Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အိမ်ထောင်သား အသီးအသီးအတွက် နေရာ တစ်ခုစီ ရှိခြင်း။

    ယောက်ျားများ နှင့်အတူ မိန်းမများသည် သမ္မာတရားကို အသုံးပြုနိုင်၍ ထင်ရှားစေနိုင်သော နေရာ၌ သမ္မာတရားကို ဝှက်ထားခြင်း လုပ်ငန်းကို ဆောင်ရွက်နိုင်ကြသည်။ သူတို့သည် ဤကဲ့သို့ အရေး ဆိုက်ရောက်ရာ ကာလ၌ သူတို့အစား ဝင်ရောက်လုပ်ဆောင်နိုင်၍ ထာဝရဘုရားသည် သူတို့အုားဖြင့် အမှုတော် ဆောင်ရွက်တော်မူမည်။ သူတို့သည် မိမိတို့၏ တာဝန်ကို သိရှိနားလည်သော စိတ်ဆန္ဒရှိ၍ ဘုရားသခင်၏ ဝိညာဉ်တော် ပြုပြင်သည်အတိုင်း ဆောင်ရွက်ကြလျှင်၊ ဤအချိန်ကာလ၌ သူတို့သည် စိတ်တည်ငြိမ်ခြင်း ရှိကြလိမ့်မည်။ ကယ်တင်ရှင်သည် ကိုယ်ကိုကိုယ် ဆက်ကပ်စွန့်စားသော မိန်းမများတွင် ကိုယ်တော်၏ မျက်နှာတော်ရောင်ခြည်ကို ပြန်၍ ဟပ်စေသဖြင့်၊ သူတို့၌ ယောက်ျားများတို့၏ တန်ခိုးထက် သာလွန်သော တန်ခိုးကို ရရှိကြလိမ့်မည်။ သူတို့သည် အိမ်ထောင်များတွင် ယောက်ျားများ မလုပ်နိုင်သော အလုပ်၊ အသက်တာ၏ အတွင်းပိုင်းနေရာကို ချဉ်းကပ်နိုင်သော အလုပ်ကို လုပ်နိုင်ကြသည်။ ယောက်ျားများ မချဉ်းကပ်နိုင်သော သူတို့၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်အောင် သူတို့သည် ရင်းနှီးစွာ ချဉ်းကပ်နိုင်ကြသည်။ သူတို့၏ လုပ်ငန်းသည် လိုအပ်ပေသည်။ ဆင်ခြင်ဉာဏ် ရှိလျက် နှိမ့်ချသော မိန်းမတို့သည် လူများတို့အား သူတို့၏ အိမ်များတွင် သမ္မာတရားကို ရှင်းလင်းဖော်ပြရာ၌ ကောင်းစွာ ဆောင်ရွက်နိုင်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ထိုသို့ ရှင်းလင်းဖော်ပြခြင်းဖြင့် တဆေးကဲ့သို့ တိုးပွားခြင်း အမှုကို ဖြစ်စေနိုင်၍ ၎င်း၏ သြဇာတန်ခိုးအားဖြင့် အိမ်ထောင် တစ်ခုလုံးသည် ပြောင်းလဲခြင်းသို့ ရောက်လိမ့်မည်။139T 128, 129;CCB1 120.1

    လူအားလုံးတို့သည် တစ်စုံတစ်ခုကို ပြုလုပ်နိုင်သည် အချို့သော သူတိုသည် ဆင်ခြေပေးကြလျက် “ကျွန်ုပ်၏ အိမ်ထောင်တာဝန်၊ သားသမီးတို့၏ တာဝန်ကြောင့် အချိန် မရနိုင်၊ ငွေလည်း မလုံလောက်နိုင်” ဟု ပြောဆိုကြ၏။ မိဘများတို့၊ သင်တို့၏ သားသမီးများသည် သင်တို့ကို ကူညီဆောင်ရွက်ပေးနိုင်သော လက်ရုံး ဖြစ်ရမည်။ ၎င်းပြင် သခင်ဘုရားအတွက် အမှုတော် ဆောင်ရွက်ခြင်း လုပ်ငန်းတွင် သင်၏ ခွန်အား နှင့် စွမ်းရည် သတ္တိကို တိုးပွား များပြားလာစေလိမ့်မည်။ သားသမီးတို့သည် ထာဝရဘုရား၏ အိမ်ထောင်တွင် ငယ်ရွယ်သော အိမ်ထောင်သားများ ဖြစ်ကြသည်။ မိမိတို့ ကိုယ်ကို ဘုရားသခင်ထံ ဆက်ကပ် ပူဇော်စေရန် သူတို့အား လမ်းပြပေးရမည်။ သူတို့သည် ဖန်ဆင်းခြင်း နှင့် ရွေးနှုတ်ခြင်း အမှုအားဖြင့် ဘုရားသခင် ပိုင်ဆိုင်တော်မူသော အရာများ ဖြစ်ကြသည်။ သူတို့၏ ကိုယ်၊ စိတ် နှင့် ဝိညာဉ်ခွန်အားတို့ကို ဘုရားသခင် ပိုင်ဆိုင်တော်မူကြောင်း သူတို့အား သွန်သင်ပေးရမည်။ ကိုယ်ကျိုးမရှာသော အမှု ဆောင်ရွက်ခြင်း အလုပ်တွင် အမျိုးမျိုးသော ကိစ္စတို့၌ ကူညီနိုင်စေရန် သူတို့အား လေ့ကျင့်ပေးရမည်။ သားသမီးတို့သည် အတားအဆီး အနှောင့်အယှက် ဖြစ်စေဖို့ ခွင့်မပြုရ၊ သင် နှင့်အတူ သားသမီးတို့သည် ကိုယ်ကာယနှင့် ဆိုင်သော တာဝန် နှင့်တကွ ဝိညာဉ်ရေး တာဝန်တို့ကိုလည်း ပါဝင် ဆောင်ရွက်ရကြမည်။ သူတစ်ပါးကို မစကူညီခြင်းအားဖြင့် သူတို့သည် မိမိတို့ ကိုယ်တိုင်၌ သာ၍ ပျော်မွေ့ခြင်း ရှိလျက် သာ၍ အသုံးကျလာကြလေသည်။147T 63;CCB1 120.2

    သခင်ခရစ်တော်အတွက် ကျွန်ုပ်တို့ ဆောင်ရွက်ရသော အလုပ်ကို အိမ်ထောင်တွင် အစပြုရမည်။ လူငယ်တို့အား ပညာ သင်ကြားပေးရေးသည် လွန်ခဲ့သော ခေတ်ကာလက သွန်သင်ပေးခဲ့သော နည်းများနှင့် ခြားနားသော စနစ်မျိုး ဖြစ်ရမည်။ သူတို့အတွက် ဆောင်ရွက်ရသော လုပ်ငန်းသည် အထက်က ပြုလုပ်ခဲ့ရသော တာဝန်ထက် သာ၍ များပြားပေသည်။ ဤကိစ္စထက် သာ၍ အရေးကြီးသော သာသနာပြု လုပ်ငန်း မရှိချေ။ အကျင့်သီလ နှင့် ပုံသက်သေအားဖြင့် မိဘတို့သည် မိမိတို့၏ သားသမီးများအား စိတ်နှလုံး မပြောင်းလဲသေးသော သူတို့အတွက် အမှုတော် ဆောင်ရွက်နိုင်ရန် သွန်သင်ပေးရမည်။ သားသမီးတို့သည် အသက်ကြီးသော သူ နှင့် ညှဉ်းဆဲခြင်း ခံရသော သူတို့ကို ထောက်ထားစာနာ၍ ဆင်းရဲဒုက္ခရောက်သော သူတို့အား ဆင်းရဲခြင်း အဖြစ်မှ ကယ်တင်နိုင်ကြမည် အကြောင်း သိရှိနားလည်ရန် ပညာသင်ကြားပေးရမည်။ သာ သနာပြုလုပ်ငန်းတွင် ကြိုးစားအားထုတ်မှု ရှိရန် သူတို့အား သွန်သင်ပေးရမည်။ အလွန် ငယ်ရွယ်သော အချိန်အခါမှ စ၍ အခြား သူတို့၏ ကောင်းကျိုးအတွက်၊ သခင်ခရစ်တော်၏ အမှုတော် တိုးတက် ကြီးပွားရေးအတွက် မိမိတို့ ကိုယ်ကို ငြင်းပယ်၍ ဆက်ကပ် စွန့်စားခြင်း အမှုကို ထပ်ခါထပ်ခါ သွန်သင်လမ်းပြပေးရမည်။ သို့မှသာ သူတို့သည် ဘုရားသခင် နှင့်အတူ လုပ်ဖော်ဆောင်ဖက်များ ဖြစ်လာနိုင်ကြလိမ့်မည်။ 156T 429, CCB1 121.1