Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အလင်းတရားနှင့် မင်္ဂလာစီးဆင်းရာလမ်းကြောင်းများ

    ကျွန်ုပ်တို့သည် ကျွန်ုပ်တို့မှတစ်ဆင့် သူတစ်ပါးဆီသို့ ကောင်းကင် ဘုံအသက်ရေစီးဆင်းသောပူဇော်ရာလမ်းကြောင်းများဖြစ်ကြရပါမည်။ သန့်ရှင်း သောဝိညာဉ်တော်သည် အသင်းတော်တစ်ခုလုံးကို လှုပ်ရှားနိုးကြားထိုးဖေါက် ပျံ့နှံ့စေ၍ လူ့စိတ်နှလုံးကို သခင်ဘုရား၌ ခိုင်မြဲစေပါသည်။ (ChS 18.1)ChSBur 20.1

    ယေရှုနောက်လိုက်တိုင်းသည် သူ့နေအိမ်မိသားစု၊ အနီးဝန်းကျင် လူနေရပ်ကွက်များ၊ သူနေထိုင်ရာမြို့နယ်ဒေသကျေးလက်များတွင် ခရစ်တော်၏ သာသနာပြုတစ်ယောက်အဖြစ် အမှုဆောင်ရမည်။ ဘုရားသခင်ထံတွင် ဆက်ကပ်ထားရှိပြီးသူတိုင်းသည် အလင်းရောင်ခြည်တန်းများဖြစ်ရမည်။ ဘုရား သခင်သည် ထိုသူတို့ကိုအခြားသူများအား သမ္မာတရားအလင်းဆက်သွယ်ပေး သောဖြောင့်မတ်ခြင်းတန်ဆာပလာအဖြစ် ပြုထားတော်မူ၏။ (ChS 18.2)ChSBur 20.2

    ယေရှုအမှုဆောင်ခြင်း၏အကျိုးဆက်သည် ကိုယ်တော်မောပန်းခြင်း၊ ဆာလောင်မွတ်သိပ်ခြင်းဖြင့် ရေတွင်းဘေးနားထိုင်လျက်နေစဉ်တွင် ကောင်းချီး မင်္ဂလာနေရာအနှံ့ရောက်စေခြင်းဖြစ်သည်။ ကိုယ်တော်ရှာဖွေအကူအညီပေးလိုက် သောဝိညာဉ်တစ်လုံး (ရှမာရိသူ) သည် တခြားသူများဆီသို့ လက်လှမ်းရောက် နိုင်သောသူဖြစ်ခဲ့ပြီး သူတို့ကိုကယ်တင်ရှင်ဆီသို့ ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ ဤနည်းလမ်းသည် မြေကြီးပေါ်၌ နှုတ်ကပတ်တော်တိုး၍ရောက်စေရန် အစဉ် ပြုသောနည်းလမ်းဖြစ်ပါသည်။ သင့်အလင်းကိုထွန်းလင်းလိုက်ပါက တစ်ပါး သူတို့ရလိုက်သောအလင်းသည် ထပ်ဆင့်ထွန်းလင်းသွားပါလိမ့်မည်။ (ChS 18.3)ChSBur 20.3

    အများသောသူတို့သည် သူတို့ရသောအလင်းနှင့်အတွေ့အကြုံများအရ မြေကြီးပေါ်၌ ခရစ်တော်အသိအမှတ်ပြုနောက်လိုက်တပည့်များ၏ လွတ်လပ်ခြင်းအခွင့်ရှိသောကြောင့် သူတို့သာလျှင် ခရစ်တော်ကို တာဝန် ခံနိုင်ကြသည်ဟူ၍ အထင်ရှိကြသည်။ ယေရှုသည် အပြစ်သားများ၏ မိတ်ဆွေဖြစ်၍ သူတို့၏ဝမ်းနည်းပူဆွေးခြင်းနှင့်အတူ ကိုယ်တော်၏ နှလုံးသားထိတွေ့ ခံစားရသူဖြစ်ပါသည်။ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့်တန်ခိုးယေရှု၌ရှိသော်လည်း လူတို့အား ဉာဏ်အလင်းနှင့် ကယ်တင်ခြင်းပေးရေးအတွက် ဘိသိက် တော်ခံယူတော်မူခဲ့ခြင်းကို ကိုယ်တော်ဦးထိပ်ထားခဲ့သည်။ ကိုယ်တော်သည် အပြစ်သားများကို အသင်းတော်ထဲသို့ လမ်းပြပို့ဆောင်ပြီးလျှင် သူတို့ကို လောကသားများအတွက် အလင်းပေးသောလမ်းကြောင်းဖြစ်စေခဲ့ပါသည်။ (ChS 18.4)ChSBur 21.1

    ဘုရားသခင်သည် ကနဦးအသင်းတော်ကို အမှုတော်မရပ်မနားတိုးချဲ့ လုပ်ဆောင်ကြရန် လမ်းညွှန်ခဲ့ပါသည်။ ၎င်းမှာခရစ်တော်၌အစေခံရန် သူတို့ ကိုယ်သူတို့ပေးအပ်လိုသောဆန္ဒဖြင့် ရိုးသားဖြောင့်မတ်သောအသက်ဝိညာဉ် များရှိရာ မည်သည့်နေရာတွင်မဆို အလင်းနှင့်မင်္ဂလာတရား၏ ဗဟိုကို တည်ထောင်ခြင်းဖြစ်ပါသည်။ (ChS 18.5)ChSBur 21.2

    နေမင်း၏အလင်းတန်းသည် ကမ္ဘာမြေကြီးထောင့်စွန်းအဝေးဆုံးသို့ တိုင်ထိုးဖေါက်ရောက်သွားသကဲ့သို့ ထို့အတူ ဧဝံဂေလိအလင်းရောင်ခြည်သည် မြေကြီးပေါ်ရှိဝိညာဉ်အယောက်တိုင်းအပေါ်သို့ တိုးချဲ့ရောက်စေရန် ဘုရားသခင် သည် ပုံစံဒီဇိုင်းချပေးခဲ့ပါ၏။ ခရစ်တော်၏အသင်းတော်သည် သခင်ဘုရား ၏ရည်ရွယ်ချက်ကို ဖြည့်စွမ်းပေးနိုင်သည်ရှိသော် အလင်းရောင်ခြည်သည် အမှောင်ထဲ၌ထိုင်နေကြသူများနှင့် သေမင်းအရိပ်အောက်၌ရှိကြသူများအားလုံး တို့အပေါ်သို့ ကြဲဖြန့်ကျရောက်လိမ့်မည်။ (ChS 18.6)ChSBur 21.3

    ဘုရားသခင်၏ကျေးဇူးတော်ဆိုင်ရာ ဘဏ္ဍာရတနာများကိုလည်း ကောင်း၊ စစ်၍မကုန်နိုင်သောခရစ်တော်၏ကြွယ်ဝမှုများကိုလည်းကောင်း ဤလောကသို့ဆက်သွယ်ဝေငှတော်မူရာတွင် အသက်ရှင်သောလမ်းကြောင်း များဖြစ်လာရန် လူတိုင်း၏အထူးအခွင့်အရေးဖြစ်ပါသည်။ ကိုယ်တော်၏ဝိညာဉ် တော်နှင့်သိက္ခာတော်ကို ဤလောကသို့ပုံဆောင်တင်ဆက်စေရန် ကိုယ်စားလှယ် များအလိုတော်ရှိသည်ထက်ပို၍ ခရစ်တော်သည် ဘာမျှအလိုတော်မရှိပါ။ ကယ်တင်ရှင်၏လူသားအပေါ် သနားခြင်းမေတ္တာတော်ကို သိသာထင်ရှား ပေါ်လွင်စေသည်ထက်ပို၍လည်း ဤလောကသည် လိုသောအရာဘာမျှမရှိ ပါ။ ကောင်းကင်သားများအားလုံးသည် လူ့နှလုံးသားများသို့ ဝမ်းမြောက် ခြင်းနှင့်ကောင်းချီးမင်္ဂလာစီးဆင်းစေသော၊ သန့်ရှင်းသောဆီကို သွန်းလောင်း ပေးနိုင်ရန်အတွက် လူသားဆက်သွယ်ရေးလမ်းကြောင်းများကို စောင့်ဆိုင်း ကြိုဆိုနေကြကုန်၏။ (ChS 19.1)ChSBur 21.4

    ဘုရားသခင်၏အသင်းတော်ဘုန်းထင်ရှားခြင်းသည် အသင်းသူ/ အသင်းသားများ၏ဘုရားတရားရိုသေကိုင်းရှိုင်းမှုအပေါ် မူတည်နေပါသည်။ အကြောင်းမှာ ဘုရားတရားကိုင်းရှိုင်းမှုတွင် ခရစ်တော်၏တန်ခိုးတော်သည် နောက်ကွယ်၌ရှိနေသောကြောင့်တည်း။ စိတ်ရင်းကောင်းရှိကြသောဘုရားသား သမီးတို့၏သြဇာသက်ရောက်မှုသည် အရာမထင်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ခေတ်ကာလတစ်လျှောက်လုံးတွင် ထင်သာမြင်သာရပ်တည်လာကြသောကြောင့် အကျိုးပေးတော်မူသောနေ့ရက်၌ အမှန်ထင်ရှားပေါ်ထွန်းလာလိမ့်မည်။ စစ်မှန်သောခရစ်ယာန်တစ်ဦး၏အလင်းသည် တည်မြဲသောဘုရားတရား ကိုင်းရှိုင်းမှုရှေ့ဆက်ထွန်းလင်းနေလျက် မယိမ်းမယိုင်သောသစ္စာတည်ကြည် ခြင်းဖြင့် အသက်ရှင်သောကယ်တင်ရှင်၏တန်ခိုးတော်အောက်၌ လောကသို့ သက်သေခံဖြစ်လိမ့်မည်။ ခရစ်တော်၏နောက်လိုက်များအထဲတွင် ကိုယ်တော် သည် ရေတွင်းတစ်တွင်းမှ ထာဝရအသက်စမ်းရေပေါက်ထွက်သကဲ့သို့ ထင်ရှား ပေါ်ထွန်းလာလိမ့်မည်။ လောကသားတို့အထဲ မထင်မရှားရှိနေကြပါသော်လည်း သူတို့သည် ဘုရားသခင်၏ထူးခြားပုဂ္ဂိုလ်များအဖြစ်လည်းကောင်း၊ ကိုယ်တော် ရွေးကောက်တော်မူသောကယ်တင်ခြင်းသင်္ဘောများအဖြစ်လည်းကောင်း၊ လောက သို့အလင်းဆောင်သောကိုယ်တော့်လမ်းကြောင်းများအဖြစ်လည်းကောင်း အသိ အမှတ်ပြုခြင်းခံကြရလိမ့်မည်။ (ChS 19.2)ChSBur 22.1

    အသင်းသူ/အသင်းသားများအပေါင်းတို့၊ ရှေ့သို့အလင်းထွန်းလင်း ပေးကြပါစို့။ သင်တို့၏နှုတ်ထွက်စကားသံများသည် စိတ်နှလုံးနှိမ့်ချသော ဆုတောင်းခြင်းများ၌လည်းကောင်း၊ အစွန်းရောက်မိုက်မဲပျော်ပါးနေကြသော လောကီသားတို့ကိုသက်သေခံခြင်း၌လည်းကောင်း၊ ယနေ့အတွက် သမ္မာတရား ကိုကြွေးကြော်ရာ၌လည်းကောင်း လူတွေကိုကြားသိစေရမည်။ သင့်စကား၊ သင့်သြဇာ၊ သင့်အချိန်များစသည့်အရာအားလုံးသည် ဘုရားသခင်ထံမှ ဆုကျေးဇူးများဖြစ်၍ ခရစ်တော်ထံ အသက်ဝိညာဉ်များစွာအောင်နိုင်ပို့ဆောင် ရေးအတွက် အသုံးတော်ခံကြရမည်။ (ChS 19.3)ChSBur 23.1

    ခရစ်တော်၏တပည့်များသည် ဤကမ္ဘာလောကကြီးထဲ၌ ကိုယ်တော် ၏ကိုယ်စားလှယ်တော်များဖြစ်ကြောင်းကို ကျွန်ုပ်ဆိုခဲ့ပြီးသည်နှင့်အညီ ထိုသူတို့သည် ဤလောက၏ စာရိတ္တအမှောင်ကို အလင်းထွန်းလင်းပေးရန်နှင့် တိုင်းပြည်မြို့နယ်၊ ကျေးလက်နှင့်မြို့ကြီးများသို့ အစက်အပြောက်များသဖွယ် ရောက်သွားကြရအောင် ဘုရားသခင်ဒီဇိုင်းပုံစံချရေးဆွဲထားပေးခဲ့သည်။ “အကြောင်းမူကား၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များ မျက်မှောက်၌ ပွဲဝင်သောသူများဖြစ်ကြ၏။” (၁ကော ၄း၉)။ (ChS 19.4)ChSBur 23.2

    ခရစ်တော်၏နောက်လိုက်များသည် ဤကမ္ဘာကြီးအတွက် အလင်း ဖြစ်စေရပါမည်။ သို့သော်လည်း ဘုရားသခင်သည် ကြိုးစား၍ အလင်းထွန်း လင်းကြရန် သူတို့ကိုပြောနေမည်မဟုတ်။ ကိုယ်တော်သည် သူတို့၏ ကိုယ့်စိတ်ကြိုက်ကြိုးစား၍ အမြင့်ဆုံးသောသာလွန်ကောင်းမြတ်ခြင်း ခင်းကျင်း ပြလာသည်များကိုလည်း သဘောတူထောက်ခံမည်မဟုတ်ပါ။ သူတို့၏ဝိညာဉ် များသည် ကောင်းကင်ဘုံစည်းမျဉ်းအခြေခံအတိုင်း ခံယူကျင့်သုံးခြင်းရှိစေရန် ကိုယ်တော်လိုလားတော်မူသည်။ ထိုနောက်သူတို့သည် လောကနှင့်ဆက်ဆံ လာကြသောအခါ သူတို့၌ရှိသောအလင်းကို ဖွင့်ပြနိုင်ကြလိမ့်မည်။ သူတို့ ၏ဘဝလုပ်ရပ်တိုင်း၌ တည်မြဲသောသစ္စာတရားသည် အလင်းထွန်းလင်း တောက်ပခြင်း၏ ရည်ရွယ်ချက်ဖြစ်ရလိမ့်မည်။ (ChS 19.5)ChSBur 23.3

    ရှောလုသည် မိမိ၏မျက်ကန်းအမှားနှင့် ဘက်လိုက်အယူသီးခြင်း ဘောင်အတွင်း၌ရှိနေစဉ် သူညှဉ်းဆဲခဲ့သည့်ခရစ်တော်ထံမှရူပါရုံကို ရရှိခဲ့ပါ သည်။ ထိုအခါသူသည် ဤလောကကို အလင်းပေးသည့်အသင်းတော်နှင့် တိုက်ရိုက်ဆက်သွယ်ရသောနေရာသို့ ရောက်သွားခဲ့သည်။ ဤကိစ္စရပ်တွင် အာနနိသည် ခရစ်တော်ကိုကိုယ်စားပြု၏။ ထိုသခင့်ကိုယ်စားအမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်ခြင်းခံရသောမြေကြီးပေါ်ရှိခရစ်တော်၏အမှုတော်ဆောင် အဖြစ်လည်း ကိုယ်စားပြုလေသည်။ ခရစ်တော်၏ကိုယ်စားအာနနိသည် ရှောလု ၏မျက်စိကို မြင်ပြန်စေခြင်းငှာ လက်နှင့်တို့ထိ၏။ ခရစ်တော်၏ ကိုယ်စား သူသည် ရှောလုအပေါ်မှာလက်ကိုတင်၍ ခရစ်တော်၏နာမ၌ ဆုတောင်းသဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ရှောလုရလေ၏။ အမှုအားလုံးသည် ခရစ်တော် ၏နာမနှင့်အခွင့်အာဏာတော်အားဖြင့် ပြီးမြောက်စေ၏။ သို့ဖြစ်၍ ခရစ်တော် သည် အခြေခံအုတ်မြစ်ဖြစ်ပြီး အသင်းတော်သည် ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်လာပါသည်။ (ChS 20.1)ChSBur 24.1

    မှားယွင်းမှုသည် နေရာအနှံ့မှာ မကြာခဏဖြစ်လေ့ရှိနေသည်။ အသက် ဝိညာဉ်များ၏ ရန်သူကြီးစာတန်သည် တပ်သားအင်အားကို စုစည်းတန်းစီခိုင်း နေပါပြီ။ ထိုရန်သူသည် ဆင်ခြေကန်အမှားလုပ်တတ်ကြသောလူတို့၏စိတ်ဓာတ် များရှုပ်ထွေးစေရန်အလို့ငှါ . လက်နက်များပြင်ဆင်နေရာချထားသည်ဖြစ်၍ ဤနည်းဖြင့် အသက်ဝိညာဉ်များကို ဖျက်ဆီးလိုက်မည်ဖြစ်သည်။ ဘုရားသခင် ၏သမ္မာတရားရတနာကို ကိုယ်တော်၏စိတ်ချအပ်နှံခြင်း ခံယူပြီးသူများသည် အကျင့်စာရိတ္တအမှောင်တွင်းထဲ၌ အလင်းထွန်းတောက်နေစေရမည်ဖြစ်သည်။ (ChS 20.2)ChSBur 24.2

    ဘုရားသခင်သည် ဤလောကကြီးအထဲ၌ အလင်းကိုထွန်းလင်းပေးရန် မိမိလူများကို တောင်းဆိုနေသည်။ အသင်းတော်ရှိသင်းအုပ်များကိုသာလျှင် ဤသို့ပြုလုပ်ကြရန် တောင်းဆိုနေသည်မဟုတ်၊ ခရစ်တော်၏တပည့်တိုင်းက လိုက်နာရမည်။ သူတို့ပြောဆိုသည့်စကားတိုင်းသည် ကောင်းကင်နိုင်ငံတော် အကြောင်းဖြစ်သင့်သည်။ သူတို့သည် ဝမ်းမြောက်စွာဘုရားသခင်နှင့်အတူ ဝင်စားနေကြစဉ် နှလုံးသားများကို သက်ဝင်လှုပ်ရှားစေသောဘုရားသခင့်ချစ်ခြင်း မေတ္တာတော်အကြောင်း ပြောဆိုလေ့ကျင့်ခြင်းအားဖြင့် ဖွင့်ပြနိုင်ရန်အလို့ငှာ သူတို့၏မိတ်ဆွေရောင်းရင်းများနှင့် သူတို့ပေါင်းသင်းဆက်ဆံကြရလိမ့်မည်။ ဤနည်းဖြင့် သူတို့သည် လောက၏အလင်းဖြစ်လာကြသည်။ သူတို့မှတစ်ဆင့် ထုတ်လွှင့်သောအလင်းသည် မငြိမ်းနိုင်သလို၊ တခြားသို့လည်း ယူထုတ်သွား ၍မရပါ။ (ChS 20.3)ChSBur 24.3

    ခရစ်တော်၏နောက်လိုက်များသည် ဖြောင့်မတ်ခြင်းတန်ဆာပလာ များ၊ အလုပ်သမားများ၊ ရှင်သန်နေသောကျောက်တုံးများနှင့်အလင်းထုတ်လွှတ် ရာမီးအိမ်များဖြစ်ကြ၍ ထိုသို့သောအားဖြင့် ကောင်းကင်တမန်များအထင်အရှား ရှိသည်ကို အားပေးနိုင်ကြလိမ့်မည်။ သူတို့သည် ဆက်သွယ်ရေးလမ်းကြောင်း များဖြစ်ဖို့ လိုအပ်သည်။ သို့ဖြစ်လျှင် သမ္မာတရားဝိညာဉ်နှင့်ဖြောင့်မတ်ခြင်း တို့သည် ထိုလမ်းကြောင်းမှတစ်ဆင့် စီးဆင်းသွားလိမ့်မည်။ (ChS 20.4)ChSBur 25.1

    သခင်ဘုရားသည် မိမိ၏အသင်းတော်အား ကောင်းကင်တန်ခိုးလွှမ်းမိုး ချထားရာနေရာဖြစ်စေပါပြီ။ ကောင်းကင်ဘုံစကြဝဠာသည် လောကသို့အသက် ရေစီးကြောင်းစီးဆင်းသောလမ်းကြောင်းများကို အသင်းသားများမှတစ်ဆင့် ဖြစ်လာရန်စောင့်စားနေတော်မူသည်။ ထိုသို့သောအားဖြင့် လူများစွာသည် ပြောင်းလဲခြင်းသို့ရောက်လာကြပြီးလျှင် သူတို့အလှည့်၌ ဖြစ်လာသောရေစီး လမ်းကြောင်းများမှတစ်ဆင့် ခရစ်တော်၏ကျေးဇူးတော်သည် သခင်ဘုရား ၏စပျစ်ဥယျာဉ်အတွင်း၌ ခြောက်သွေ့ ရာအပိုင်းများဆီသို့ စီးဝင်သွားစေရမည်။ (ChS 21.1)ChSBur 25.2

    ဘုရားသခင်နှင့်အဆက်အသွယ်ရှိသူအယောက်တိုင်းသည် အခြားသူ များအား အလင်းပေးကြရလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်သည် သူ၌ပေးရန် အလင်းမရှိဟုဆိုလျှင် ထိုသူသည် အလင်းအိမ်ကြီးနှင့် ဆက်သွယ် မှုမရှိသောကြောင့်သာဖြစ်ရမည်။ (ChS 21.2)ChSBur 25.3

    ဘုရားသခင်သည် တခြားသူများအား အလင်းပေးရန် ကိုယ်တော့် သားသမီးများကို ခန့်အပ်ထား၏။ ထိုအမှုကိုပြုလုပ်ရန် သူတို့ပျက်ကွက်ကြပါလျှင် အသက်ဝိညာဉ်များစွာသည် အမှောင်ကမ္ဘာထဲ၌ ကျန်ရစ်နေကြကုန်မည်ဖြစ်၏။ သူတို့ လုပ်ရမည့်အလုပ်ကိုလုပ်ရန် ပျက်ကွက်ခဲ့သောကြောင့်လည်း သူတို့အထဲ သန့်ရှင်းသောဝိညာဉ်တော်သက်ဝင်နေခြင်းအတွက် ဘုရားသခင်ထံ သူတို့ အဖြေပေးကြရလိမ့်မည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ ဂုဏ်ကျေးဇူးများကို ချီးမွမ်းဖေါ်ပြစေခြင်းငှာ မှောင်မိုက်ထဲမှအံ့ဖွယ်သောအလင်းတော်သို့ ခေါ်သွင်း တော်မူခြင်းခံကြရပါသည်။ (ChS 21.3)ChSBur 25.4

    ဘုရားသခင်ထံ မိမိကိုယ်ကိုဆက်ကပ်ပြီးသူတိုင်းသည် အလင်းလမ်း ကြောင်းများဖြစ်ကြရမည်။ ကိုယ်တော်သည် ကျေးဇူးတော်ကြွယ်ဝမှုများကို သူတစ်ပါးအား ဆက်သွယ်ဝေမျှပေးရန် သူတို့ကိုကိုယ်စားလှယ်တော်များအဖြစ် ခန့်အပ်ပေးခဲ့သည်။ သူတစ်ပါးအပေါ် ကျွန်ုပ်တို့၏သြဇာသက်ရောက်ခြင်းသည် ကျွန်ုပ်တို့၏ပြောစကားအပေါ်၌ များစွာမူမတည်။ ကျွန်ုပ်တို့၏အလုပ်အပေါ် ၌သာ မူတည်ပါသည်။ လူတို့သည် ကျွန်ုပ်တို့၏ယုတ္တိတန်သောဘာသာ စကားများကိုတိုက်ခိုက်၍ ကျွန်ုပ်တို့၏မေတ္တာစကားများကိုလည်း ခုခံပြော ဆိုကောင်းပြောဆိုကြလိမ့်မည်။ သို့သော်လည်း အတ္တကင်းသောမေတ္တာတရား ကိုကား သူတို့၏ငြင်းဆိုချက်မအောင်နိုင်ရာ။ ခရစ်တော်ကဲ့သို့ စိတ်နှိမ့်ချ သောစရိုက်လက္ခဏာဖြင့် တစ်သမတ်တည်းနေထိုင်သောအသက်တာသည် ဤကမ္ဘာပေါ်၌ တန်ခိုးတစ်ခုဖြစ်ပါသည်။ (ChS 21.4)ChSBur 26.1

    ဤကမ္ဘာလောကကြီးကို အလင်းပေးနေကြသည့်သူများသည် အလင်း ကိုပေးနေကြသော်လည်း အလင်းသည် လှုပ်ယမ်းနေ၏။ ရောင်ခြည်တန်း အားပျော့၏။ အလင်းဆိုသည်မှာ အဘယ်နည်း။ အလင်းဆိုသည်မှာ ဘုရား တရားကြည်ညိုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာရှိခြင်း၊ သနားငဲ့ညှာခြင်း၊ မေတ္တာထားခြင်းတို့ဖြစ်သည်။ ၎င်းမှာအကျင့်စရိုက်နှင့် ဘဝအသက်တာအားဖြင့် သမ္မာတရားကို ဖော်ပြသွားရန်ဖြစ်သည်။ သတင်းကောင်းတရားဆိုသည်မှာ တန်ခိုးတော်တက်ကြွစီးနင်းမှုကြောင့် ယုံကြည်သူများ၏ ပုဂ္ဂိုလ်ရေးဘာသာ တရားကိုင်းရှိုင်းမှုအပေါ်၌ မူတည်လျက်ရှိ၏။ ဘုရားသခင်သည်လည်း ချစ်တော် မူသော၊ တစ်ပါးတည်းသောသားတော်ကို အသေခံစေ၍ ပေးအပ်ခဲ့သောကြောင့် လူအားလုံးသည် ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင် သောသူဖြစ်လာနိုင်ကြသည်။ လူအားလုံးသည် တောက်ပထွန်းလင်းသော အလင်းတန်းဖြစ်လာကြပြီး မှောင်မိုက်ထဲမှအံ့ဖွယ်သောအလင်းထဲသို့ ခေါ်သွင်း တော်မူသောသူ၏ဂုဏ်ကျေးဇူးကို ဆက်လက်ဖေါ်ပြခွင့်ရကြ၏။ လုပ်ဆောင် သောသူတို့’“ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ လုပ်ဆောင်သူများဖြစ် ကြ၏” ဟုဆိုကြသည်မှာ သခင်ဘုရား၏စပျစ်ဥယျာဉ်အထဲ ကြိုးစားလုပ်ဆောင် နေခြင်းဖြစ်ရပါ၏။ ကျွန်ုပ်တို့၏အသင်းတော်များ၌လည်းကောင်း၊ ဥပုသ် စာဖြေကျောင်းများ၌လည်းကောင်း၊ ပတ်ဝန်းကျင်လူနေရပ်ကွက်များ၌လည်း ကောင်း ကယ်တင်ခြင်းခံယူရန် အသက်ဝိညာဉ်များစွာရှိနေပါသည်။ (ChS 21.5)ChSBur 26.2

    အခြားသူများအတွက် အမှုတော်ဆောင်ခြင်းသည် ကျွန်ုပ်တို့၏ကိုယ်ပိုင် အသက်ဝိညာဉ်ကို ရှင်သန်စေခြင်းဖြစ်ပါသည်။ အကယ်၍ သူတို့သည် ယေရှုနှင့်အတူ လုပ်ဆောင်သူများဖြစ်လာကြလျှင် ကျွန်ုပ်တို့၏အသင်းတော် များ၌ မှန်မှန်တိုးတက်ထွန်းလင်းနေသောအလင်းကိုမြင်ရပြီး သူတို့၏နယ်ကို ကျော်၍ အမှောင်ကိုထွင်းဖေါက်သောအလင်းရောင်ခြည်တန်းထုတ်လွှတ်ပေး နိုင်ပါလိမ့်မည်။ (ChS 22.1)ChSBur 27.1

    “သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏” ဟုဆိုသော် ဂျူးလူမျိုး တို့သည် သူတို့၏ကိုယ်ပိုင်နိုင်ငံအတွက် ကယ်တင်ခြင်းရသည့်အကျိုးအမြတ် ကိုကန့်သတ်ရန် တွေးလိုက်ကြသည်။ သို့သော်လည်း ကယ်တင်ခြင်းသည် နေရောင်ထွန်းလင်းသကဲ့သို့ဖြစ်ကြောင်း ခရစ်တော်ပြသခဲ့သည်။ ကယ်တင် ခြင်းသည် ကမ္ဘာတစ်လောကလုံးနှင့်သက်ဆိုင်သည်။ (ChS 22.2)ChSBur 27.2

    သန့်ရှင်းသောဝိညာဉ်တော်၏လွှမ်းမိုးမှုအောက်၌ တုံ့ပြန်နာခံသော နှလုံးသားများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာစီးဆင်းရာလမ်းကြောင်း များဖြစ်ကြသည်။ ဘုရားသခင်အား အစေခံနေကြသူများကို မြေကြီးပေါ်မှ ဖယ်ရှား၍ ဝိညာဉ်တော်ကိုလည်း လူသားတို့အထဲမှ ရုပ်သိမ်းလိုက်ပါလျှင် ဤကမ္ဘာလောကကြီးသည် စာတန်အုပ်စိုးရာအရပ်ဖြစ်သွားပြီး လွတ်လပ်လဟာ နှင့်ပျက်စီးခြင်းဖြင့် ရုပ်ဆိုးကျန်ရစ်ပါတော့မည်။ ဆိုးညစ်သူတို့သည် မသိ မှတ်ကြသော်လည်း ဤကမ္ဘာကြီးပေါ်တွင် သူတို့အထင်သေးညှဉ်းဆဲနှိပ်စက် ခဲ့သော၊ မျက်မှောက်ကာလ၏ဘုရားသားသမီးတို့ပေးခဲ့သော ဘဝကောင်းချီး များကို သူတို့ပြန်ဆပ်ရန် အကြွေးတင်နေကြပါသည်။ ခရစ်ယာန်များသည် အမည်ခံသက်သက်သာဖြစ်မည်ဆိုလျှင် အငန်အရသာပျောက်သောဆားကဲ့သို့ ဖြစ်မည်။ သူတို့သည် လောကအထဲမှာကောင်းသောသြဇာဖြင့် မလွှမ်းမိုးနိုင်။ ဘုရားသခင်ကို အမှားတင်ဆက်နေကြခြင်းကြောင့် သူတို့သည် မယုံကြည် သူများထက်ပင် ဆိုးသေး၏။ (CnS 22.3)ChSBur 27.3

    Larger font
    Smaller font
    Copy
    Print
    Contents