Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သာသနာပြုများအဖြစ်လုပ်ဆောင်နိုင်သောအမျိုးသမီးများ

    ငုံ့လျှိုးနေသောသမ္မာတရား၏အမှုတော်၌ ဖော်ထုတ်ခြင်း၊ ထင်ရှား စေခြင်းအလုပ်ကို အမျိုးသားများကဲ့သို့ အမျိုးသမီးများလည်း ပါဝင်လုပ်ဆောင် နိုင်ကြသည်။ ယခုကဲ့သို့သေရေးရှင်ရေးကာလတွင် အမျိုးသမီးများသည် အမှု တော်ထဲ၌ သူတို့နေရာကို သူတို့ယူနိုင်ကြသည်။ သခင်ဘုရားသည်လည်း သူတို့အားဖြင့် လုပ်ဆောင်တော်မူလိမ့်မည်။ အကယ်၍သာ ထိုအမျိုးသမီးတို့ သည် တာဝန်သိစိတ်နှင့်ပြည့်၍ ဝိညာဉ်တော်လွှမ်းမိုးမှုအောက်၌ လုပ်ဆောင် ကြပါလျှင် ယနေ့ကာလအတွက်လိုအပ်သောအေးဆေးတည်ငြိမ်ခြင်းကို သူတို့ရ ကြလိမ့်မည်။ ကယ်တင်ရှင်သည် မိမိ၏မျက်နှာတော်အလင်းကို ထိုသို့အနစ်နာ ခံဆက်ကပ်ကြသောအမျိုးသမီးများအပေါ်သို့ ရောင်ပြန်ဟပ်စေမည်။ ဤသို့ဖြင့် အမျိုးသားများလုပ်နိုင်သည်ထက် ပိုသောအစွမ်းတန်ခိုးကို သူမတို့ရကြလိမ့် မည်။ ယောက်ျားများမလုပ်ဆောင်နိုင်သောမိသားစုထဲ၌ အတွင်းကျကျဘဝ ထိတွေ့မှုရှိသည့်အလုပ်မျိုးကို သူမတို့လုပ်နိုင်ကြသည်။ ယောက်ျားများလက် လှမ်းမရောက်နိုင်သောသူများသို့ နှလုံးသားချင်းနီးကပ်စွာရှိစေခြင်းဖြင့် သူမ တို့ရောက်သွားနိုင်ကြ၏။ သူမတို့အမှုဆောင်ခြင်းကို လိုအပ်သည်။ အပြော အဆိုလိမ္မာသိုသိပ်၍ စိတ်နှိမ့်ချတတ်သည့်အမျိုးသမီးများသည် နေအိမ်များ၌ လူတို့အား သမ္မာတရားရှင်းပြပေးသောအလုပ်ကို ကောင်းကောင်းလုပ်နိုင်ကြ သည်။ ရှင်းပြပြောဆိုသောနှုတ်ကပတ်တော်စကားသည်လည်း တဆေးကဲ့သို့ ပွားများလာစေလိမ့်မည်။ ထိုသို့သောတရားသြဇာလွှမ်းမိုးခြင်းအားဖြင့် မိသားစု တစ်ခုလုံးသည် ခရစ်တော်၌ပြောင်းလဲခြင်းသို့ ရောက်လာကြပါလိမ့်မည်။ (ChS 27.2)ChSBur 36.2

    ဘုရားသခင်အတွက် အမှုတော်ဆောင်ရွက်သူအားလုံးသည် မာရိ နှင့်မာသတို့၌ရှိသောအစေခံလုပ်ကျွေးပြုစုလိုသောဆန္ဒနှင့် သမ္မာတရားကို ချစ်သောစိတ်ရင်းကောင်းခြင်းဆိုသည့် ဂုဏ်ဒြပ်များရောစပ်လျက်ရှိသင့်ကြ၏။ ငါနှင့်ငါ့အတွက်ဆိုသည်ကို မျက်စိအောက်က ဖျောက်ပစ်ရမည်။ ဘုရားသခင် သည် အထူးကြိုးစားလုပ်ဆောင်သောအမျိုးသမီးများ၊ မြော်မြင်ဆင်ခြင်တတ် သောသူ၊ ဖော်ရွေပျူငှာသောသူ၊ သိမ်မွေ့သူနှင့် မှန်သောကိုယ်ကျင့်တရား ကောင်းခြင်းရှိကြသည့်အမျိုးသမီးအမှုဆောင်များကို ခေါ်ယူတော်မူပါသည်။ ဘုရားသခင်သည် သူတို့ကိုယ်ကျိုးနှင့် တစ်ကိုယ်တော်သက်သောင့်သက်သာ ရှိခြင်းမှ စိတ်ခွာထွက်လာကြသောစိတ်ရှည်သည့်အမျိုးသမီးများကို ခေါ်ယူ တော်မူပါသည်။ သူတို့သည် သမ္မာတရားစကားကိုပြောခြင်း၊ အပ်နှံရန် လမ်းပြပေးနိုင်သူများနှင့်အတူ ဆုတောင်းခြင်း၊ အသက်ဝိညာဉ်များပြောင်းလဲ ရေးအတွက် လုပ်ဆောင်ခြင်းများ၌ ဘုရားသခင်သည် သူတို့ကိုခရစ်တော်၌ ဗဟိုပြုရှိစေလိမ့်မည်။ (ChS 27.3)ChSBur 37.1

    ညီအစ်မများသည် ဓမ္မစာစောင်မဂ္ဂဇင်းများ၊ ဝေစာများဖြန့်ချိခြင်း၌ ပုံမှန်ဝယ်ယူအသုံးပြုသူများကို ရှာတွေ့ ရန် ထိရောက်စွာအမှုဆောင်နိုင်ကြသည်။ ဤနည်းအားဖြင့် စိတ်ဝိညာဉ်များစွာ၏ရှေ့မှောက်သို့ သမ္မာတရားအလင်းကို ပို့ဆောင်ပေးနိုင်ကြသည်။ (ChS 28.1)ChSBur 37.2

    သက်သေခံခြင်းအရေး၌ သမ္မာတရားအလေးသာမှုကို အဆုံးအဖြတ် ပေးရန် စာရိတ္တသတ္တိကောင်းရှိကြသောအမျိုးမြင့်မြတ်သည့်အမျိုးသမီးကြီး များရှိကြပါသည်။ သူတို့သည် တာဝန်ရှိအသိစိတ်ဖြင့် သမ္မာတရားကို လက်ခံ ကြသည်။ သူတို့၌လိမ္မာပါးနပ်မှု၊ အမြော်အမြင်ရှိမှုနှင့် ကောင်းသောအစွမ်း အစများရှိကြသည်။ သူတို့သခင်အတွက် အောင်မြင်စွာအမှုဆောင်ကြသူများ လည်းဖြစ်လာကြလိမ့်မည်။ ခရစ်ယာန်အမျိုးသမီးများကို သခင်ဘုရားခေါ်တော် မူပါ၏။ (ChS 28.2)ChSBur 38.1

    ကျွန်ုပ်တို့၏ညီအစ်မများသည် စာပေကဏ္ဍ၌ ကြိုးစားလုပ်ဆောင် သူများဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏ထုတ်ဝေစာစောင်များ၊ ဝေစာများလက်ခံရ ကြသောမိတ်ဆွေများ၏ခံယူချက်အမှန်ကို ခွဲခြားနားလည်တတ်ကြသည်။ ကိုယ်ကျင့်တရားတည်ကြည်၍ ဂုဏ်သိက္ခာမြဲမြံသောအမျိုးသမီးများနှင့် နောက်ဆုံးသောနေ့ရက်များ၌ ကျွန်ုပ်တို့နေထိုင်အသက်ရှင်နေကြပါသည်ဟု ယုံကြည်သောအမျိုးသမီးများကို အလိုရှိနေပါသည်။ ဤကမ္ဘာလောကသို့ လေးနက်တည်ကြည်သောနောက်ဆုံးသတင်းစကားဖြင့် သတိပေးချက်သည် ကျွန်ုပ်တို့၌ရှိနေပါ၏။ ဤသူတို့သည် ဝေစာများနှင့် မစ်ရှင်အမှုဆောင်ခြင်း၌ ဘုရားသခင်အသုံးပြုနိုင်သောတစ်ဦးချင်းအမျိုးသမီးများဖြစ်ကြ၏။ ဤသူတို့ သည် ဝေစာများနှင့် ကျွန်ုပ်တို့ မြော်မြင်တွေးဆထုတ်ဝေထားသောပုဗ္ဗနိမိတ် စာစောင်များ(Signs of the Times) ဖြန့်ဝေခြင်း၌ သခင့်အတွက် အဖိုးတန် အမှုတော်ကို လုပ်ဆောင်နိုင်ကြပါသည်။ (ChS 28.3)ChSBur 38.2

    အမျိုးသမီးသည် သာသနာတော်၌ မဲပေးပိုင်ခွင့်ရှိသူတစ်ယောက် (သို့မဟုတ်) သာသနာရုံးအကြီးအကဲတစ်ဦးဖြစ်လာရမည်ကို ကျွန်ုပ်မထောက်ခံ လိုပါ။ သို့သော် သာသနာပြုသူတစ်ယောက်ဖြစ်လာရမည်။ သမ္မာတရား အလင်း စာပေးစာယူသင်တန်းပို့ချခြင်း၊ ဝေစာများထွက်ဝေခြင်း၊ ဤကာလ၏ ဗျာဒိတ်တော်အသံအကြောင်း ရေးသားထုတ်ဝေသောစာနယ်ဇင်းများ ပုံမှန်ဖတ်ရှု သူများစာရင်းကောက်ယူခြင်းအလုပ်များကို သူမကောင်းကောင်းလုပ်နိုင်ပါ သည်။ (ChS 28.4)ChSBur 38.3

    ယခုလို အမျိုးသမီးအမှုတော်ဆောင်တစ်ယောက်တည်းရှိသည့်နေရာ မှာ အမျိုးသမီးအမှုဆောင်အယောက်နှစ်ဆယ်ရှိမည်ဆိုလျှင် ဤသန့်ရှင်းသော သာနာပြုလုပ်ငန်းကို သူတို့သည် ယုယမြတ်နိုးစွာလုပ်ဆောင်လာကြမည်ဖြစ် သောကြောင့် သမ္မာတရားဘက်ဆီသို့ လူများစွာပြောင်းလဲရောက်လာကြသည် ကိုကျွန်ုပ်တို့မြင်တွေ့ ရမည်။ (ChS 28.5)ChSBur 39.1

    မိမိကိုယ်ကိုရှေ့တန်းမတင်၊ စိတ်နှလုံးနှိမ့်ချနူးညံ့သိမ်မွေ့သောခရစ် တော်၏စိတ်သဘောမျိုးဖြင့် နေရာမရွေး၊ အသက်ဝိညာဉ်ကယ်ဆယ်ရေး အတွက် အလုပ်လုပ်လိုကြသောအမျိုးသမီးများကို ယခုအခါအလိုရှိနေပါသည်။ (ChS 28.6)ChSBur 39.2

    ကျွန်ုပ်တို့၏ညီအစ်မများ ရာပေါင်းများစွာသည် သူတို့လိုလားလျှင် အမှုတော်ဆောင်နိုင်ကြပါသည်။ သူတို့နှင့်သူတို့၏ရင်သွေးငယ်များသည် ရိုးရိုး လေးနှင့်သပ်သပ်ရပ်ရပ်ရေရှည်ခံသည့် အဝတ်အစားများကို အလှဆင်ယင် ပစ္စည်းတန်ဆာများမပါ ဝတ်ဆင်သင့်ကြပါသည်။ မလိုအပ်ဘဲ နေရာတကာ သွားလာနေခြင်းမှသည် မစ်ရှင်အမှုတော်ထဲတွင် သူတို့၏အချိန်ကို အပ်နှံ ထားကြရမည်။ အဝေးရောက်မိတ်ဆွေများထံ မစ်ရှင်စာပေများရေးသား ပေးပို့နိုင်ပါသည်။ ကျွန်ုပ်တို့၏ ညီအစ်မများသည် အမှုဆောင်ခြင်းအကောင်း ဆုံးနည်းဟန်များကို တိုင်ပင်ဆွေးနွေးရန် အတူတကွတွေ့ ဆုံစည်းဝေးနိုင်ကြ သည်။ အလှူတော်ငွေဆက်ကပ်ရန်နှင့် အဝေးရောက်မိတ်ဆွေများဆီသို့ ပေးပို့ ရမည်ဖြစ်သောစာစောင်များ၊ ဝေစာများ၌ ရင်းနှီးသုံးစွဲရန် ငွေကိုစုဆောင်း ကြရမည်။ အခုအလုပ်မလုပ်ဘဲနေကြသူတို့၊ အလုပ်လုပ်ကြပါစို့။ ဘုရားသခင် ၏သားသမီးများဖြစ်ကြပါသည်ဟု ကြေညာပြောဆိုနေကြသောညီအစ်မ အယောက်စီတိုင်းသည် သူမလက်လှမ်းရောက်ရှိသောလူအားလုံးကို ကူညီရန် တာဝန်ရှိသည်ဟု အမှန်ခံယူချက်ရှိရမည်။ (ChS 28.7)ChSBur 39.3

    ဦးနှောက်စားသောခက်ခဲသည့်အလုပ်တာဝန်မျိုးကိုလုပ်ရန် ကျွန်ုပ်တို့ ၏ညီမငယ်များသည် အလွန်အကြောင်းရှာဆင်ခြေပေး၍ သူတို့ကိုယ်သူတို့ ခြွင်းချက်ထားလိုကြသည်။ သို့သော်လည်း ဤအလုပ်သည် ခရစ်ယာန်အတွေ့ အကြုံစုံလင်စေရန် သူတို့၌လိုအပ်သည့်စည်းကမ်းဖြစ်နေပါသည်။ ကျွန်ုပ်တို့ ၏ယုံကြည်ချက် (၂၈ ချက်) ကို မှန်ကန်စွာဖော်ထုတ်နိုင်သောဝေစာများ၊ စာစောင်များဖြန့်ဝေခြင်း၌ ကိုယ်တိုင်စိတ်ပါဝင်တစားရှိခြင်းဖြင့် သူတို့သည် သာသနာကွင်းအထဲအမှုတော်ဆောင်သူများဖြစ်ကြရမည်။ (ChS 29.1)ChSBur 40.1

    ညီအစ်မများတို့- သာသနာလုပ်ငန်းကို အလွန်ကြိုးစားလုပ်ဆောင် ရာတွင် ငြီးငွေ့အားနည်းခြင်းမဖြစ်လိုက်ပါနှင့်။ သင်တို့သည် ဆန္ဒရှိလျက် ဘုရားသခင်နှင့် ဆက်သွယ်နေပါလျှင် ဤအမှုသည် သင်ပါဝင်လုပ်ဆောင် သမျှတိုင်း၌ အောင်မြင်ခြင်းဖြစ်စေပါလိမ့်မည်။ စုံစမ်းမေးမြန်းခြင်းစာကိုမရေး မီ ဘုရားထံဆုတောင်းရန် နှလုံးကိုအမြဲချီမလိုက်ပါ။ သို့ဖြစ်လျှင် မှန်သော စပျစ်နွယ်ပင်၌ ကိုင်းဆက်စိုက်ရသောရိုင်းသောစပျစ်ကိုင်းတချို့ စုဆောင်းယူ ရာတွင် အောင်မြင်စွာသင်လုပ်ကိုင်နိုင်၍ ဘုန်းတော်ထင်ရှားခြင်းအသီးများလည်း သီးလာပါလိမ့်မည်။ ဤအမှုတော်၌ စိတ်နှိမ့်ချလျက်ပါဝင်လုပ်ဆောင်ကြသူ များအားလုံးသည် သခင်ဘုရား၏စပျစ်ဥယျာဉ်အတွင်းလုပ်ဆောင်သူများကဲ့သို့ သူတို့ကိုယ်သူတို့စဉ်ဆက်မပြတ် ပညာသင်ယူခြင်းရှိကြပါလိမ့်မည်။ (ChS 29.2)ChSBur 40.2

    -o-