Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ခရီးသွားလမ်းမပေါ်ရှိကိုယ်စားလှယ်များ

    သခင့်အလုပ်သမားများအဖြစ် အလုပ်ဝင်ရန် အချိန်နာရီအလိုက် အခေါ်ခံရခြင်းကို တုံ့ပြန်ဝင်ရောက်ကြရမည့်သူများသည် အလုပ်ခွင်ထဲ၌ သခင့် နည်းစနစ်ကို ကောင်းကောင်းလေ့လာသင်ယူထားကြရပါမည်။ ကယ်တင်ရှင် သည် မြေကြီးပေါ်မှာ သာသနာပြုစဉ် ခရီးသွားလမ်းမကြီးတစ်လျှောက်၌ တွေ့ရသည့်အခွင့်အရေးကို အကျိုးရှိရှိရယူခဲ့သည်။ ထိုနေရာသည် ကိုယ်တော် ဟိုမှဤသို့ခရီးဆန့်သွားလာရင်း နားနေရာကြားရပ်စခန်းဖြစ်သောကပေရနောင် မြို့ဖြစ်သည်။ “ယေရှု၏နေရပ်မြို့ ” ဟုလည်း ကျော်ကြားနေခဲ့သည်။ ဤမြို့ သည် ကယ်တင်ရှင်အမှုတော်ဆောင်ရာဗဟိုနေရာအဖြစ် ကောင်းစွာလိုက်လျော ညီဖြစ်ခဲ့သည်။ ထိုမြို့သည် ဒမာသက်မြို့ မှသည် ယေရုရှလင်မြို့ နှင့်အဲဂုတ္တု တိုင်းပြည်သို့လည်းကောင်း၊ မြေထဲပင်လယ်သို့လည်းကောင်း သွားရာအဝေး သွားလမ်းမကြီးပေါ်တွင်ရှိ၍ ခရီးသွားအချက်အချာမဟာလမ်းမတစ်ခုလည်း ဖြစ်၏။ ဒေသအသီးသီးမှလူများသည် ခရီးသွားရင်း ဤမြို့ ကိုဖြတ်သွားရ သည်။ သို့မဟုတ် သူတို့ဟိုမှဒီမှ ခရီးသွားရင်း ဤမြို့တွင် အချိန်ဆွဲအနားယူ တတ်ကြသည်။ ဤနေရာတွင် ယေရှုသည် နိုင်ငံအသီးသီးမှ လူတန်းစား အမျိုးမျိုးကိုဆုံခဲ့ရသည်။ ချမ်းသာသူ၊ ကြီးမြတ်သူ၊ ထို့အတူဆင်းရဲသားနှင့် အောက်တန်းလူတန်းစားများအသီးသီးတို့နှင့် တွေ့ဆုံရသည်ဖြစ်၍ ကိုယ်တော် သွန်သင်သောသင်ခန်းစာများသည် အခြားနိုင်ငံများနှင့် လူနေအိမ်များစွာသို့ ထိုသူတို့က သယ်ယူသွားခဲ့ကြသည်။ အနာဂတ္တိဟောကိန်းများစုံစမ်းစစ်ဆေး ခြင်းသည် စိတ်လှုပ်ရှားစေခဲ့ပါသည်။ ဂရုစိုက်ကြည့်ခြင်းသည် ကယ်တင်ရှင် ဆီသို့ လမ်းပြနေသည်။ ကိုယ်တော်၏သာသနာပြုအလုပ်ကို ကမ္ဘာလောက အရှေ့သို့ယူတင်ပြကြရမည်။ (ChS 126.3)ChSBur 209.2

    ကမ္ဘာပေါ်ကြော်ကြားသောကျန်းမာရေးခိုကိုးရာစခန်းများနှင့် ခရီးသွား ကူးသန်းဗဟိုစခန်းများတွင် ကျန်းမာရေးနှင့် ပျော်ရွှင်ရေးအတွက် ရှာမှီးလို ကြသောသူလူထောင်ပေါင်းများစွာသည် စုပြုံရောက်နေတတ်ကြသည်။ ထိုနေရာ တွင်လူအုပ်ကြီးကို စိတ်ဝင်စားအောင်လုပ်နိုင်စွမ်းသောသင်းအုပ်များနှင့် ဆွဲဆောင် စည်းရုံးသူများနေရာချထားသင့်သည်။ ယင်းအမှုဆောင်လုပ်သားများသည် ဤကာလသတင်းစကားများကို ဟောပြောရန် အခွင့်အရေးရဖို့ မျှော်လင့် နေကြပါစို့။ အခြေအနေပေးလျှင် ဝတ်ပြုစည်းဝေးခြင်းပြုလုပ်ကျင်းပကြကုန် အံ့။ လူတွေကို စကားပြောခွင့်ရဖို့ သူတို့အမြန်ရှာယူတတ်ကြရမည်။ သန့်ရှင်း သောဝိညာဉ်တော်၏တန်ခိုးပါရှိခြင်းအားဖြင့် (မဿဲ ၃း၂) ဖေါ်ပြချက်အတိုင်း “ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။ ထိုကြောင့် နောင်တရကြလော့ ဟု ဗတ္တိဇံဆရာယောဟန်ကြွေးကြော်ခဲ့သောသတင်းစကားနှင့်အတူ လူတွေ ကိုသူတို့ဆုံတွေ့ကြရမည်။ ကြားစရာနားရှိကြသောသူများသည် သမ္မာတရား ကိုကြားကြရမည့်ထိုက်တန်သူတို့အား ဘုရားသခင်စကားသံတော်ကို ရှင်းလင်း ပီသစွာနှင့် တန်ခိုးပြည့်ဝစွာဖြင့် ဟောပြောတင်ဆက်ပေးရမည်။ ဤသို့အားဖြင့် သမ္မာတရားသတင်းကောင်းသည် မသိရှိကြသေးသူများ၏လမ်းမပေါ်တွင် ခင်းကျင်းပြထားနိုင်ပြီး လူအနည်းအကျဉ်းလောက်က လက်ခံသွားကြသည် မဟုတ်ဘဲ ကမ္ဘာအနှံ့မှရောက်လာကြသူများက သူတို့၏ နေအိမ်များသို့ ယူဆောင်၍ ရောက်သွားကြလိမ့်မည်။ (ChS 127.1)ChSBur 210.1

    “အနာငြိမ်းသာသနာ” နှင့် “ခရစ်တော်၏ရည်မှန်းသင်ခန်းစာ များ” စာစောင်သည် ခရီးသွားဗဟိုနေရာများတွင် အသုံးပြုရန် ကျွန်ုပ် တို့အတွက် ထူးခြားစွာကိုက်ညီပါသည်။ ဤစာအုပ်စာစောင်များသည် နားနားနေနေဖတ်လိုကြသောထိုခရီးသွားတို့၏လက်ထဲသို့ ရောက်သွားစေရန် ဖြစ်နိုင်သမျှ အားလုံးလုပ်ကြရမည်။ (ChS 127.2)ChSBur 211.1

    ကျန်းမာရေးစားသောက်ခန်းမဆိုင်များနှင့် ဆေးကုခန်းများကို ဖွင့်လှစ် သင့်သည်။ ဤကဏ္ဍများအတွက် ကျွန်ုပ်တို့၏ကြိုးပမ်းခြင်းထဲတွင် ပင်လယ် ကမ်းခြေအပန်းဖြေစခန်းများလည်းပါရမည်။ ဗတ္တိဇံဆရာယောဟန်၏တောထဲ ၌ဟစ်ကြော်သောအသံအတိုင်း “ထာဝရဘုရားသခင်ကြွတော်မူရာလမ်းကို ပြင်ကြလော့” ဟု ဆိုသကဲ့သို့ ဘုရားသခင့်စေတမန်များ၏စကားသံများ သည်လည်း ခရီးသွားစခန်းနှင့် ပင်လယ်ကမ်းခြေအပန်းဖြေစခန်းတွေမှာ လူတွေအားလုံးကြားကြရပါစေ။ (ChS 127.3)ChSBur 211.2