Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    မိမိကိုယ်ကိုမိမိကျေနပ်နေသောလူတန်းစား

    ရက်ရက်ရောရောလုပ်လိုခြင်း၊ အချစ်အားကြီးသောခံစားချက်များနှင့် ကောင်းမှုကုသိုလ်လုပ်ရန် နှစ်သက်ခြင်းတို့ကို လက်ကိုင်ထားကြောင်းနှင့် သတိမလစ်နေတတ်သည်ဟုဆိုကြသောလူတန်းစားတစ်မျိုးသည် ကျွန်ုပ်၏ အရှေ့သို့ရောက်လာကြသည်။ တစ်ချိန်တည်း၌ပင် ယခုတိုင်အောင် သူတို့ လုပ်နေတာဘာမျှမရှိသေးပါ။ သူတို့၌မိမိကိုယ်ကို မိမိကျေနပ်နေသောခံစားချက် စိုးမိုးနေသည်။ အကယ်၍ သူတို့သာ အခွင့်အရေးရကြမည်ဆိုလျှင် ဒါမှမဟုတ် အခြေအနေအသာစီးရလာမည်ဆိုလျှင်ဟုပြောပြီး အကြီးမြတ်ဆုံးသောအမှုတော် ကို သူတို့လုပ်နိုင်သည်၊ လုပ်ရလိမ့်မည်ဟူ၍ သူတို့ကိုယ်သူတို့ ကိုယ်တိုင် အလွန်အကျွံမြှောက်ပင့်နေကြကုန်၏။ သို့တိုင်အခွင့်အရေးတစ်ခုသူတို့စောင့် နေကြရသည်ဟုလည်းဆိုကြ၏။ သူတို့သည် ဆင်းရဲသားများအား မစို့မပို့ အစာနည်းနည်းလေးကိုပေးရန် နှမြောနေတတ်သောကပ်စေးနှဲသူ လူဆင်းရဲ သား၏စိတ်ကို စက်ဆုပ်ရွံရှာသည်ဆိုပြန်၏။ ဟိုလူတွေတစ်ကိုယ်ကောင်း ဆန်သည်၊ အများကောင်းကျိုးလုပ်ရန် ခေါ်ယူခြင်းခံကြရလိမ့်မည်မဟုတ်ဟူ ၍လည်း သူတို့ရှုမြင်ကြကုန်သည်။ ထိုသူသည် ကောင်းချီးရထားကြသည် ဖြစ်၍ သူ့ကိုအခွင့်ပေးထားပြီးသည့်အတိုင်း အခြားသူများအား လွှမ်းမိုးနိုင်စွမ်း နှင့်ရည်ရွယ်ချက်ရှိရှိမျှဝေပေးရာ၌ မတရားလုပ်ပစ်သည်မရှိ၊ ယုံကြည်စိတ်ချ အပ်နှံခြင်းကို မဖေါက်ဖျက်သော်လည်း သူ့ကောင်းချီးဘဏ္ဍာကို မြေမြှုပ် ထားကြသည်ဟု သူတို့မြင်ကြသည်။ မှန်ပါသည်။ သူတို့၏စေးနှဲခြင်းများ နှင့်တစ်ကိုယ်ကောင်းဆန်ခြင်းများအတိုင်း နေထိုင်ခဲ့ကြသူများသည် မိမိတို့၏ တွန့်တိုမှုလုပ်ရပ်များအတွက် ဖြေရှင်းချက်ပေးကြရမည်။ ပင်ကိုယ်စွမ်းရည် များကို အလွဲသုံးစားပြုခဲ့ခြင်းအတွက်လည်း ထာဝရဘုရားသခင်ထံ သူတို့စာရင်း ရှင်းကြရပါမည်။ ထိုမျှမက ထိုထက်ပို၍ပင် စာရင်းရှင်းကြရမည့်သူများမှာ ရက်ရောစွာလုပ်ကိုင်လိုစိတ်ရှိသူများနှင့် ဝိညာဉ်ရေးရာကိစ္စများ၌ ပင်ကိုယ် အတိုင်း အလျင်အမြန်ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိသူများသည် သူတို့မှန်းဆထား သည့်အခွင့်အရေးရောက်မလာသေး၍ စောင့်မျှော်နေစဉ် အလုပ်မလုပ်ဘဲ ထိန်ချန်နေကြပါလျှင် သူတို့၏တွန့်တိုစေးနှဲလိုသောဆန္ဒအသင့်ရှိခြင်းနှင့် အခြေ အနေကိုအလေးအနက်ထား၍ စဉ်းစားခြင်းတို့ကိုယှဉ်ကြည့်သော် သူတို့၏ ကပ်စေးနှဲသောဝိညာဉ်ဖက်နီးစပ်မိတ်ဆွေများထက် ပိုမိုလိုလိုလားလားရှိနေတတ် ကြပါသည်။ ဤမျှလောက်သူတို့ကိုယ်သူတို့ လှည့်စားနေကြ၏။ မသုံးမစွဲ ဘဲထားသောအရည်အချင်းများပိုင်ဆိုင်ခြင်းသက်သက်သည် သူတို့၌ တာဝန် များပိုတိုးလာရခြင်းများသာရှိလေမည်။ သူတို့၌ သခင့်စွမ်းရည်များရှိထားသည်ကို တိုးတက်အောင်လည်းမလုပ်၊ သို့မဟုတ် သိုမှီးသိမ်းဆည်းခြင်းလည်းမရှိခဲ့လျှင် သူတို့၏အခြေအနေသည် သူတို့စိတ်အထင်သေးနေကြသောမိတ်ဆွေအိမ်နီး ချင်းများထက် ပိုကောင်းလာမည်လည်းမဟုတ်ပါ။ “သင်တို့သည် သင်တို့၏ သခင့်အလိုတော်ကို သိကြပါလျက်နှင့် လုပ်ရမည့်အလုပ်ကိုမလုပ်ကြပါတကား” ဟု ထိုသူတို့အား ပြောရလိမ့်မည်သာတည်း။ (ChS 36.3)ChSBur 52.3

    Larger font
    Smaller font
    Copy
    Print
    Contents