Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တစ်ဖန်ပြန်လည်နိုးကြားမှုနှင့် ဘာသာရေးပြုပြင်ပြောင်းလဲမှ လိုအပ်နေခြင်း

    ခရစ်ယာန်တို့သည် ဤကမ္ဘာမြေကြီးအပေါ် မကြာမီကျရောက်လာ တော့မည့်အံ့ဖွယ်ဖိစီးမှုကြီးတစ်ခုအတွက် ပြင်ဆင်ဖို့လိုအပ်နေပါပြီ။ ဤပြင်ဆင် မှုကြီးအတွက် ထာဝရဘုရားသခင်၏သမ္မာကျမ်းစာကို လုံ့လဝီရိယရှိစွာ လေ့လာ မှတ်သားခြင်းဖြင့် ပြုနိုင်ပါသည်။ နှုတ်ကပတ်ကျမ်းစာ၏ အဆုံးအမနှင့်အညီ သူတို့ဘဝများပြောင်းလဲသွားရန် အထူးကြိုးပမ်းကြရမည်။ ထို့အတွက် ဝိညာဉ် ရေးနိုးထမှုနှင့် ဘာသာတရားပြန်လည်ပြုပြင်မှုပြုလုပ်ကြပါရန် ဘုရားသခင် ဖိတ်ခေါ်နေပါသည်။ (ChS 41.3)ChSBur 62.1

    ကျွန်ုပ်တို့၌ တစ်ဖန်ပြန်လည်နိုးကြားရေးနှင့် မှန်သောဘုရားဝတ် မွေ့လျော်ခြင်းသည် ကျွန်ုပ်တို့အတွက် အကြီးမားဆုံးနှင့်အဆောတလျင်အဖြစ် ဆုံးသောလိုအပ်ချက်များဖြစ်သည်။ ဤအရာများကို ပထမနေရာမှာထား၍ ကျွန်ုပ်တို့ရှာဖွေပြုလုပ်ကြရပါမည်။ (ChS41.4)ChSBur 62.2

    စေ့စပ်သေချာစွာသော ဘာသာရေးပြုပြင်ပြောင်းလဲပစ်ရန် အချိန်သည် ကျရောက်လို့လာပါပြီ။ ယင်းပြန်လည်ပြုပြင်ရေးလုပ်ငန်းစတင်သောအခါ ဆုတောင်းခြင်းစိတ်ဝိညာဉ်သည် ယုံကြည်သူတိုင်းအပေါ် နှိုးဆွပေးလာပါလိမ့် မည်။ အသင်းတော်အတွင်း စိတ်ဝမ်းကွဲပြားမှုနှင့်အချင်းချင်းတိုက်ခိုက်မှုများ လည်း ပျောက်ကွယ်သွားပါလိမ့်မည်။ (ChS 42.1)ChSBur 62.3

    တစ်ဖန်ပြန်လည်နိုးကြားမှုနှင့် ဘာသာရေးပြုပြင်ပြောင်းလဲမှုသည် သန့်ရှင်းသောဝိညာဉ်တော်၏ပြုစုစီစဉ်မှုအောက်၌ ရှိနေရမည်။ တစ်ဖန်ပြန်လည် နိုးကြားမှုနှင့် ဘာသာရေးပြုပြင်ပြောင်းလဲမှုသည် မတူကွဲပြားသောအရာနှစ်ခု ဖြစ်သည်။ တစ်ဖန်ပြန်လည်နိုးကြားမှုသည် ဝိညာဉ်ရေးရာအသက်တာကို အသစ်ပြန်လည်ဆန်းသစ်စေခြင်း၊ စိတ်နှလုံးစွမ်းအင်များသွက်လက်လာစေ ခြင်း၊ ဝိညာဉ်အသေကောင်ကို ပြန်လည်ထမြောက်စေခြင်းတို့အတွက် အချက် ပြပေးလိုက်ခြင်းဖြစ်သည်။ ဘာသာရေးပြုပြင်ပြောင်းလဲမှုသည် အဖွဲ့အစည်း ကိုပြန်လည်စီစဉ်စုစည်းခြင်း၊ အယူဝါဒနှင့်သဘောတရားဆိုင်ရာသီအိုရီများ၊ လုပ်ထုံးဓလေ့နှင့်လက်တွေ့ အလေ့အကျင့်များကို ပြောင်းလဲစေဖို့အတွက် အချက်ပြပေးခြင်းဖြစ်သည်။ ဘာသာရေးပြုပြင်ပြောင်းလဲမှုသည် ဝိညာဉ်ပိုင်း ဆိုင်ရာတစ်ဖန်ပြန်လည်နိုးကြားမှုနှင့် ဆက်နွှယ်နေခြင်းရှိနေသည့်အခါမျိုးမှ အပ ဖြောင့်မတ်ခြင်းတရားကောင်းကျိုးဖြစ်ပေါ်မလာပါ။ တစ်ဖန်ပြန်လည် နိုးကြားမှုနှင့် ဘာသာရေးပြုပြင်ပြောင်းလဲမှုသည် လူတို့၌ ချိန်းချက်ခန့်အပ် မှုဖြင့် ဆောင်ရွက်ရသည်ဖြစ်ရာ ဤအမှုတော်ကို ဆောင်ရွက်ရာ၌လည်း သူတို့တစ်တွေရောစပ်၍ လိုက်ဖက်နေကြရမည်။ (ChS 42.2)ChSBur 62.4

    ကျွန်ုပ်တို့မြင်ခဲ့ပြီးသည်များထက် ပို၍ဖြူစင်သန့်ရှင်းသောအလုပ်ကို လုပ်ဆောင်ရန် သမ္မာကျမ်းစာက ခေါ်ယူနေသည်မဟုတ်လော။ ဘာသာရေး ပြုပြင်ပြောင်းလဲမှုအလုပ်ကို စေ့စပ်သေချာဦးစီးဆောင်ရွက်သွားရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏အုပ်စိုးမှုကို လိုလားကြသူများအား ဘုရားသခင် ခေါ်ယူနေပါ၏။ အကျပ်အတည်းကာလတစ်ခု ကျွန်ုပ်ရှေ့ရောက်လာသည် ကို အာရုံခံမြင်မိပါသည်။ ထိုစဉ်ဘုရားသခင်သည် လုပ်ဆောင်သူများအား တန်းစီရောက်လာကြဖို့ ခေါ်ယူနေပါသည်။ ယုံကြည်သူလူတိုင်းသည် လွန်ခဲ့ ပြီးအချိန်နှစ်များကထက် ဘုရားသခင်ထံသို့ ပိုမိုလေးနက်၍ စစ်မှန်သော အပ်နှံခြင်းအဆင့်မျိုးဖြင့် ရုပ်ပြလာနိုင်ကြရမည်။ ကျွန်ုပ်သည် ယင်းသို့ ညဉ့်ယံကာလ၌ မျက်စိရှေ့အထင်အရှားဖြတ်သန်းပြသွားသည်ကို အာရုံခံမြင် လိုက်ရခြင်း၌ အလေးအနက်စွဲမက်ကျန်ရစ်နေခဲ့ပါ၏။ ကျွန်ုပ်အထင်ဆိုရပါ လျှင် ကြီးစွာသောပြန်လည်နိုးထမှုတစ်ရပ်သည် ရှေ့ဆက်နေရာတကာတိုင်းမှာ လှုပ်ရှားမှုကြီးတစ်ခုအဖြစ် ရောက်လာပါတော့မည်။ ကျွန်ုပ်တို့၏လူများသည် လည်း သခင်ဘုရားခေါ်သံကိုတုံ့ပြန်သောအားဖြင့် တန်းစီရောက်လာကြလိမ့် မည်။ (ChS 42.3)ChSBur 63.1

    ညဉ့်ကာလတင်ဆက်ဖွင့်ပြလာသည့်အာရုံခံအမြင်သည် ဘုရားသခင် လူများအပေါ်ဝယ် ဘာသာရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကြီးတစ်ခုဖြစ်လာမည် ကို ကျွန်ုပ်အရှေ့၌ ထင်ရှားလာခြင်းပင်တည်း။ လူများစွာသည် ထာဝရဘုရားသခင်ကို ချီးမွမ်းကြ၏။ ဖျားနာသူတို့အနာရောဂါပျောက်ပြီ။ အခြားသောနိမိတ်လက္ခဏာ များစွာသည်လည်း ထင်ရှားလာသည်။ ထောင်ပေါင်းများစွာသောလူတို့သည် အလည်အပတ်ရောက်လာကြသောမိသားစုတွေက သမ္မာကျမ်းစာဖွင့်ဖတ်ပေး လာကြသည်ကိုမြင်ရ၏။ နှလုံးသားများစွာသည် သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးအားဖြင့် လေးနက်ခိုင်မြဲစွာယုံကြည်လာကြသည်။ စစ်မှန်သောပြောင်းလဲ ခြင်းစိတ်ဓာတ်လည်း ထင်ရှားလာသည်။ သမ္မာတရားကြေညာဝင်ရောက် သွားရန် အိမ်တံခါးများသည်လည်း ဘက်ပေါင်းစုံမှဖွင့်ထားပေးကြပါပြီ။ ကောင်းကင်ဘုံအုပ်စိုးခြင်းနှင့်အတူ လောကကမ္ဘာအဝန်း အလင်းထွန်းညှိနေပုံကို မြင်လိုက်ရပြီ။ မှန်ကန်စွာစိတ်နှိမ့်ချနေကြကုန်သောဘုရားသခင်၏လူတို့သည် ကြီးစွာသောကောင်းချီးမင်္ဂလာကို ခံယူရရှိကြပါသည်။ (ChS 42.4)ChSBur 63.2

    ဘုရားသခင်၏လူတွေထဲမှာ ဘာသာရေးပြုပြင်ပြောင်းလဲမှုသည် ကြီးစွာသောလိုအပ်ချက်ဖြစ်ပါသည်။ မျက်မှောက်ခေတ်အသင်းတော်၏အဆင့် အတန်းသည် မေးစရာဖြစ်နေ၏။ “ကျွန်ုပ်တို့အတွက် အသက်ပေးတော်မူ ခဲ့သောအရှင်၊ သခင်ဘုရားကို အသင်းတော်သည် အမှန်အကန်ကိုယ်စားပြု နေပါသလော။” (ChS 43.1)ChSBur 64.1

    အသင်းတော်အတွင်း မထုံတက်သေးနေခြင်းနှင့် ပျင်းရိထုံထိုင်းနေခြင်း တို့ကို ဆိုဆုံးမရမှုမရှိတော့ပါလျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် ကရုဏာ သက်စွာပေါ်ထွန်းလာပါမည်။ ထာဝရဘုရားသခင်၏တန်ခိုးတော်သည်လည်း ထင်ရှားလိမ့်မည်။ ကောင်းကင်ဘုံဗိုလ်ခြေသခင်ဖြစ်သောထာဝရဘုရားသခင် ၏ထောက်ပံ့မစတော်မူကြောင်းကိုလည်း အသင်းတော်မှမြင်ရလိမ့်မည်။ သမ္မာ တရားအလင်းသည် ရှင်းလင်းထွန်းတောက်သောရောင်ခြည်တန်းဖြင့် လင်းလက် ရောက်လာလိမ့်မည်။ ရှေးတမန်တော်များခေတ်ကာလကဲ့သို့ ဝိညာဉ်များစွာသည် မှားယွင်းခြင်းမှသည် သမ္မာတရားဆီသို့ ပြောင်းလဲလာကြပေမည်။ ကမ္ဘာကြီး သည်လည်း ထာဝရဘုရားသခင်၏ဘုန်းတော်ဖြင့် ထွန်းတောက်နေပါလိမ့်မည်။ (ChS 43.2)ChSBur 64.2