Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပညတ်တော်ကို စောင့်ခြင်းသည်အပြစ်ဖုံးလွှမ်းဝတ်ရုံ

    ထာဝရဘုရား၏ ပညတ်တရားကို စောင့်ထိန်းရန် ဝန်ခံကြသူများ အပေါ်၌ အလားတူအန္တရာယ်ယနေ့တိုင်ရှိနေဆဲဖြစ်သည်။ ထိုသူတို့သည် မိမိတို့ကိုယ်ကိုချီးမြှောက်ပြောဆိုကာ ပညတ်တော်ကိုစောင့်ခြင်းဖြင့် ထာဝရဘုရား ၏တရားစီရင်မှုတန်ခိုးမှ ချမ်းသာရမည်ဟု မှတ်ယူကြသည်။ အပြစ်အတွက် ဆုံးမခံရခြင်းကို သူတို့ငြင်းပယ်ကြသည်။ ထာဝရဘုရားသခင်၏အစေခံ သူများကိုလည်း အသင်းတော်အတွင်း အပြစ်များကိုပထုတ်ရန် အလွန်စိတ် ထန်လွန်းသည်ဟု စွပ်စွဲပြောဆိုကြသည်။ အပြစ်တရားကို မုန်းတီးသောထာဝရ ဘုရားသခင်သည် ပညတ်တော်ကိုစောင့်မည်ဟု ဝန်ခံပြောဆိုကြသူများကို ဒုစရိုက်အပေါင်းတို့မှ ခွဲခွာထွက်ခဲ့ရန် ခေါ်ထုတ်နေပါသည်။ စကားတော်ကို နားမထောင်၊ နောင်တရရန်ငြင်းဆန်မှုသည် ရှေးခေတ်ဣသရေလလူတို့အပေါ် အပြစ်သက်ရောက်ခဲ့သကဲ့သို့ ယနေ့ခေတ်ထာဝရဘုရားသခင်၏လူတို့ အပေါ်သို့လည်း ပြင်းထန်သောပြစ်ဒဏ်ရလဒ်ကြီး ကျရောက်လာပါလိမ့်မည်။ ထာဝရဘုရားသခင်သည် မိမိ၏တရားစီရင်မှုကို အချိန်ဆွဲထားလိမ့်မည် မဟုတ်သောကာလသတ်မှတ်ချက်ရှိပါသည်။ (ChS 44.1)ChSBur 66.1