Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အခန်း (၁၁)—ဆေးဖက်ဆိုင်ရာသာသနာပြုအလုပ်

    ပထမဦးဆုံးအရေးကြီးသောအလုပ်တစ်ခု

    ပဒေါင်၊ ယေရှုသည် မိမိ၏သာသနာပြုစဉ်ကာလအတွင်း တရားဟောပြော ခြင်းထက် ဖျားနာသူများကို အနာငြိမ်းစေရန် ပို၍အချိန်ယူဆက်ကပ်လုပ်ဆောင် ခဲ့သည်။ (ChS 132.1) မှူးတွင်ChSBur 218.1

    မှန်သောပြုပြင်ပြောင်းလဲရေးဝါဒီများမပေါ်မီ ဆေးဖက်ဆိုင်ရာသာသနာ ပြုအလုပ်သည် အိမ်တံခါးပေါက်များစွာကို ဖွင့်နိုင်ခဲ့သည်။ (ChS 132.2)ChSBur 218.2

    စစ်မှန်သောဆေးဖက်ဆိုင်ရာသာသနာပြုအလုပ်သည် ဧဝံဂေလိလေ့ကျင့် ခန်းဖြစ်သည်။ (ChS 132.3)ChSBur 218.3

    ဆေးကုသမှုသာသနာပြုအလုပ်သည် ဧဝံဂေလိလုပ်ငန်း၏ ရှေ့ဆောင် လမ်းပြဖြစ်ပါသည်။ နှုတ်ကပတ်တော်သာသနာနှင့် ဆေးကုသမှုသာသနာ လုပ်ငန်းတို့အထဲတွင် ဧဝံဂေလိသတင်းကောင်းတရားကို ဟောပြောခြင်း၊ လေ့ကျင့် ခြင်းများလုပ်ကြရမည်။ (ChS 132.4)ChSBur 218.4

    လောကကိုကယ်တင်သောအရှင်သည် တရားဟောပြောခြင်း အလုပ်ထက် ဒုက္ခရောက်နေသူများနှင့် ရောဂါခံစားနေရသူများအား အနာငြိမ်းစေခြင်းအမှုကို ပို၍အချိန်ယူဆက်ကပ်လုပ်ဆောင်ခဲ့သည်။ ကိုယ်တော့်တမန်တော်များအား နောက်ဆုံးပေးသောအမိန့်စကားအရ ကိုယ်တော် ၏မြေကြီးပေါ်အမှုဆောင်သောကိုယ်စားလှယ်များသည် နာမကျန်းသူများအား နေပြန်ကောင်းလာဖို့ လက်တင်ဆုတောင်းပေးကြရန်ဖြစ်သည်။ သခင်ဘုရား ပြန်ကြွလာသောအခါ ဖျားနာသူများထံ အလည်အပတ်သွားရောက်ခဲ့သူ၊ ဒုက္ခရောက်သူများ၏လိုအင်များကိုပြုစု၍ သက်သာစေခဲ့သူတို့ကို ချီးကျူး ဂုဏ်ပြုပါလိမ့်မည်။ (ChS 132.5)ChSBur 218.5

    ဆေးကုသမှုသာသနာပြုလုပ်ငန်းသည် တတိယကောင်းကင်တမန်၏ သတင်းစကားတည်းဟူသောယနေ့အတွက် ကယ်တင်ခြင်းဆိုင်ရာသမ္မာတရားကို ဟောပြောတင်ဆက်နိုင်ရေးအတွက် လမ်းဖွင့်ပေးလိမ့်မည်ဖြစ်ကြောင်း ကိုယ်တော် ပုံစံချပေးခဲ့ခြင်းဖြစ်သည်။ အကယ်၍သာ ဤပုံစံအတိုင်းလုပ်ဆောင်ခဲ့လျှင် သတင်းကောင်းစကားမညှိုးနွမ်းသွားနိုင်သလို တိုးတက်မှုတွင်လည်း အတား အဆီးမရှိပါချေ။ (ChS 132.6)ChSBur 218.6

    ပထမဦးဆုံးလုပ်ပေးရမည်မှာ ဆင်းရဲသူများ၏လောကီလိုအင်များကို ဖြည့်ဆည်းပေးရန်နှင့် သူတို့၏ခန္ဓာကိုယ်မကျန်းမာခြင်းဝေဒနာများကို သက်သာ စေရန်ဖြစ်သည်။ ထိုသို့အားဖြင့် သင်သည် ကောင်းသောအကျင့်သီလမျိုးစေ့ နှင့်ဘာသာတရားကို စိုက်ပျိုးပေးရမည့်လူတို့၏နှလုံးသားများဆီသို့ လမ်းပွင့် သွားသည်ကို မြင်ရပါလိမ့်မည်။ (ChS 132.7)ChSBur 219.1

    ဖျားနာသူများနှင့်စိတ်မချမ်းမြေ့နေကြသူများထံ အလည်အပတ်သွား ရောက်၍ ပြုစုပေးခြင်း၊ သူတို့ကိုအလင်းရစေဖို့ အကူအညီပေးခြင်းနှင့်ယေရှု အပေါ် သူတို့ယုံကြည်ခြင်းမြဲမြံစေရန် အမှုဆောင်ခြင်းထက် ဝိညာဉ်ခွန်အား ပိုကောင်းအောင်၊ ကြိုးပမ်းခြင်းပိုမိုတိုးတက်လာအောင်၊ အလေးအနက်ခံစားရမိ အောင် အဘယ်အရာမျှ လုပ်ပေးနိုင်သည်မရှိတော့ပြီ။ (ChS 132.8)ChSBur 219.2

    Larger font
    Smaller font
    Copy
    Print
    Contents