Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှ

    စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုသည် လူတစ်ယောက်အနေဖြင့် လိုအပ် ချက်ဖြစ်ပြီး အချိန်ကာလတောင်းဆိုချက်အရလည်း ပြည့်မီစေရန် ကျွန်ုပ်တို့ ၌ရှိကိုရှိရမည့်အရာဖြစ်သည်။ (ChS 224.4)ChSBur 371.2

    သခင်ဘုရား၏အမှုတော်ထဲသို့ ကျွန်ုပ်တို့ဖြစ်ကတတ်ဆန်းကြုံရာကျ ပန်းဝင်ရောက်ပြီး အောင်မြင်မှုကိုမျှော်လင့်နေကြရမည်မဟုတ်။ သခင်ဘုရား သည် စိတ်ပါဝင်စားသူ၊ အတွေးအခေါ်ရှိသူလူများကို လိုချင်သည်။ ယေရှု သည် လုပ်ဖော်ကိုင်ဖက်ကို ခေါ်ယူသည်။ စမ်းတဝါးဝါးအမှားလုပ်တတ် သူကိုခေါ်ယူနေသည်မဟုတ်ပါ။ ဘုရားသခင်သည် ဖြောင့်မတ်စွာတွေးခေါ် တတ်သူ၊ ဉာဏ်ထက်သူများကို ဝိညာဉ်ကယ်တင်ရေးအတွက် လိုအပ်သော အမှုတော်မြတ်ကြီးကို ဝင်ရောက်လုပ်ကိုင်စေရန် လိုလားတော်မူသည်။ (ChS 224.5)ChSBur 371.3

    အချို့လူများအား စိတ်ပါဝင်စားလာအောင် လေ့ကျင့်ပေးခြင်းအား ဖြင့် ထိန်းသိမ်းကြပ်မတ်ပေးရန် လိုသည်။ တွေးခေါ်တတ်ဖို့ သူတို့အားစိုက် ကြရမည်။ သူတို့၏အခက်အခဲများကို ဖြေရှင်းပေးရန်အလို့ငှာ သူတို့အတွက် စဉ်းစားပေးဖို့ တစ်စုံတစ်ယောက်ကို မှီခိုနေကြရပါသည်။ သူတို့၏စိတ်ပိုင်း ဆိုင်ရာအတွေးအခေါ်သည် သဘောမပေါက်၊ မှတ်ဉာဏ်သည်လည်း မစွမ်းနိုင်။ သူတို့၌ ရှေ့ဆက်ခွဲခြားသတ်မှတ်ခံရခြင်းဆက်ဖြစ်နေပါလိမ့်မည်။ စိတ်ဓာတ် ရေးရာသင်ယူခြင်း၌ ကြိုးစားအားထုတ်မှုကို လူတစ်ဦးတစ်ယောက်စီတိုင်းက ပြုလုပ်ရမည်။ (ChS 224.6)ChSBur 371.4

    ဘုရားသခင်သည် ပျင်းရိခြင်း၊ စိတ်ပိုင်းဆိုင်ရာထိန်းသိမ်းမှုမရှိခြင်း၊ အတွေးအခေါ်ထုံထိုင်းခြင်းနှင့် မှတ်ဉာဏ်သည်းခြေမရှိခြင်းတို့၌ ကျေနပ်နေ ကြသူများကို လိုလားတော်မမူပါ။ (ChS 224.7)ChSBur 372.1

    ဘုရားသခင်၏လူများသည် သင်ယူခြင်း၌ လုံ့လဝီရိယရှိရမည်။ ဉာဏ်ပညာရှာဖွေရာ၌ ကြိုးစားရမည်။ နာရီတစ်နာရီကိုပင် အချိန်ဖြုန်းပစ်ခြင်း မရှိစေရ။ သူတို့၏စိတ်ရှည်အားစိုက်ကြိုးပမ်းမှုများမှတစ်ဆင့် လူတစ်ယောက်၏ အစွမ်းနှင့်သြဇာရှိခြင်းကဲ့သို့ ခရစ်ယာန်တစ်ယောက်၏ ထင်ပေါ်သောအဆင့် အကောင်းဆုံးသို့ တက်လှမ်းရောက်နိုင်ရမည်။ (ChS 225.1)ChSBur 372.2

    အခါအခွင့်သည် အဖိုးတန်၏။ အချိန်သည် ခရီးသွားလျက် ကုန်နေ သည်။ အစာစားဖို့ စောင့်ဆိုင်းနေရသောတစ်ခဏအချိန်၊ ချိန်းတွေ့ခြင်းကို စောင့်နေရာ၌ နောက်ကျရောက်လာသူကို မျှော်နေရချိန်၊ အကယ်၍သာ လက်ထဲမှာစာအုပ်တစ်အုပ်ရှိလျှင် ယင်းအချိန်ပိုင်းကလေးအတွင်း သင်ယူခြင်း၊ စာဖတ်ခြင်း (သို့မဟုတ်) ဂရုတစိုက်တွေးခေါ်ခြင်းတို့ကို လုပ်နိုင်သည်။ ဘာဖြစ် လို့မလုပ်နိုင်ကြရမှာလဲ။ (ChS 225.2)ChSBur 372.3

    ဆုံးဖြတ်ချက်ခိုင်မာသောရည်ရွယ်ချက်တစ်ရပ် ဇွဲကောင်းသောအလုပ် ခွင်နှင့်စေ့စပ်သေချာသောစီးပွားရေးအလုပ်လုပ်ချိန်တို့သည် လူတွေကိုသူတို့ သြဇာနှင့်အသုံးဝင်မှုအဆင့် အကောင်းဆုံးအရည်အချင်းပြည့်မီစေသောဉာဏ် ပညာရှာမှီးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာစည်းကမ်းကောင်းခြင်းတို့ကို တတ်စွမ်းနိုင် သည်။ (ChS 225.3)ChSBur 372.4

    တာဝန်ယူတတ်သည့်အဆင့်၌ရှိသောလူများသည် စဉ်ဆက်မပြတ် တိုးတက်နေရမည်။ သူတို့သည် အတွေ့အကြုံကောင်းများအပေါ်၌ ကျောက်ချ မှတ်ယူမနေရ။ သိပ္ပံပညာစူးစမ်းရှာဖွေရေးသမားများဖြစ်လာဖို့ မလိုအပ်ဟူ၍ လည်းတွေးမနေသင့်ပါ။ ဘုရားသခင်ဖန်ဆင်းသောသတ္တဝါများအနက် အကူ အညီအမဲ့ဆုံးဖြစ်သောလူသည် လောကအထဲဝင်ရောက်လာသောအခါ သူ၏ သဘာဝအတိုင်း အဖောက်ပြန်ဆုံးဖြစ်လင့်ကစား အတောမသတ်တိုးတက် မှုကို စွမ်းဆောင်နိုင်ကြသည်။ လူသည် သိပ္ပံပညာအားဖြင့် ဉာဏ်အလင်း ရနိုင်သကဲ့သို့ စင်ကြယ်သောအကျင့်သီလအားဖြင့်လည်း မျိုးဂုဏ်မြင့်နေနိုင် ကြ၏။ စိတ်ပိုင်းဆိုင်ရာတိုးတက်ခြင်း၊ အကျင့်သိက္ခာကောင်းခြင်းတို့ကို ဉာဏ် ရည်ဉာဏ်စွမ်းအပြည့်ဝဆုံးနှင့် စာရိတ္တစင်ကြယ်မှုကာလမရောက်မချင်း လူတွေ ကြိုးစားလုပ်နိုင်ကြသည်။ သို့သော် လူတို့သည် ကောင်းကင်တမန်များ၏ ပြည့်စုံမှုနှင့်စင်ကြယ်မှုအောက်တစ်ဆင့်နိမ့်လျက်သာရှိပါသေး၏။ (ChS 225.4)ChSBur 372.5

    ဘုရားသခင်နှင့်အတူတကွ လုပ်ဆောင်ကြသူများသည် ကိုယ်ခန္ဓာ အစိတ်အပိုင်းတိုင်း၌ ကျန်းမာခြင်းနှင့်စိတ်ပိုင်းဆိုင်ရာအရည်အသွေးပြည့်စုံခြင်း တို့အတွက် ကြိုးစားပြုစုနေကြရမည်။ မှန်မှန်ကန်ကန်ပညာသင်ယူခြင်းသည် ကျရာတာဝန်ကို ထမ်းဆောင်နိုင်ရေးအတွက် ကိုယ်၊ စိတ်နှင့်စာရိတ္တစွမ်းအင် များကို ပြင်ဆင်ခြင်းဖြစ်သည်။ ဤအမှုသည်လည်း ဘုရားသခင်၏တာဝန် ကိုဆောင်ရွက်နိုင်ဖို့အတွက် ကိုယ်စိတ်နှလုံးသုံးပါးကို သွန်သင်ခြင်းဖြစ်၏။ ဤသို့ပညာသင်ကြားခံယူခြင်းသည် ထာဝရအသက်ကို တည်တံ့ခိုင်မြဲစေ လိမ့်မည်။ (ChS 225.5)ChSBur 373.1

    စက်ပြင်အင်ဂျင်နီယာများ၊ ဥပဒေသမားများ၊ ကုန်သည်များ၊ အလုပ် မျိုးစုံနှင့်အသက်မွေးဝမ်းကျောင်းပြုသူလူအားလုံးသည် သူတို့အလုပ်အသီးသီး ၌ ကျွမ်းကျင်သူများဖြစ်ဖို့ သူတို့ကိုယ်တိုင်က ပညာသင်ယူခဲ့ကြရ၏။ ခရစ် တော်၏နောက်လိုက်ဆိုသူများသည် ဉာဏ်နည်းနေရမည်လော။ အမှုတော် ဆောင်သောသက်မွေးမှုသည် ဆက်ကပ်ရှိစဉ်အခါ အလုပ်ခန့်ထားနိုင်ဖို့ လမ်းကြောင်းနှင့်ရည်ရွယ်ချက်ကို မသိကျိုးကျွန်ပြုနေရအံ့လော။ ထာဝရ အသက်ကိုရစေဖို့ လုပ်သောလုပ်ငန်းသည် မြေကြီးပေါ်ရှိတွေးမိသမျှသော လုပ်ငန်းများ၏အထက်၌ရှိသည်။ ယေရှုထံသို့ ဝိညာဉ်များကိုခေါ်သွင်းဖို့ပေးနိုင် ဖို့ဆိုသည်မှာ လူ့သဘောကိုသိကျွမ်းရခြင်းနှင့် လူ့စိတ်ပညာကိုလေ့လာရခြင်း ပြီးစီးမှုရှိနေရမည်။ သမ္မာတရားအကြောင်းအရာသာမက အမှုတော်ကိုလူ ယောက်ျား၊ လူမိန်းမတို့ထံရောက်ရှိ၍ သိစေရန်ဆိုသည်မှာ စေ့စပ်သေချာသော အတွေးနှင့်စိတ်ပါလက်ပါဆုတောင်းခြင်းများစွာလိုအပ်ပါသည်။ (ChS 225.6)ChSBur 373.2