Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၁၇။—လောက တစ်ဝှမ်းလုံးရှိ ခရစ်ယာန်တို့သည သခင်ခရစ်တော်၌ တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။

    (ဘာသာစကား အမျိုးမျိုး၊ ထုံးစံ အမျိုးမျိုး ရှိကြသော နိုင်ငံ အမျိုးမျိုးမှ အမှုဆောင်များ စည်းဝေးကြရာတွင် ဤအခန်း၌ ပါသော အကြံပေးချက် အများကို မမဝှိုက်က ပြောပြပါသည်။ မမဝှိုက်အားဖြင့် မိမိ၏ လူများအား ထာဝရဘုရားက ပေးတော်မူသော အကြံဉာဏ်များတို့သည် မမဝှိုက် နေထိုင်ရာ အရပ်ရှိ လူများနှင့်သာ သင့်တော်သည်ဟု အချို့သော ဤအမှုဆောင်တို့က အမှား ထင်မြင်ကြသည်။ - မမဝှိုက် စာအုပ်များကို ထိန်းသိမ်းသော အဖွဲ့။)CCB1 259.1

    လောကီ မိဘများထံသို့ ကလေးသူငယ် တစ်ယောက်သည် ရိုးရိုးကလေးနှင့် လာသကဲ့သို့၊ ကျွန်ုပ်တို့သည် သခင်ခရစ်တော် ထံသို့ လာ၍၊ ရမည်ဟု ယုံကြည်လျက် ကိုယ်တော် ဂတိထားတော်မူသော အရာတို့ကို တောင်းကြလျှင်၊ ကျွန်ုပ်တို့သည် ရလိမ့်မည်။ ကျွန်ုပ်တို့ အားလုံးသည် ရှိအပ်သော ယုံကြည်ခြင်းမျိုးနှင့် ပြုမူကြလျှင်၊ ကျွန်ုပ်တို့၏ စည်းဝေးတွင် အထက်က မရရှိခဲ့ဖူးသေးသော ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် သာ၍ ကောင်းကြီးမင်္ဂလာကို ခံစားရလိမ့်မည်။ စည်းဝေးကို ကျင်းပရာ၌ ရက် အနည်းငယ် ကျန်နေသေး၍ ကျွန်ုပ်သည် ဝမ်းသာပါသည်။ မေးစရာ အချက်မှာ၊ ကျွန်ုပ်တို့သည် စမ်းရေတွင်းသို့ လာ၍ သောက်ကြပါမည်လော။ သမ္မာတရားကို သွန်သင်ပေးသော သူတို့သည် ပုံသက်သေကို ပြကြပါမည်လော။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်၏ ပုံသက်သေကို ပြကြပါမည်လော။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ စကားတော်အတိုင်း လိုက်နာကြလျှင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ကြီးကျယ်သော အမှုတို့ကို ပြုတော်မူမည်။ ကျွန်ုပ်တို့သည် ဘုရားသခင် ရှေ့တော်၌ အများအားဖြင့် စိတ်နှိမ့်ချခြင်း သဘောကို မြင်နိုင်ကြလိမ့်မည်တကား။CCB1 259.2

    ဤစည်းဝေးများ အစပြုသောအခါမှ စ၍၊ ကျွန်ုပ်သည် မေတ္တာ နှင့် ယုံကြည်ခြင်း အပေါ်၌ စိတ်စွဲလမ်းလျက် နှိုးဆော်ရလိမ့်မည်ဟု ထင်ပါသည်။ ဤသက်သေခံချက်ကို သင်တို့၌ လိုသောကြောင့်ဟု ထင်ရပါသည်။ ဤသာသနာ နယ်မြေများကို သွားရောက်ကြသော သူ အချို့က၊ သင်တို့သည် ပြင်သစ်တို့ အကြောင်းကို မသိ နားမလည်ကြပါ။ ဂျာမန်တို့ အကြောင်းကိုလည်း သင်တို့ နားမလည်ကြပါ။ သူတို့ကို တစ်နည်းအားဖြင့် ဆက်သွယ်ရကြမည်ဟု ပြောဆိုကြပြီ။CCB1 259.3

    သို့သော် ကျွန်ုပ်က ဤသို့ မေးမြန်းကြည့်၏။ ဘုရားသခင်သည် သူတို့ အကြောင်းကို သိတော်မူသည် မဟုတ်လော။ မိမိ ကျွန်အား လူတို့အတွက် သတင်းစကားကို ပေးတော်မူသော သူသည် ကိုယ်တော်ပင် ဖြစ်တော်မူသည် မဟုတ်လော။ သူတို့သည် မည်သည့်ရာကို အလိုရှိကြသည်ကို ကိုယ်တော်သည် သိရှိတော်မူ၏။ ၎င်းပြင် သတင်းစကားသည် မိမိ၏ ကျွန်အားဖြင့် ဘုရားသခင်ထံမှ လူတို့ထံသို့ တိုက်ရိုက် ရောက်ရှိလာလျှင်၊ ၎င်းကို စေလွှတ်လိုက်သော နေရာ၌ ၎င်းသည် မိမိ၏ အမှုတော်ကို ပြီးစီးစေပါလိမ့်မည်။ ၎င်းသည် လူအပေါင်းတို့ကို သခင်ခရစ်တော်၌ တစ်လုံးတစ်ဝတည်း ဖြစ်စေလိမ့်မည်။ အချို့တို့သည် မုချ ပြင်သစ် ဖြစ်၍ အခြားသူတို့သည် မုချ ဂျာမန် ဖြစ်လျက်၊ အခြားသူတို့သည် မုချ အမေရိကန် ဖြစ်ကြသော်လည်း၊ သူတို့သည် မုချပင် သခင်ခရစ်တော်နှင့် တူညီကြလိမ့်မည်။CCB1 260.1

    ယုဒလူတို့၏ ဗိမာန်တော်ကို ကျောက်တောင်မှ ကျောက်တုံးများကို ဖြတ်ယူလာပြီး ဆောက်ရကြ၏။ ၎င်းပြင် ဖြတ်ဆစ်ထားသော ကျောက်တုံးတို့ကို ယေရုရှလင်မြို့သို့ ယူမလာခင် ဗိမာန်တော်၌ သူ့နေရာနှင့် သင့်တော်အောင် ဖြတ်ဆစ်ရ၊ သွေးရ၊ အရောင်တင်ရပြီး စမ်းသပ်ကြည့်ရကြသေး၏။ ကျောက်တုံး အားလုံးကို ဆောက်မည့် နေရာသို့ ယူလာသောအခါ တူ၊ ရဲတင်းတို့၏ အသံကို မကြားရဘဲ အဆောက်အဦးကို တည်သွားကြ၏။ ဤအဆောက်အဦးသည် ဝိညာဉ်ဗိမာန်တော်ကို ပုံဆောင်၏။ ၎င်းတွင် ပါဝင်သော အရာဝတ္ထုများမှာ လူ အမျိုးမျိုး၊ ဘာသာစကား အမျိုးမျိုးကို ပြောသော သူတို့အထဲမှ စုဆောင်းထားလျက် အမြတ်၊ အနှိမ့်၊ ဆင်းရဲချမ်းသာ၊ ပညာတတ် ပညာမဲ့မှ စ၍ အစားစား ပါဝင်ကြသည်။ ဤအရာတို့ကား တူ၊ ဆောက်တို့ဖြင့် သင့်တော်အောင် ပြုပြင်ပေးနေရသေးသော ဝတ္ထုများ မဟုတ်ကြ။ သူတို့ကား အသက်ရှင်နေသော ကျောက်တုံးများ ဖြစ်လျက် သမ္မာတရားအားဖြင့် လောကထဲမှ ဖြတ်ဆစ်ယူလာရ၏။ ဗိမာန်တော်၏ အရှင်သခင် ဖြစ်သည့် တည်ဆောက်သူ ကြီးသည် သူတို့ကို ဝိညာဉ် ဗိမာန်တော်တွင် သူ့နေရာနှင့် သင့်တော်လာစေရန် ဖြတ်ဆစ်၊ အချောကိုင်လျက် ရှိတော်မူ၏။ ပြီးသောအခါ ဤဗိမာန်တော်သည် အစိတ်အပိုင်းတိုင်း၌ စုံလင်၍ ကောင်းကင်တမန် နှင့် လူတို့၏ အံ့သြစရာ ဖြစ်လာ၏။ အကြောင်းမူကား ၎င်းကို ဆောက်လုပ်တော်မူသော သူသည် ဘုရားသခင် ဖြစ်တော်မူ၏။ မိမိ အပေါ်၌ ထုရိုက်ခြင်း တစ်စုံတစ်ခု ပြုဖို့ လိုလမ့်မည်ဟု မည်သူမျှ မထင်မှတ်ပါနှင့်။CCB1 260.2

    အကျင့် နှင့် အကြံအစည်တိုင်းတွင် စုံလင်သော လူ တစ်ယောက်မျှ၊ လူမျိုး တစ်စုံတစ်မျိုးမျှ မရှိ။ တစ်ယောက် အကြောင်းကို တစ်ယောက် သင်ကြား လေ့လာရကြမည်။ ထိုကြောင့် ဘုရားသခင်က လူ အမျိုးမျိုးတို့ကို ရောနှောနေစေရန် အလိုရှိတော်မူ၍ သူတို့သည် စီရင်ရာ၌ လည်းကောင်း၊ ရည်ရွယ်ချက်၌ လည်းကောင်း တစ်လုံးတစ်ဝတည်း ဖြစ်စေလိုတော်မူ၏။ ထိုအခါ သခင်ခရစ်တော်၌ ရှိသော တစ်လုံးတစ်ဝတည်း သဘောမျိုးသည် ပုံသက်သေ ဖြစ်သွားလိမ့်မည်။CCB1 261.1

    ဥရောပတိုက်ရှိ လူ အမျိုးမျိုးသည် ထူးခြား၍ သူတို့အား နည်းတစ်မျိုးအားဖြင့် ဆက်သွယ်ရမည်ဟု အများက ဆိုသောကြောင့် ကျွန်ုပ်သည် ဤတိုင်းပြည်သို့ လာရန် ကြောက်ရမလောက် ဖြစ်ပါသည်။ သို့သော် မိမိတို့၌ အလိုရှိနေကြောင်း သိရှိ၍ ကောင်းသူတို့အား ပညာကို ပေးမည်ဟု ဘုရားသခင်သည် ဂတိထားတော်မူ၏။ သမ္မာတရားကို လက်ခံရမည့် နေရာသို့ ဘုရားသခင်သည် လူများကို ခေါ်ဆောင်လာနိုင်တော်မူ၏။ သခင်ဘုရားသည် သင်တို့၏ စိတ်သဘောကို ယူ၍ ရွံ့ကို အိုးထိန်းသည် ပုံထွင်းသကဲ့သို့ ၎င်းစိတ်ကို ပြုပြင်ပါစေ။ ထိုအခါ ဤသဘောကွဲလွဲမှုများ ရှိလိမ့်မည် မဟုတ်။ ညီအစ်ကိုတို့ သခင်ယေရှုကို ကြည့်ပါ။ ကိုယ်တော်၏ အမူအရာ နှင့် သဘောတော်ကို အတုခိုးပါ။ထိုအခါ အမျိုးမျိုးသော ဤလူစားတို့နှင့် ဆက်ဆံရာတွင် သင်သည် ဒုက္ခရောက်မည် မဟုတ်။CCB1 261.2

    ကျွန်ုပ်တို့၌ လိုက်နာရန် ပုံပမာ ခြောက်ခု၊ ငါးခု ရှိသည် မဟုတ်။ တစ်ခုတည်းသာ ရှိ၍ ထိုအရာမှာ သခင်ယေရှုခရစ်သာလျှင် ဖြစ်တော်မူ၏။ အီတလီ ညီအစ်ကို၊ ပြင်သစ် ညီအစ်ကို၊ ဂျာမန် ညီအစ်ကိုတို့သည် ကိုယ်တော်နှင့် တူရန် ကြိုးစားကြလျှင်၊ မိမိတို့၏ ခြေသည် သမ္မာတရား၏ အခြေအမြစ် တစ်မျိုးတည်းပေါ်တွင် တည်ရှိနေကြလိမ့်မည်။ တစ်ယောက်အထဲတွင် တည်နေသော သဘောမျိုးသည် အခြားသော သူအထဲတွင်လည်း တည်နေလိမ့်မည် - ဘုန်းတော်၏ မျှော်လင့်ခြင်း တည်းဟူသော သခင်ခရစ်တော်သည် သူတို့အထဲ၌ တည်နေတော်မူလိမ့်မည်။ ညီအစ်ကို မောင်နှမများတို့၊ လူ အမျိုးမျိုးတို့ ကြားတွင် ခြားနားနေသော နံရံကို ဆောက်မထားရန် ကျွန်ုပ် သတိပေးပါသည်။ တစ်နည်းအားဖြင့်၊ ၎င်းနံရံ တည်ရှိလာလျှင် ၎င်းကို ဖြိုချရန် ကြံစည် ကြိုးစားကြပါ။ သခင်ယေရှု၌ ရှိသော ညီညွတ်ခြင်းမျိုး ရှိရန် ကျွန်ုပ်တို့သည် ကြိုးစားရကြလျက် တစ်ခုတည်းသော ရည်ရွယ်ချက် တည်းဟူသော မိမိတို့ လူ အချင်းချင်းကို ကယ်တင်ခြင်း အမှုအတွက် လုပ်ဆောင်ရကြမည်။CCB1 261.3

    အမှုဆောင်ရွက်နေသော ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်၏ ဂတိတော်များကို ကိုင်ဖမ်းကြပါမည် လော။ သင်တို့သည် မျက်မှောက်မှ မိမိ ကိုယ်ကို ပယ်ရှား၍ သခင်ယေရှုကို ပေါ်လာပါစေ။ ဘုရားသခင်သည် သင်တို့အားဖြင့် အမှု ဆောင်ရွက်တော်မမူနိုင်မီ မိမိ ကိုယ်သည် သေစေရမည်။ လူတစ်ယောက်၌ လည်းကောင်း၊ အခြား တစ်ယောက်၌ လည်းကောင်း၊ ဤနေရာ၊ ထိုနေရာတို့၌ ကိုယ်ကိုသာ ကြည့်ရှုသော သဘောသည် ပေါ်လာသည်ကို တွေ့ရသောအခါ၊ ကျွန်ုပ်သည် စိုးရိမ်ထိတ်လန့်မိသည်။ သင်တို့၏ အလိုဆန္ဒများသည် သေသွားရမည်ဟု နာဇရက်မြို့သား ယေရှု၏ နာမတော်၌ သင်တို့ကို ကျွန်ုပ် ပြောဆိုပါသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကဲ့သို့ ဖြစ်လာရကြမည်။ ဘုရားသခင်သည် သင့်ကို အရည်ပျော်စေ၍ ညစ်ညူးခြင်းမှ ဆေးကြောရန် အလိုရှိတော်မူ၏။ သင်သည် ဘုရားသခင်၏ တန်ခိုးတော်နှင့် မပြည့်ဝနိုင်မီ သင့်အတွက် ပြုလုပ်ရန် ကြီးသော အမှုကြီး တစ်ခု ရှိသည်။ ဤစည်းဝေး မပြီးမီ သင်တို့သည် ဘုရားသခင်၏ ကြွယ်ဝသော ကောင်းကြီးမင်္ဂလာကို ခံစားရကြောင်း သိရှိရန် ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ရန် သင်တို့ကို ကျွန်ုပ် တောင်းပန်ပါသည်။19T 179-182;CCB1 262.1