Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အမှုတော်ဆောင်များ၏အထူးအရည်အချင်း

    အချို့သူများသည် အဆင့်မြင့်လူတန်းစားထဲမှာအမှုဆောင်ရန် အထူး သင့်လျော်ကြသည်။ ထိုသူများသည် အဆင့်မြင့်လူတန်းစားကို သာမန်ရင်းနှီး ပေါင်းသင်းဖို့ သက်သက်မဟုတ်စေရဘဲ သူတို့အထဲ မည်သို့လှမ်းဝင်၍ ရောက်ရမည့်အကြောင်း ပညာပေးပါရန် ဘုရားသခင်ထံ ဆုတောင်းကြရမည်။ ကိုယ်တိုင်အားစိုက်ထုတ်ပြီး ယုံကြည်ခြင်းဖြင့် အသက်ရှင်ပြခြင်းအားဖြင့် သူတို့ ဝိညာဉ်နိုးထလာစေရန် ယေရှု၌ရှိသောသမ္မာတရားသိကျွမ်းရာဆီသို့ ရောက်လာ စေရန် ရည်ရွယ်ပေါင်းသင်းဆက်ဆံရမည်။ (ChS 203.3)ChSBur 338.2

    အဆင့်မြင့်လူတန်းစားတို့အတွက် အမှုဆောင်သူများသည် မိမိသိက္ခာ မိမိမှန်စွာစောင့်ထိန်းပြီး ကောင်းကင်တမန်များနှင့် အပေါင်းအသင်းဝင်များ ဖြစ်သည်ဟု မိမိကိုယ်မိမိမှတ်ယူရမည်။ သူတို့၏စိတ်နှလုံးဘဏ္ဍာသိုက်ကို စောင့်၍ “ကျမ်းစာလာသည်အတိုင်း” အချက်နှင့်အညီ နှလုံးရည်ပြည့်ဝနေ စေရမည်။ (ChS 203.4)ChSBur 338.3

    အဆင့်မြင့်လူတန်းစားဆီသို့လှမ်းဝင်ရန် အစဉ်ကြိုးပမ်းခြင်းရှိသူ အမှုတော်ဆောင်များသည် ယုံကြည်ခြင်းစိတ်အားကြီးရမည်။ အပြင်ပုံပန်းအား ဖြင့် အတားအဆီးဖြစ်နေမည်မြင်ရသော်လည်း အမှောင်ဆုံးအချိန်၌ အထက် မှအလင်းသူ့၌ရှိလာလိမ့်မည်။ (ChS 203.5)ChSBur 338.4

    ဘုရားသခင်သည် အဆင့်မြင့်လူတန်းစားဆီသို့ သတင်းကောင်း ရောက်စေရန် စိတ်ထက်သန်၍ စိတ်နှလုံးနှိမ့်ချတတ်သူအမှုဆောင်များကို ခေါ်ယူနေပါသည်။ (ChS 203.6)ChSBur 339.1

    Larger font
    Smaller font
    Copy
    Print
    Contents