Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    “ဥပုသ်နေ့ကို အောက်မေ့လော့။”

    စတုတ္ထ ပညတ်တော်၏ အစနားတွင် ထာဝရဘုရားက “အောက်မေ့လော့” ဟု မိန့်တော်မူ၏။ စိုးရိမ်ပူပန်ခြင်း၊ ရှုပ်ထွေးခြင်း များစွာတို့ ကြားတွင် လူသည် ပညတ်တော်က တောင်းဆိုသော စည်းကမ်းချက်တို့ကို မလိုက်နားဘဲ နေစေခြင်းငှါ သွေးဆောင်ခြင်း ခံရမည်ကို လည်းကောင်း ပညတ်တော်၏ သန့်ရှင်း၍ အရေးကြီးသော စည်းကမ်းချက်တို့ကို မေ့လျော့မည်ကို လည်းကောင်း ဘုရားသခင်သည သိ နားလည်တော်မူ၏။ ထိုကြောင့် ထာဝရဘုရားက “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကို အောက်မေ့လော့” ဟု မိန့်တော်မူ၏။ ထွက်မြောက်ရာကျမ်း၊ ၂၀: ၈။CCB1 91.2

    ရက်သတ္တပတ် တစ်ပတ်လုံး ကျွန်ုပ်တို့သည် ဥပုသ်နေ့ကို စိတ်ထဲ၌ စွဲလမ်းနေကြပြီးလျှင် ပညတ်တော်အတိုင်း ၎င်းကို စောင့်ရှောက်ရန် ပြင်မှုကို ပြုလုပ်နေရကြမည်။ ကျွန်ုပ်တို့သည် ဥပုသ်နေ့ကို တရားဥပဒေနှင့် ဆိုင်သော အရာကဲ့သို့ စောင့်ရှောက်ရုံသာ ပြုရကြမည် မဟုတ်။ အသက်တာ၏ လုပ်ငန်း အပေါင်းတွင် ၎င်းသည် ဝိညာဉ်ရေးနှင့် သက်ဆိုင်နေကြောင်း ကျွန်ုပ်တို့သည် သိရှိနားလည်ရကြမည်။ ဥပုသ်နေ့ကို မိမိတို့ နှင့် ဘုရားသခင် စပ်ကြားတွင် လက္ခဏာ သက်သေ အဖြစ် သဘောထားလျက် ဘုရားသခင်သည် မိမိတို့ကို သန့်ရှင်းစေတော်မူသော ဘုရား ဖြစ်ကြောင်းကို ထင်ရှားစေကြသော သူအပေါင်းတို့သည် ဘုရားသခင် အုပ်စိုးတော်မူသော အာဏာစက်၏ အခြေခံ ဥပဒေများကို ဖော်ပြကြလိမ့်မည်။ သူတို့သည် ဘုရားသခင့် နိုင်ငံတော်၏ ပညတ်တရားကို မိမိတို့၏ နေ့စဉ် လုပ်ငန်းတို့တွင် လိုက်နာပြုကျင့်ကြလိမ့်မည်။ ဥပုသ်နေ့၏ သန့်ရှင်းခြင်း အဖြစ်သည် သူတို့၌ အမြဲ တည်ရှိနေစေမည် အကြောင်း သူတို့သည် နေ့စဉ် ဆုတောင်းပဋ္ဌနာပြုကြလိမ့်မည်။ နေ့တိုင်း သူတို့သည် သခင်ခရစ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း အခွင့်ကို ရကြလျက် ကိုယ်တော်၏ စုံလင်သော အကျင့်စာရိတ္တကို မိမိတို့ အသက်တာတွင် ပုံသက်သေ ပြကြလိမ့်မည်။ နေ့တိုင်း သူတို့၏ ကောင်းသော အကျင့် ဓလေ့များအားဖြင့် သူတို့၏ အလင်းသည် သူတစ်ပါးတို့ထံသို့ ထွန်းလင်း တောက်ပ သွားလိမ့်မည်။CCB1 92.1

    ဘုရားသခင်၏ အမှုတော်တွင် အောင်မြင်ခြင်း ရရှိဖို့ ကိစ္စနှင့် စပ်ဆိုင်သော အမှုအပေါင်းတွင်၊ ပဋ္ဌမဦးစွာ အောင်မြင်ခြင်း ရရှိဖို့ အရေးများမှာ အိမ်ထောင် အသက်တာတွင် ဖြစ်ပေသည်။ ဤနေရာ၌ ဥပုသ်နေ့အတွက် ပြင်ဆင်ခြင်း လုပ်ငန်းကို အစပြု သင်ကြားပေးရမည်။ ရက်သတ္တပတ် တစ်ပတ်လုံး၊ မိမိတို့၏ အိမ်ထောင်သည် ကောင်းကင် အိမ်တော်အတွက် သားသမီးများကို ပြင်ဆင်ပေးဖို့ရန် ကျောင်းတစ်ခု ဖြစ်ကြောင်းကို မိဘများတို့သည် သတိပြုကြပါစေ။ သူတို့ ပြောဆိုသော စကားများမှာ မှန်ကန်သော စကားများ ဖြစ်ပါစေ။ မိမိ၏ သားသမီးများ မကြားအပ်သော စကားကို မိဘတို့ နှုတ်မှ မထွက်စေနှင့်။ အမျက်ဒေါ သ ကင်းသော စိတ်သဘောမျိုး ရှိပါစေ။ မိဘတို့၊ ရက်သတ္တပတ် တစ်ပတ်လုံးတွင် ဘုရားသခင်အတွက် သွန်သင် လေ့လာပေးစေရန် သားသမီးများကို သင်တို့အား ပေးတော်မူသော သန့်ရှင်းသော ဘုရားသခင်၏ မျက်မှောက်တော်မှာ ကဲ့သို့ နေထိုင်ပြုမူကြပါ။ အိမ်သား အားလုံးတို့သည် ဥပုသ်နေ့၌ ထာဝရဘုရား၏ သန့်ရှင်းရာဋ္ဌာနတွင် ဝတ်ပြုကိုးကွယ်ရန် အသင့် ပြင်ဆင်ခြင်း ရှိစေရန်၊ သင်၏ အိမ်ထောင်တွင် အသင်းတော်ကလေး တစ်ခုကို ဘုရားသခင်အဖို့ သွန်သင် လေ့ကျင့်ပေးပါ။ နံနက်တိုင်း ညနေတိုင်း သင်တို့၏ သားသမီးများတို့ကို ဘုရားသခင် ကိုယ်တော်တိုင် အသွေးနှင့် ဝယ်ထားတော် မူသော အမွေတော် အဖြစ်နှင့် ဘုရားသခင်အား ဆက်သလော့။ ဘုရားသခင်ကို ချစ်၍ ကိုးကွယ် ဝတ်ပြုရခြင်းသည် သူတို့၏ အမြတ်ဆုံး တာဝန် နှင့် အခွင့်အရေး ဖြစ်သည်ကို သူတို့အား သွန်သင်ပေးလော့။CCB1 92.2

    ဥပုသ်နေ့ကို ထိုသို့ အောက်မေ့ကြသောအခါ၊ လောကီမှုရေး ကိစ္စသည် ဝိညာဉ်ရေး ကိစ္စတွင် ဝင်ရောက် ရောနှောလာခွင့် ရမည် မဟုတ်။ အလုပ် လုပ်ရသော ခြောက်ရက်နှင့် ဆိုင်သော တာဝန်လုပ်ငန်း တစ်စုံတစ်ခုကိုမျှ ဥပုသ်နေ့အတွက် မကျန်မရှိစေရ။ ရက်သတ္တပတ် တစ်ပတ်အတွင်း လောကီ အလုပ်များဖြင့် ကျွန်ုပ်တို့၏ အင်အားများသည် လွန်စွာ ကုန်ခန်းမသွားလျှင် ထာဝရဘုရားသည် ငြိမ်ဝပ်စွာ နေ၍ အားဖြည့်နေတော်မူသော နေ့တွင် ကျွန်ုပ်တို့သည် ကိုယ်တော်၏ အမှုတော်ကို ဆောင်ရွက်ရန် ပင်ပန်းခြင်း ရှိကြမည် မဟုတ်။CCB1 93.1

    ရက်သတ္တပတ် တစ်ပတ်လုံး ဥပုသ်နေ့အတွက် ပြင်ဆင်ခြင်း အမှုကို ပြုလုပ်နေကြစဉ်၊ သောကြာနေ့သည် အထူး ပြင်ဆင်ရသော နေ့ ဖြစ်၏။ မောရှေအားဖြင့် ထာဝရဘုရားက ဣသရေလ လူတို့အား မိန့်တော်မူသော စကားများမှာ - “နက်ဖြန်နေ့သည် ထာဝရဘုရား ရှေ့၌ သန့်ရှင်းသော ဥပုသ်နေ့၊ ငြိမ်ဝပ်စွာ နေရသော နေ့ ဖြစ်၏။ မုန့်ကို ပေါင်းချင်သည်အတိုင်း ပေါင်းကြလော့။ ပြုတ်ချင်သည်အတိုင်း ပြုတ်ကြလော့။ ကျန်သော အရာကို နံနက်တိုင်အောင် စောင့်၍ သိုထားကြလော့။” “လူများတို့သည် လှည့်လည်လျက် မန္နကို စုသိမ်း၍ ဆုံ၌ ကြိတ်ခြင်း၊ ထောင်းခြင်းကို ပြုပြီးမှ အိုးနှင့် ပြုတ်ကြ၏။ မုန့်ပြားကိုလည်း လုပ်ကြ၏။” ထွက်မြောက်ရာကျမ်း၊ ၁၆: ၂၃။ တောလည်ရာကျမ်း၊ ၁၁: ၈။ ဣသရေလ လူတို့အတွက် ကောင်းကင်က ချပေးသော စားစရာအတွက် ပြင်ဆင် ခြင်း အမှု တစ်စုံတစ်ခုကို ပြုလုပ်ရ၏။ ထာဝရဘုရားက ဤအမှုကို အဘိတ်နေ့ တည်းဟူသော၊ သောကြာနေ့တွင် ပြုလုပ်ရမည်ဟု သူတို့အား မိန့်တော်မူ၏။CCB1 93.2

    သောကြာနေ့တွင် ဥပုသ်နေ့အတွက် ပြင်ဆင်ခြင်း အမှု အားလုံးတို့ကို အသင့် ပြီးစီးပါစေ။ အဝတ်အထည်များကို အားလုံး အသင့် ရှိစေလျက် စားသောက်စရာများကို အားလုံး ဝယ်ခြမ်း ပြင်ဆင်ပြီး ရှိစေရမည်။ ဖိနပ်များကို ဆေးတိုက်ပြီး ဖြစ်၍ ခေါင်းလျှော် ရေချိုးပြီးသား ဖြစ်ရမည်။ ဤအမှုကို ပြုလုပ်နိုင်ရမည်။ သင်သည် ထိုသို့ ပြုရန် ဥပဒေ လုပ်ထားလျှင် ပြုလုပ်နိုင်ရမည်။ ဥပုသ်နေ့တွင် အဝတ်အထည်များကို ဖာထေးခြင်း မပြုရ။ အစားအသောက်ကို မချက်ရ။ အပျော်အပါး လိုက်စားခြင်း မပြုရ။ သို့မဟုတ်အခြား လောကီ လုပ်ငန်းကို မဆောင်ရွက်ရ။ နေမဝင်ခင် လောကီ အလုပ် ရှိသမျှတို့ကို ပယ်ရှားထား၍ လောကီနှင့် ဆိုင်သော စာပေများ သတင်းစာ မဂ္ဂဇင်း စသည်တို့ကို မျက်စိကွယ်ရာ၌ သိမ်းထားလိုက်ပါ။ မိဘတို့၊ သင်တို့၏ အမှု နှင့် ၎င်း၏ ရည်ရွယ်ချက်ကို သားသမီးတို့အား ရှင်းလင်းစွာ ဖော်ပြကြလော့။ ၎င်းပြင် ပညတ်တော်အတိုင်း ဥပုသ်နေ့အတွက် ပြင်ဆင်ခြင်း အမှုတွင် သင်တို့အား ကူညီစေဖို့ သူတို့အား အခွင့်ပေးကြပါ။CCB1 94.1

    ကျွန်ုပ်တို့သည် ဥပုသ်နေ့၏ အစ နှင့် အဆုံးတို့ကို အထူး သတိကြီးစွာနှင့် စောင့်ရှောက် သတိပြုရကြမည်။ အချိန် ရှိသမျှသည် ဆက်ကပ်ပူဇော်ထား၍ သန့်ရှင်းသောအခါ ဖြစ်ကြောင်းကို သတိပြုပါ။ တတ်နိုင်သမျှ အလုပ်ရှင်များသည် မိမိတို့၏ အလုပ်သမားများအား သောကြာနေ့ မွန်းတည့် အချိန်က ဥပုသ်နေ့ စသော အချိန်အထိ အလုပ်မှ နားနေခွင့် ရရှိရန် အခွင့်ပေးရမည်။ သူတို့သည် ထာဝရဘုရား၏ နေ့ကို ငြိမ်သက် တည်ကြည်သော စိတ်နှင့် ကြိုဆိုနိုင်ကြမည် အကြောင်း သူတို့အား ပြင်ဆင်ခြင်း ပြုဖို့ အချိန်ပေးပါ။ ဤကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် သင်သည် လောကီ အရာများ၌ ဆုံးရှုံးခြင်း ရှိလိမ့်မည် မဟုတ်။CCB1 94.2

    အဘိတ်နေ့တွင် ဂရုစိုက်ဖို့ လိုသော ကိစ္စ တစ်ခု ရှိသေးသည်။ အိမ်ထောင်၌ ဖြစ်စေ၊အသင်းတော်၌ ဖြစ်စေ၊ ထိုအဘိတ်နေ့၌ ညီအစ်ကိုချင်း တစ်ယောက် နှင့် တစ်ယောက် သဘော ကွဲလွဲမှု ရှိသမျှတို့ကို ပယ်ရှားရမည်။ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ မနာလို ငြူစူခြင်း ရှိသမျှတို့ကို သင်တို့၏ စိတ်ဝိညာဉ် ထဲမှ ပယ်ထုတ်လိုက်ပါ။ နှိမ့်ချသိမ်မွေ့သော စိတ်နှင့်၊ “အချင်းချင်း တစ်ယောက် နှင့် တစ်ယောက်၊ ကိုယ် အပြစ်ကို ဖော်ပြ တောင်းပန်ကြလော့။ ချမ်းသာရမည် အကြောင်း အချင်းချင်းတို့အဖို့ ဆုတောင်းကြ လော့။” ယာ၊ ၅: ၁၆။ 26T 353-356;CCB1 94.3

    ကောင်းကင်ဘုံရှင် မျက်မှောက်တော်၌ သန့်ရှင်းသော ဥပုသ်နေ့ကို လွန်ကျူးဖျက်ဆီးသော အမှုအရာဟု ထင်ရသော အရာ တစ်စုံတစ်ခုကိုမျှ ဥပုသ်နေ့တွင် မပြောမဆို မပြုအပ်။ ကျွန်ုပ်သည် ဥပုသ်နေ့တွင် ကိုယ်ကာယနှင့် ဆိုင်သော အလုပ်တို့ကို မပြုရဘဲ နေရကြမည် သာမက၊ စိတ်နှလုံးသည်လည်း သန့်ရှင်းသော အကြောင်းအရာတို့၌သာ စွဲလမ်းဆင်ခြင်ဖို့ စည်းကမ်းထားပေး ရမည်။ လောကီ အရာတို့ အကြောင်းကို ပြောဆို ဆွေးနွေးခြင်းသည် သို့မဟုတ် ပေါ့ဆ၍ မရေရာသောစကားများကို ပြောဆိုခြင်းဖြင့် စတုတ္ထ ပညတ်ကို ကျူးလွန် ဖျက်ဆီးရာရောက်၏။ မိမိတို့၏ စိတ်ထဲ၌ ဖြစ်ပေါ်လာသော အရာ တစ်စုံတစ်ခု သို့မဟုတ် အရာ ခပ်သိမ်း အကြောင်းကို ပြောဆို ဆွေးနွေးခြင်းသည် မိမိ၏ စကားကို ပြောဆိုခြင်း ဖြစ်၏။ မှန်သော အရာမှ လွှဲသွားခြင်း အမှု ရှိသမျှသည် ကျွန်ုပ်တို့အား ချည်နှောင်ခြင်း အပြစ်ဒဏ် စီရင်ခြင်း အဖြစ်သို့ ရောက်ရှိစေတတ်၏။ 32T 703;CCB1 95.1