Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စမ်းသပ်မှုဖြစ်စဉ်

    ဘုရားသခင်သည် ကျွန်ုပ်တို့၏ ပုံမှန်ဖြစ်ရပ်များအားဖြင့် ကျွန်ုပ်တို့ အား စမ်းသပ်သက်သေပေးနေသည်။ ယင်းသည် နှလုံးသားကဏ္ဍကို ဖွင့်ပေး နေသည့်အနည်းငယ်သောအကြောင်းအရာများဖြစ်၏။ ထို့အပြင် ဘဝ အကြောင်းစုံပျော်ရွှင်မှုကိုဖြစ်စေသော ဂရုစိုက်မှုအနည်းအကျဉ်းဖြစ်ရပ်ငယ် အများအပြားနှင့်ဘဝ၏ရိုးသားရည်မွန်ခြင်းလည်းဖြစ်သည်။ ထို့ပြင်လည်း ဘဝ အကြောင်းစုံငြိုငြင်စရာများကို ဖွဲ့ဆိုသီကုံးပေးသောသနားခြင်း၊ အားပေးခြင်း၊ ကရုဏာစကားပြောခြင်းများကို ပစ်ပယ်လိုက်ခြင်းဖြစ်သည်။ နောက်ဆုံးမြင် တွေ့ ရနိုင်သည်မှာ ကျွန်ုပ်တို့၏ဝန်းကျင်ရှိ လူအများကောင်းကျိုးနှင့်ပျော်ရွှင် မှုအတွက် မိမိကိုယ်ကိုမိမိငြင်းပယ်ပြုစုခြင်းသည် ကောင်းကင်ဘုံရှိ အသက် မှတ်တမ်းတွင် ဝေစုကြီးကြီးပါဝင်ခွင့်ရခြင်းဖြစ်ပါသည်။ (ChS 191.3)ChSBur 320.1

    ဘုရားသခင်၏မစတော်မူခြင်းထဲတွင် မုဆိုးမများ၊ မိဘမဲ့များ၊ မျက်စိမမြင်နားမကြားခြေလက်မသန်မစွမ်းသူများနှင့် .. အကြောင်းမျိုးစုံဖြင့် ဒုက္ခရောက်နေကြသူများကို ကိုယ်တော့်အသင်းတော်၏ခရစ်ယာန်များဆက်ဆံ ရေးနှင့်နီးကပ်စွာနေရာချပေးထားသည်။ ဤသို့ပြုသည်မှာ ကိုယ်တော်၏လူ များကို သက်သေဖြစ်စေရန်နှင့် သူတို့၏စစ်မှန်သောစရိုက်လက္ခဏာများ တိုးတက်လာစေဖို့ဖြစ်သည်။ ထာဝရဘုရား၏ကောင်းကင်တမန်များသည် လည်း ကျွန်ုပ်တို့၏သနားကြင်နာ၊ မေတ္တာနှင့်အတ္တကင်းသောစေတနာဖြင့် ထိုသူများကို ကျွန်ုပ်တို့မည်သို့ဆက်ဆံပြုမူနေသည်ကို စောင့်ကြည့်နေကြပါ သည်။ ဤအရာသည် ကျွန်ုပ်တို့၏စရိုက်လက္ခဏာများကို ဘုရားသခင် စမ်းသပ်စစ်ဆေးခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကျမ်းစာအတိုင်းမှန်သော ဘာသာရေး၌ရှိလျှင် ခရစ်တော်၏ညီအစ်ကိုများကိုယ်စားပြုစုပေးရန် မေတ္တာ တရား၊ အကြင်နာတရားနှင့် အကျိုးဆောင်ခြင်းများသည် ကိုယ်တော်၌ပေးဆပ် ရန် အကြွေးတင်နေသည်ကို ခံစားမိကြလိမ့်မည်။ ကျွန်ုပ်တို့သည် ကျေးဇူး တော်နှင့်မထိုက်မတန်ဘဲ အပြစ်သားအဖြစ်၌ရှိစဉ်တွင်ပင် ကျွန်ုပ်တို့အား အတိုင်းအဆမဲ့မေတ္တာတော်နှင့်ချစ်တော်မူခဲ့သော သခင်ဘုရားအတွက် ထိုထက် မနည်းသောကျေးဇူးတရားကို ကျွန်ုပ်တို့ပြသနိုင်ကြရမည်။ (ChS 191.4)ChSBur 320.2