Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    လုံးလုံးလျားလျားစိတ်နှလုံးပါခြင်း

    ဘုရားသခင်၏လူများသည် ကိုယ်တော်၌ ပြည့်ဝစွာအမှုဆောင်ခြင်း၊ လုံးလုံးလျားလျားစိတ်နှလုံးပါခြင်းနှင့် မိမိကိုယ်မိမိချီးမြှောက်ခြင်းအမှုကို မလုပ် ထိုက်သောလူတစ်ယောက်ဖြစ်ပါသည်ဟု ခွဲခြားသိမှတ်ထားရမည်။ အခန့်ညား ဆုံးပဋိညာဉ်တစ်ရပ်အားဖြင့် သူတို့ကိုသူတို့ချည်နှောင်လျက် ဘုရားသခင်တစ်ပါး တည်းကိုသာလျှင် အစေခံနေပါသည်ဟု မှတ်ယူနေရမည်။ (ChS 236.1) လုံးလုံးလျားလျားစိတ်ပါလျက် အသေအချာစိတ်ဆုံးဖြတ်ပြီးသူ လူယောက်ျား၊ လူမိန်းမတို့သည် ယခုမတ်တတ်ရပ်ပြကြရလိမ့်မည်။ ခရစ် တော်သည် သူ၏နောက်လိုက်များကို အကြိမ်ကြိမ်အခါခါ ဆန်ခါချရွေးချယ် ခဲ့ပါသည်။ နောက်ဆုံးအချိန်တစ်ချိန်၌ လူတစ်ဆယ့်တစ်ယောက်နှင့် သစ္စာ ရှိသောအမျိုးသမီးအနည်းအကျဉ်းလောက်သာလျှင် ခရစ်တော်၏အသင်းတော် အခြေခံအုတ်မြစ်ကို ချပေးနိုင်ခဲ့ကြသည်။ ဝန်ထုပ်တင်ထမ်းရမည်ဆိုသောအခါ အချို့သူများနောက်ဆုတ်ကြပါလိမ့်မည်။ သို့သော် အသင်းတော်သည် အပြည့်ထွန်းတောက်တည်ရှိလာသောအခါ အသင်းသားများသည် တက်ကြွစွာ သီချင်းဟစ်ကျူးလျက် ချီကြွလာတတ်ကြသည်။ သို့သော် သူတို့ကိုကြည့် လိုက်ပါ။ သူတို့၌ စိတ်အားထက်သန်မှု ကုန်ခန်းသွားသည်နှင့် သစ္စာရှိရှိ လိုက်ပါလာသောလူကာလက် (Caleb) လိုလူတချို့သာလျှင် ရှေ့ထွက်လာ ပြီး မဆုတ်မနစ်သောဇွဲနှင့်အခြေခံသဘောတရားကို စွဲကိုင်ပြထားကြသည်။ ထိုသူများသည် ကယ်တင်ရှင်ထိန်းသိမ်းပေးထားသည့် သားများဖြစ်ကြ၏။ အမှုတော်သည် ကြိုးစား၍ရှေ့ဆက်သောအခါ အသင်းတော်သည် သစ္စာ တည်သောကူညီသူများကို တိုးတက်ထုတ်လုပ်သည်။ (ChS 236.2)ChSBur 391.2

    ဘုရားသခင်၏အမှုတော်ထဲတွင် စိတ်နှလုံးအပြည့်သာမရှိလျှင် မည်သူတစ်ဦးတစ်ယောက်မျှမအောင်မြင်နိုင်။ ထိုသူသည် အရာရာကိုတန်ဖိုး ထားမည်ဆိုလျှင် ခရစ်တော်ကိုသိကျွမ်းခြင်း၏ထူးချွန်မှုသူ၌ပျောက်လေ၏။ တစ်စုံတရာခြွင်းချက်ထားသောသူတစ်ဦးတစ်ယောက်မျှ ခရစ်တော်၏တပည့် တော်ဖြစ်မလာနိုင်ပါ။ ထို့အတူ ကိုယ်တော်နှင့်တွဲဘက်လုပ်ဆောင်သောသူ လည်းဖြစ်မလာနိုင်ပါ။ (ChS 236.3)ChSBur 392.1

    ထိုသူသည် ထင်ကြေးအပေးခံရခြင်းကိုမရသကဲ့သို့ မယုံကြည်သူ များအုပ်စုနှင့်အတူ စီးပွားရေးလုပ်ငန်းခွင်ဝင်ရောက်ရန်လည်း မစွမ်းနိုင်ကြပါ။ အဘယ်ကြောင့်ဆိုသော် ဤလောကကြီးသည် ဘုရားပေးထားသောသူတို့ အလုပ်ကိုသူတို့လုပ်ဆောင်ရာ၌ သူတို့ကိုဟန့်တားထားပါသည်။ (ChS 236.4) ရွေးနုတ်တော်မူသောသူသည် ခွဲခြားကန့်သတ်အလုပ်လုပ်သည်ကို လက်ခံတော်မူမည်မဟုတ်။ ဘုရားအတွက် နေ့စဉ်အလုပ်လုပ်နေသူသည် မိမိကိုယ်မိမိအညံ့ခံငြင်းပယ်ခြင်းအဓိပ္ပါယ်ကို လေ့လာရမည်။ (ChS 236.5)ChSBur 392.2

    Larger font
    Smaller font
    Copy
    Print
    Contents