Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သတင်းစကား၏လက်ရုံးတော်

    ခန္ဓာကိုယ်တွင် လက်မောင်းနှင့်လက်သည် တစ်ဆက်တည်းနေသလို ဆေးကုသာသနာပြုအလုပ်သည် တတိယကောင်းကင်တမန်၏ သတင်းစကား အမှုတော်ကို ဆောင်ရွက်ခြင်းနည်းတူ ဆက်ဆံရေးအတိုင်းပါရှိစေဖို့ ကျွန်ုပ် အား ထပ်ကာတလဲလဲ လမ်းညွှန်နေတော်မူပါသည်။ ကောင်းကင်ဘုံဦးခေါင်း ဖြစ်သောသခင်ဘုရား၏လမ်းညွှန်မှုအောက်တွင် သူတို့သည် ခရစ်တော်ကြွလာ တော်မူရာလမ်းကို ပြင်ဆင်ပေးရန် ညီညွတ်စွာအလုပ်လုပ်ကြရသည်။ သမ္မာ တရားခန္ဓာကိုယ်၏လက်ရုံးတော်သည် တစ်သမတ်တည်းနိုးကြားမှု၊ တစ်သမတ် တည်းလုပ်ဆောင်မှုရှိပြီး ဘုရားသခင်သည်လည်း အားဖြည့်ပေးပါလိမ့်မည်။ သို့ရာတွင် လက်ရုံးသည် ခန္ဓာကိုယ်ဖြစ်သည်ဟု မဆိုရပါ။ တစ်ချိန်တည်း ၌လည်း ခန္ဓာကိုယ်သည် လက်ရုံးလက်မောင်းကို “သင့်ကိုငါမလိုပြီ” ဟု မပြောနိုင်ပါ။ ခန္ဓာကိုယ်သည် နိုးကြားတက်ကြွထက်သန်စွာလှုပ်ရှားရန် လက်မောင်းကိုလိုသည်။ နှစ်ခုစလုံးသည် သတ်မှတ်ထားသည့် အလုပ်ရှိသည်။ တလွဲတချော်စီလွတ်လွတ်လပ်လပ်လုပ်နေကြလျှင် ကြီးမားသောဆုံးရှုံးမှုကို တစ်ဦးချင်းစီတိုင်းက ခံစားရကြလိမ့်မည်။ (ChS 134.4)ChSBur 222.1

    ဆေးကုသာသနာပြုအလုပ်ကို လုပ်ကြရမည်။--- လက်သည် ခန္ဓာ ကိုယ်နှင့်ဆက်နေသကဲ့သို့ ထိုအလုပ်သည် ဘုရားသခင်အမှုတော်ထဲတွင် ရှိနေရ မည်။ (ChS 134.5)ChSBur 222.2