Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မှန်သော ပရောဖက် ဖြစ်ကြောင်း လက်တွေ့ စစ်ဆေးခြင်း။

    ကျမ်းစာနှင့် ဆိုင်သော ဤစစ်ဆေးခြင်း အမှုကြီး လေးခု အပြင်၊ ဤလုပ်ငန်းကို မိမိ ကိုယ်တော်တိုင် လမ်းညွန်ပြသတော်မူကြောင်း ထင်ရှားစေရန် ထာဝရဘုရားသည် သက်သေများကို ပေးတော်မူပါသေးသည်။CCB1 62.2

    ၁။ သတင်းစကားသည် အချိန်ကာလနှင့် သင့်တော်ခြင်း။ ဘုရားသခင်၏ လူတို့သည် ထူးခြားသော အရာ တစ်စုံတစ်ခုကို လိုနေကြရာ၊ မစ္စစ်ဝှိုက်အား ပဋ္ဌမဦးဆုံး ရူပါရုံကို ပေးတော်မူသည် နည်းတူ၊ သတင်းစကားသည် ထို လိုနေသော အချိန်၌ပင် ရောက်ရှိလာ၏။CCB1 62.3

    ၂။ သတင်းစကားများ၏ လက်တွေ့ အသုံးဝင်သော သဘော။ မစ္စစ်ဝှိုက်အား ရူပါရုံတွင် ဖော်ပြတော်မူသော သတင်းစကားများသည် လက်တွေ့အားဖြင့် အကျိုးရှိလျက် အကယ်ပင် လိုသော နေရာများ၌ လက်တွေ့ အသုံးဝင်သည်။ သက်သေခံချက်တို့တွင် ဖော်ပြထားသော အကြံဉာဏ်ပေးချက် တို့သည် ကျွန်ုပ်တို့၏ နေ့စဉ် အသက်တာ၌ လက်တွေ့ အသုံးဝင်နေကြောင်းကို ဆင်ခြင် ကြည့်ပါ။CCB1 63.1

    ၃။ သတင်းစကားများသည် ဝိညာဉ်ရေး၌ မြင့်မြတ်သော အခြေ၌ ရှိခြင်း။ ၎င်းတို့သည် ကလေးဆန်သော သို့မဟုတ် သာမည အမှုကိစ္စတို့နှင့် မသက်ဆိုင်ဘဲ၊ အလွန် ကြီးကျယ်ခမ်းနား၊ မြင့်မြတ်သော အချက်ကြီးများနှင့်သာ ဆိုင်၏။ ဘာသာစကားကို ကိုယ်တိုင်ကပင် ထူးကဲမြင့်မြတ်နေ၏။CCB1 63.2

    ၄။ ရူပါရုံများကို ပေးပုံပေးနည်း။ အများသော ရူပါရုံများသည် ဤနိဒါန်းတွင် ပဋ္ဌမပိုင်းများ၌ ဖော်ပြထားသကဲ့သို့ ကိုယ်ကာယနှင့် ဆိုင်၍ သိရှိနိုင်သော အပြုအမူများ ပါရှိလာ၏။ ရူပါရုံတွင် မစ္စစ်ဝှိုက် ကြုံတွေ့ရသော အဖြစ်အပျက်တို့သည် ကျမ်းစာ၏ ပရောဖက်များ တွေ့ကြုံရသော အဖြစ်အပျက်နှင့် အတူတူပင် ဖြစ်၏။CCB1 63.3

    ၅။ ရူပါရု့များသည် စိတ်ထဲ၌ စွဲလမ်းနေသော ထင်မြင်ချက်သာ မဟုတ်ဘဲ အသေအချာ တွေ့ကြုံခံစားရသော အဖြစ်အပျက်များ ဖြစ်သည်။ ရူပါရုံ ရရှိနေစဉ် မစ္စစ်ဝှိုက်သည် ကိုယ်တိုင် မြင်ရ၊ ထိတွေ့ရလျက် ကောင်းကင်တမန်ထံမှ သွန်သင် မှာထားချက်တို့ကို ရရှိ၏။ ရူပါရုံများမှာ စိတ်ထကြွခြင်း သို့မဟုတ် စိတ်ကူးထင်မြင်ခြင်းအားဖြင့် ဖြစ်ပေါ်လာသည် မဟုတ်။CCB1 63.4

    ၆။ မစ္စစ်ဝှိုက်အပေါ်၌ ပတ်ဝန်းကျင်ရှိ လူတို့၏ သြဇာညောင်းခြင်း မရှိချေ။ လူတစ်ဦးအား သူမက၊ “လူအသီးအသီးတို့က ကျွန်ုပ်၏ စိတ်ကို ပိုင်စိုးပိုင်နင်း ချုပ်ချယ်နေသည်ဟု သင် ထင်သည်။ ကျွန်ုပ်သည် ဤအခြေအနေ၌ ရှိနေလျှင်၊ ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်အား အပ်နှံထားဖို့ မသင့်တော်ချေ” ဟု ရေးသားခဲ့ဖူး၏။CCB1 63.5

    ၇။ သူမ၏ လုပ်ငန်းကို သူမ နှင့်အတူ လုပ်ဖော်ဆောင်ဖက် ဖြစ်သော သူတို့က အသိအမှတ်ပြုကြ၏။ မစ္စစ်ဝှိုက် နှင့်အတူ အမှုဆောင်ရွက် လျက် အသင်းတော်ထဲတွင် ရှိနေသော သူတို့နှင့်တကွ အသင်းတော်တွင် မပါဝင်သော အပြင်လူ နှစ်ဦးစလုံးပင် မစ္စစ်ဝှိုက်ကို အကယ်ပင် “ထာဝရဘုရား၏ စေတမန်” အဖြစ် အသိအမှတ်ပြုကြ၏။ သူမနှင့် အရင်းနှီးဆုံးသော သူတို့က သူမအား ခေါ်တော်မူခြင်း အမှု နှင့် သူမ၏ လုပ်ငန်းတို့၌ အများဆုံး ယုံကြည် အားထားကြ၏။CCB1 63.6

    လူများတို့သည် သတင်းစကား နှင့် စေတမန်၌ ယုံကြည်အားထားခြင်း ရှိကြမည် အကြောင်း ထာဝရဘုရား ပေးတော်မူသော ကျမ်းစာထဲမှ ဤစစ်ဆေးနည်း လေးမျိုး နှင့် ထင်ရှားသေချာသော သက်သေများအားဖြင့်၊ ဤလုပ်ငန်းသည် ဘုရားသခင် စီမံတော်မူသော အမှု ဖြစ်၍ မေးမြန်းခြင်း မရှိဘဲ ယုံကြည် အားကိုးထိုက်ပေသည်။CCB1 64.1

    အီ၊ ဂျီ၊ ဝှိုက်၏ အများသော စာအုပ်များသည် အသင်းတော်အတွက် အကျိုးရှိသော အကြံဉာဏ်၊ ဆုံးမသြဝါဒများနှင့် ပြည့်လျက်ရှိ၏။ ဤသက်သေခံချက်တို့သည် အများနှင့် ဆိုင်သော သဘော သက်ဝင်သည် ဖြစ်စေ၊ အိမ်ထောင်များ နှင့် လူအသီးအသီးတို့အဖို့ ကိုယ်တိုင်နှင့် ဆိုင်သော သက်သေခံချက်များ ဖြစ်သည် ဖြစ်စေ၊ ယခုခေတ်၌ ကျွန်ုပ်တို့အဖို့ အသုံးဝင်ကြပေသည်။ ဤအချက်နှင့် ပတ်သက်၍ မစ္စစ်ဝှိုက်က အောက်ပါအတိုင်း ဖော်ပြထားပါသည်။CCB1 64.2

    “သက်သေခံချက်တို့တွင် လူအသီးအသီး၏ အမှုကိစ္စအတွက် သတိပေးစကား နှင့် ဆုံးမသွန်သင်စကားတို့သည် ဤနည်းအတိုင်း ထူးခြားစွာ ညွှန်ပြမထားသော အခြားသူ အများတို့အတွက်လည်း တူညီသော အကျိုးကို ရရှိစေဖို့ အသုံးပြုနိုင်သောကြောင့်၊ အသင်းတော်၏ အကျိုးအလိုငှါ ကိုယ်တိုင် သက်သေခံချက်တို့ကို ရိုက်နှိပ်ဖြန့်ဖြူးရန် ကျွန်ုပ်တို့၏ တာဝန် ဖြစ်သည်ဟု ထင်ရ၏။ အများနှင့် ဆိုင်သော ဘေးဥပဒ် နှင့် အမှားများ အကြောင်း ကျွန်ုပ် တွေ့မြင်ရသော အခြေအနေများ နှင့် ဘုရားသခင်ကို ချစ်၍ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်သော သူအပေါင်းတို့၏ တာဝန်တို့ကို ဖော်ပြရာ၌၊ ဤသက်သေခံချက်တို့ကို ဖော်ပြခြင်းထက် သာ၍ ကောင်းသော နည်း မရှိဟု ကျွန်ုပ် သိနားလည်ပါသည်။”CCB1 64.3

    ညီအစ်ကိုချင်းကို စစ်ကြော စီရင်ရန် အကြောင်းရှာ၍ သက်သေခံချက်တို့ကို ဖတ်ပြခြင်းသည် ၎င်းကို အလွဲ အသုံးပြုခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ သိမြင်သကဲ့သို့ ညီအစ်ကို မောင်နှမ အချို့တို့အား သိမြင်စေခြင်းငှါ ပြုလုပ်စေဖို့ လက်ရိုက်တုတ်ကဲ့သို့ သက်သေခံချက်များကို မည်သည့်အခါမျှ အသုံးမပြုရ။ လူအသီးအသီးသည် ဘုရားသခင်နှင့်သာ ရှင်းလင်း ဆုံးဖြတ်စေဖို့ ထားအပ်သော အမှုကိစ္စများ ရှိပါသည်။CCB1 65.1

    ယခုခေတ်၌ ကျွန်ုပ်တို့၏ အသက်တာတွင် အသုံးချရသော အခြေခံ စည်းကမ်း ဥပဒေတို့ကို ရှာဖွေရန် အကြံဉာဏ်ပေးချက်များကို လေ့လာဖတ်ရှုရမည်။ အချို့သော သတင်းစကားတို့မှာ ထူးခြားသော အချိန်ကာလ သို့မဟုတ် နေရာအတွက် သတိပေးစကား သို့မဟုတ် ဆုံးမစကား အဖြစ် ဖော်ပြထား၏။ သို့ရာတွင် ဖော်ပြထားသော အခြေခံ စည်းကမ်းများမှာ အများနှင့် သက်ဆိုင်၍ မည်သည့်အခါမဆို အသုံးပြုရန် အဆင်သင့်ပေသည်။ လောကတစ်ဝှမ်းလုံးတွင် လူ၏ စိတ်နှလုံးသည် အများအားဖြင့် တစ်သဘောတည်း ဖြစ်၏။ မကြာခဏ တစ်စုံတစ်ဦး၏ ပြဿနာသည် အခြားသော သူ၏ ပြဿနာလည်း ဖြစ်တတ်သည်။ “လူတစ်ဦးတစ်ယောက်၏ မှားယွင်းမှုကို ဆုံးမတော်မူရာ၌ အများသော သူတို့ကို ပြုပြင်ရန်လည်း ဘုရားသခင်က ကြံရွယ်ထားတော်မူ၏” ဟု မစ္စစ်ဝှိုက်က ရေးသားထား၏။CCB1 65.2

    သေခါနီးတွင် မစ္စစ်ဝှိုက်က အောက်ပါ အကြံဉာဏ်ကို ပေးခဲ့ပါသည်။CCB1 65.3

    “ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏ စကားသံတော်သည် အမြဲသဖြင့် သတိပေးခြင်း၊ ဆုံးမသြဝါဒပေးခြင်းနှင့် ကျွန်ုပ်တို့ထံ ရောက်ရှိလာ၏။ …. စုံစမ်းခြင်း နှင့် အချိန်ကာလသည် ဖော်ပြထားသော ဆုံးမသြဝါဒကို ပျောက်ပျက်သွားစေခြင်းငှါ မပြုလုပ်ခဲ့ပါ။ သတင်းစကားကို ပေးခဲ့သော ရှေးကာလအခါက ဖော်ပြထားသော ဆုံးမသွန်သင်စကားကို ဤနောက်ဆုံးသော နေ့ရက်များတွင်လည်း လိုက်နာရန် ဘေးကင်းသော သြဝါဒများကဲ့သို့ သဘောထားရကြမည်။”CCB1 65.4

    ယခု ဖော်ပြမည့် အကြံဉာဏ်ပေးချက်များကို အီ၊ ဂျီ၊ ဝှိုက် ရေးသားသော စာအုပ် အချို့မှ ထုတ်နှုတ်ထားပါသည်။ သို့ရာတွင် အများအားဖြင့် သက်သေခံချက် ဘဏ္ဍာများ အမည်ရှိ စာစောင် သုံးတွဲမှ ဖြစ်သည်။ ၎င်းစာစောင် သုံးတွဲမှာလည်း အသင်းတော်အတွက် သက်သေခံချက်များ ဟူသော စာစောင်တို့ကို တစ်လောကလုံး အလွယ်တကူ သုံးစွဲနိုင်ရန် တစ်ဖန်ပြန်၍ ရိုက်နှိပ်ထားသော စာစောင်တွဲများ ဖြစ်သည်။ ခေတ်ကာလအလိုက် စာစောင် တစ်တွဲတည်းထက် ပိုမို ပုံနှိပ်ထုတ်ဝေ ဖြန့်ဖြူး၍ မဖြစ်နိုင်လောက်အောင် အသင်းဝင်သူတို့သည် ငွေကြေး မလုံလောက်ကြသော အရပ်ဒေသရှိ အသင်းတော်အတွက် ၎င်းအကြံဉာဏ်ပေးချက်များသည် များစွာ အကျိုးရှိစေမည့် ဆုံးမသြဝါဒမျိုးတို့ကို ဖော်ပြထား၏။ ပရောဖက် ဟောသော စကားချက် သဘောနှင့် ဆိုင်ရာ အကြံဉာဏ်ပေးချက်များကို ထိန်းသိမ်းစောင့်ရှောက်၍ ၎င်းတို့ကို အများအပြား တိုး၍ အသုံးပြုဖို့ တာဝန်ကို အပ်နှံထားခြင်း ခံရလျက် မစ္စစ်ဝှိုက်၏ စာပေ ပရိယတ္တိတို့ကို ထိန်းသိမ်းရသော အဖွဲ့၏ သြဇာအလျောက် လုပ်ဆောင်နေရကြသော ကော်မတီ အဖွဲ့ကြီး တစ်ခုက ဤအကြံဉာဏ်ပေးချက်များကို ရွေးချယ်စီစဉ်ရခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြပါသည်။ ရွေးချယ်ထားသော အချက်များသည် အများအားဖြင့် အတိုချုပ်ထား၍ အခြေခံ စည်းကမ်း ဥပဒေတို့ကို လက်တွေ့ အသုံးပြုနိုင်ရန် စီမံပြုပြင်ထားသဖြင့်၊ အကြောင်းအရာ အများ ပြည့်စုံစွာ ပါရှိ၏။CCB1 65.5

    “သင်တို့၏ ဘုရားသခင်ကို ယုံကြည်ကြလော့။ သို့ပြုလျှင် တည်ကြည်ကြလိမ့်မည်။ ပရောဖက်တော်တို့ကို ယုံကြည်ကြလော့။ သို့ပြုလျှင် အောင်မြင်ကြလိမ့်မည်။” ၆ ရာ၊ ၂၀: ၂၀။CCB1 66.1

    မစ္စစ်ဝှိုက်၏ စာပေ ပရိယတ္တိတို့ကို ထိန်းသိမ်းသော အဖွဲ့။CCB1 66.2

    ဝါရှင်တန်မြို့၊ ဒီ၊ စီ။CCB1 66.3

    ၁၉၅၇ ခု၊ ဇူလိုင်လ ၂၂ ရက်။CCB1 66.4