ်းခဲ့ရ၏။ သို့ဖြစ်၍ သူသည် ဆက်ကာဆက်ကာ ငြင်းပယ်ခဲ့ရာ ပျက်စီးပြုန်းတီးလျက် ရှိသောသူ၏ နိုင်ငံတော်ကြီးတွင် အေးစက်၍ သေနေသောသူ၏ သားဦး အားလုံးတို့ပါ သေဆုံးကြသည်သာမက နောက်ဆုံးတွင် သူ၏ စစ်သူရဲအားလုံးသည် စစ်ရထား၊ စစ်မြင်းများနှင့်တကွ ပင်လယ်ရေအောက်တွင် နှစ်မြှပ်ရကြသည့် အဖြစ်အပျက်ကို သူကိုယ်တိုင် မြင်ရသည့်တိုင်အောင် ဖြစ်ခဲ့၏။ “လူသည် မျိုးစေ့ကြဲသည့်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်” ဟု ကျမ်းစာ၌ ဖေါ်ပြထားသည့်အတိုင်း သူ၏ ရာဇဝင်သည် ကြောက်မက်ဖွယ်ကောင်းသော သာဓကတစ်ခု ဖြစ်ပါသည်။ ဂလ၊ ၆:၇။ အကယ်၍ လူတို့သည် ဤအကြောင်းအရာကို ဧကန်အမှန် သိနားလည်ကြမည်ဆိုပါက မည်ကဲ့သို့သော မျိုးစေ့မျိုးကို ကြဲရန် သတိပြုကြလိမ့်မည်။COLB 65.1

    စိုက်ပျိုးသော မျိုးစေ့အလိုက် အသီးအနှံ ဖြစ်ထွန်းသောကြောင့် ယင်းမျိုးစေ့ကို ဆက်ကာဆက်ကာ စိုက်ပျိုးပြန်ရာ အသီးအနှံများ ပွားများလေ၏။ ကျွန်ုပ်တို့သည် သူတစ်ပါးနှင့် ပေါင်းသင်းဆက်ဆံရာတွင်လည်း ယင်းဓမ္မတရားအတိုင်းပင် ဖြစ်ပါသည်။ ပြုလေသမျှ၊ ပြောလေသမျှတို့သည် မျိုးစေ့များ ဖြစ်၍ ယင်းအမျိုးအစားအတိုင်း အသီးအနှံများ ဖြစ်ထွန်းလိမ့်မည်။ ကိုယ်ချင်းစာတရားဖြင့်လည်းကောင်း၊ နားထောင်ခြင်းဖြင့်လည်းကောင်း၊ ကိုယ်ကျိုးစွန့်၍ အနစ်နာခံခြင်းဖြင့်လည်းကောင်း ကြင်နာစွာပြုသော ကောင်းမှုတိုင်းသည် အခြားသော သူတို့တွင် ပြန်လည် ဖြစ်ထွန်း၍ ထိုသူများမှတစ်ဆင့် အသီးများ ဆက်လက်ပြန်ပွားလိမ့်မည်။ ထိုနည်းတူ မနာလိုခြင်း၊ ငြူစူခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ပဋိပက္ခပြုခြင်းများသည်လည်း “ခါးစွာသောပင်မြစ်” တည်းဟူသော မျိုးစေ့ဖြစ်၍ လူအများအား ညစ်ညူးစေလိမ့်မည်။ (ဟေဗြဲ၊ ၁၂:၁၅)။ ထိုမှတစ်ဆင့် “လူအများ” မည်မျှ ဆက်လက်၍ ညစ်ညူးဆိပ်သင့်ကြပါ ” ရန်အတွက် ဖြစ်ပါသည်။ ဟေရှာ၊ ၅၅:၁၀။ ထိုကြောင့် မည်သူမျှ ကိုယ်ကျိုးအတွက် အသက်ရှင်ရန် မဟုတ်ပါ။ ခရစ်ယာန်သည် ဤ လောကတွင် အသက်ရှင်နေခြင်းမှာ အခြားသောသူများ ကယ်တင်ခြင်း ရရှိစေရန်အတွက် ခရစ်တော်၏ ကိုယ်စားလှယ် ဖြစ်၏။COLB 65.2

    ကိုယ်အကျိုး ကိုယ်စီးပွားကိုသာ ဗဟိုပြုထားသော သူ၏ အသက်တာသည် ကြီးထွားရှင်သန်ခြင်း နှင့် အသီးသီးခြင်း မရှိနိုင်။ သင်သည် ခရစ်တော်အား မိမိ၏ ကယ်တင်ရှင် ဖြစ်ကြောင်း ခံယူထားပြီး ဖြစ်ပါက ကိုယ်ကိုကိုယ် မေ့၍ သူတစ်ပါးကို ကူညီထောက်ပံ့ရန် အားထုတ်ရမည်။ ခရစ်တော်၏ မေတ္တာတော် နှင့် ကောင်းမြတ်တော်မူခြင်း အကြောင်းများကို ပြောကြားရမည်။ သူတစ်ပါး၏ လေးသော ဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမည်။ သူတစ်ပါး၏ လေးသော ဝန်ကို ကိုယ်ချင်းစာတရားနှင့် ကူညီသယ်ပိုး၍ ပျောက်ဆုံးသော သူကို သင် တတ်စွမ်းသမျှသော နည်းလမ်းများဖြင့် ရှာဖွေကယ်ဆယ်ပါ။ ခရစ်တော်၌ ရှိသော ကိုယ်ကျိုးစွန့်သည့် မေတ္တာတော် နှင့် သူတစ်ပါးအတွက် ဆောင်ရွက်သည့် စိတ်သဘောကို သင့်အနေဖြင့် ခံယူသိမ်းပိုက်ထားသည်နှင့်အမျှ သင်သည် ကြီးထွားရှင်သန်၍ အသီးသီးလိမ့်မည်။ ဝိညာဉ် ပကတိ၏ ဆုကျေးဇူးများသည် သင်၏ အကျင့်စာရိုက်များတွင် ဝင်းမှည့်၍ နေကြလိမ့်မည်။ သင်၏ ယုံကြည်ခြင်း တိုးပွား၌ သင် ကိုယ်တိုင် အပြစ် ရှိကြောင်း ဝန်ခံခြင်း နက်ရှိုင်းပြီးလျှင် သင်၏ မေတ္တာသည် စုံလင်ခြင်းသို့ ရောက်လိမ့်မည်။ သင်သည် ခရစ်တော်ကဲ့သို့ သန့်ရှင်း ဖြူစင်ခြင်း၊ မြင့်မြတ်ခြင်း နှင့် မေတ္တာ ပွားများခြင်းတို့တွင် ပို၍ ရောင်ပြန်ဟပ်လိမ့်မည်။COLB 66.1

    “ဝိညာဉ်ပကတိ၏ အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်းဦ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်းပေတည်း။” ဂလ၊ ၅:၂၂၊ ၂၃။ ယင်းကဲ့သို့ ပုပ်ပျက်ခြင်း မရှိသော အသီးများသည် အမျိုးကို လိုက်၍ ထွန်းကားသဖြင့် ထာဝရအသက်တာအတွက် ရိတ်သိမ်းရလိမ့်မည်။COLB 66.2

    “အသီးမှည့်၍ ရိတ်ချိန်ရောက်သောအခါ လယ်ရှင်သည် မဆိုင်းမလင့် တံစဉ်နှင့် ရိတ်စေတတ်၏။” ခရစ်တော်သည် မိမိ၏ ပုံသဏ္ဌန်တော်ကို မိမိ၏ အသင်းတော်တွင် ထင်ရှားပေါ်လွင်စေရန် လိုလားစွာ စောင့်မျှော်၍ နေတော်မူ၏။ ခရစ်တော်၏ လူတို့တွင် ကိုယ်တော် နှင့်တူသော အကျင့်စာရိတ္တများ စုံစုံလင်လင် ရုပ်လုံးပေါ်လာသောအခါ ကိုယ်တော်ရှင်သည် မိမိ၏ လူတို့ကို သိမ်းပိုက် ရယူရန် ကြွလာတော်မူလိမ့်မည်။COLB 67.1

    ကျွန်ုပ်တို့၏ အရှင်သခင်ယေရှု ကြွလာတော်မူမည်ကို မျှော်လင့် တောင့်တနေရန် သာမက ကိုယ်တော်ရှင် ကြွလာတော်မူခြင်းကို လျင်မြန်စေရန်အတွက် လုပ်ဆောင်ဖို့ အခွင့်အရေး ခရစ်ယာန်တိုင်းမှာ ရှိနေပါသည်။ (၂ ပေ၊ ၃:၁၂) ခရစ်တော်၏ အမည်ကို ခံယူသူတိုင်းသည် ကိုယ်တော်၏ ဘုန်းတော်အသီးကို သီးကြပါမည် ဆိုပါကဧဝံဂလိတရားတော် မျိုးစေ့သည် ဤ လောက ကမ္ဘာတစ်ဝန်းလုံးတွင် မည်မျှ လျင်မြန်စွာ ကြဲဖြန့်၍ ပြီးစီးနေပါလိမ့်မည်နည်း။ နောက်ဆုံး စပါးရိတ်ချိန်အတွက်ရိတ်သိမ်းရန် စပါးများမှာလည်း လျင်မြန်စွာ မှည့်ပျော်၍ နေပေလိမ့်မည် ဖြစ်သောကြောင့် ခရစ်တော်အရှင်သည်လည်း အဖိုးထိုက်တန်လှစွာသော သီးနှံများကို စုသိမ်းရန် ကြွလာတော်မူပါလိမ့်မည်။COLB 67.2

    * * * * *

    Larger font
    Smaller font
    Copy
    Print
    Contents