Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    မိမိကိုယ်ပိုင်အတွေ့ အကြုံကိုသာတိုက်ရိုက်ကိုးကားပါ

    ခရစ်တော်နှင့်အကျွမ်းတဝင်မိတ်သဟာယဖွဲ့သောသူတို့သည် ဘုရား သခင်နှင့်ကိုယ်တော်စေလွှတ်သောယေရှုခရစ်ကို သိကျွမ်းခြင်း၌ ဆာမွတ် တောင့်တခြင်းဖြင့်လည်းကောင်း၊ နှုတ်ကပတ်တော်ကို ဖွေရှာတွေ့ သောအကျိုး တရားအားဖြင့်လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့်လည်းကောင်း၊ ဝိညာဉ် စိတ်မသာညည်းတွားခြင်း၌လည်းကောင်း၊ “သင့်အပြစ်ကိုလွှတ်ပြီ” ဟု ဆိုသော ခရစ်တော်၏စကားသံကြားရခြင်းဖြင့်လည်းကောင်း စသည်ဖြင့် ဘုရားသခင် ဖွင့်ပြတော်မူသောနောက်သို့ တစ်လှမ်းချင်းခြေရာခံလိုက်လျှောက်ကြသည်။ ဤအကြောင်းအရာများတစ်စုံတစ်ခုကို လျှို့ဝှက်သိမ်းထားလျှင် လောကသဘာဝ မကျသလို ခရစ်တော်၏မေတ္တာနှင့်ပြည့်ဝသူတို့သည်လည်း ထိုသို့မပြုကြပါ။ ဘုရားသခင်က သူတို့အတွက် အထွတ်အမြတ်သမ္မာတရားပေးကမ်းခြင်း၏ အစိတ်အပိုင်းတစ်ရပ်သည် သူတို့ရလိုက်သည့်ကောင်းချီးများအတိုင်း သူတစ်ပါး တို့ကို သူတို့ပေးကမ်းလိုသောစိတ်ဆန္ဒရှိလာစေလိမ့်မည်ဖြစ်သည်။ ကြွယ်ဝ သောဘုရားသခင်ကျေးဇူးတော်ဘဏ္ဍာကို သူတို့ပေးကမ်းဝေမျှနေကြသည်နှင့်အမျှ သူတို့သည် ပို၍ခရစ်တော်၏ ကျေးဇူးတော်ကို ပိုမိုရရှိနေကြလိမ့်မည်ဖြစ် သတည်း။ (ChS 124.2)ChSBur 205.1

    ဝိညာဉ်ရေးရာစွမ်းအားကို သက်ဝင်လှုပ်ရှားလာရန် နှိုးဆော်ပေးကြ ပါ။ သင်အလည်အပတ်ရောက်သောသူများအား နောက်ဆုံးဖြစ်သည့်အရာ များအားလုံးလက်တွေ့ ရှိပြီဆိုသည့်ကြောင်း ပြောပြပါ။ သခင်ယေရှုခရစ်သည် သူတို့၏စိတ်နှလုံးတံခါးများကို ဖွင့်ပေးတော်မူလိမ့်မည်။ သူတို့၏စိတ်နှလုံး အပေါ်ဝယ် ခိုင်မြဲသောသဘောထားကိုလည်း မစတော်မူလိမ့်မည်။ ဝိညာဉ် ရေးရာမခံစားတတ်ခြင်းမှ လူယောက်ျားလူမိန်းမတို့ နိုးထကြဖို့ ကြိုးပမ်း လုပ်ဆောင်ကြပါ။ သင်ဘယ်လိုခရစ်တော်ကိုရခဲ့ကြောင်းနှင့် ကိုယ်တော်၏ အမှုကို ဆောင်ရွက်ရခြင်း၌ အတွေ့ အကြုံရရှိလာပြီးကတည်းက သင်ဘယ်လို ကောင်းချီးခံစားရခဲ့ကြောင်းတို့ကို သူတို့အားပြောပြပါ။ သင်သည် ယေရှု၏ ခြေတော်ရင်း၌ ပျပ်ဝပ်လျက် နှုတ်ကပတ်တော်မှ အဖိုးတန်သင်ခန်းစာများ ကိုသင်ယူနေစဉ် မည်သည့်ကောင်းချီးများခံစားရကြောင်းကိုလည်း ထိုသူတို့အား ပြောပြပါ။ ခရစ်ယာန်တစ်ဦး၏ဘဝအသက်တာ၌ ဝမ်းမြောက်ဝမ်းသာရှိခြင်း အကြောင်းများကိုလည်း ပြောပြပါ။ သင်၏နွေးထွေးခြင်း၊ စိတ်ထက်သန်ခြင်း ဖြင့် ပြောသောစကားများအားဖြင့် သူတို့သည် တန်ဖိုးကြီးပုလဲရတနာကို သင်ရှာတွေ့နေပြီဖြစ်ကြောင်း အခိုင်အမာယုံကြည်လာကြပါလိမ့်မည်။ သင်၏ အားရရွှင်ပျသောအားပေးစကားများဖြင့်လည်း သင်သည် အဆင့်မြင့်လမ်းမ ပေါ်အမှန်ပဲရောက်နေကြောင်း သူတို့ကိုသက်သေဖြစ်စေပါ။ ဤအကြောင်းသည် သာသနာပြုအမှုအစစ်အမှန်ဖြစ်ကြောင်းနှင့် အမှုတော်ပြီးစီးခဲ့သော် လူများစွာ သည် အိပ်မက်နေရာမှ နိုးထလာကြကုန်လိမ့်မည်။ (ChS 124.3)ChSBur 205.2

    ဘုရားသခင်၏တန်ဆာပလာများအဖြစ် ခန့်အပ်ခြင်းခံကြရသူများ အထဲတွင် အချို့သူများသည် အစွမ်းမရှိကြဟူ၍ သတ်မှတ်ခံကြရမည့်သူများ ရှိလိမ့်မည်ဖြစ်သော်လည်း သူတို့ဆုတောင်းကြလေသော် (သို့မဟုတ်) သူတို့ ချစ်မြတ်နိုးသောသမ္မာတရားကို ရိုးသားစွာဖြင့် ထုတ်ပြောနိုင်ကြပါသော် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် လူများစွာသို့လက်လှမ်းရောက် နိုင်ကြသည်။ အကယ်၍သာ သူတို့သည် သမ္မာတရားကို ရိုးရိုးလေးပြော၍ ကျမ်းစာကိုဖတ်ခြင်း (သို့မဟုတ်) သူတို့၏အတွေ့အကြုံဖြစ်ရပ်များကို ပြန်ပြော နိုင်ကြလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် စိတ်နှလုံးနှင့်စရိုက်အပေါ်တွင် သဘောထားအာရုံထင်ဟပ်ပေးလာပါလိမ့်မည်။ မိမိဆန္ဒများသည်လည်း ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာခြင်းရှိလာပြီး သည့်အရင်က မသိ ရှိခဲ့သည့်သမ္မာတရားအကြောင်းသည် စိတ်နှလုံးအထဲသို့ အသက်ရှင်သော ခံယူချက်အဖြစ် ဝင်ရောက်လာ၍ ဝိညာဉ်တော်မျက်မြင်ကိုယ်တွေ့ ထင်ရှား လာလိမ့်မည်။ (ChS 125.1)ChSBur 206.1

    Larger font
    Smaller font
    Copy
    Print
    Contents