Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အဆင့်မြင့် စံနှုန်းကိုထိန်းသိမ်းခြင်း

    ပြောင်မြောက်စွာလုပ်နိုင်သည့် အရည်အချင်းရှိသူများစွာသည် နည်းနည်းလေးပဲ အလုပ်ပြီးအောင်လုပ်နိုင်ကြသည်မှာ သူတို့၌ကြံစည်အားထုတ် မှုနည်းနည်းလေးသာရှိသောကြောင့်ဖြစ်၏။ လူထောင်ပေါင်းများစွာသည် လည်း သူတို့ဘဝကို ကြီးမားသောရည်ရွယ်ချက်ဖြင့် နေထိုင်ရန်မရှိဘဲ ကုန်လွန်သွားခဲ့ကြသည်။ သူတို့အရောက်သွားရမည့်အဆင့်မြင့်စံနှုန်းကိုလည်း မထားရှိကြပါ။ ဤသို့ဖြစ်ရသောအကြောင်းတစ်ရပ်မှာ သူတို့အပေါ်မှာ သူတို့ထားသောအဆင့်နိမ့်ခန့်မှန်းချက်တစ်ခုကြောင့်ဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့အတွက် အကန့်အသတ်မဲ့အနန္တတန်ဖိုးတစ်ခုကို ပေးခဲ့သည်။ ပေးခဲ့ သောတန်ဖိုးအတိုင်း . ကျွန်ုပ်တို့သည် ကိုယ်တိုင်၌ တန်ဖိုးထားတတ်ရန် ကိုယ်တော်လိုလားတော်မူ၏။ (ChS 238.3)ChSBur 395.3

    မြေကြီးပေါ်တွင် ယေရှုအသက်ရှင်စဉ် ကာလတစ်လျှောက်လုံး၌ ကိုယ်တော်သည် ကြိုးစား၍ အတိအကျအလုပ်လုပ်သူတစ်ယောက်ဖြစ်ပါ သည်။ ကိုယ်တော်သည် များစွာမျှော်လင့်ခဲ့၏။ ထို့ကြောင့်များစွာကြိုးစားခဲ့ သည်။ (ChS 238.4)ChSBur 395.4

    သခင့်အတွက် အစေခံအမှုဆောင်ပါဝင်နေသူသည် လူအများ၌ရှိ သည်ဟု သူတို့တွေးဆနေသည်ထက် ပို၍အဆင့်မြင့်သော၊ နက်ရှိုင်းသော၊ ကျယ်ပြန့်သောအတွေ့အကြုံရှိဖို့လိုအပ်သည်။ ဘုရားသခင့်မိသားစုကြီးတစ်ခု ၏အဖွဲ့သားများစွာသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရမည် ဆိုသည်ကို အနည်းအကျဉ်းလောက်သာလျှင် နားလည်ကြသေးသည်။ ဘုန်းတော်ဆင့်ကဲထွန်းတောက်စေရမည်ဆိုသည်ကိုလည်း မသိကြပါ။ ခရစ် တော်၏ထူးကဲခြင်းကိုလည်း မပြတ်မသားနားလည်မှုအသိအမြင်၌သာ ရှိထား ကြပါသေး၏။ သူတို့နှလုံးသားများ၌ ဝမ်းမြောက်ခြင်းတုန်ခါမြည်ဟည်းနေ ပါလိမ့်မည်။ ထို့အပြင် သူတို့သည် ကယ်တင်ရှင်၏မေတ္တာတော်ကို အပြည့် အဝနက်နက်ရှိုင်းရှိုင်းရဖို့အတွက် မျှော်လင့်နေပါလိမ့်မည်။ ဝိညာဉ်များကို ယုယမြတ်နိုးခြင်းသည် ဘုရားရှင်နောက်၌ သူတို့တစ်တွေရှိနေကြပါစေသော်။ (CHS 238.5)ChSBur 396.1

    ကျွန်ုပ်တို့၏ခေါင်းဆောင်သင်းအုပ်များ၊ သိပ္ပံပညာရှင်များနှင့်ဆရာ ဆရာမများ၊ အခြားသူများအားလုံးသည် သခင့်အတွက်အစေခံသောမည်သည့် လမ်းပေါ်၌မဆို ရှိနေသည်ဆိုလျှင် သူတို့အတွက် အကျွန်ုပ်သတင်းစကား ပြောရန်ရှိပါသည်။ သခင်ဘုရားသည် သင်တို့အား အဆင့်မြင့်မြင့်တက်လာ ရန်၊ သန့်ရှင်းခြင်းစံနှုန်းအဆင့်တစ်ခုအထိ ရောက်လာဖို့ဖိတ်ခေါ်နေပါ၏။ သင်သည် သင့်၌ရှိသည်ဟု သင်တွေးဆနေသည်ထက်ပို၍ နက်ရှိုင်းသော အတွေ့အကြုံရှိရမည်။ ဘုရားသခင်၏မိသားစုကြီးအဖွဲ့ဝင်ဖြစ်ပြီးသောသူ များစွာသည် ကိုယ်တော်၏ဘုန်းတော်ထင်ရှားစေရမည်နှင့် ဘုန်းတော်ဆင့်ကဲ ထွန်းတောက်နေစေရမည်ဆိုသည်ကို အနည်းအကျဉ်းလောက်သာလျှင် နားလည် ကြပါသေးသည်။ ခရစ်တော်၏ထူးကဲခြင်းကိုလည်း မပြတ်မသားနားလည်မှု အသိအမြင်၌သာ ရှိကြပါသေး၏။ သူတို့၏နှလုံးသားများ၌ ဝမ်းမြောက်မှု တုန်ခါမြည်ဟည်းနေပါလိမ့်မည်။ သူတို့သည် ကယ်တင်ရှင်၏မေတ္တာတော် ကိုအပြည့်အဝနက်နက်ရှိုင်းရှိုင်းရဖို့အတွက် မျှော်လင့်နေပါလိမ့်မည်။ သင်သည် အလိုမပြည့်စုံနိုင်ပါ။ သို့သော် စိတ်ပျက်အားလျော့ခြင်းမရှိပါစေနှင့်။ ယေရှု ဘုရားအား အကောင်းဆုံးနှလုံးနှင့်အသန့်ရှင်းဆုံးချစ်ခင်မှုကို ပေးအပ်ပါ။ အလင်းတန်းအားလုံးကို တန်ဖိုးထားတတ်ပါ။ ဘုရားရှင်ပြီးလျှင် သင်သည် ဝိညာဉ်များကို ဆန္ဒတပ်မက်၍ ယုယမြတ်နိုးချစ်ခင်ပါ။ သင့်ကိုယ်ကိုဝိညာဉ် အတွေးအခေါ်နှင့် သန့်ရှင်းသောလက်ပွန်းတတီးပြုခြင်းထုံးစံဖြင့် ဆက်ကပ် ပူဇော်ပါ။ သင်သည် ဘုရားဘုန်းတော်အရုဏ်ဦး ပထမအလင်းတန်းကို မြင်ခဲ့ရသူဖြစ်သည်။ သခင်ဘုရားအား သိကျွမ်းခြင်း၌ သင်လိုက်ပါနေသူဖြစ် လျှင် ကိုယ်တော်ထင်ရှားပြခြင်းသည် ကြွရောက်လာတော့မည်ကို ပြင်ဆင် နေခြင်းဖြစ်သည်ဟု သင်သိလာလိမ့်မည်။ “အရုဏ်ဦးအလင်းကဲ့သို့သော ဖြောင့်မတ်ခြင်းတရားလမ်းသည် ပြည့်ဝသောနေ့တစ်နေ့ဆီသို့ပို၍ပို၍ တောက်ပ ထွန်းလင်းပြပေးနေပါ၏။” ကျွန်ုပ်တို့၏အပြစ်များကို နောင်တရခြင်း၊ အပြစ် ဝန်ခံခြင်း၊ ခွင့်လွှတ်ခံရခြင်းအားဖြင့် ဧဝံဂေလိယုံကြည်ချက်၏ပြည့်ဝသော မွန်းတည့်ဒီရေအမြင့်ဆုံးထိ ကျွန်ုပ်တို့ရောက်မသွားမချင်း၊ ကျွန်ုပ်တို့သည် ခရစ်တော်ကို လေ့လာခြင်း၌ ဆက်လက်ရှိနေကြမည်။ (ChS 238.6)ChSBur 396.2