Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ရွေးကောက်ခံရစဉ်အခါကလုလင်သူငယ်တစ်ယောက်မျှသာရှိသေးသော တိမောသေ

    ပေါလုသည် တိမောသေကို သစ္စာရှိခြင်း၊ တည်ကြည်ခြင်း၊ မှန်ကန် ခြင်းရှိသည်ဟု သိမြင်ခဲ့သည်ဖြစ်၍ အမှုတော်ဆောင်ခရီးထွက်ရာတွင် လက်တွဲ ဖေါ်တစ်ယောက်အဖြစ် ရွေးချယ်ခဲ့ပါသည်။ ငယ်စဉ်ကလေးဘဝ၌ တိမောသေ လေးအား သွန်သင်ပေးခဲ့ကြသူများသည် သူတို့ပြုစုခဲ့သောသားလေးတစ်ယောက် တမန်တော်ကြီးနှင့် တရင်းတနှီးအပေါင်းအသင်းဝင်အဖြစ် ရောက်သွားသည်ကို မြင်လိုက်ရသည့်ဆုလာဘ်အကျိုးရခဲ့သည်။ တိမောသေသည် ဆရာတစ်ဦး အဖြစ် ဘုရားသခင်ရွေးချယ်ခဲ့စဉ်အခါက လုလင်သူငယ်တစ်ယောက်မျှသာ ရှိပါသေးသည်။ သို့သော်လည်း သူ၏အခြေခံကိုယ်ကျင့်တရားသည် စောစော ပိုင်းပညာရေးအားဖြင့် တည်ဆောက်ပြီးစီးခဲ့သည်ဖြစ်၍ ရှင်ပေါလု၏ကူဖော် လောင်ဖက်တစ်ယောက်ဖြစ်သွားသောသူ့နေရာသည် သူနှင့်ကိုက်ညီစေခဲ့သည်။ ငယ်ရွယ်သော်လည်း တိမောသေသည် မိမိ၏တာဝန်ဝတ္တရားများကို ခရစ်ယာန် နူးညံ့သိမ်မွေ့မှုဖြင့် ခံယူခဲ့လေသည်။ (ChS 31.5)ChSBur 44.1