Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကျေးဇူးတော်ချီးမွမ်းခြင်း အလှူကို ဆင်းရဲသူတို့အဖို့ သီးသန့်ထားရမည်။

    အသင်းတော်တိုင်း၌ ဆင်းရဲသူတို့အဖို့ ရံပုံငွေ တစ်ခုကို သီးသန့် ထားရမည်။ ထိုနောက် အသင်းသား အသီးအသီးတို့သည် တစ်ပတ် တစ်ခါ သို့မဟုတ် တစ်လ တစ်ခါ ကျေးဇူးတော်ချီးမွမ်းခြင်း အလှူကို ပေးပေါစေ။ ဤအလှူငွေအားဖြင့် ကျန်းမာခြင်း၊ အစားအသောက်နှင့် တော်လျော်သော အဝတ်တို့အတွက် ကျွန်ုပ်တို့က ကျေးဇူးတင်ကြောင်း ဖော်ပြကြလိမ့်မည်။ ဘုရားသခင်သည် ဤသက်သာစေသော အရာများဖြင့် ကျွန်ုပ်တို့ကို ကောင်းကြီးပေးတော်မူသည်အလျောက်ကျွန်ုပ်တို့သည် ဆင်းရဲသူများ၊ ဒုက္ခရောက်သော သူများတို့အတွက် အလှူငွေများကို ပေးကြပါမည်လော။ ညီအစ်ကို မောင်နှမများအား ဤအချက်ကို အထူး သတိပြုစေလိုပါသည်။ ဆင်းရဲသူတို့ကို သတိရကြပါ။ သင်တို့၏ ဇိမ်ခံပစ္စည်းများ၊ သင်တို့၌ သက်သာစွာ ရှိစေသော အရာများကိုပင် ပယ် ရှားထားပြီး ဆင်းရဲသော အစာ နှင့် အဝတ်တို့ကိုသာ ရရှိနိုင်သော သူတို့အား ကူညီမစပါ။ သူတို့အတွက် ဤသို့ ပြုလုပ်ခြင်းသည် သခင်ယေရှု ကိုယ်တော်တိုင်အား ပြုသည်နှင့် တူ၏။ ကိုယ်တော်တိုင်သည် ဆင်းရဲခံရသော လူတို့နှင့် အတူတူပင် ဖြစ်တော်မူသည်ဟု ကိုယ်တော်က ဖော်ပြတော်မူ၏။ သင်၌ အလိုရှိနေသည်ဟု ထင်သော အရာများ ပြည့်စုံသည်တိုင်အောင် စောင့်မနေပါနှင့်။ သင်၏ စိတ်အထင်ကို အားမကိုးပါနှင့်။ စိတ်ထင်သောအခါ ပေး၍ စိတ်မထင်သောအခါ မပေးဘဲနေခြင်းကို မပြုပါနှင့်။ ဘုရားသခင်၏ နေ့၌ ကောင်းကင်စာရင်းတွင် သင်သည် တွေ့မြင်လိုသည်အတိုင်း ပေးကမ်းခြင်း အမှုကို မှန်မှန်ပြုလုပ်ပါ။ 235T 150, 151; CCB1 169.2