Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ခရစ်ယာန်သိက္ခာနှင့်ယဉ်ကျေးပျူငှာမှ

    ဥပုသ်နေ့စောင့်သူများ၊ အသင်းဝင်များ၌ လူ့သိက္ခာတရားနှင့်ခရစ် ယာန်၏ရည်မွန်ခြင်းမျိုးမရှိသောသူများသည် ကျွန်ုပ်တို့ကိုဆန့်ကျင်သူများဖြစ် ၍ သမ္မာတရားအတိုင်းကယ်တင်ခြင်းမခံရဟု ကျွန်ုပ်တို့ထုတ်ပြောရလိမ့်မည်။ ထိုသူကိုစိတ်ပိုင်းဆိုင်ရာနှင့် အမူအရာသွန်သင်ပေးခြင်းအမှုကို ပြည့်ဝလာ သည်အထိ ရှေ့ဆက်လုပ်ပေးရမည်။ သမ္မာတရားကို ယုံကြည်ကိုးကွယ်ပါ သည်ဟုဆိုသောသူများသည် ယေရှုခရစ်၌ လူယောက်ျား၊ လူမိန်းမတို့၏ ဂုဏ်အင်္ဂါအပြည့်ကြီးထွားလာစေနိုင်ရန် သူတို့ရှိအထူးအခွင့်အရေးနှင့်အခွင့် အလမ်းများကို ယခုပင်တိုးအောင်မလုပ်ဆောင်ကြဘူးဆိုလျှင် သမ္မာတရား လမ်းကြောင်း၌ သူတို့၏ဂုဏ်မရှိ။ ခရစ်တော်၌လည်း လေးစားခြင်းမခံရနိုင်။ (ChS 226.1)ChSBur 374.1

    အကျင့်သိက္ခာကို စနစ်တကျရှိသောအသက်တာနှင့်ဘုရားသခင့် အလိုတော်အတိုင်း စကားပြောဆိုခြင်းအားဖြင့် ထိန်းသိမ်းနေထိုင်တတ်ဖို့ သေချာပါစေ။ အဆင့်မြင့်မြင့်သို့တက်လှမ်းနေထိုင်သွားသည်ကို မည်သည့် အခါမျှမကြောက်ပါနှင့်။ ကြမ်းကြမ်းတမ်းတမ်းနှင့် ရိုင်းစိုင်းစွာပြုခြင်းအလုံးစုံ သည် ကျွန်ုပ်တို့နှင့်ဝေးစေရမည်။ ယဉ်ကျေးမှု၊ ရည်မွန်မှုနှင့်ခရစ်ယာန်တစ်ဦး အဖြစ် ဖော်ရွေမှုတို့ကိုကျွန်ုပ်တို့ရင်ဝယ်ပိုက်ထားကြရမည်။ ကြွပ်ဆတ်ခြင်း၊ တုံးတိပြောဆိုခြင်းတို့ကို ရှောင်ကြဉ်စောင့်ထိန်းပါ။ ယင်းကဲ့သို့ထူးခြားကွဲပြား မှုကို သူတော်ကောင်းတရားကဲ့သို့ မမှတ်ယူပါနှင့်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုအရာများကို အသိအမှတ်မပြုပါ။ မလိုအပ်သောထိုအမှ တစ်ခုတလေကိုမျှ မှားယွင်းမိစေရန် မကြိုးစားပါနှင့်။ (ChS 226.2)ChSBur 374.2

    ဘုရားသခင်၏အလိုတော်ကို သိကျွမ်းပြီးကြသည့်လူယောက်ျား၊ လူမိန်းမများ သည် ကိုယ်တော်၏အမှုတော်ကို အောင်မြင်စွာလုပ်ဆောင်နိုင်ရန် အကြီးမား ဆုံးလိုအပ်ချက်ရှိပါသေးသည်။ သူတို့သည် မွမ်းမံပြုပြင်ခြင်းရှိသူများ၊ နားလည်မှုရှိသူများ၊ ပြင်ပမှတ်စုများအားဖြင့် လှည့်ဖြားမခံယူခြင်း၊ ထို့ပြင်လောက ဟန်ဆောင်မှုလှောင်ပြုံးပြုံးနေသည့်အမူအရာမျိုးမရှိသူများဖြစ်ကြရပါမည်။ ကောင်းကင်ဘုံကယ်တင်ခြင်းသို့ရောက်သည့်သူများသည် ရည်မွန်သူ၊ လောက ဝတ်ကျေပွန်သူများဖြစ်ကြ၏။ သူတို့သည် ဘုရားသခင်၏သဘောတော်နှင့် အညီ ပါဝင်ဆင်နွှဲသူဖြစ်လျှင် ခရစ်ယာန်တိုင်းထိုသို့ဖြစ်လိမ့်မည်။ (ChS 226.3)ChSBur 375.1

    ကျွန်ုပ်တို့၏ဤလောကသို့ အစဉ်ပေးကမ်းတော်မူထားသည့်အကြီး မြတ်ဆုံးသမ္မာတရားနှင့်မျှော်လင့်ခြင်း၊ အကြီးမားဆုံးယုံကြည်ခြင်းများကို ကျွန်ုပ်တို့ရရှိထားကြသည်။ ဤအရာများကို ပီတိဝေဖြာသောစရိုက်လက္ခဏာ ဖြင့် လောကသို့ကျွန်ုပ်တို့ဖြန့်ဝေပေးနေကြသည်။ ကျွန်ုပ်တို့ဖြန့်ဝေပေးလိုသော အရာများရှိသည်ဆိုပြီး လောကကိုအသနားခံတောင်းပန်ခြင်းပြုနေသည်ဟူ၍ ကျွန်ုပ်တို့အပေါ်၌ မယူဆစေလိုပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ဤအဖိုးတန်အထွတ်အမြတ်သစ္စာတရားကို ယုံကြည်ခြင်းဖြင့် စွန့်စားရယူခဲ့ ကြရသောကြောင့်ဖြစ်သည်။ ဘုရားသခင်နှင့်အတူ စိတ်နှိမ့်ချစွာကျွန်ုပ်တို့ အတူသွားလာနေကြပါသည်။ ကျွန်ုပ်တို့သည် ချည့်နဲ့သောကိုယ်တန်ဆာပလာ များဖြစ်သော်လည်း အရေးအကြီးဆုံး၊ စိတ်ပါဝင်စားစရာအကောင်းဆုံး အကြောင်းကို ကျွန်ုပ်တို့လက်ကိုင်ရရှိထားပြီးဖြစ်သော်လည်း လောကီရေးရာ နှင့်လောကအရေးကြီးသောအရာများထက် ပို၍မြင့်စွာ ကျွန်ုပ်တို့ပီတိဝေဖြာ နေကြရပါသော်လည်း ကျွန်ုပ်တို့သည် အမြင့်ဆုံးသောဘုရား၏သားသမီး များကဲ့သို့ ကိုယ်တိုင်ကျင့်ကြံနေထိုင်လိုသူများဖြစ်ကြပါသည်။ (ChS 226.4)ChSBur 375.2

    ဝိညာဉ်များအတွက် ဝန်ဆောင်သူသည် ဆက်ကပ်ခြင်း၊ ဂုဏ်သမာဓိ၊ အသိဉာဏ်ပညာ၊ လုပ်ငန်း၊ စွမ်းအင်နှင့်လိမ္မာပါးနပ်မှုများလိုအပ်သည်။ ဤအရည်အချင်းများပြည့်မီသူသည် အဆင့်နိမ့်သည့်လူတစ်ဦးအဖြစ်သို့ ဘယ်တော့မှရောက်မသွားနိုင်ပါ။ သူသည် ထိုထက်ကောင်းသောအမှုအတွက် ဦးစီးလုပ်ဆောင်နိုင်သူတစ်ဦးဖြစ်လာလိမ့်မည်။ (ChS 227.1)ChSBur 375.3

    သွန်သင်ခြင်းကို ခံယူလိုစိတ်ရှိသူများသည် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် မိသားစုများသို့ အကောင်းဆုံးချဉ်းကပ်ရောက်ရှိခြင်းဖြင့် အမှုဆောင်အလုပ် ခွင်ထဲ၌ ရှိနေရမည်။ သူတို့သည် သပ်သပ်ရပ်ရပ်ဝတ်စားတတ်ရမည်။ ပေါ်ကြော့ နေထိုင်သည်မဖြစ်ရ။ သူတို့၏အမူအရာသည် လူတွေရဲ့စက်ဆုပ်ရွံရှာဖွယ် မဖြစ်စေရ။ လူထဲကလူတစ်ယောက်အနေဖြင့် အမှန်အကန်ယဉ်ကျေးသိမ်မွေ့ မှုသည် ကြီးစွာသောလိုအပ်ချက်ဖြစ်သည်။ မစ်ရှင်အမှုတော်ကိုဆောင်ရွက်နေကြ သောသူကို လူအားလုံးသည် ဤသို့နည်းယူလိုက်နာစေသင့်ပါသည်။ (ChS 227.2)ChSBur 376.1

    Larger font
    Smaller font
    Copy
    Print
    Contents