Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    တရားမျှတသောအကျိုးတစ်ရပ်

    ဘုရားသခင်သည် ကောင်းမြတ်တော်မူသည်။ ကိုယ်တော်သည် သနားခြင်းကရုဏာတော်နှင့်ကြင်နာသောနှလုံးသားရှိတော်မူ၏။ ကိုယ်တော် သည် ဘုရားသခင်သားသမီးတစ်ယောက်စီတိုင်းနှင့် ရင်းနှီးစွာဆက်ဆံသည်။ ကျွန်ုပ်တို့တစ်ယောက်ချင်းစီတိုင်းက ဘာလုပ်နေကြသည်ကိုလည်း သိရှိတော် မူသည်။ တစ်ယောက်ချင်းစီကိုလည်း မည်ရွေ့မည်မျှချီးမွမ်းအမှတ်ပေးရမည် ဆိုသည်ကို သိတော်မူ၏။ သင်၌ရမည့်ကောင်းကျိုးအမှတ်စာရင်းနှင့် ရှုတ်ချ အမှတ်စာရင်းတို့ကိုချခင်း၍ ဘုရားသခင်ကိုယ်တိုင်ပြုစုစေရန် မအပ်ပြီလော။ အကယ်၍ သင်သည် ဘုရားသခင်ပေးအပ်သည့်အလုပ်ကို နာခံပြုစုလျှင် ဘုန်းဦးရစ်သရဖူကို သင်ဆောင်းရလိမ့်မည်။ (ChS 268.3)ChSBur 446.3

    ဘုရားသခင်သည် ကျွန်ုပ်တို့ရမည့်အကျိုးပမာဏကို မေးခွန်းမထုတ်ဘဲ ကိုယ်တော်ထံ၌ အနားယူရန် ကျွန်ုပ်တို့ကိုလိုလားတော်မူသည်။ ခရစ်တော် သည် ဝိညာဉ်ရေးကိုစောင့်သောအခါ အကျိုးအတွက် အတွေးကိုအမြင့်ဆုံး၌ ထားသည်မဟုတ်။ ဤအရာသည် ကျွန်ုပ်တို့အမှုဆောင်ရခြင်း၏အကြောင်း ၏ရည်ရွယ်ချက်မဟုတ်ပါ။ (ChS 268.4)ChSBur 447.1

    အမိုးအောက်ထပ်ခိုးမှ၊ တဲစုတ်ထဲမှ၊ မြေအောက်အကျဉ်းတိုက်ထဲမှ၊ ကြိုးစင်ပေါ်မှ၊ တောင်ပေါ်နှင့်သဲကန္တာရအတွင်းမှ၊ မြေကြီးတွင်းဂူနှင့်ပင်လယ် လိုဏ်ဂူကြီးအတွင်းမှ ဘုရားသခင်သားသမီးများအားလုံးကို ခရစ်တော်ကိုယ်တိုင် ခေါ်ယူစုစည်းပါလိမ့်မည်။ ထိုသူများသည် မြေကြီးပေါ်၌ ခိုကိုးရာမဲ့ဖြစ်ခြင်း၊ ဒဏ်ရာအနာတရရှိခြင်းနှင့် အလွန်အမင်းစိတ်ဆင်းရဲခြင်းရှိခဲ့ကြသည်။ လူသန်း ပေါင်းများစွာသည် သင်္ချိုင်းတွင်းထဲသို့ အရှက်တရချသွင်းခြင်းခံနေကြရ၏။ အကြောင်းမှာစာတန်လုပ်စေလိုသောလှည့်ဖြားခြင်းကို လွန်ဆန်၍ သူတို့ငြင်း ဆိုခဲ့ကြသောကြောင့်ဖြစ်သည်။ လူသားတရားခွင်၌ ဘုရားသခင်သားသမီး များကို အဆိုးရွားဆုံးရာဇဝတ်ကောင်များအဖြစ် စီရင်ချက်ချမှတ်တတ်ကြ သည်။ “ဘုရားသခင်သည် ကိုယ်တိုင်တရားစီရင်တော်မူမည်” ဆိုသောနေ့ရက် ရောက်လုနီးပါပြီ။ ထိုအခါ မြေကြီးစီရင်ချက်သည် ကပြောင်းကပြန်ဖြစ်ပေ မည်။ “ကိုယ်တော်၏လူများကို ဆုံးမခြင်းအမှုကို ကိုယ်တော်ယူထုတ်ပစ် မည်။ ဖြူသောဝတ်ရုံကို သူတို့တစ်ယောက်ချင်းစီတိုင်းအား ပေးအပ်မည်။ ထို့နောက် “သူတို့ကိုသန့်ရှင်းသောသူ၊ ဘုရားသခင်ရွေးနုတ်ကယ်တင်သော သူ” ဟူ၍ ခေါ်ဆိုကြလိမ့်မည်။ (ChS 268.5)ChSBur 447.2

    Larger font
    Smaller font
    Copy
    Print
    Contents