Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သန့်ရှင်းသော ဝိညာဉ်တော်သည် အဆုံးတိုင်အောင တည်ရှိနေတော်မူမည်။

    ဝိညာဉ်တော်၏ တန်ခိုးသြဇာသည် ကပ်ကမ္ဘာ ကုန်ဆုံးသည်တိုင်အောင် မိမိ၏ တပည့်တော်များ နှင့်အတူ အစဉ်မပြတ် ရှိရလိမ့်မည်ဟု သခင်ခရစ်တော်က မိန့်တော်မူ၏။ သို့ရာတွင် ဂတိတော်ကို ထိုက်သင့်သလောက် ရိုသေလေးစားခြင်း မပြုကြ။ ထိုကြောင့် ၎င်းသည် ဖြစ်သင့်သည်အလျောက် ပြည့်စုံခြင်းသို့ မရောက်သေးပါ။ အကျိုးအပြစ်ကား၊ မျှော်လင့်ရသည်အတိုင်း ဝိညာဉ်ရေး၌ ငတ်မွတ် ခေါင်းပါးခြင်း၊ ဝိညာဉ်ရေး၌ မှောင်မိုက်ခြင်း၊ ဝိညာဉ်ရေး၌ ယုတ်ညံ့လာ၍ သေဆုံးခြင်းကိုသာ ဖြစ်စေ၏။ သေးငယ်သော အရာများကို ဂရုစိုက်နေကြလျက်၊ အသင်းတော်၏ တိုးတက်ကြီးပွားရေးအတွက် လိုအပ်၍ အခြားသော ကောင်းကြီးမင်္ဂလာတို့ကို ဆက်လက် ချပေးမည် ဖြစ်သော တန်ခိုးတော်ကို အကန့်အသတ် မရှိ ကြွယ်ဝစွာ ချပေးတော်မူသော်လည်း၊ ၎င်းသည် ကင်းမဲ့နေ၏။CCB1 323.2

    ဧဝံဂေလိအမှု ဆောင်ရွက်ခြင်း၌ အလွန်ပင် တန်ခိုး ကင်းမဲ့နေခြင်းမှာ ဝိညာဉ်တော် ကင်းမဲ့နေခြင်းကြောင့် ဖြစ်သည်။ သင်ကြား လေ့လာခြင်း၊ အစွမ်းသတ္တိ၊ စကားပြော ကောင်းခြင်းမှ စသော အရည်အချင်းများကို သဘာဝအားဖြင့် ပြည့်စုံခြင်း၊ သို့မဟုတ် ကိုယ်တိုင် ကြိုးစား၍ ရယူခြင်း ရှိသော်လည်း၊ ဘုရားသခင်၏ ဝိညာဉ်တော် မပါရှိလျှင်၊ မည်သည့် စိတ်နှလုံး၌မျှ ထိခိုက်ခြင်း မရှိ၊ အပြစ်သား တစ်ယောက်မျှ သခင်ခရစ်တော်ထံသို့ မပြောင်းလဲနိုင်ချေ။ တစ်နည်းအားဖြင့်၊ သူတို့သည် သခင်ခရစ်တော်ထံသို့ မပြောင်းလဲနိုင်ချေ။ တစ်နည်းအားဖြင့်၊ သူတို့သည် သခင်ခရစ်တော်နှင့် ဆက်သွယ်နေကြလျှင်၊ သူတို့၌ ဝိညာဉ်တော်၏ ဆုကျေးဇူးများနှင့် ပြည့်ဝနေလျှင်၊ အဆင်းရဲဆုံး နှင့် ပညာ အနည်းဆုံးသော တပည့်တော်ပင်လျှင် စိတ်နှလုံးများကို ကြားပြော ပြုပြင်ပေးသော တန်ခိုးကို ရရှိလိမ့်မည်။ ဘုရားသခင်သည် သူတို့အား စကြာဝဠာတွင် အမြတ်ဆုံး တန်ခိုး စီးဆင်း သက်ရောက်ရာ လမ်းကြောင်း ဖြစ်စေတော်မူ၏။CCB1 324.1

    ဘုရားသခင် ဘက်၌ စိတ်အားကြီးခြင်း အမှုသည် တပည့်တော်တို့အား ကြီးစွာသော တန်ခိုးအားဖြင့် သမ္မာတရားကို သက်သေခံစေခြင်းငှါ နှိုးဆော်တိုက်တွန်း၏။ ဤကဲ့သို့ စိတ်အား ထက်သန်မှုမျိုးသည် ကျွန်ုပ်တို့၏ စိတ်နှလုံးကို၊ ရွေးနှုတ်ခြင်း မေတ္တာ အကြောင်း၊ သခင်ခရစ်တော် အကြောင်း နှင့် လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်း ခံရသော ကိုယ်တော် အကြောင်းကို ပြောပြလိုသော စိတ်ပြဋ္ဌာန်းချက်နှင့် ထကြွနိုးကြားလာစေရမည် မဟုတ်လော။ စိတ်အားကြီးစွာ ကြိုးစား၍ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် ယနေ့ ရောက်လာ၍ လူတို့အား အမှုဆောင်ရွက်စေရန် တန်ခိုးနှင့် ပြည့်ဝစေပြီလော။ ထိုသို့ ဖြစ်လျှင်၊ အသင်းတော်သည် အဘယ်ကြောင့် အားနည်းလျက် ဝိညာဉ်တန်ခိုး ကင်းမဲ့နေကြသနည်း။48T 21, 22;CCB1 324.2

    သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့ အသင်းတော်သားတို့၏ စိတ်ကို စိုးမိုးအုပ်ချုပ်လာသောအခါ၊ ကျွန်ုပ်တို့၏ အသင်းတော်များ၌ စကားပြောခြင်း အမှု၊ အမှုတော် ဆောင်ရွက်ခြင်း ကိစ္စ၊ ဝိညာဉ်ရေး ကိစ္စတို့တွင် ယခု မြင်ရသည်ထက် သာ၍ မြင့်မြတ်သော စံနမူနာကို တွေ့မြင်ရကြလိမ့်မည်။ အသင်းတော်သားများတို့သည် အသက်ရေအားဖြင့် အားပြည့်လာကြ၍၊ သခင်ခရစ်တော်ပင် ဖြစ်သော တစ်ခုတည်းသော ဦးခေါင်း (ခေါင်းဆောင်) လက် အောက်၌ အမှုထမ်းနေကြသောသ အမှုတော်ဆောင်တို့သည် စိတ်သဘော၊ အပြောအဆို၊ အပြုအမူတို့၌ မိမိတို့၏ သခင် အကြောင်းကို ထင်ရှားစွာ ဖော်ပြကြလျက် ကျွန်ုပ်တို့ ဆောင်ရွက်နေကြသည်။ ကြီးကျယ်ခမ်းနား၍ နောက်ဆုံး ဖြစ်သော အမှုတော်ကြီးတွင် ရှေ့သို့ တိုးတက်သွားစေရန် တစ်ယောက်ကို တစ်ယောက် အားပေးနှိုးဆော်ကြလိမ့်မည်။ ဘုရားသခင်သည် အပြစ်သားများကို ရွေးနှုတ်ခြင်းအတွက် မိမိ၏ သားတော်ကို အသေခံဖို့ရန် စေလွှတ်တော်မူသည်ကို သက်သေခံမည် ဖြစ်သော စည်းလုံးညီညွတ်ခြင်း နှင့် မေတ္တာတို့သည် ကျန်းမာစွာ တိုးတက်ကြီးပွားခြင်း ရှိကြလိမ့်မည်။ သမ္မာတရားတော်သည် ချီးမြှောက်ခြင်း ခံရလိမ့်မည်။ ၎င်းပြင် ၎င်းသည် ထွန်းညှိထားသော မီးအိမ်ကဲ့သို့ ထွန်းလင်းတောက်ပလာသော အခါ၊ ကျွန်ုပ်တို့သည် ၎င်းကို သာ၍ ထင်ရှားစွာ သိနားလည်လာကြလိမ့်မည်။58T 221;CCB1 324.3

    ဘုရားသခင်၏ လူတို့သည် မိမိတို့ ကိုယ်တိုင်၌ ကြိုးပမ်းခြင်း မရှိဘဲ၊ သူတို့၏ အမှားများကို ပယ်ရှား၍ ပြုပြင်ပေးစေရန် အသစ် ပြုပြင်ပေးသော အချိန်ကာလကို စောင့်နေကြလျှင်၊ ကိုယ်ကာယ နှင့် ဝိညာဉ် အညစ်အကြေးတို့ကို ဆေးကြော၍ တတိယ ကောင်းကင်တမန်၏ ကျယ်သော ကြွေးကြော်ခြင်း အမှုတွင် ပါဝင် ဆောင်ရွက်ရန် သင့်တော်စေဖို့ ထိုကာလကို အမှီပြုနေလျှင်၊ သူတို့သည် လျော့လျက် နေကြောင်း တွေ့ရမည်ကို ကျွန်ုပ်အား ဖော်ပြထား၏။ အသစ် ပြုပြင်ပေးသော ကာလ၊ သို့မဟုတ် ဘုရားသခင်၏ တန်ခိုးတော်သည် ဘုရားသခင် စေခိုင်းတော်မူသော အလုပ်အတွက် မိမိတို့ ကိုယ်ကို သင့်တော်စေရန် ပြင်ဆင်ခြင်း ရှိသော သူတို့ အပေါ်၌သာ သက်ရောက်လာ၏။ ထိုစေခိုင်းတော်မူသော အလုပ်ကား၊ ကိုယ်ကာယ နှင့် ဝိညာဉ်၏ အညစ်အကြေး ရှိသမျှတို့ကို မိမိတို့ ကိုယ်မှ ဆေးကြောလျက် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် သန့်ရှင်းခြင်း အဖြစ်ကို စုံလင်စေခြင်းတည်း။6IT 619.CCB1 325.1