Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အသင်းတော်တိုင်းလုပ်ရမည့် အလုပ်

    ကျန်းမာရေးအတွက် ပြုပြင်ပြောင်းလဲမှုလုပ်ပေးကြရန် ဤသတင်း စကားကို အသင်းတော်တိုင်းက ကြားသိကြရမည်။ (ChS 135.6)ChSBur 223.3

    ဆေးကုသာသနာပြုအလုပ်သည် ကျွန်ုပ်တို့နယ်မြေရှိ အသင်းတော် တိုင်း၏အမှုတော်အပိုင်းတစ်ပိုင်းအဖြစ်ရှိနေရမည်။ (ChS 135.7)ChSBur 224.1

    အို အသင်းသားတိုင်းက ဆေးကုသာသနာပြုလုပ်ငန်းထဲ ပါဝင်ဆောင်ရွက် သောအချိန်ရောက်လာသည်ကို ကျွန်ုပ်တို့မြင်ရပါပြီ။ (ChS 135.8)ChSBur 224.2

    ကျန်းမာရေးပြုပြင်ပြောင်းလဲမှုအလုပ်သည် ကျွန်ုပ်တို့၏ ကမ္ဘာမြေပေါ် မှာ ခံစားရသောဝေဒနာများလျော့ပါးသွားရန်နှင့် အသင်းတော်သန့်စင်လာ စေရေးအတွက် သခင်ဘုရား၏ရည်စူးချက်ဖြစ်သည်။ လူအပေါင်းတို့သည် ကာယဝိညာဉ်နှစ်ဖြာကျန်းမာရေးပြန်လည်ထိန်းသိမ်းနိုင်ရန် သခင်ဘုရား၏ အမှုတော်ဆောင်များနှင့် ပူးပေါင်းလုပ်ကိုင်လာခြင်းအားဖြင့် ထာဝရဘုရား၏ မစတော်မူခြင်းလက်များကဲ့သို့ သူတို့လှုပ်ရှားလာနိုင်ကြမည်ဖြစ်ကြောင်းကို သူတို့အား သွန်သင်ပေးရမည်။ ဤအမှုတော်သည် ကောင်းကင်ဘုံလက်မှတ် ကိုရခြင်းဖြစ်၏။ အခြားမြတ်နိုးအပ်သောသမ္မာတရားအဝင်လမ်း၏တံခါးပေါက် များကိုလည်း ဖွင့်ပေးလိမ့်မည်။ ဤအလုပ်ကိုဉာဏ်ရည်ထက်စွာပါဝင်လုပ်ဆောင် လိုကြသူများအားလုံးအတွက် လစ်လပ်သောနေရာများရှိပါသည်။ (ChS 135.9)ChSBur 224.3

    ကျွန်ုပ်တို့အရှေ့မှာ လောကမုန်တိုင်းရှိနေသည်ဖြစ်သော်လည်း မယုံ ကြည်ခြင်း (သို့မဟုတ်) အားလျော့စိတ်ပျက်သောစကားတစ်ခွန်းတလေကိုမျှ ကျွန်ုပ်တို့မဟဘဲ နေကြပါစို့။ အပြစ်နွံကျွံ၍ ဖျားနာနေသည့်ဝိညာဉ်များနှင့် အပြည့်ရှိနေသောကမ္ဘာလောကကြီးထဲသို့ အနာငြိမ်းကြောင်း သတင်းစကား ကျွန်ုပ်တို့သယ်ပို့ပေးရမည်ကို အမှတ်တရရှိကြပါစို့။ (ChS 136.1) မြန်မာ ဤဆေးကုသာသနာပြုအလုပ်ကို အသေအချာကြီးကြပ်လုပ်ကိုင်ခြင်း သည် အသင်းတော်မှလျစ်လျူရှုထားသောဆင်းရဲသားအပြစ်သားများစွာကို ကယ်တင်ပေးနိုင်ပါလိမ့်မည်။ ကျွန်ုပ်တို့နှင့်ယုံကြည်ခြင်းမတူသောလူများစွာ သည်လည်း ခရစ်ယာန်တို့၏တာဝန်အဖြစ် ပေးလာမည့်အကူအညီကို မျှော်လင့်တောင့်တနေကြကုန်၏။ အကယ်၍သာ ဘုရားသခင်၏လူတို့သည် သူတို့အိမ်နီးချင်းမိတ်ဆွေများ၏အကျိုးကို အမှန်လိုလားကြောင်း ပြနိုင်ကြလျှင် ယနေ့ကာလအတွက် အထူးသမ္မာတရားသည် လူများ စွာဆီသို့ရောက်နိုင်သည်။ လူတွေသူတို့ရှိတဲ့နေရာမှာ သူတို့ကိုအကူအညီ ပေးနေခြင်းမျိုးအလုပ်ထက် ဘယ်မှာမှ၊ ဘယ်တော့မျှအကျင့်စရိုက်မရနိုင်ပြီ။ ဘုရားသခင်ကိုချစ်ပြီး ပညတ်တော်တို့ကိုစောင့်ရှောက်ကာ ခရစ်တော်ပြု တော်မူသည့်အတိုင်း ပြုလုပ်သူတို့က ကြွေးကြော်ဟောပြောကြလေသော် ယနေ့ထောင်ပေါင်းများစွာသောလူများသည် ထိုသတင်းစကား၌ ဝမ်းမြောက် ဝမ်းသာရှိကြလိမ့်မည်။ ယင်းသို့ဆေးကုသာသနာပြုအလုပ်သည် လူ ယောက်ျားမိန်းမတို့အား ခရစ်တော်နှင့်သူ၏သမ္မာတရားမှ ကယ်တင် ခြင်းအသိကို ပေးနိုင်သည်ဆိုလျှင် ငွေကြေးနှင့်ကြိုးစားလုပ်ကိုင် ခြင်းများကို စိတ်ချစွာဖြင့် ရင်းနှီးမြှုပ်နှံသွားနိုင်သည်။ အဘယ် ကြောင့်ဆိုသော် အစဉ်တည်တံ့မည့်အမှုတော်တစ်ခုဖြစ်သောကြောင့်တည်း။ (ChS 136.2)ChSBur 224.4

    ကျွန်ုပ်တို့၏အသင်းသားများသည် ဤဆေးကုသာသနာပြုအလုပ်၌ စိတ်ပါဝင်တစားလှုပ်ရှားနေကြသည်ကိုပြကြပါစို့။ ဤအကြောင်းအရာများ၌ လမ်းညွှန်ပညာရဖို့အတွက် ရေးသားထုတ်ဝေထားသည့်စာအုပ်များကို လေ့လာ သွားခြင်းအားဖြင့် အသုံးရသောသူများဖြစ်လာကြစေဖို့ သူတို့ကိုယ်သူတို့ ပြင်ဆင်နေသွားစေကြပါစို့။ ယင်းစာအုပ်များသည် သူတို့တွေ့ ရသမျှအနက် ပို၍စိတ်ဝင်စားစရာကောင်းပြီး ပို၍လည်းတန်ဖိုးရှိလှပါ၏။ လူအားလုံးအတွက် အကျိုးရှိရစေသောအကြောင်းများမှာ ကျန်းမာရေးဆိုင်ရာအခြေခံစည်းမျဉ်းများ ကိုအထူးတလည်ရည်ညွှန်းလမ်းပြ၍ နားလည်လွယ်အောင်ရေးသားပေးထား သောကြောင့်ပင်တည်း။ ဤအခြေခံကျန်းမာရေးစည်းမျဉ်းများကို လေ့လာ လိုက်စားသောသူတို့သည် ကာယဝိညာဉ်နှစ်ဖြာကြီးစွာသောကောင်းချီး မင်္ဂလာရလေသည်။ ကျန်းမာရေးဆိုင်ရာဒဿနပညာကို နားလည်ခြင်း သည် လူကိုအဆက်မပြတ်ထိုးနှက်တိုက်ခိုက်နေသောစာတန်နတ်ဆိုး ကို ပြန်လည်တွန်းလှန်နိုင်သည့် ဘေးဆီးရန်ကာဖြစ်ပါသည်။ (ChS 136.3)ChSBur 225.1

    လူတွေပျက်စီး၍ အဆင့်နိမ့်ကျနေခြင်းမှကုစားရန် ဆေးကုသာသနာ ပြုအလုပ်ကို ဖေါ်ထုတ်ပေးရလိမ့်မည်ဟု အကျွန်ုပ်ညွှန်ကြားတော်မူခြင်းခံရ သည်။ ထိုလူတွေသူတို့ကိုယ်သူတို့ မဆင်မခြင်အပျော်အပါးလိုက်စားမွေ့လျော် ခြင်းစရိုက်အတွင်း၌ အပ်နှင်း၍ ကျဆင်းနေကြရကုန်သော်လည်း မှန်ကန်သော လုပ်ဆောင်ချက်မျိုးဆီသို့ တုံ့ပြန်လာကြပါလိမ့်မည်။ သို့ရာတွင် သူတို့ကို အသိအမှတ်ပြုရန်၊ အားပေးရန် သူတို့လိုလားနေကြသည်။ တည်တည်ကြည် ကြည်နှင့်စိတ်ရှည်စွာအလွန်ကြိုးစားအားထုတ်ခြင်းသည် ထိုသူတို့အား ဘဝ မြှင့်တင်ပေးနိုင်ရေးအတွက် လိုအပ်ချက်ဖြစ်လိမ့်မည်။ သူတို့ကိုယ်သူတို့ပြန်လည် ထိန်းမတ်လာနိုင်ကြမည်တော့မဟုတ်ပါ။ ခရစ်တော်၏ခေါ်သံကို သူတို့ကြား ရနိုင်ပါသော်လည်း အဓိပ္ပါယ်ကိုသိဖို့ သူတို့ရဲ့နားများက အလွန်ထုံထိုင်းနေ ကြသည်။ သူတို့၏မျက်စိသည်လည်း သူတို့အတွက် တစ်စုံတစ်ရာအကောင်း မြင်လာဖို့ ကန်းနေကြကုန်သည်။ သူတို့သည် ကျူးလွန်ကျော်နင်းအပြစ်များ နှင့်သေနေကြရသည်။ သို့တိုင်သူတို့ကို သတင်းကောင်းစားပွဲသဘင်မှ ဖယ်ထုတ် ပစ်ကြရမည့်တော့မဟုတ်။ သူတို့အား “လာကြ” ဟူ၍ ဖိတ်ကြားခြင်းပြုရမည်။ သူတို့ကိုယ်သူတို့ မထိုက်မတန်ခံစားနေမိကြ မည်ဆိုလျှင်လည်း သခင်ဘုရားမိန့်ဆိုနေသည်ဟုပြောပါ။ “သူတို့ကိုအနိုင် အထက်ပြုခေါ်သွင်းပါ” ဟူ၍ ဆင်ခြေပေးလာသည်ကိုလည်း နားမထောင်ပါနှင့်။ ချစ်ခြင်းမေတ္တာ၊ သနားကြင်နာခြင်းတို့ဖြင့် သူတို့ကိုရစ်ပတ်လျက် ခေါ်သွင်း ကြရမည်။ (ChS 136.4)ChSBur 226.1

    ဤသို့ကျန်းမာရေးဆိုင်ရာ ထုတ်ဝေစာအုပ်စာစောင်များဖြန့်ဝေခြင်း အလုပ်မျိုးကို လုပ်ဆောင်နေကြသူတို့သည် ဆေးကုသာသနာပြုလုပ်ငန်းတွင် အမှုဆောင်ကြရန် ပြင်ဆင်ထားရမည်။ ဖျားနာသူများနှင့် ဒုက္ခရောက်နေကြ သူများအား အကူအညီပေးကြရမည်။ ဤသို့ကရုဏာအမှုတော်ဆောင်ရွက် ကြသူများသည် အသက်ရှင်သောနှုတ်ကပတ်တော်ကို ကြားနိုင်၊ လက်ခံလာ နိုင်ကြလိမ့်မည်။ (ChS 137.1)ChSBur 226.2

    ဆေးကုသာသနာပြုလုပ်ငန်းကို အပီအပြင်နားလည်အောင်မည်သူ တွေပြင်ဆင်နေကြပြီလဲ။ အမှုတော်ဆောင်တိုင်းက ထိထိရောက်ရောက်နားလည် သဘောပေါက်ထားကြရမည်။ ထိုနောက်ပိုင်းတွင် အဆင့်မြင့်အမြင်ကျယ် အာရုံရလာကြသောသူတို့သည် ယေရှုပြုတော်မူသည်အတိုင်း သမ္မာတရားကို ဟောပြောတင်ဆက်နိုင်ကြသည်။ (ChS 137.2)ChSBur 227.1

    သခင်ဘုရား၏အမှုတော်ကို ရှေ့တိုးလုပ်ဆောင်ကြပါစို့။ ဆေးကု သာသနာပြုအလုပ်နှင့် ပညာရေးအလုပ်တို့ကိုလည်း ရှေ့တိုးလုပ်ဆောင်ကြ ပါစို့။ ဤလုပ်ငန်းများတွင် အလွန်စိတ်ပါသူ၊ စိတ်တမ်းဆက်ကပ်သူ၊ တော် တည့်သူ၊ စွမ်းဆောင်နိုင်သူဝန်ထမ်းများအလွန်ချို့တဲ့နေကြောင်း ကျွန်ုပ်အသေ အချာခံစားနေမိပါသည်။ (ChS 137.3)ChSBur 227.2

    ကျန်းမာရေးအခြေခံစည်းကမ်းများကို ပစ်ပယ်နေထိုင်ကြသည့်လူအုပ်စု ကြီးများရှိရာ ရပ်ကွက်အတွင်းသို့ ဤရှင်သန်သောကျန်းမာရေးပြုပြင်ပြောင်းလဲ ခြင်း၏အခြေခံစည်းမျဉ်းများကိုင်စွဲလျက် ဝင်ရောက်ကူညီကြပါစို့။ (ChS 137.4)ChSBur 227.3

    ကျွန်ုပ်သည် ကျန်းမာရေးပြုပြင်ပြောင်းလဲမှုပညာပေးသူများကို ရှေ့ဆက် လုပ်ပါပြောဖို့ ညွှန်ကြားတော်မူခြင်းခံရပြန်ပါ၏။ ဤကမ္ဘာလောကသည် စာရိတ္တအကျင့်ဆိုးအမင်္ဂလာဒီရေတိုးနေသည်ကို တွန်းလှန်ဖို့သင့်အနေနှင့်တစိုး တစ်သြဇာလွှမ်းမိုးမှုတိုင်းကို အလိုရှိနေပါသည်။ တတိယကောင်းကင်တမန် ၏သတင်းစကားကို သွန်သင်နေကြသောသူများသည် သူတို့၏ရပ်တည်ချက် အမှန်ကို ဖေါ်ပြနိုင်ကြရမည်။ (ChS 137.5)ChSBur 227.4