Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အနားယူခြင်းနှင့်အလေးအနက်စဉ်းစားခြင်း

    ယေရှု၏တပည့်များသည် သူတို့ဘယ်လိုအလုပ်လုပ်ရမည်။ ဘယ်လို အနားယူသင့်သည်ကို လေ့လာသင်ယူရန် လိုအပ်သည်။ ယနေ့လိုအပ်ချက် တစ်ခုမှာ ဘုရားသခင်ရွေးချယ်ထားသောအမှုတော်ဆောင်များသည် ခရစ်တော် မိန့်တော်မူသည်အတိုင်း “သွားရန်သီးခြားနှင့်နားရန်ခေတ္တ” ဆိုသည်ကို နားလည်သင့်၏။ ဤစေစားမိန့်ကို လျစ်လျူရှုခဲ့၍ အဖိုးတန်အသက်များစွာ အနာခံဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ရိတ်သိမ်းရန် များစွာရှိပြီး လုပ်ဆောင်သူနည်း လှသည်ဆိုသော်လည်း ကျန်းမာခြင်းနှင့်အသက်ကို စွန့်လွှတ်လိုက်ခြင်းဖြင့် ဘာမျှအမြတ်မထွက်နိုင်ပါ။ အားအင်ကုန်ခန်းပြီး ဖတ်ဖတ်မောလက်ပန်းကျ လုပ်ဆောင်သူတွေများစွာရှိလာနေသည်။ သူတို့သည် များစွာလုပ်ဆောင် လျက်ရှိနေသည်ကိုကြည့်ပြီး နည်းနည်းလေးသာလုပ်၍ပြီးစီးခဲ့သည်ကို ကြီးစွာ စိတ်ပျက်ခံစားနေကြရသည်။ သူတို့များစွာအလုပ်ပြီးစီးစေဖို့ ကိုယ်ခန္ဓာအင်အား ကိုမလိုချင်ကြဘူးလား။ ထို့ကြောင့် ဤသို့လုပ်နေသောလူစားမျိုးကို ယေရှု ပြောရသည်။ ကိုယ်တော်ကလည်း တော၌ဆိတ်ကွယ်ရာအရပ်သို့လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာနေကြဟု မိန့်တော်မူ၏။” (မာကု ၆း၃၁)။ (ChS 249.1)ChSBur 414.1

    ခရစ်ယာန်တို့၏အသက်ရှင်နေထိုင်မှုသည် မရပ်မနားလုပ်နေရန် (သို့မဟုတ်) စဉ်ဆက်မပြတ် တရားအကျင့်ကျင့်ရန်တို့အတွက် ဖန်တီးထားသည်မဟုတ်ပါ။ ခရစ်ယာန်များသည် ပျောက်သောသူတို့ကို ကယ်တင်ခြင်းပေးရန် ကြိုးစား လုပ်ဆောင်ရမည်။ ထို့အတူ တရားဆင်ခြင်အာရုံပြုခြင်း၊ ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော်လေ့လာခြင်းတို့ကိုလည်း အချိန်ယူလုပ်ဆောင်ကြရမည်။ သူတို့သည် အလုပ်ထဲတရားလွန်အားစိုက်လုပ်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းအောက်၌ အမြဲရှိနေကြရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဤနည်းသည် ပုဂ္ဂိုလ်ရေးဘုရားတရားကိုးကွယ်ခြင်းကို ပစ်ပယ်လိုက်ခြင်းဖြစ်၍ ကိုယ်ခန္ဓာ နှင့်စိတ်စွမ်းအားကို ဒဏ်ရာရစေပါသည်။ (ChS 249.2)ChSBur 415.1

    ဘုရားသခင်၏လေ့ကျင့်သွန်သင်ခြင်းကို ခံယူကြသူများအားလုံး သည် သူတို့၏နှလုံးသားနှင့်အတူ၊ သဘာဝနှင့်အတူ၊ ဘုရားသခင်နှင့်အတူ တစ်ကိုယ်တည်းတိတ်ဆိတ်စွာအာရုံခံစားရယူသည့်အချိန်လိုအပ်သည်။ ထိုသူ တို့၌ ` ထင်ဟပ်ပေါ်လွင်နေရမည့်ဘဝတစ်ခုသည် လောကနှင့်သော်လည်း ကောင်း၊ ဓလေ့ထုံးတမ်းနှင့်သော်လည်းကောင်း (သို့မဟုတ်) လေ့ကျင့်ခန်းများ အားဖြင့်လည်းကောင်း၊ လိုက်ဖက်ညီနေရမည်ဟု မဆိုလို။ သူတို့၌လိုအပ် သည်မှာ ဘုရားသခင်အလိုတော်၌ သိကျွမ်းခြင်းကိုရနိုင်သောပုဂ္ဂိုလ်ရေးအတွေ့ အကြုံများဖြစ်သည်။ ကျွန်ုပ်တို့၏နှလုံးသားအတွင်းသို့ ဘုရားသခင်ပြောသည် ကိုကြားရန် ကျွန်ုပ်တို့၌သီးသန့်အချိန်လိုအပ်သည်။ အခြားသောအသံများ အားလုံးသည် တိတ်ဆိတ်နေစဉ်အခါ ဘုရားသခင်အရှေ့၌ ကျွန်ုပ်တို့သည် တိတ်ဆိတ်စွာစောင့်နေလျှင် ကျွန်ုပ်တို့၏ဝိညာဉ်ဆိတ်ငြိမ်ခြင်းသည် ဘုရားသခင် စကားပြောသံကို ပို၍ခွဲခြားသိနိုင်ပါလိမ့်မည်။ ကိုယ်တော်မိန့်တော်မူခဲ့ သည်။ “ငြိမ်ဝပ်လျက်နေကြလော့၊ ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ် ကြလော့။” ဤအချက်သည် ဘုရားသခင်အတွက်လုပ်သောအလုပ်အားလုံး အတွက် ထိရောက်သောပြင်ဆင်ချက်ဖြစ်သည်။ စုပြုံတိုးနေကြသောလူအုပ် ကြီးအလယ်တွင် အပြင်းအထန်လှုပ်ရှားရသောဘဝအမောအတွက် အားသစ် လောင်းအနားယူတတ်သူဖြစ်လျှင် အလင်းရောင်နှင့်ငြိမ်းချမ်းခြင်းပတ်ဝန်းကျင် တစ်ရပ်သည် ထိုသူကိုဝိုင်းပတ်လျက် ရှိနေပါလိမ့်မည်။ သူသည် ရုပ်ခန္ဓာ ပိုင်းနှင့် စိတ်ပိုင်းအင်အားနှစ်ခုစလုံး၌ အသစ်ပံ့ပိုးမှုကို လက်ခံရရှိလိမ့်မည်။ သူ့ဘဝသည် နှာဖျားမှမွှေးရနံ့ထွက်၍ လူတို့၏နှလုံးအိမ်ထဲသို့ ရောက်မည် ဖြစ်သော ဘုရားသခင်၏တန်ခိုးတော်ထင်ရှားပေါ်ထွန်းနေပါလိမ့်မည်။(ChS 249.3)ChSBur 415.2

    -ဝ-

    Larger font
    Smaller font
    Copy
    Print
    Contents