Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခမဲ့ ဖြန့်ချိနိုင်ရန်အခွင့်အရေးများ

    ကျွန်ုပ်တို့၏ စာအုပ်စာစောင်များကို မီးရထားပေါ်မှာ၊ လမ်းမတွေပေါ် မှာ၊ ပင်လယ်ပြင်ခေါက်တုံ့ခေါက်ပြန်ပေးဆွဲနေသောသင်္ဘောကြီးတွေပေါ်မှာ၊ ထို့ပြင်စာပို့လုပ်ငန်းများမှတစ်ဆင့် အမြော်အမြင်ရှိရှိဖြန့်ချိပေးကမ်းကြပါစို့။ (ChS 150.3)ChSBur 249.2

    ဤယနေ့ကာလခရီးလမ်းများထဲတွင် လူတန်းစားပေါင်းစုံနှင့်တိုင်းနိုင်ငံ အသီးသီးမှ လူယောက်ျားမိန်းမအများအပြားကို ဆက်သွယ်ရယူနိုင်သောအခွင့် အရေးသည် ဟိုယခင်ဣသရေလလူမျိုးတို့၏နေ့ကာလကထက် ပိုပြီးကြီးစွာရ ၏။ လုံးလုံးလျားလျားခရီးသွားစရိတ်သည်လည်း အဆတစ်ထောင်မက ပိုကြီး လာသည်။ ထာဝရဘုရားသည် လမ်းခရီးကို အံ့သြဖွယ်ပြင်ဆင်ပေးလေ၏။ စာပုံနှိပ်လုပ်ငန်းသည်လည်း အမျိုးစုံစွာပစ္စည်းပစ္စယတွေနဲ့ ကျွန်ုပ်တို့၏ခန့်ခွဲ မှုအောက်မှာရှိလာသည်။ ဘာသာစကားအမျိုးမျိုးနှင့် ပုံနှိပ်ထုတ်ဝေသောသမ္မာ ကျမ်းစာအုပ်များ၊ ဓမ္မပညာစာနယ်ဇင်းများစွာသည်လည်း ဆက်လက်ဖြန့်ဝေ ပေးရန် ကျွန်ုပ်တို့လက်ထဲရှိလာသည်။ ထို့ကြောင့် ဤအမှုတော်အတွက် ကျွန်ုပ်တို့သည် ကမ္ဘာ့ဒေသတိုင်းဆီကို သယ်ဆောင်သွားကြရမည်။ (ChS 150.4)ChSBur 249.3

    ကျွန်ုပ်တို့၏ လက်ကမ်းစာစောင်များ၊ ဝေစာများ၊ စာစောင်ဂျာနယ် များနှင့်စာအုပ်များကို အရပ်မျက်နှာအနှံ့နေရာတိုင်းသို့ ယူဆောင်သွားကြပါစို့။ သင်သွားလေရာရာလက်ရွေးစင်ဝေစာထုပ်ကို ယူသွားပြီး သင့်အဖို့အခွင့်သာ လျှင်သာသလို ပေးကမ်းဝေငှလိုက်ပါ။ စာနယ်ဇင်းများကို သင့်အတွက် လိုအပ်မည်ထင်လျှင် ရောင်းချနိုင်သည်၊ အငှါးချထားနိုင်သည်၊ (သို့မဟုတ်) အခမဲ့ပေးဝေလိုက်နိုင်သည်။ သို့ပြုလျှင် တန်ဖိုးရှိသောအကျိုးကိုရလိမ့်မည်။ (ChS 151.1)ChSBur 250.1

    ပုံနှိပ်ထုတ်ဝေစာစောင်ငယ်များ မေတ္တာရိဖြန့်ချိရေးတွင် ကျွန်ုပ်တို့ တာဝန်မကျေကြဟူ၍ ကျွန်ုပ်အား ဖေါ်ပြလာပါသည်။ ထိုစာစောင်ငယ်တစ်ခု တည်းဖြင့်သာလျှင် ယနေ့သမ္မာတရားကို လက်ခံယုံကြည်လာနိုင်သောရိုးသား နှိမ့်ချသူလူများစွာရှိနေသည်။ ဤကဲ့သို့စိတ်နှလုံးတို့ထိသူထံမှ အလှူငွေဖြင့် ထုတ်ဝေထားရသည့်စာမျက်နှာလေးငါးရှစ်မျက်နှာလောက်သာပါသည့်စာစောင် ငယ်လေးသည် နည်းနည်းလောက်တော့ အမှုတော်ကိုပြီးစီးစေနိုင်သည်။ မိတ်ဆွေတစ်ဦးတစ်ယောက်ဆီသို့ သင်စာရေးပို့သောအခါ စာအိတ်အထဲတွင် စာပို့ခအပိုမလို၊ ဝေစာတစ်စောင်နှစ်စောင်ကို သင်ထည့်ပို့လိုက်နိုင်သည်။ သင်သည် ခရီးသွားစဉ် ကားပေါ်၊ လှေပေါ်၊ စင်ပေါ် (သို့မဟုတ်) ပြောစကား နားထောင်လိုသူများကို ဝေစာစာရွက်တစ်ရွက်ကမ်းပေးလိုက်နိုင်သည်။ (ChS 151.2)ChSBur 250.2