Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စည်းလုံးခြင်းကို ရရှိစေကြောင်း ပုံပမာ။

    နှစ်များစွာ အထက်၊ သခင်ခရစ်တော် မကြာမီ ကြွလာတော်မူခြင်းကို ယုံကြည်သော သူ လူစုသည် အလွန် နည်းသေးသော အခါက၊ မိန်းနယ်၊ ကော့(ပ) ရှမ်မြို့၌ ဥပုသ်စောင့်သော သူတို့သည် ဆရာ စကော့ (ခ) ဘရစ် (ဂျ) ဟောင်လန်၏ အိမ်ရှိ မီးဖိုခန်းကြီးတွင် စည်းဝေးရန် စုရုံးကြ၏။ ဥပုသ်နေ့ တစ်နေ့၌ ဆရာဟောင်လန်သည် စည်းဝေး မတက်ဘဲနေ၏။ သူသည် အမြဲ အချိန်မှန်စွာ စည်းဝေးလာတတ်သောကြောင့် ကျွန်ုပ်တို့သည် အံ့သြရကြ၏။ မကြာမီ သူသည် မျက်နှာ၌ ဘုရားသခင်၏ ဘုန်းတော်နှင့် ထွန်းတောက်လျက် ဝင်လာ၏။ သူက၊ ညီအစ်ကိုတို့၊ ကျွန်ုပ် တွေ့ရှိရပြီ။ သင်သည် မည်သည့်အခါမျှ မလဲရ ဟူသော ဘုရားသခင်၏ စကားတော်နှင့် အညီ လိုက်နာ ပြုကျင့်နိုင်သော အချက် တစ်ခုကို ကျွန်ုပ် တွေ့ရှိရပြီ။ ဤအကြောင်းကို ပြောပြပါမည်ဟု ပြောဆို၏။CCB1 264.1

    ဆင်းရဲသော တံငါသည် တစ်ယောက် ဖြစ်သူ ညီတစ်ဦးက သူ့ကို ဂရုစိုက်သင့်သလောက် များစွာ ဂရုမစိုက်ဘဲ နေကြ၍ ဆရာဟောင်လန် နှင့် အခြားသူတို့သည် သူ့ထက် သာကြသည်ဟု ထင်မြင်နေသည်ကို တွေ့ရှိရသည်ဟု သူက ကျွန်ုပ်တို့အား ပြောပြ၏။ ဤအချက်သည် မမှန်ချေ၊ သို့သော် သူ့အဖို့ မှန်သည်ဟု ထင်ရ၏။ ၎င်းပြင် ရက်သတ္တပတ် အတော်ကြာ သူသည် စည်းဝေး မတက်ဘဲ နေခဲ့၏။ ထိုကြောင့် ဆရာဟောင်လန်သည် သူ၏ အိမ်သို့ သွား၍ သူ့ရှေ့၌ ဒူးထောက်လျက်၊ ကျွန်ုပ်၏ ညီ၊ ကျွန်ုပ်၏ အပြစ်ကို လွှတ်ပါ။ ကျွန်ုပ်သည် မည်ကဲ့သို့ ပြုခဲ့ပါသနည်းဟု ပြောဆို၏။ ထိုလူသည် သူ၏ လက်ကို ကိုင်၍ သူ့အား မတ်တပ်ရပ်ဖို့ ကြိုးစား၍ ချီမနေ၏။ ဆရာဟောင်လန်က၊ မထဘူး၊ ခင်ဗျား ကျွန်ုပ် အပေါ်၌ ဘယ်လို ထင်နေသလဲဟု ပြော၏။ သူက၊ ဘယ်လိုမျှ မထင်ပါဘူးဟု ပြန်ပြော၏။ ဆရာဟောင်လန်က၊ သို့သော် ခင်ဗျား ထင်မှတ်ရမှာဘဲ၊ အဘယ်ကြောင့်ဆိုသော် တစ်ကြိမ်က ခင်ဗျား နှင့် ကျွန်ုပ်တို့သည် တစ်ဦး နှင့် တစ်ဦး စကားပြောကြသော်လည်း၊ ယခု ခင်ဗျားသည် ကျွန်ုပ်ကို လုံးလုံး စကား မပြောတော့ပါ။ ၎င်းပြင် မည်သည့်အတွက် ဤကဲ့သို့ ပြုသည်ကိုကျွန်ုပ် သိလိုပါသည်ဟု ပြောပြ၏။CCB1 264.2

    သူက၊ ထပါ ဆရာဟောင်လန်ဟု ဆို၏။ ဆရာဟောင်လန်ကလည်း မထဘူးဟု ဆို၏။ သူက သို့ဖြစ်လျှင် ကျွန်ုပ် ဒူးထောက်ရမည်ဟု ဆိုလျက် ဒူးထောက်ပြီးလျှင် “သူသည် မည်မျှ ကလေးဆန်ပြီး မကောင်း ထင်မှတ်ခြင်း အမှုများကို မည်မျှ များစွာ ပြုခဲ့ပြီလဲဟု ပြောဆို ဝန်ခံ၏။ ယခု ဤအရာ အားလုံးကို ပယ်ရှားလိုက်ပါပြီဟု သူက ပြောပြ၏။CCB1 265.1

    ဆရာဟောင်လန်သည် ဤကြောင်းကို ပြောပြနေစဉ်၊ သူ၏ မျက်နှာသည် ဘုရားသခင်၏ ဘုန်းတော်နှင့် ထွန်းတောက်နေ၏။ သူသည် ပြောပြပြီးသည်နောက် ချက်ချင်းပင် တံငါသည် နှင့် သူ၏ အိမ်ထောင်သည် ဝင်လာကြသဖြင့် ကျွန်ုပ်တို့၌ အလွန် ကောင်းသော စည်းဝေးကို ကျင်းပရ၏။CCB1 265.2

    ကျွန်ုပ်တို့သည် ဆရာဟောင်လန် ပြုလုပ်သည့် နည်းအတိုင်း လိုက်နာပြုလုပ်ကြသည်ဟု ဆိုကြစို့။ ကျွန်ုပ်တို့၏ ညီတစ်ယောက်သည် မကောင်းသော အရာကို ထင်မြင်သောအခါ၊ ကျွန်ုပ်တို့သည် သူ့ထံသို့ သွား၍၊ အကျွန်ုပ်သည် သင့်အား အကျိုးယုတ်စေသော အမှု တစ်စုံတစ်ခုကို ပြုခဲ့လျှင် ကျွန်ုပ်၏ အပြစ်ကို လွှတ်ပါဟု ပြောဆိုလျှင်၊ ကျွန်ုပ်တို့သည် စာတန်၏ ချည်နှောင်ခြင်းကို ဖြေလျက်၊ ကျွန်ုပ်တို့၏ ညီအား သွေးဆောင်ခြင်းများ ထဲမှ ကယ်နှုတ်နိုင်ကြလိမ့်မည်။ သင် နှင့် သင်၏ ညီကြားတွင် မည်သည့် အရာမျှ ဝင်ရောက် တည်ရှိ မနေစေနှင့်။ မယုံသင်္ကာစရာ အချက်ကို ပယ်ရှားရန် သင်သည် စွန့်စား ပူဇော်ခြင်း အမှု တစ်စုံတစ်ခုကို ပြုနိုင်လျှင် ပြုလုပ်ပါ။ ကျွန်ုပ်တို့သည် အချင်းချင်းအား ညီအစ်ကို ကဲ့သို့ ချစ်စေဖို့ ဘုရားသခင်သည် အလိုရှိတော်မူ၏။ ကျွန်ုပ်တို့အား သနားကြင်နာ၍ ယဉ်ကျေးစေဖို့ ဘုရားသခင်သည် အလိုရှိတော်မူ၏။ ကျွန်ုပ်တို့အား သနားကြင်နာ၍ ယဉ်ကျေးစေဖို့ ဘုရားသခင် အလိုရှိတော်မူ၏။ ကျွန်ုပ်တို့၏ ညီသည် ကျွန်ုပ်တို့ကို ချစ်သည်ဟု ယုံကြည်စေရန် ကျွန်ုပ်တို့ ကိုယ်ကို သွန်သင်စေဖို့ အလိုရှိတော်မူ၏။ သူ့ကို မေတ္တာရှိမှ သူက ကိုယ်ကိုပြန်၍ မေတ္တာ ရှိ၏။CCB1 265.3

    ကျွန်ုပ်တို့၏ ညီအစ်ကိုတို့အား ကောင်းကင်တွင် တွေ့ဆုံရန် ကျွန်ုပ်တို့သည် မျှော်လင့်ပါသလော။ ကျွန်ုပ်တို့သည် ဤမြေကြီးပေါ်၌ သူတို့နှင့် ငြိမ်သက် ညီညွတ်စွာ နေနိုင်ကြလျှင်၊ ထိုအရပ်၌ ကျွန်ုပ်တို့သည် သူတို့နှင့် နေနိုင်လိမ့် မည်။ သို့ရာတွင် ကျွန်ုပ်တို့သည် ဤမြေကြီးပေါ်၌ အမြဲ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်း မရှိဘဲ၊ သူတို့နှင့် မနေနိုင်ကြလျှင်၊ မည်ကဲ့သို့ နည်းအားဖြင့် ကျွန်ုပ်တို့သည် ကောင်းကင်၌ သူတို့နှင့် နေနိုင်မည်နည်း။ မိမိတို့၏ ညီအစ်ကိုများမှ ခွဲခွာနေ၍ ရန်တွေ့ခြင်း၊ သဘောကွဲလွဲခြင်းတို့ကို ဖြစ်စေသော အပြုအမူမျိုးတို့ကို လိုက်နာနေကြသော သူတို့သည် လုံးလုံး ပြောင်းလဲခြင်း ရောက်ဖို့ လိုပေသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးကို အရည်ပျော်စေလျက် သခင်ခရစ်တော်၏ မေတ္တာအားဖြင့် နှိပ်ကွပ်ထားရမည်။ ကရာနီကုန်း၏ လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းဖြင့် ကိုယ်တော် ပြတော်မူသော မေတ္တာမျိုးကို ကျွန်ုပ်တို့အထဲ၌ ဖြစ်ပေါ်လာစေရမည်။ ကျွန်ုပ်တို့သည် ကယ်တင်ရှင် အနီးသို့ သာ၍ နီးကပ်စွာ ချဉ်းကပ်ရကြမည်။ ကျွန်ုပ်တို့သည် များစွာ ဆုတောင်း၍ ယုံကြည်ခြင်း ရှိစေရန် ကြိုးစား လေ့လာ ရကြမည်။ ကျွန်ုပ်တို့သည် သာ၍ စိတ်နူးညံ့ သိမ်မွေ့လျက် သာ၍ ကြင်နာ သနားပြီး ယဉ်ကျေးခြင်း ရှိရကြမည်။ ကျွန်ုပ်တို့သည် ဤလောကကို တစ်ကြိမ်သာ ဖြတ်သွားရကြမည်။ ကျွန်ုပ်တို့နှင့် ပေါင်းသင်း ဆက်ဆံသော သူတို့ အပေါ်၌ သခင်ခရစ်တော်၏ သဘောတော်မျိုးကို စွဲလမ်းသွားစေရန် ကျွန်ုပ်တို့သည် မကြိုးစားဘဲ နေရကြမည်လော။CCB1 265.4

    ကျွန်ုပ်တို့၏ ခိုင်မာသော စိတ်နှလုံးတို့ကို ချို့ဖဲ့ပစ်ရမည်။ ကျွန်ုပ်တို့သည် အမှန် စည်းလုံး ညီညွတ်ခြင်းနှင့် စုရုံးလာကြဖို့ လိုလျက်၊ ကျွန်ုပ်တို့အား နာဇရက်မြို့သား ယေရှု၏ အသွေးနှင့် ဝယ်တော်မူကြောင်း အသေအချာ သိရှိဖို့ လိုပေသည်။ အသီးအသီး ဤကဲ့သို့ ပြောဆိုကြပါစေ။ “ကိုယ်တော်သည် ကျွန်ုပ်အတွက် မိမိ၏ အသက်ကို စွန့်တော်မူပြီ။ ၎င်းပြင် ကျွန်ုပ်သည် ဤလောကထဲသို့ သွားနေစဉ် ကျွန်ုပ်အတွက် အသက်ကို စွန့်တော်မူရာ၌ ကိုယ်တော်က ထင်ရှားစေတော်မူသော မေတ္တာကို ကျွန်ုပ်သည် ဖော်ပြရမည်ကို၊ ကိုယ်တော်သည် အလိုရှိတော်မူ၏။” ဘုရားသခင်သည် ဖြောင့်မတ်သော်လည်း ကိုယ်တော်ကို ယုံကြည်သော သူတို့အား ဖြောင့်မတ်ရာ၌ တည်စေတော်မူသော သူ ဖြစ်မည် အကြောင်း သခင်ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် မိမိ ကိုယ်၌ ကျွန်ုပ်တို့၏ အပြစ်ကို ယူဆောင်သွားတော်မူ၏။ သခင်ခရစ်တော်အား မိမိတို့ ကိုယ်ကို အပ်နှံသော သူအပေါင်းတို့အတွက် အသက်၊ ထာဝရအသက် ရှိသည်။49T 191-193;CCB1 266.1