Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အနာဂတ်အကျိုးရမှ

    ထာဝရအသက်။ စိတ်ထက်သန်ခြင်း၊ ကြိုးစားတွေးဆခြင်းအားဖြင့် ကူညီရမည့်အရာများကို အကူအညီပေးရန်လိုအပ်သည်။ စစ်မှန်သောခရစ်ယာန် သည် ဘုရားသခင်အတွက်နှင့် သူ့မိတ်ဆွေအပေါင်းအသင်းများအား မေတ္တာ ထားကြောင်းပြသရမည်။ သူသည် အမှုတော်ဆောင်စဉ်မှာ အသက်ဆုံးရှုံး နိုင်သည်။ သို့ရာတွင် ခရစ်တော်သည် ကိုယ်တော်၏ ရတနာများကို ကိုယ်တော် တိုင်ရွေးကောက်ယူရန် ကြွလာတော်မူသောအခါ သူ့အသက်ကိုပင် သူတစ်ဖန် ပြန်ရလိမ့်မည်။ (ChS 271.5)ChSBur 452.2

    သနားခြင်းကရုဏာတရားဖြင့်အိမ်တော်မှကြိုဆိုခြင်း။ ထာဝရအသက် ၏လက်တစ်ကမ်းပေါ်မှာ ရပ်နေပါ။ ဤဘဝ၌ ခရစ်တော်နှင့်ပူးပေါင်းလုပ်ဆောင် ၍ ကိုယ်တော်အတွက် အနာခံရခြင်း၌ အခွင့်ထူးနှင့်ဂုဏ်ပုဒ်အဖြစ် မှတ်ယူ ကြသူတို့အား သနားခြင်းကရုဏာဖြင့် ကြိုဆိုခေါ်ယူနေသည်ကို နားကြားပါ။ ထိုအရပ်၌ ရွေးနုတ်သူဘုရားသခင်သည် သူတို့ကိုကြိုဆို၍ မြှောက်ယူတင် ထားသောကယ်တင်ရှင်ထံသို့ အရောက်လမ်းပြပေးခဲ့သည်။ သူတို့သည် ဘုရားသခင်ပေးသောအသက်အတိုင်းအဆအတိုင်း အသက်ရကြသည့်လူသား တို့အတွက် အသေခံပေးခဲ့သူကိုယ်တော်တစ်ပါးကို ကျေးဇူးတင်ချီးမွမ်းရင်း တညီတညွတ်တည်းရှိခဲ့ကြသည်။ ပဋိပက္ခဖြစ်မှုပြီးဆုံးသွားလေပြီ။ အားလုံး သောဘေးဒဏ်ကြီးများနှင့် ခိုက်ရန်ဒေါသတို့သည် အဆုံးရောက်ချေပြီ။ ကောင်းကင်ဘုံတစ်ခွင်၌ အောင်ခြင်းသီကျူးသံပြည့်နေပါ၏။ ရွေးနုတ်ခံရ သူများသည် ဘုရားသခင်၏ပလ္လင်တော်ကို ဝန်းရံနေကြပါ၏။ အားလုံးသည် ဝမ်းမြောက်ခြင်းဗီဇကို ယူတင်လိုက်ကြ၏။ “အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည် ---ကောင်းချီးမင်္ဂလာကို ခံထိုက်တော်မူ၏။” ကိုယ်တော် သည် ကျွန်ုပ်တို့ကိုဘုရားသခင်ထံသို့ ရွေးနုတ်တင်ပေးလေသည်။ (ChS 271.6)ChSBur 452.3

    မှတ်တမ်းစာစောင်ထဲတွင် ရေးထားသည့်အတိုင်းသာ သူတို့၏ဘဝ ဖြစ်ပါလျှင် သူတို့၏စရိုက်လက္ခဏာသည် ကြင်နာသနားခြင်း၊ ကိုယ့်ကိုကိုယ် ငြင်းပယ်ခြင်းနှင့် စေတနာစိတ်ရှိကြသည်ဟူ၍ မှတ်သားခံကြရပါမည်။ ထို့ကြောင့် သူတို့သည် ကောင်းချီးကြွယ်ဝ၍ ခရစ်တော်ထံမှဘိသိက်ပေးခြင်း ခံရကြပါလိမ့်မည်။ “သာဓု-ငယ်သားကောင်း” “လာကြ၊ ငါ၏ခမည်းတော် ဘုရားသခင်ကောင်းချီးပေးပါစေသော်၊ ကမ္ဘာအစတည်ကတည်းက သင့်အတွက် ပြင်ဆင်ပေးသောနိုင်ငံတော်သို့ ဝင်စားကြလော့။” (ChS 272.1)ChSBur 453.1

    ကောင်းကင်ဘုံပတ်ဝန်းကျင်။ ယခု၌အသင်းတော်သည် စစ်သူရဲကဲ့သို့ဖြစ် ၏။ ယခုပင် ကျွန်ုပ်တို့သည် အမှောင်လောကထဲ၌ ရုပ်ပုံကိုလုံးလုံးလျားလျား ဦးချနေကြသူများနှင့်ထိပ်တိုက်တွေ့ ဆုံနေကြရကုန်၏။ သို့သော် တိုက်ပွဲကို တိုက်၍ အောင်နိုင်မည့်နေ့ရက်သို့ ရောက်လာနေပါပြီ။ ဘုရားသခင့်အလို တော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့မြေကြီးပေါ်၌လည်း ပြည့်စုံလိမ့် မည်။ ကယ်တင်ခြင်းရသောတိုင်းနိုင်ငံများသည် ကောင်းကင်ဘုံဥပဒေထက် အခြားဥပဒေကို သိကြရလိမ့်မည်မဟုတ်။ လူအားလုံးသည် ဝမ်းမြောက်ခြင်း၊ မိသားစုပေါင်းစည်းမိခြင်းဖြင့် ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းအဝတ်ကို ဝတ်ဆင် ကြသည်။ ထိုအဝတ်သည် ခရစ်တော်၏ဖြောင့်မတ်ခြင်းအဝတ်တန်ဆာဖြစ် လေ၏။ ထူးကဲချစ်စဖွယ်သောသဘာဝကြီးသည် ဘုရားသခင်ကိုချီးမွမ်းဂုဏ် ပြုခြင်းနှင့် ကြည်ညိုခြင်းဖြင့် ဆက်ကပ်အပ်နှံလာကြမည်။ လောကကြီးသည် ကောင်းကင်ဘုံအလင်းအောက်သို့ နစ်ဝင်လိမ့်မည်။ လ၏အလင်းသည်လည်း နေ၏အလင်းကဲ့သို့ဖြစ်၏။ လ၏အလင်းသည် ယခုလက်ရှိထက် ခုနစ်ဆသာ၍ လင်းလိမ့်မည်။ နှစ်များသည် ဝမ်းမြောက်ခြင်းဖြင့် ရွေ့သွား၏။ မြင်ကွင်း ပေါ်၌ မိုးသောက်ကြယ်များသည် အတူတကွသီချင်းဆိုလိမ့်မည်။ ဘုရားသခင် သားများသည်လည်း ဝမ်းမြောက်ခြင်းဖြင့် ဟစ်ကြွေးကြလိမ့်မည်။ ထိုအခါ ဘုရားသခင်နှင့်ခရစ်တော်သည် တညီတညွတ်တည်းကြေညာလိုက်ကြလိမ့်မည်။ “အပြစ်တရားမရှိတော့၊ သေခြင်းလည်းမရှိတော့ပြီ။” (ChS 272.2)ChSBur 453.2

    ဥဿုံဝမ်းမြောက်ခြင်း။ ခရစ်တော်၏ဝမ်းမြောက်ခြင်းထဲသို့ဝင်စားရန်မှာ ကိုယ်တော်၏လုပ်သားများရရှိမည့်အကျိုးဖြစ်သည်။ ထိုဝမ်းမြောက်မှုမျိုးကို သခင်သည် ကျွန်ုပ်တို့အား ပေးလိုသည်မှာ ကြာလှပါပြီ။ ခမည်းတော်ဘုရား သခင်ထံသို့လည်း ယေရှုသည် ဤသို့တင်ပြတောင်းခံခဲ့ပါသည်။ “အကျွန်ုပ် အားပေးအပ်ထားသော ဤသူတို့ကို အကျွန်ုပ်နှင့်အတူ နေရပါမည်အကြောင်း အကျွန်ုပ်တောင်းလျှောက်ပါ၏။” (ChS 272.3)ChSBur 454.1

    မြေကြီးပေါ်မှာ ဤအရပ်ကျွန်ုပ်တို့ဘဝထဲမှာ အပြစ်တရားကန့်သတ် ချက်ရှိနေသော်လည်း ကြီးစွာဝမ်းမြောက်ခြင်းနှင့်အမြင့်ဆုံးပညာရေးသည် အလုပ်ထဲ၌ရှိသည်။ အပြစ်လုပ်တတ်သောလူသားတို့၏ ကန့်သတ်ချက်ဖြင့် နှောင်ကြိုးမဲ့အနာဂတ်အခြေအနေတွင် ကျွန်ုပ်တို့၏ကြီးစွာဝမ်းမြောက်ခြင်းနှင့် အမြင့်ဆုံးပညာရေးကို အလုပ်ခွင်ထဲ၌ပင် တွေ့ကြရမည်။ သက်သေခံခြင်း နှင့်သက်သေရရန် အသစ်လေ့လာခြင်းအမြဲရှိနေလိမ့်မည်။ “ဤနက်နဲသော အရာနှင့်ဆိုင်သောမဟာစည်းစိမ်ကား” “ဘုန်းအသရေကို မျှော်လင့်ခြင်း အကြောင်းတည်းဟူသောသင်တို့အထဲ၌ တည်တော်မူသောခရစ်တော်ပေ တည်း။ (ChS 272.4)ChSBur 454.2

    ခရစ်တော်၏ ဆင်းရဲခံတော်မူခြင်းကို သူတို့ဆက်ဆံကြ၏။ ထိုနည်း တူ ခရစ်တော်၏ဘုန်းတော်ထင်ရှားခြင်းကိုလည်း သူတို့ဆက်ဆံကြလိမ့်မည်။ ဘုရားသခင်၏အမှုတော်ထဲ၌ ကိုယ်တော်နှင့်အတူ ရှိသူတစ်ယောက်ချင်းသည် ဝမ်းနည်းခြင်းခွက်ဖလားကို ကိုယ်တော်နှင့်အတူသောက်ခြင်းဖြင့် ထိုသူများ သည် ကိုယ်တော်၏ဝမ်းမြောက်တော်မူခြင်းကိုလည်း ပါဝင်ဆင်နွှဲကြပါသည်။ (ChS 273.1)ChSBur 455.1

    သီးနှံအောင်သောမျိုးစေ့ကိုကြဲခြင်း။ သန့်ရှင်းသောဝိညာဉ်တော်၏ စေ့ဆော်မှုတိုင်းသည် ကောင်းမြတ်ခြင်းဖြင့် လူကိုဦးဆောင်၍ ဘုရားသခင် ထံရောက်စေ၏။ ကောင်းကင်နိုင်ငံစာရင်းထဲသို့လည်း ရေးသွင်းလေ၏။ ဘုရား သခင်၏နေ့ရက်၌ သန့်ရှင်းသောဝိညာဉ်တော်၏အမှုဆောင်ခြင်းအတွက် သူတို့ ကိုယ်သူတို့ကိုယ်တိုင်အပ်နှံခဲ့ကြသူတိုင်းသည် သူတို့ဘဝသူတို့အခြေအနေ မည်သို့ဖြစ်လာမည်ကိုရှုမြင်ရန် အခွင့်ရကြလိမ့်မည်။ (ChS 273.2)ChSBur 455.2

    ရွေးနုတ်ကယ်တင်ခံရကြသူတို့သည် ဘုရားသခင်ရှေ့တော်မှောက်သို့ ရောက်ကြသောအခါ အဖိုးတန်ဝိညာဉ်များသည် ထိုအရပ်၌ စာရင်းဝင်ပြီး သောသူတို့၏အမည်များကိုခေါ်လျှင် ထူးလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သစ္စာစောင့်ခြင်း၊ သူတို့ကိုယ်အတွက် သူတို့စိတ်ရှည်ရှည်ထား ကြိုးပမ်းခဲ့ကြခြင်း၊ အမာခံနယ်မြေထဲသို့ဝင်ရန် အသနားခံခြင်းနှင့် စိတ်ထက် သန်စွာစည်းရုံးခြင်းကို ပြုခဲ့ကြခြင်းတို့ကြောင့်ဖြစ်သည်။ ဆိုရလျှင် လောက အထဲရှိစဉ်က ဘုရားသခင်နှင့်အတူတကွ လုပ်ဆောင်ခဲ့ကြသောသူများသည် သူတို့အကျိုးကို သူတို့လက်ခံရရှိကြလိမ့်မည်။ (ChS 273.3)ChSBur 455.3

    ရွေးနုတ်ကယ်တင်ခံရသူအယောက်တိုင်းသည် သူတို့ကိုယ်စားဝန်ထုပ် ထမ်းပေးခဲ့သူလူများကို တွေ့ဆုံကြိုဆိုရလေသော် အဘယ်မျှဝမ်းမြောက်လိုက်ကြ လေမလဲ။ သူတို့ကိုယ်သူတို့ အားရကျေနပ်မနေပါ။ ကောင်းချီးအရနည်း၍ အကြောင်းမလှသူများအား ကောင်းချီးပေးခြင်းဖြင့် အသက်ရှင်နေထိုင်ခဲ့ကြ သူများသည် စိတ်ကျေနပ်ခြင်းဖြင့် သူတို့နှလုံးသားအဘယ်မျှတုန်ခါမြည်ကျူး နေပါလိမ့်မလဲ။ ထိုသူများသည် ကတိတော်စကားသံကို အမှတ်ရကြလိမ့် မည်။ “သူတို့ကောင်းချီးမင်္ဂလာခံစားကြရမည်။ သူတို့ကိုယ်သူတို့ဆုလာဘ် မပေးနိုင်။ တရားမျှတခြင်းပြန်လည်ရှင်သန်လာသောအခါ သူတို့သည် ဆုလာဘ်များစွာကို ရကြလိမ့်မည်။ (ChS 273.4)ChSBur 455.4

    ကျွန်ုပ်တို့ကူညီခဲ့ရသောလူငယ်ကို ကောင်းကင်ဘုံ၌ မြင်ကြရမည်။ ထိုသူကိုကျွန်ုပ်တို့နေအိမ်သို့ ဖိတ်ခေါ်၍ လှည့်ဖြားသွေးဆောင်ခံရခြင်းမှ ကျွန်ုပ်တို့ခေါ်ထုတ်နိုင်ခဲ့သူဖြစ်ပေ၏။ ကျွန်ုပ်တို့သည် သူတို့၏မျက်နှာပေါ်ဝယ် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်ဖြာထွက်နေသည်ကို မြင်ကြရမည်။ (ChS 273.5)ChSBur 456.1

    ကယ်တင်ခြင်းမဟာအကြံအစည်တော်၌ ခရစ်တော်နှင့်အတူ ကောင်းကင်တမန်များနှင့်တကွ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်ပါစေ။ ဤအလုပ်နှင့်တစ်စုံတစ်ရာနှိုင်းယှဉ်နိုင်သောအလုပ်ဘာရှိသလဲ။ ကယ်တင်ခြင်း ခံရသောဝိညာဉ်တိုင်းဆီမှ ဘုန်းတန်ခိုးတော်၏အခွန်တော်ငွေသည် ဘုရားသခင် ထံသို့အပ်နှံရောက်လာ၏။ ယင်းသည်လည်း ကယ်တင်ခြင်းခံရသူတစ်ယောက် အပေါ်သို့ ရောင်ပြန်ဟပ်လေမည်။ ထို့အတူ ထိုသူ၏ကယ်တင်ခံရခြင်း၌ တန်ဆာပလာဖြစ်ခဲ့သူတစ်ဦးအပေါ်သို့လည်း ရောင်ပြန်ဟပ်ပါ၏။ (ChS 273.6)ChSBur 456.2

    ရွေးနုတ်ခံရသူများသည် မြှောက်တင်ထားသောကယ်တင်ရှင်ဆီသို့ ရောက်စေရန် သူတို့ဂရုတစိုက်ပြုစုခဲ့သူများကိုမှတ်မိ၍ တွေ့ဆုံရလိမ့်မည်။ ထိုဝိညာဉ်များနှင့်စကားစမြည်ပြောရခြင်းသည် ဘယ်လောက်မင်္ဂလာရှိလိုက် ပါသလဲ။ “ကျွန်ုပ်အပြစ်သားတစ်ယောက်ဖြစ်ခဲ့ပါတယ်” လို့သူတို့ပြောလာ ကြလိမ့်မည်။ “ကျွန်ုပ်ဆီမှာ ဘုရားမရှိ၊ မျှော်လင့်ခြင်းမရှိခဲ့ပါဘူး။ သင်က ကျွန်ုပ်ဆီရောက်လာပြီး တစ်ခုတည်းသောကျွန်ုပ်၏မျှော်လင့်ရာကယ်တင်ရှင် ဆီသို့ ကျွန်ုပ်ရဲ့အာရုံကို ပို့ပေးခဲ့တယ်။ ကယ်တင်ရှင်ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ခဲ့ပါတယ်။ ကျွန်ုပ်ရဲ့ အပြစ်တွေကို နောင်တရခဲ့ပါတယ်။ အခု ကောင်းကင်ဘုံမှာ ယေရှုခရစ်နာမအောက်၌ ကိုယ်တော်၏သန့်ရှင်းသူများ နှင့်အတူ ထိုင်ခွင့်ရခဲ့ပါတယ်။” နောက်တစ်ယောက်ကလည်း ပြောပြပြန်သည်။ “ကျွန်ုပ်ဟာ ဘာသာတရားမရှိတဲ့နယ်မြေထဲက ဘုရားတရားမယုံကြည်သူ တစ်ယောက်ဖြစ်ပါတယ်။ သင်ဟာ သင့်မိတ်ဆွေ၊ သင့်နေအိမ်ကို စွန့်ခွာ ခဲ့ပြီး ကျွန်ုပ်တို့ဆီမှာ ယေရှုသခင်ကို ရှာတွေ့ဖို့လာပြောပြခဲ့တယ်။ စစ်မှန် တဲ့တစ်ခုတည်းသောဘုရားသခင်ကို ယုံကြည်ဖို့ သင်လာရောက်သွန်သင်ပေး ခဲ့တယ်။ ကျွန်ုပ်ကလည်း ရုပ်တုတွေကိုစွန့်ပစ်ပြီး ထာဝရဘုရားသခင်ကို ရှာတွေ့ခဲ့တယ်။ အခုမျက်မှောက်တော်၌ ကျွန်ုပ်တွေ့ ရပါပြီ။ ကျွန်ုပ်ကယ်တင် ခြင်းရခဲ့ပြီး ထာဝရကယ်တင်ခြင်းရလိုက်တာဖြစ်တယ်။ ကျွန်ုပ်ချစ်တဲ့ဘုရား သခင်ကိုလည်း ကျွန်ုပ်ဖူးမြော်ပူဇော်ခွင့်ရပါပြီ။ ယခင်က ကိုယ်တော်ကို ယုံကြည်ခြင်းမျက်စိနှင့်သာ မြင်ခဲ့ရသော်လည်း ယခုအခါ ကိုယ်တော်ရှိသည့် အတိုင်း ကိုယ်တော့်ကိုကျွန်ုပ်မြင်တွေ့ ရပါပြီ။ ကိုယ်တော်သည် ကျွန်ုပ်ကို ချစ်၍ အသွေးတော်မြတ်နှင့် ကျွန်ုပ်၏အပြစ်များကို ဆေးကြောပေးတော်မူ ခဲ့သော၊ ရွေးနုတ်တော်မူသောမဟာကရုဏာတော်ကို ကျွန်ုပ်ကျေးဇူးတင် ချီးမွမ်းပါကြောင်း ယခုဖွင့်ပြောနိုင်ပါပြီ။ (ChS 274.1)ChSBur 456.3

    အခြားသူများကလည်း အစာငတ်သူများကိုကျွေးမွေး၍ အဝတ်မရှိ သူကိုအဝတ်နှင့် ဆင်ပေးခဲ့ကြသည့်သူများကို ကျေးဇူးတင်ကြောင်း ဖွင့်ပြော နေကြလိမ့်မည်။ “မျှော်လင့်ချက်ပျက်သုဉ်းခြင်းဟာ မယုံကြည်စိတ်နှင့် ကျွန်ုပ် ၏ပတ်လည်မှာချည်နှောင်လျက်ရှိစဉ် ကျွန်ုပ်ဆီသို့ သင့်ကိုဘုရားသခင်စေလွှတ် ခဲ့တယ်” လို့သူတို့ပြောကြ၏။ “မျှော်လင့်ခြင်းအကြောင်းပြောဖို့၊ သက်သာရာ ရစေဖို့ သင်ရောက်လာတာဖြစ်တယ်။ သင်ဟာ ကျွန်ုပ်ရဲ့ ခန္ဓာကိုယ်လိုအင် အတွက် အစားအစာယူလာပေးတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဖွင့်သင်ပေးတယ်။ ဒါဟာ ကျွန်ုပ်ရဲ့ဝိညာဉ်ခန္ဓာနိုးကြားဖို့ လိုအပ်ချက်ပါပဲ။ သင်ဟာ ကျွန်ုပ်ကိုညီအစ်ကိုတစ်ယောက်လို သဘောထားခဲ့တယ်။ ကျွန်ုပ် ၏ဝမ်းနည်းမျက်ရည်ကိုလည်း ကိုယ်ချင်းစာသနားပြီး ကျွန်ုပ်ရဲ့အနာတွေ ကို သင်ဟာ ဆေးကြောပေးတယ်။ ကျွန်ုပ်ရဲ့ဝိညာဉ်ဒဏ်ရာကို သင်ဟာ ပြန်လည်လန်းဆန်းစေခဲ့သောကြောင့် . ကျွန်ုပ်ကိုကယ်တင်ဖို့ လက်လှမ်း ရောက်နိုင်တဲ့ ခရစ်တော်၏လက်ကို ကျွန်ုပ်ဆုပ်ကိုင်ရမိလိုက်ပါတယ်။ ကျွန်ုပ် မိုက်မဲတဲ့အခါမှာလည်း သင်ဟာ ကောင်းကင်ဘုံ၌ ကျွန်ုပ်ကိုဂရုစိုက်သော ဘုရားသခင်ရှိကြောင်း စိတ်ရှည်ရှည်နဲ့သွန်သင်ပေးခဲ့တယ်။ ဘုရားသခင် နှုတ်ကပတ်တော်ထဲက တန်ဖိုးရှိတဲ့ကတိတော်များကိုလည်း ကျွန်ုပ်ကိုသင်ဖတ် ပြပေးခဲ့တယ်။ ဘုရားသခင်ကျွန်ုပ်ကိုကယ်တင်နိုင်ကြောင်း သင်ဟာ ကျွန်ုပ် ၏ယုံကြည်စိတ်ကို နှိုးဆော်ပေးခဲ့တယ်။ ကျွန်ုပ်အတွက် ခရစ်တော်မည်မျှ စွန့်လွှတ်အနစ်နာခံခဲ့ရသည်ကို အာရုံပြုမိသောအခါ ကျွန်ုပ်၏နှလုံးသားဟာ နူးညံ့လာခဲ့တယ်။ ထိန်းချုပ်နိုင်ခဲ့တယ်။ ကြေကွဲခဲ့ရပါတယ်။ ကျွန်ုပ်ဟာ အသက်မုန့်ကိုဆာငတ်လာခဲ့ပါပြီ။ သမ္မာတရားသည် ကျွန်ုပ်၏ဝိညာဉ်အဖို့ အဖိုးတန်လှပါ၏။ ကျွန်ုပ်ဟာ အခုဒီမှာ ကယ်တင်ခြင်းခံရပါပြီ။ ထာဝရ စိတ်ချစွာဖြင့် ကိုယ်တော်၏မျက်မှောက်တော်အောက်၌နေရသည့်အခါ ကျွန်ုပ် အတွက် အသက်ကိုပေးခဲ့သောသခင်ဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းခွင့်ရပါ ပြီ။ (ChS274.2)ChSBur 457.1