Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အောင်မြင်ခြင်းလျှို့ဝှက်ချက်

    သင့်ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဟောပြောခြင်းအထဲသို့ အလွန် အလေးအနက်ထားခြင်းနှင့် စိတ်အားထက်သန်ခြင်းတို့ကို ယူတင်ပါ။ ထိုသို့ ပြုလျှင် သူတစ်ပါးတို့ကို သင်ဟောပြောပေးခဲ့သည့်အထွတ်အမြတ်ဖြစ်သည့် သမ္မာတရားခံစားမှုကို သင်ပေးကမ်းလိုက်နိုင်သည်ဖြစ်၍ သင်၌အသက်ရှင် သောလက်တွေ့ ဘဝကိုရလိမ့်မည်။ သခင်ယေရှုအတွက် သင်ဘာလုပ်လုပ်၊ သင်အလွန်အလေးအနက်ထားလုပ်နိုင်ရန် သင့်ခွန်အားအလုံးစုံကိုသုံးပါ။ အမြင့် ဆုံးသောအဆင့်သို့ သင်ရောက်လိုက်ပြီဖြစ်သောကြောင့် ပိုမြင့်မြင့်တက်လို့ မရနိုင်ဟူ၍ ဘယ်တော့မျှခံစားမနေရ။ လူတွေကိုစိတ်ပါဝင်စားလာစေရန် အမူအရာတစ်မျိုးဖြင့် သမ္မာတရားကို သင်ဟောပြောနိုင်ရအောင် ထိုတာဝန် ကြီးအပေါ် သင့်စိတ်ပိုင်းဖြတ်ထားရှိပါ။ သူတို့ရှေ့၌ သင်ပြသပေးနိုင်သော စိတ်ပါဝင်စားစရာအကောင်းဆုံးနှုတ်ကပတ်တော်အပိုင်းကို ဆုပ်ကိုင်ဟောပြော ပါ။ အချက်ကျကျတင်ပြခြင်း၊ သူတို့စိတ်ပါဝင်စားမှုကိုမြဲအောင် ထိန်းပေး ထားခြင်းနှင့်အတူ သခင်ဘုရား၏လမ်းခရီးအထဲသို့ဝင်ဖို့ သူတို့ကိုလမ်းပြပေး ပါ။ (ChS 144.1)ChSBur 238.1

    လူတွေကိုမိတ်ဆက်ပေးလိုက်နိုင်သည့် အမှုတော်မြတ်ကြီးတစ်ခုသည် သမ္မာကျမ်းစာကို ဖတ်ပြလိုက်ခြင်းသာဖြစ်သည်။ လူတိုင်းအိမ်တံခါးပေါက် ဆီသို့ ဘုရားနှုတ်ကပတ်တော်ယူသွားပါ။ လူတိုင်း၏အသိတရားထဲသို့ ရိုးရိုး ထုတ်ဖေါ်ချက်ဖြင့် တိုက်တွန်းပြောဆိုပါ။ “ကျမ်းစာကိုစေ့စေ့ဖွေရှာပါ” ဆိုသည့် သခင်ဘုရားမိန့်တော်မူခဲ့သည်ကို အထပ်ထပ်ပြောပြပါ။ ကျမ်းစာဖေါ်ပြချက် အတိုင်း ကောက်ယူရန်နှင့်ဘုရားသခင်၏ဉာဏ်အလင်းကို တိုးလျှိုးဆုတောင်း ယူရန် သူတို့ကိုသတိပေးတိုက်တွန်းရမည်။ သူတို့အပေါ် အလင်းထွန်းတောက် လာသောအခါ အဖိုးတန်ရောင်ခြည်တန်းတစ်ခုချင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြရန်နှင့် အကျိုးဆက်များကိုလည်း မကြောက်မရွံ့ သည်းခံယူဖို့ သွန်သင်ပေးပါ။ (ChS 144.2)ChSBur 238.2