Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ကိုယ်ကျိုး မရှာသော အသက်တာအားဖြင့် ဘုရားသခင် အကြောင်း ဖော်ပြလော့။

    အများဆုံး ကျူးလွန်နေကြလျက် ကျွန်ုပ်တို့အား ဘုရားသခင်နှင့် ဝေးကွာစေပြီး၊ ဝိညာဉ်ရေးနှင့် စပ်ဆိုင်၍ ရောဂါ များစွာကို ကူးစက်စေတတ်သော အပြစ်သည် ကိုယ်ကျိုးရှာခြင်း ဖြစ်သည်။ ကိုယ်ကိုကိုယ် ငြင်းပယ်ခြင်း နည်း မှတစ်ပါး အခြား နည်းအားဖြင့် ထာဝရဘုရားထံတော်သို့ ပြန်မလာနိုင်ချေ။ ကျွန်ုပ်တို့ ကိုယ်တိုင်အားဖြင့် ကျွန်ုပ်တို့သည် ဘာမျှ မပြုလုပ်နိုင်ကြချေ။ သို့ရာတွင်ဘုရားသခင်သည် ကျွန်ုပ်တို့အား ခွန်အားကို ပေးတော်မူခြင်းဖြင့်၊ ကျွန်ုပ်တို့သည် သူတစ်ပါးအတွက် ကောင်းကျိုးကို ပြုလုပ်ပေးစေခြင်းငှါ အသက်ရှင်နေနိုင်ပြီး ဤနည်းဖြင့် ကိုယ်ကျိုးရှာသော သဘောကို ရှောင်ကြဉ်နိုင်ကြလိမ့်မည်။ အရာခပ်သိမ်းကို၊ အသုံးဝင်၍ ကိုယ်ကျိုး မရှာသော အသက်တာ၌၊ ဘုရားသခင်အား ပေးအပ်ခြင်းငှါ ကျွန်ုပ်တို့၌ ရှိသော ဆန္ဒကို ထင်ရှားစေရန် ကျွန်ုပ်တို့သည် ရုပ်ဆင်းတု ကိုးကွယ်သော တစ်ပါး အမျိုးသားတို့၏ နိုင်ငံများသို့ သွားရောက်ဖို့ မလို။ ကျွန်ုပ်တို့သည် ဤအမှုကို မိမိတို့၏ အိမ်၊ အသင်းတော်တို့၌ လည်းကောင်း၊ မိမိတို့နှင့် ပေါင်းဖော်သော သူတို့ အထဲ၌ လည်းကောင်း၊ မိမိတို့နှင့် အတူ အလုပ်လုပ်ကိုင်နေကြသော သူတို့ အထဲ၌ လည်းကောင်း ပြုလုပ်ရကြမည်။ နေ့စဉ် မိမိတို့၏ ရိုးရိုး အသက်တာ၌ပင် ကိုယ်ကျိုးရှာသော သဘောကို ငြင်းပယ်ပြီးလျှင် ၎င်းကို နှိမ်ထားရမည်။ ပေါလုက “ငါသည် နေ့စဉ် သေ၏” ဟု ပြောဆိုနိုင်၏။ အသက်တာ၏ လုပ်ငန်းကလေးများ၌ နေ့စဉ် ကိုယ်ကျိုး ရှာသော သဘောကို သေစေခြင်းအားဖြင့် ကျွန်ုပ်တို့သည် အောင်မြင်သော သူများ ဖြစ်လာကြ၏။ သူတစ်ပါးအတွက် ကောင်းကျိုးကို ပြုလုပ်ရသော အမှုတွင် ကိုယ်ကျိုး ရှာသော သဘောကို ကျွန်ုပ်တို့သည် လျစ်လျူရှုလျက် ထားရကြမည်။ အများသော သူတို့သည် သူတစ်ပါးအား ချစ်ခင်သော သဘော အသေအချာ ကင်းမဲကြ၏။ မိမိတို့၏ တာဝန်ကို သစ္စာနှင့် ဆောင်ရွက်ရမည့် အစား၊ သူတို့သည် ကိုယ်ကျိုး၊ ကိုယ် ပျော်ရွှင်မှုကိုသာ ရှာကြံနေကြသည်။CCB1 282.1

    ကောင်းကင်တွင် မည်သူမျှ ကိုယ်ကျိုးအတွက် စဉ်းစားကြမည် မဟုတ်။ ကိုယ် ပျော်ရွှင်ရေးအတွက်သာ ရှာကြံကြမည် မဟုတ်။ သတ္တဝါ အပေါင်းတို့သည် ဖြူစင်သော မေတ္တာစစ်အားဖြင့် မိမိတို့ ပတ်လည်ရှိ ကောင်းကင်သားများ၏ ပျော်ရွှင်ရေးကိုသာ ရှာကြံကြလိမ့်မည်။ ကျွန်ုပ်တို့သည်ကောင်းကင် အဖွဲ့အစည်းနှင့် မြေကြီးသစ်၌ ပျော်ရွှင်စွာ ပေါင်းသင်း ဆက်ဆံလိုကြလျှင်၊ ကျွန်ုပ်တို့သည် မြေကြီးပေါ်၌လည်း ကောင်းကင်၏ စည်းကမ်းဥပဒေများကို လိုက်နာ စောင့်ရှောက်ရကြမည်။CCB1 283.1

    ကျွန်ုပ်တို့ အထဲတွင် အချင်းချင်း တစ်ယောက်ကို တစ်ယောက် နှိုင်းယှဉ်ကြည့်ကြလျက် ကျွန်ုပ်တို့၌ သေချာ၍ မမှားနိုင်သော ပုံစံရှိသော အခါ၌ ပျက်စီးဆုံးပါး သေတတ်သော လူကို ပုံစံအတွက် ပုံသက်သေယူတတ်ကြသည်ကို ကျွန်ုပ်အား ပြထား၏။ ကျွန်ုပ်တို့သည် မိမိတို့ ကိုယ်ကို လောကအားဖြင့် လည်းကောင်း လူတို့၏ ထင်မြင်ချက်အားဖြင့် လည်းကောင်း၊ သမ္မာတရားကို လက်မခံမီက ကျွန်ုပ်တို့၌ ရှိနေသော အခြေအနေဖြင့် လည်းကောင်း တိုင်းထွာနှိုင်းယှဉ်ခြင်း မပြုအပ်ပေ။ သို့သော် ယခု တည်ရှိနေသကဲ့သို့ လောက၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း နှင့် အခြေအနေကို၊ ကျွန်ုပ်တို့သည် သခင်ခရစ်တော်၏ တပည့်တော် ဖြစ်သည်ဟု ဝန်ခံ ပြောဆိုခဲ့သည့် အခါမှ စ၍၊ ကျွန်ုပ် လမ်းခရီးသည် ရှေ့သို့ လည်းကောင်း၊ အထက်သို့ လည်းကောင်း အမြဲ ဆက်လက် တိုးတက် ကြီးပွားနေလျှင်၊ ၎င်းတို့သည် မည်ကဲ့သို့ ရှိနေကြမည့် အခြေအနေမျိုးနှင့် နှိုင်းယှဉ်ရမည်။ ဤနည်းသာလျှင် ဘေးကင်းလုံခြုံစွာ နှိုင်းယှည်နိုင်သော နည်း ဖြစ်သည်။ အခြားသော နည်းတို့၌ကား ကိုယ်ကို လှည့်ဖြားခြင်း အမှုများ ရှိလိမ့်မည်။ ဘုရားသခင် လူတို့၏ အကျင့်စာရိတ္တ နှင့် ဝိညာဉ်ရေး အခြေအနေသည် သူတို့အား ပေးသော ကောင်းကြီးမင်္ဂလာများ၊ အခွင့်အရေးများ၊ အလင်းတရားတို့နှင့် ညီညွတ်ခြင်း မရှိလျှင်၊ သူတို့ကို ချိန်ခွင်၌ ချိန်စက်၍ ကောင်းကင်တမန်က လျော့ နေသည်ဟု အကြောင်းကြားလိမ့်မည်။8 IT 406;CCB1 283.2

    Larger font
    Smaller font
    Copy
    Print
    Contents