Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပျင်းရိသောအသင်းတော်သို့မေတ္တာရပ်ခံချက်တစ်ရပ်

    လူရာဂဏန်းလောက် အလုပ်လုပ်နေကြရမည့်နေရာ၌ တစ်ယောက် တည်းကသာလုပ်ဆောင်နေသည်ကိုတွေ့ ရသောကြောင့် နားမလည်နိုင်ဖြစ်ရ ပါ၏။ ဘုရားသခင်၏သားသမီးများဖြစ်ကြသည်ဟု ဝန်ခံပြောဆိုခဲ့ကြသူများ က စိတ်လက်မပါ၊ မသာမယာနှင့် နုံးခွေချည့်နဲ့နေကြသည်ကို ကောင်းကင် စကြဝဠာအရှင်သည် တအံ့တသြဖြစ်နေရ၏။ သမ္မာတရားထဲမှာ အသက်ရှင် သောတန်ခိုးပါရှိ၏။ (ChS 88.3)ChSBur 141.2

    ပျင်းရိခြင်းနှင့်မလှုပ်မရှားနေခြင်းအားဖြင့် ကျွန်ုပ်တို့ဘယ်တော့မျှ ကယ်တင်ခြင်းခံကြရမည်မဟုတ်။ အမှန်တကယ်ပြောင်းလဲရောက်လာသော လူတစ်ယောက်သည် အကူအညီမဲ့၊ အသုံးမရသောဘဝနှင့်အသက်ရှင်နေသည် ဆိုသည်မှာ မဖြစ်နိုင်ပါ။ ကောင်းကင်ဘုံထဲသို့ ကျွန်ုပ်တို့အလိုလိုလွင့်ပါဝင် သွားမည်ဆိုသည်မှာလည်း မဖြစ်နိုင်ပါ။ ပျင်းရိသောသူတစ်ယောက်မျှထိုအရပ် သို့ဝင်၍မရ။ မြေကြီးပေါ်မှာ ဘုရားသခင်နှင့်ပူးပေါင်းအလုပ်လုပ်ရန် ငြင်းဆန် သူသည် ကောင်းကင်ဘုံ၌ ကိုယ်တော်နှင့်ပူးပေါင်းလုပ်ဆောင်ခွင့်ရလိမ့်မည် မဟုတ်။ ကောင်းကင်ဘုံသို့ သူတို့ဝင်ရန်အတွက် ကယ်တင်ခံကြရမည်လည်း မဟုတ်။ (ChS 89.1)ChSBur 141.3

    ကောင်းကင်တစ်ခွင်သည် အသင်းတော်အပေါ်၌ ပြင်းပြသောစိတ် ဝင်စားခြင်းဖြင့် ကြည့်နေသည်။ အသင်းတော်၏တစ်ဦးချင်းသောအသင်း သားများက အမှောင်ထဲ၌ရှိသောသူများအား အလင်းပေးရန် လုပ်ဆောင်ခြင်း ရှိမရှိကို ရှုမြင်လိုကြခြင်းဖြစ်သည်။ (ChS 89.2)ChSBur 142.1

    သင်သည် ကြီးမြတ်တော်မူသောဘုရားသခင်နှင့် ရင်ဆိုင်နေသည် ဖြစ်သောကြောင့် လေးနက်တည်ငြိမ်စွာနှင့် စဉ်းစားလုပ်ဆောင်သင့်ပါသည်။ ထို့အတူ ဘုရားသခင်သည် ပြက်ချော်ချော်အလုပ်ခံရအောင် ကလေးဖြစ်သည် မဟုတ်ဆိုသည်ကိုလည်း အမြဲမှတ်သားသင့်၏။ ဘုရားဝန်တာကို ဆန္ဒရှိမှ သင်လုပ်ရမည်မဟုတ်ပါ။ ဝမ်းမြောက်ဝမ်းသာဖြစ်လျက်နှင့် သက်သက်ဖြင့် သာသင်လုပ်ဆောင်ရ၏။ (ChS 89.3)ChSBur 142.2

    ကောင်းကင်ဘုံဉာဏ်ကြီးရှင်များသည် လူသားကိုယ်စားလှယ်များနှင့် ပူးပေါင်းလုပ်ဆောင်ရန် စောင့်မျှော်နေကြသည်။ သို့သော် သူတို့ရောက်ရှိတည် နေသည်ကို ကျွန်ုပ်တို့က ခွဲခြားမသိမြင်နိုင်ကြပါ။ (ChS 89.4)ChSBur 142.3

    ကောင်းကင်ဘုံသားတမန်များသည် လူသားကိုယ်စားလှယ်များဖြစ် ကြသောအသင်းတော်ရှိ အသင်းသားများနှင့် အမှုတော်မြတ်ကြီးပြီးစီးသွားစေ ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားကြရန် စောင့်မျှော်နေခဲ့ကြသည်မှာ ကြာမြင့်ခဲ့ပါပြီ။ သင့်ကိုကောင်းကင်တမန်များစောင့်မျှော်နေပါသည်။ (ChS 89.5)ChSBur 142.4

    ဘုရားသခင်၏နေ့ရက်နီးကပ်လာပြီးဖြစ်သည့်တိုင် ဘာမျှမလုပ်ဘဲ နေကြသူလူများစွာရှိနေသေးသည်။ တာဝန်ယူရမည့်အပိုင်းကို သူတို့ရှောင်ရှား နေတတ်ကြသည်။ သူတို့တစ်တွေသည် ဘာသာရေးကြောင်သူတော်တွေအဖြစ် အဖြေထွက်လာ၏။ ဘုရားသခင်၏အမှုတော်ရှင်သန်ပတ်သက်နေသမျှကာလ ပတ်လုံးသူတို့၏အသက်ခရီးမှတ်တမ်းစာမျက်နှာသည် ဝမ်းနည်းပူဆွေးစရာ နှင့်ကွက်လပ်ဗလာဖြစ်နေဦးမည်။ သူတို့သည် ဘုရားသခင်၏ဥယျာဉ်ထဲ၌ ရှိသောသစ်ပင်များဖြစ်သော်လည်း မြေလေးအောင်နေရာယူရုံသက်သက်ဖြစ်၍ အသီးမသီးသည့်ကိုင်းမကြီးများနှင့်မြေကြီးပေါ် အရိပ်မည်းမည်းထိုးထားခြင်း ဖြင့် အသီးသီးမည့်အပင်တွေနေရာယူဖို့ အခက်ကြုံရသလိုဖြစ်၏။ (ChS 89.6)ChSBur 142.5

    ခရစ်တော်အတွက် နည်းနည်းလေး (သို့မဟုတ်) ဘာမျှမလုပ်မကိုင် သူများအတွက် အန္တရာယ်ရှိနေပြီ။ ဘုရားကျေးဇူးတော်သည် ထိုသူဝိညာဉ် ထဲမှာ ကြာစွာနေမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ထိုသူ၌အထူးအခွင့် အရေးကြီးနှင့်အခွင့်အလမ်းများရှိသည်ကို သူတို့ခပ်မဆိတ်ချန်ပစ်ထားကြလေ ၏။ (ChS 89.7)ChSBur 143.1

    ယခုအိပ်နေကြဖို့အချိန်မရှိတော့ပါ။ အသုံးမရသောဝမ်းနည်းခြင်း တွေနှင့်လွမ်းဆွေးနေရန် အချိန်မရတော့ပါ။ ပျင်းရိခြင်းအကြောင်းကို ယခု ပြောနေသောသူသည် ကောင်းသောအလုပ်လုပ်ဖို့ အဖိုးတန်အခွင့်အရေးဆုံးရှုံး ရမည်သာတည်း။ ကျွန်ုပ်တို့သည် ကောက်ရိတ်သိမ်းပွဲ၌ ကောက်လှိုင်းများ ကိုစုစည်းယူရန် အထူးအခွင့်အရေးနှင့် ကျေးဇူးတော်ခံယူထားကြရသည်။ ဝိညာဉ်ကယ်တင်ခြင်းခံရသူတိုင်းသည် ချစ်သောရွေးနုတ်ကယ်တင်ရှင်သခင် ယေရှု၏သရဖူပေါ်တွင် အပိုကြယ်ပွင့်တစ်ပွင့်ဖြစ်လာလိမ့်မည်။ တိုက်ပွဲကို အချိန်နည်းနည်းအပိုဆွဲ၍ ဖိတိုက်လိုက်ပြီးမှ အောင်ပွဲအသစ်နှင့်ထာဝရအိမ်၌ ဆုဖလားအများကို စုသိမ်းရလိုက်ပြီးမှသာလျှင် ကိုယ်၌လက်နက်စုံကို ဖြုတ်ချ တော့မည်ဟု စိတ်အားထက်သန်သူမည်သူတို့ရှိကြသေးသနည်း။ (ChS 90.1)ChSBur 143.2

    ကောင်းကင်ဘုံမှ သတင်းစကားပြောတမန်သည် သူ့အလုပ်သူလုပ် နေပါ၏။ ကျွန်ုပ်တို့ဘာလုပ်နေကြသလဲ။ ညီအစ်ကိုညီအစ်မများတို့ အချိန် ကိုရွေးနုတ်ယူဖို့ သင့်ကိုဘုရားသခင်ခေါ်ယူနေပြီ။ ဘုရားသခင်ဆီသို့ နီးစွာ ကပ်နေပါ။ သင့်အား ပေးထားသောဆုကျေးဇူးကို ဆွဲထုတ်သုံးလိုက်ပါ။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအကြောင်းနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာရန် အခွင့်အရေး ရှိကြသူလူတိုင်းသည် ယခုအခါ ရည်ရွယ်ချက်ရှိရှိ ဤဉာဏ်ကိုထုတ်သုံးကြ ရလိမ့်မည်။ (ChS 90.2)ChSBur 143.3

    သခင်ဘုရား၏ပတ္ထနာကို ထပ်ကာထပ်ကာ သင်ဘယ်လိုရွတ်ဆို နေသလဲ။ “နိုင်ငံတော်တည်ထောင်ပါစေသော၊ အလိုတော်သည် ကောင်းကင် ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟုဆိုနေပြီး အိမ်မှာ အေးအေးဆေးဆေးထိုင်၍ သူတစ်ပါးကိုသမ္မာတရားအလင်းပြပေးရန် မကူ မညီနေနေကြမလား။ သင်သည် သူတစ်ပါးကို စိုးစဉ်းမျှသာ ကူညီပေးခဲ့ ပြီးတော့ ဘုရားသခင့်ရှေ့တော်မှောက်၌ သင့်အတွက်နှင့် သင့်မိသားစုအတွက် ဘုရားသခင့်ကောင်းချီးကိုခံယူရန် သင့်လက်ကိုသင်ဘယ်လိုမြှောက်တင်နိုင် မည်နည်း။ (ChS 90.3)ChSBur 144.1

    ကျွန်ုပ်တို့အထဲ၌ရှိကြသူတချို့သည် သူတို့ကိုယ်သူတို့အချိန်ယူတွေး မိကြလျှင် သူတို့အား ဘုရားပေးထားသောအစွမ်းအစများကို အပြစ်မြင်ဘေးချ ထားပြီး ဘာမျှမလုပ်မကိုင်နေတတ်ကြသူတွေဖြစ်ကြောင်း မှတ်ယူလာကြ လိမ့်မည်။ ညီအစ်ကိုတော်များ၊ ညီအစ်မများတို့ သင်၏ရွေးနုတ်ကယ်တင် ရှင်နှင့် သန့်ရှင်းသောကောင်းကင်တမန်များအားလုံးသည် သင့်နှလုံးသား မာကျောနေသည်ကို စိတ်မချမ်းမသာဖြစ်နေကြပါ၏။ ခရစ်တော်သည် ဝိညာဉ် များကယ်တင်ခံရရေးအတွက် ကိုယ်အသက်ကိုပေးခဲ့ပြီ။ သင်သည် ယေရှု၏ မေတ္တာတော်ကို သိပြီးဖြစ်သော်လည်း ကိုယ်တော်အသေခံပေးခဲ့သောလူသူ များစွာသို့ ကျေးဇူးတော်တရားကောင်းချီးမင်္ဂလာဖြန့်ဝေပေးရန် အနည်းငယ် မျှသာလျှင် သင်အားစိုက်လုပ်ကိုင်နေ၏။ ဤသို့တာဝန်ကိုအလေးမထားဂရု မစိုက်နေခြင်းသည် ကောင်းကင်တမန်များကို အကြီးအကျယ်အံ့အားသင့် စေပါသည်။ တရားစီရင်ရာနေ့တွင် သင်ပစ်ပယ်ထားခဲ့သောဝိညာဉ်များကို သင်တွေ့ဆုံရလိမ့်မည်။ ထိုနေ့ရက်ကြီးတွင် သင်သည် ကိုယ်ပြုသည့်အမှုနှင့် ကိုယ်စီရင်ခံရလိမ့်မည်။ သခင်ဘုရားသည် သင့်အား ယခုပင်နောင်တရစေ ခြင်းရှိပါစေသော။ သခင်ဘုရား၏စပျစ်ဥယျာဉ်တွင်းသို့ အလုပ်လုပ်ရန် စေခိုင်း ခံရသူများသည် အလုပ်မလုပ်ဘဲနေသည့်အတွက် ထိုသူများ၌သခင်ဘုရား အပြစ်ခွင့်လွှတ်ခြင်းရှိပါစေသော။ (ChS 90.4)ChSBur 144.2

    ပျင်းရိဖင့်နွှဲသောအသင်းတော်သင်းဝင်များအား သူတို့၏ပင်ကိုယ် စွမ်းရည်ကို မြေတွင်းမှဖော်ထုတ်ပြီး အလဲအလှယ်ယူတင်အသုံးပြုလာဖို့ အမှန် သိမြင်လာကြစေရန် ကျွန်ုပ်တို့ဘယ်လိုပြောရပါ့မလဲ။ ကောင်းကင်နိုင်ငံတော် မလှုပ်မယှက်နေသူ၊ ပျင်းရိဖင့်နွှဲနေသူတစ်ယောက်တလေမျှ တွေ့ ရလိမ့် မည်မဟုတ်ပါ။ အိုဘုရားသခင်၊ အိပ်ပျော်နေသောအသင်းတော်များရှေ့၌ ဤကိစ္စအရေးကြီးကြောင်း သိအပ်စေတော်မူပါ။ အိုဇိအုန်မြို့ကြီး၊ နိုးထ၍ လှပသောဝတ်စုံကို သူမဆင်မြန်းပါလေစေ။ အိုသခင်၊ သူမတောက်ပလင်းလက် နေပြီကော။ (ChS 90.5)ChSBur 145.1

    သင်သည် အမှောင်ထဲ၌ရှိစဉ်အခါက သင့်အတွက် လုပ်ပေးခဲ့ရ သည့်အလုပ်ရှိသည့်အတိုင်း၊ သမ္မာတရားမသိသေးသူများအတွက် သင်အလုပ် လုပ်ပေးရမည့်အလုပ်များရှိသည်။ အိပ်နေဖို့အချိန်မဟုတ်၊ ဘာမျှမလုပ်ပျင်းရိ ထိုင်းမှိုင်းနေဖို့အချိန်မဟုတ်တော့ပါ။ အိမ်ကြီးရှင်သခင်သည် လူတိုင်းကို အလုပ်တစ်ခုခုပေးနေသည်။ ကျွန်ုပ်တို့ရှေ့ဆက်ကြမည်။ နောက်မဆုတ်ဘူး။ နေ့စဉ်ပြောင်းလဲလာသူများကို ကျွန်ုပ်တို့မြင်ချင်သည်။ ယေရှု၏မေတ္တာကို ကျွန်ုပ်တို့၏နှလုံးထဲ၌ တဒုတ်ဒုတ်ခုန်ထနေရလောက်အောင် ကျွန်ုပ်တို့လိုချင် ကြပြီ။ သို့နှင့်ဝိညာဉ်များစွာကို ကယ်တင်ခြင်းသို့ရောက်အောင် ကျွန်ုပ်တို့ သည် တန်ဆာပလာများဖြစ်ကြရမည်။ (ChS 91.1)ChSBur 145.2

    ဘုရားသခင်၏သားသမီးများဟူ၍ မိမိကိုယ်မိမိကြေညာပြီးသော ဝိညာဉ်ပိုင်ဆိုင်သူတိုင်းသည် မကောင်းမှုအရပ်ရပ်ကိုစွန့်၍ သူတစ်ပါးအား ကူညီလိုသောမေတ္တာစိတ်ကြွယ်ဝနေစေလိုကြောင်း သခင်ဘုရားယေရှုလိုလား တော်မူ၏။ မိမိကိုယ်ကိုမိမိငြင်းပယ်နိုင်ရမည်။ စိတ်နှလုံးနူးညံ့သိမ်မွေ့သူများ ဖြစ်လာစေရမည်။ ထိုသို့သောစိတ်ထားနှင့် အကျင့်ပိုင်းဆိုင်ရာပညတ်တော် တစ်ချက်ကို သခင်ဘုရားချမှတ်ပေးထားသည်ဖြစ်၍ ကျွန်ုပ်တို့အလုပ်လုပ် သောအခါ သတိပေးလျက်ရှိသည်။ ယေရှုပြောခဲ့သည်။ “အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင်နုတ်လိမ့်မည်။” သူတို့၌အခွင့်အရေးရလျက် မသုံးစွဲခဲ့ကြသူများ၊ ဘုရားသခင်ပေးထားသောကျေးဇူးတရားကို လေ့ကျင့်ခံ ယူခြင်းမရှိသူများ၊ ထိုအရာများကို လုပ်ကိုင်လိုစိတ်လည်းမရှိ၍ နောက်ဆုံး၌ ထုံထိုင်းအိပ်ငိုက်နေကြသူများသည် တစ်ခါက သူတို့ပိုင်ဆိုင်ခဲ့သည်များအားလုံး နုတ်ယူခြင်းခံကြရမည်။ ထိုသူများသည် အတွေ့အကြုံကြီးကြီးမားမားရဖို့နှင့် ကောင်းကင်ဘုံအရာ၌ ဉာဏ်ပညာတိုးတက်ရလာစေဖို့အတွက် ပြဌာန်းလုပ်ဆောင် ခြင်းမရှိကြသောကြောင့် စုံစမ်းခြင်း၊ သွေးဆောင်ခြင်းသို့ရောက်သောအခါ ရပ်တည်နေနိုင်ကြလိမ့်မည်မဟုတ်ပါ။ ညှဉ်းဆဲခြင်းနှင့်စုံစမ်းခြင်းရောက်လာ သောအခါ၌လည်း ဤလူမျိုးသည် သတ္တိမရှိ၊ ယုံကြည်ခြင်းလည်းပျောက်၏။ သူတို့၏အခြေခံအုတ်မြစ်သည် ပြိုပျက်မည်။ အဘယ်ကြောင့်ဆိုသော် အုတ်မြစ် ခိုင်မာသေချာမှုလိုအပ်ချက်များကို သူတို့မလုပ်ဆောင်ခဲ့ကြ၍ ဖြစ်သည်။ သူတို့ ၏ဝိညာဉ်များကို ထာဝရကျောက်မြတ်အထဲ သံမှိုစွဲသလိုနေအောင် သူတို့ မလုပ်ခဲ့ကြပါ။ (ChS 91.2)ChSBur 145.3

    နောက်ဆုံးသောနေ့ကြီးအရောက်၌ ကျွန်ုပ်တို့တရင်းတနှီးရှိခဲ့ကြသူ များသည် ကျွန်ုပ်တို့နှင့်ထာဝရခွဲခြားထုတ်ပယ်ခြင်းခံရသည်ကို တွေ့ရလျှင် ကျွန်ုပ်တို့၏မိသားစုဝင်များ၊ ကိုယ့်သားသမီးများသည်လည်း အကယ်၍ ကယ်တင်ခြင်းမရှိဟု တွေ့လိုက်ရလျှင် ကျွန်ုပ်တို့အိမ်သို ့ အလည်အပတ် ရောက်ခဲ့ကြပြီး စားပွဲ၌အတူစားဖူးခဲ့ကြသူများသည်လည်း ပျောက်ဆုံးစာရင်း ထဲမှာတွေ့ ကြရလျှင် ကျွန်ုပ်တို့ဘယ်လောက်စိတ်မအီမသာခံစားရလိုက်လေ မလဲ။ ကျွန်ုပ်တို့ကိုယ့်ကိုကိုယ်ပြန်မေးခွန်းထုတ်ပြီး မေးကြည့်ကြရမည်။ ဤသို့ ဖြစ်ရသည်မှာ ကျွန်ုပ်၏စိတ်မရှည်မှုများ၊ ခရစ်တော်နည်းတူမရှိသောကျွန်ုပ် ၏ပင်ကိုယ်စရိုက်လက္ခဏာများကြောင့် ဖြစ်ရလေလား။ ဤသို့ဖြစ်ရသည်မှာ အတ္တကိုမထိန်းချုပ်နိုင်၍ ခရစ်တော်၏ဘာသာသည် သူတို့၌မနှစ်မြို့ဖွယ်ဖြစ် ခဲ့ရလေသလား။ (ChS 91.3)ChSBur 146.1

    ခရစ်တော်မကြာမီကြွလာတော့မည်ဖြစ်ကြောင်း .. လောကကြီးကို သတိပေးရတော့မည်။ ဤအမှုအတွက်ဆောင်ရွက်ရန် ကျွနု်ပ်တို့၌အချိန်အ နည်းငယ်သာ ကျန်တော့သည်။ နှစ်များသည် ထာဝရအဖြစ်သို့ ဖြတ်ကျော် နေပြီ။ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ဦးစွာ ရှာဖွေနေကြခြင်းဖြင့် တိုးတက်ဖြစ်ပေါ်နေခဲ့သည်ဖြစ်၏။ အခြားသူများဆီသို့ အလင်းပျံ့နှံ့ရောက်စေရပါတော့မည်။ ယခုမှာ ဘုရားသခင်သည် ကြီးသော အလင်းနှင့်သမ္မာတရား၌တည်ဆောက်ပြီးကြသောကိုယ်တော်၏လူများကို သူတို့အပေါ်၌ အပ်နှင်းထားရှိသောအမှုများအားလုံး ဆောင်ရွက်ကြရန် ခေါ်ယူ နေပါသည်။ ထိုသူတို့သည် သူတို့အတွက်ရော၊ အခြားသူများအတွက်ပါ ယခင်အခါက တစ်ကြိမ်ဖူးမျှမလုပ်ဖူးသောအလုပ်ကို လုပ်ဖို့ခေါ်ယူခြင်းဖြစ်သည်။ သူတို့သည် အစွမ်းရှိသမျှအသုံးချခြင်း၊ အခွင့်တန်ခိုးရှိသမျှအားလုံးဖြင့် လက်တွေ့လုပ်ဆောင်ခြင်း၊ ကိုယ့်စွမ်းကိုယ်စရသည့်အရာအားလုံးနှင့်လုပ်ဆောင် ခြင်း၊ ဘုရားသခင်ပေးသောအလင်းကိုလည်း အကုန်အသုံးပြုခြင်းတို့ဖြင့် အခြားသူများကောင်းကျိုးကို လုပ်ဆောင်ပေးကြရမည်။ တရားဟောဆရာ ဖြစ်ဖို့ မကြိုးစားပါနှင့်။ ဘုရားသခင်အတွက် အစေခံအမှုဆောင်သူများဖြစ် လာအောင်ကြိုးစားကြပါ။ (ChS 92.1)ChSBur 146.2