Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အောင်မြင်သောစီမံချက်တစ်ရပ်

    သာသနာလုပ်ငန်းသည် မယုံကြည်သူများဆီသို့ အရောက်လှမ်း ရောက်စေမည်။ စီမံချက်သစ်များတွင် အသင်းတော်များအတွက် ကောက်နှံ စုသိမ်းခြင်းသည် လုပ်ငန်းစီမံချက်တစ်ခုဖြစ်ပါသည်။ လွန်ခဲ့သည့်နှစ်များ အတွင်းနေရာအတော်များများမှာ ဤစီမံချက်သည် အောင်မြင်ကြောင်းတွေ့မြင် ရပါသည်။ လူများစွာကို မင်္ဂလာဖြစ်စေ၍ သာသနာဘဏ္ဍာရေးရန်ပုံ ငွေများလည်း မပြတ်စီးဝင်လာ၏။ တိုးမြင့်လာပါ၏။ “ကျွန်ုပ်တို့နှင့် ယုံကြည်ချက်ချင်းမတူသူများပင်လျှင် ဘုရားတရားမရှိသူတို့၏ နေထိုင်ရာဒေသများတွင် တတိယကောင်းကင်တမန်၏သတင်းစကား ပျံ့နှံ့ကျယ်ပြန့်စေရေးအတွက် စိတ်ဝင်စားစွာချဉ်းကပ်လာကြပြီး အကူ အညီပေးကြပါလိမ့်မည်။” စိတ်ဝင်စားလာရုံမျှမက ကိုယ်ချင်းစာနာစိတ်တချို့ ရှိသူများဆိုလျှင် လူ့စိတ်နှလုံးနှင့်အသက်တာများစွာကို ပြောင်းလဲစေနိုင်သော၊ တန်ခိုးရှိသောထိုသမ္မာတရားကို သိမြင်ခံစားလိုကြသဖြင့် လေ့လာရှာဖွေလာ ကြပါသည်။ ထိုသို့နှင့်အညီ လူ့အလွှာအသီးသီးဆီသို့ ထိုသတင်းကောင်း သည် ရောက်ရှိသဖြင့် ထာဝရဘုရား၏နာမတော်သည် ဘုန်းတော်ထင်ရှား ခြင်းရှိလာရပါသည်။ (ChS 167.2)ChSBur 278.2

    တချို့သောသူတို့သည် မယုံကြည်သူများထံမှ တော်လျော်သောဆု လက်ဆောင်များကို လက်ခံရယူခြင်းနှင့်ပတ်သက်၍ မေးခွန်းမေးတတ်ကြပါ သည်။ မိမိတို့ကိုယ်ကိုမိမိတို့ပြန်မေးကြည့်ပါ။ “မည်သူသည် ဤကမ္ဘာမြေ ကြီးကို အမှန်တကယ်ပိုင်ဆိုင်သူဖြစ်ပါသလဲ။ ဤကမ္ဘာမြေကြီးပေါ်ရှိ အိုးအိမ် များ၊ ပြည်နယ်ဒေသများနှင့်သယံဇာတဖြစ်သောရွှေနှင့်ငွေ၊ ကျောက်မြတ်ရတနာ များသည် မည်သူပိုင်သည့်ပစ္စည်းလဲ။” ထာဝရဘုရားသခင်သည် ကျွန်ုပ်တို့ ၏ကမ္ဘာမြေကြီးကိုပိုင်သလို၊ မြေကြီးသားအပေါင်းတို့၏လက်ထဲသို့ ယင်း ပစ္စည်းများအပ်နှင်းထားပါသည်။ စကားတော်ကို နားထောင်သောသူ၊ နားမထောင်သောသူဟူ၍ မခွဲခြားထားပါ။ “ကိုယ်တော်ရှင်၏အမှုတော်မြတ် အတွက် လောကဆန်သောလူများသည် စိတ်ရုပ်တု၊ ရုပ်ဆင်းတုများကို ရှိခိုးနေကြသည်ဖြစ်စေ၊ ထိုသူတို့၏စိတ်နှလုံးကိုပင် တို့ထိကာ ရက်ရောစွာပေးကမ်းစွန့်ကြဲစေနိုင်ပါသည်။ ထာဝရဘုရား၏လူတို့ သည် ထိုကဲ့သို့သောသူများကို ပညာသတိဖြင့် ချဉ်းကပ်နည်းခံပြီ ဆိုပါက ကိုယ်တော်ရှင်သည် မိမိကြံစည်ထားရှိသည့်အတိုင်း ချက်ချင်း လုပ်ဆောင်ပါလိမ့်မည်။” ကျွန်ုပ်တို့သည် ဤအမှုတွင် အခွင့်အရေးယူသင့် ကြပါ၏။ ဤကဲ့သို့ပစ္စည်းနှင့်သြဇာရှိသူများကို တော်လျော်သောအလင်း တရားထွန်းလင်းပေးမည်ဆိုက ထိုသူတို့သည် မျက်မှောက်ခေတ်သမ္မာတရား အလင်းထွန်းပြောင်စေရေးအတွက် ဆောင်ရွက်မှုအဖုံဖုံတို့တွင် ကူညီမစလာ ကြပါလိမ့်မည်။ အကယ်၍သာ ထာဝရဘုရား၏လူတို့သည် ဤကမ္ဘာလောက ကြီးနှင့်သီးခြားလွတ်လပ်စွာရပ်တည်ရန် မရွေးချယ်ဘဲ အများအကျိုးပြုရန် မိတ်သဟာယဖွဲ့၍ ဆက်နွှယ်နေကြမည်ဆိုလျှင် ကျန်းမာရေးသာသနာသတင်း ကောင်းပျံ့နှံ့စေရန် အခွင့်အရေးများစွာကို ဆုံးရှုံးရလိမ့်မည်မဟုတ်ပါ။ (ChS 167.3)ChSBur 279.1

    ထာဝရဘုရားသခင်သည် လောကီရှင်ဘုရင်များနှင့် အုပ်ချုပ်သူတို့ ၏စိတ်နှလုံးထဲမှာ မိမိ၏လူများ၏ကိုယ်စားနှိုးဆော်နေဆဲဖြစ်ပါသည်။ ကိုယ်တော်ရှင်မြတ်အတွက် အမှုတော်ဆောင်နေသောသူများသည် သာသနာ တော်ပြန့်ပွားရေးအတွက် အကူအညီရရှိရန် ထာဝရဘုရားခန့်အပ်ထားသော လူများစွာရှိပါသည်။ ဤလက်ဆောင်ပစ္စည်းများစွန့်ကြဲသောပရဟိတအကျိုး တော်ဆောင်များအားဖြင့် အမှောင်ဖုံးနေသောအရပ်ဒေသများစွာတို့တွင် သမ္မာ တရားအလင်းရရှိရန် လမ်းပွင့်သွားနိုင်ပါသည်။ “ဤလူတို့သည် ထာဝရဘုရားသခင်၏အမှုတော်မြတ်ကို မခံစားတတ်၊ ခရစ်တော် ကိုလည်း မယုံကြည်၊ သမ္မာကျမ်းစာနှင့်လည်း ထိတွေ့မှုမရှိဖြစ်ပါ သော်လည်း ဤဆောင်ရွက်မှုမျိုးအတွက် သူတို့၏လက်ဆောင်ပစ္စည်း များကိုမငြင်းပယ်ရပါ။” (ဥပမာ-ADRA) (ChS 168.1)ChSBur 280.1

    ထာဝရဘုရားသည် မိမိ၏ဥစ္စာပစ္စည်းများစွာကို ယုံကြည်သူများ၏ လက်တွင်ဖြစ်စေ၊ မယုံကြည်သူများ၏လက်တွင်ဖြစ်စေ အပ်နှင်းထားပါသည်။ အားလုံးသောဥစ္စာပစ္စည်းများသည် ဤကုန်ဆုံးကမ္ဘာကို ပြန်လည်သက်ရှင် လန်းဆန်းစေသောအမှုတော်မြတ်အတွက် အသုံးပြုရန် ပြန်ပေးရပါသည်။ ကမ္ဘာမြေပေါ်၌ ကျွန်ုပ်တို့အသက်ရှင်နေသမျှကာလပတ်လုံး ထာဝရဘုရား၏ ဝိညာဉ်တော်သည်လည်း မိမိ၏လူတို့တွင် လှုပ်ရှားနေသဖြင့် ကျွန်ုပ်တို့သည် ထိုစေတနာရှင်ပေးကမ်းစွန့်ကြဲသည့် ဥစ္စာပစ္စည်းများကို လက်ခံရကြသလို လက်ဆင့်ကမ်းမျှဝေ၊ ပေးကမ်း၊ စွန့်ကြဲကြရပါမည်။ ကျွန်ုပ်တို့သည် နှုတ်ကပတ်ကျမ်းစာ၏ဖေါ်ပြချက်အတိုင်း ဤကမ္ဘာကြီးကို သမ္မာတရားအလင်း ထွန်းလင်းပေးရပါမည်။ ထိုသခင့်အမှုတော်မြတ်ကိုယ်စား ထာဝရဘုရားက စိတ်နှလုံးတို့ထိသဖြင့် စွန့်ကြဲလိုက်သောဤကမ္ဘာလောကကြီး၏ဘဏ္ဍာများ ကိုလည်း ကျွန်ုပ်တို့သည် လက်ခံရရှိကြသူများဖြစ်လာကြပါသည်။ (ChS 168.2)ChSBur 280.2

    ယခုအချိန်ကာလ၌ မတရားသောသူတို့၏လက်ထဲမှာ အများစုပိုင် ဆိုင်နေသောကမ္ဘာ့ချမ်းသာကြွယ်ဝမှုရတနာအပေါင်းတို့ကို ထာဝရဘုရားပိုင် တော်မူ၏။ နှုတ်ကပတ်ကျမ်းစာအဆိုအရ “ရွှေနှင့်ငွေကိုငါပိုင်သည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။” (ဟဂ္ဂ ၂း၈)။ “၁ဝ တော တိရစ္ဆာန်ရှိသမျှတို့နှင့် တစ်ထောင်သောတောင်ပေါ်မှာရှိသောတိရစ္ဆာန်တို့သည် ငါ၏ဥစ္စာဖြစ်ကြ၏။ တောင်ပေါ်မှာနေတတ်သောငှက်အပေါင်းတို့ကိုငါသိ၏။ ၁၂ တောသားရဲတို့သည် ငါ၌ရှိကြ၏။ ငါသည် ငတ်မွတ်လျှင် သင့်ကိုမပြော။ လောကဓာတ်နှင့်လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏။” (ဆာလံ ၅၀း၁၀- ၁၂)။ သို့ဖြစ်၍ ခရစ်ယာန်တို့သည် ထာဝရဘုရားသခင်၏နိုင်ငံတော် ဤကမ္ဘာမြေပေါ်မှာ ကျယ်ပြန့်တိုးပွားစေရေးအတွက် ကောင်းကင်ဘုံက ပို့ပေးလိုက်သောအခွင့်အရေးကို အကျိုးရှိစွာအသုံးချပါ။ မှန်ကန်သော အခြေခံမူစည်းမျဉ်းများကို ကျွန်ုပ်တို့သည် မြတ်နိုးသည်နှင့်အမျှ ဘုရားသခင် ပေးတာဝန်နှင့်အခွင့်အရေးကို ပို၍ပို၍ ပြည့်ဝစွာအသုံးတော်ခံရန်သတိရ သင့်ကြပေသည်။ (ChS 168.3)ChSBur 281.1