Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၃)—ဘုရားသခင်၏လူတို့အတွင်းရှိအခြေအနေများ

    သာသနာပြုစိတ်ကင်းမဲ့ နေကြခြင်း

    ခရစ်တော်ကြွလာတော်မူခြင်းကို မြော်လင့်သောသတ္တမနေ့ဥပုသ် စောင့်ကြသူတို့အထဲတွင် သာသနာပြုစိတ်နည်းနည်းလောက်သာရှိနေပါသည်။ အကယ်၍ သင်းအုပ်ဆရာများနှင့်အသင်းသူ/ အသင်းသားများသည် လုံလောက် သောနိုးထမှုသာရှိခဲ့ပါလျှင် ဘုရားသခင်သည် သူတို့ကိုပညတ်တရား၏ သိုလှောင်ရာအိမ်အဖြစ် ဖန်ဆင်းကာ ဂုဏ်ပြုထားလျက်ရှိစဉ် သူတို့၏စိတ်အာရုံ အထဲ၌ ပုံနှိပ်သွင်း၍ သူတို့၏နှလုံးသားအတွင်း၌လည်း ရေးမှတ်ထားခြင်း ရှိသဖြင့် သူတို့သည် ဤကဲ့သို့လျစ်လျူရှုနေသွားကြလိမ့်မည်မဟုတ်ပါ။ (ChS 35.1)ChSBur 50.1

    စစ်မှန်သောသာသနာပြုစိတ်ဓာတ်သည် အသင်းတော်ကို စွန့်ခွါသွား သည်ဖြစ်သောကြောင့် သက်မွေးမှုဓမ္မဆရာအဖြစ် လုပ်စားနေသူတွေသာ များစွာဂုဏ်မြှင့်တက်နေကြ၏။ သူတို့၏စိတ်နှလုံးသည်လည်း အသက်ဝိညာဉ် များကို မေတ္တာရောင်အလင်းမပေးနိုင်တော့သလို ခရစ်တော်၏သိုးခြံထဲသို့ ဦးဆောင်မောင်းသွင်းလိုစိတ်လည်းမရှိတော့ပါ။ စိတ်အားထက်သန်သောဓမ္မ ဝန်ဆောင်များကို ကျွန်ုပ်တို့အလိုရှိသည်။ “ကျွန်ုပ်တို့ထံလာ၍ ကူညီမစပါ ဦး” ဟူ၍ နေရာအနှံ့မှအော်ခေါ်ငိုကြွေးသံကို တုံ့ပြန်မည့်သူမရှိတော့ပြီလော။ (ChS 35.2)ChSBur 50.2

    ကျွန်ုပ်တို့သည် ပြည့်စုံခြင်းမရှိကြောင်းကို လူတစ်ယောက်အနေဖြင့် ကျွန်ုပ်သက်သေပြခဲ့ပါသည်။ ကျွန်ုပ်တို့၏လုပ်ဆောင်မှုများသည် ကျွန်ုပ်တို့ ၏ယုံကြည်ချက်နှင့် တခြားစီဖြစ်နေ၏။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် သေမျိုးလူသားတို့အား အစဉ်ပေးကမ်းခဲ့သောတည်ကြည်လေးနက်ပြီး အရေး အကြီးဆုံးကြေညာခြင်းအောက်၌ ကျွန်ုပ်တို့အသက်ရှင်နေထိုင်ရကြောင်းကို သက်သေခံလျက်ရှိသည်။ သို့ပင်ဖြစ်ငြား ဤအမှန်တရား၏ အလုံးစုံမြင်ကွင်း ကိုကြည့်သော် ကျွန်ုပ်တို့၏ကြိုးပမ်းမှု၊ ကျွန်ုပ်တို့၏စိတ်အားကြီးမှု၊ ကျွန်ုပ် တို့၏ကိုယ်တိုင်စွန့်လွှတ်အနစ်နာခံသောစိတ်ဓာတ်များသည် အမှုဆောင်ခြင်း စရိုက်လက္ခဏာများနှင့် နှိုင်းယှဉ်ကြည့်လို့မရသလောက်ဖြစ်၏။ ကျွန်ုပ်တို့ သည် သေရာမှနိုးထကြရမည်။ ခရစ်တော်သည်လည်း ကျွန်ုပ်တို့အား အသက် ကိုပေးလိမ့်မည်။ (ChS 35.3)ChSBur 50.3

    ကျွန်ုပ်တို့၏အသင်းတော်သည် အသင်းသူ/အသင်းသားများ၏ ဘုရားသခင်ကို အလေးအနက်တာဝန်ယူခြင်းအသိတရားအဘယ်မျှနည်းပါး နေသည်ကို ခံစားမိကြောင်း ကျွန်ုပ်တွေးမိသောအခါ ကျွန်ုပ်နှလုံးနာရပါသည်။ သင်းအုပ်ဆရာများသာလျှင် ခရစ်တော်၏စစ်သည်ဖြစ်ကြသည်မဟုတ်ပါ။ ခရစ် ယာန်တပ်တော်၌ စာရင်းဝင်သူယောက်ျား၊ မိန်းမတိုင်းသည်လည်း ခရစ်တော် ၏စစ်သည်များဖြစ်ကြပါသည်။ ခရစ်တော်သည် ကိုယ်အသက်ကို ကိုယ်ငြင်းပယ် စွန့်လွှတ်၍ ထိုသူတို့အတွက် ပေးအပ်ခဲ့သောနမူနာတစ်ရပ်ကဲ့သို့ ခရစ်ယာန် စစ်သည်တော်အမှုကို ပြုလိုသောဆန္ဒများသူတို့၌ ရှိကြပါ၏လော။ ကျွန်ုပ် တို့၏အသင်းတော်များ၌ အလုံးစုံပေါ်လွင်နေစေရမည့်ကိုယ်ကိုကိုယ်ငြင်းပယ် ခြင်းဆိုသည်မှာ ဘာလဲ။ သူတို့သည် ဆယ်ဖို့တစ်ဖို့နှင့်ပတ်သက်သောအလှူ ငွေများကို ပေးအပ်ထားကြ၏။ သို့သော်လည်း သူတို့ကိုယ်ကိုမူကား၊ မပေးဘဲ ထားကြ၏။ . (ChS 35.4)ChSBur 51.1

    ခရစ်တော်၏နောက်လိုက်များပါဟူ၍ ဆိုနေကြသောသူတို့သည် လောကီသားတို့နှင့်မခြား၊ ဝိညာဉ်များအတွက် ဝန်ဆောင်ပေးလိုသောစိတ်မျိုး သူတို့၌မရှိတော့ပါ။ မျက်စိ၏တပ်မက်ခြင်း၊ မာန်မာနတက်ခြင်း၊ ပကာသန ကိုနှစ်သက်ခြင်း၊ စည်းစိမ်ခံစားလိုခြင်းများသည် ခရစ်ယာန်ဖြစ်သူများကို ဘုရား သခင်ထံတော်မှ ခွဲထုတ်ပစ်နေပါသည်။ ထိုသူတို့၌ သာသနာပြုလိုစိတ်အမှန် ရှိနေနိုင်သော်လည်း နည်းလှ၏။ ဇိအုန်မြို့ရှိ ဤအပြစ်သားများ၏မျက်လုံး များကိုဖွင့်ပေးရန်နှင့် သီလကြောင်များကို တုန်လှုပ်သွားစေရလောက်အောင် ဘာများလုပ်နိုင်ကြမလဲ။ (ChS 35.5)ChSBur 51.2

    မေရောဇ (Meroz) မြို့သားတို့နှင့်တူသောလူတန်းစားတစ်မျိုးရှိသည်။ သာသနာပြုစိတ်ဓါတ်သည် ဘယ်အခါမျှသူတို့၏ဝိညာဉ်ထဲ၌မရှိခဲ့ပါ။ နိုင်ငံ ခြားသာသနာပြုသွားရန် ဖိတ်ခေါ်သံကိုကြားရလည်း သူတို့အမူအရာလှုပ်လှုပ် ရှားရှားဖြစ်မလာကြပါ။ ဘုရားသခင်အတွက် ဘာမျှမလုပ်၊ ခရစ်တော်ထံသို့ ဝိညာဉ်များအောင်နိုင်ပို့ဆောင်ခဲ့သည်ဟူ၍လည်း ဘာမျှမရှိဘဲနှင့် ဤသူများ ကဲ့သို့သောလူတွေဘုရားသခင်ထံ ဘယ်ကဲ့သို့ဖြေရှင်းချက်ပေးကြမည်နည်း။ ထိုသူများသည် ဘုရားသခင်၏ “ဆိုးညစ်ပျင်းရိသောငယ်သား” ဟူ၍ စွပ်စွဲ ရှုတ်ချခြင်းကို ခံရလိမ့်မည်။ (ChS 36.1)ChSBur 52.1

    သင့်၌ရှိခဲ့သည့်အထူးအခွင့်အရေးတစ်ရပ်အနေဖြင့် ထာဝရဘုရားသခင် ၏အမှုတော်ကို ဆောင်ရွက်ပေးရသည့်သင့်အပိုင်း၌ သင်ရှုံးနိမ့်ခဲ့ရခြင်းကို သရုပ်ပြချက်တစ်ခုပေးရမည်ဆိုလျှင် ဤကျမ်းချက်ကို ကျွန်ုပ်ညွှန်းပြောလိုပါ သည်။ “မေရောဇမြို့သားတို့သည် ထာဝရဘုရားဘက်၊ စစ်သူရဲတို့နှင့်ဝိုင်း၍ ထာဝရဘုရားဘက်သို့မကူကြသောကြောင့် မေရောဇမြို့သားတို့ကို ပြင်းစွာကျိန်ကြ လော့ဟု ထာဝရဘုရား၏ကောင်းကင်တမန်သည်မှာထား၏။” (တရားသူကြီး ၅း၂၃)။ (ChS 36.2)ChSBur 52.2