Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စာတန်၏သေဆေး

    ထာဝရဘုရားသခင်၏လူများသည် အချိန်ကာလ၏ပုဗ္ဗနိမိတ်များကို ရှုမြင် ဆင်ခြင်၍ သတိပြုမိကြရမည်။ ခရစ်တော်တစ်ဖန်ပြန်ကြွလာခြင်း၏ နိမိတ် လက္ခဏာသည် သံသယမရှိ၊ အလွန်ရှင်းပါ၏။ ဤအာရုံအမြင်အောက်၌ သမ္မာတရားသိကြသူတိုင်းသည် အသက်ထင်ရှားရှိနေသောဒေသနာဆရာများ ဖြစ်ကြရမည်။ ဘုရားသခင်သည် ဒေသနာဆရာများ၊ ကိုယ်တော်လူများအပါ အဝင်အားလုံးကို နိုးထဖို့ခေါ်ယူနေပါ၏။ ကောင်းကင်ဘုံတစ်ခွင်လုံးသည် လည်း အုတ်အော်သောင်းတင်းရှိနေပါသည်။ မြေကြီးသမိုင်းပုံပြင်သည်လည်း အဆုံးသို့နီးကပ်လာနေပါပြီ။ ကျွန်ုပ်တို့သည် နောက်ဆုံးနေ့ရက်များ၏ဘေး အန္တရာယ်ကြီးအလယ်မှာ အသက်ရှင်နေကြရပါ၏။ ပို၍ကြီးသောကပ်ဘေး များသည် လာလိမ့်ဦးမည်။ သို့တိုင်ကျွန်ုပ်တို့နိုးထမှုမရှိကြသေး။ ဘုရားသခင် ၏အမှုတော်အထဲ ပါဝင်လှုပ်ရှားခြင်း၊ စိတ်အားထက်သန်ခြင်းမရှိသည်မှာ ကြောက်မက်ဖွယ်ကောင်းလှပါသည်။ လူကိုထုံထိုင်းစေသော ဤသေဆေးသည် စာတန်ထံမှရောက်လာ၏။ (ChS 37.1)ChSBur 54.1

    လူသေအခေါင်းနှင့်တူသောမယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏ အသင်း တော်များပတ်လည်မှာ ဝန်းရံလျက်ရှိနေသည်။ အကြောင်းမှာ အသင်းသား များသည် အဖိုးတန်သမ္မာတရားမသိကြသေးသောသူတို့အား အလင်းပေးခြင်း ဖြင့် ဘုရားပေးသောစွမ်းရည်များကို လေ့ကျင့်ခြင်းမရှိကြသောကြောင့်ဖြစ်၏။ ဘုရားသခင်သည် သူတစ်ပါးတို့အား သမ္မာတရားသိစေရန်အတွက် အလင်း အောက်၌ ဝမ်းမြောက်ဝမ်းသာရှိနေကြကုန်သော အပြစ်ဖြေလွှတ်ခြင်းခံရသည့် ဝိညာဉ်များကို ခေါ်ယူနေပါသည်။ (ChS 37.2)ChSBur 54.2

    စာတန်မာရ်နတ်သည် ဘုရားသခင်၏လူတို့ကို မလှုပ်နိုင်အောင် ကြံဆောင်၍ သမ္မာတရားကျယ်ပြန့်ရေးအတွက် လူတွေအလုပ်မလုပ်နိုင်အောင် တားဆီးထားခြင်းဖြင့် နောက်ဆုံးသူတို့ကို ချိန်ခွင်အထဲထည့်ချိန်သောအခါ ချွတ်ယွင်းချက်တွေ့ ရှိနေရစေဖို့ဖြစ်သည်။ (ChS 37.3)ChSBur 54.3

    လူသားအပေါင်းသည် ဘေးအန္တရာယ်ဆိုက်နေပါသည်။ လူအများ အပြားသည် ဆုံးပါးနေကြ၏။ သို့သော် ယင်းအသက်ဝိညာဉ်များအတွက် တာဝန်ထမ်းဆောင်နေကြသည့် ခရစ်တော်နောက်လိုက်များဟုဆိုကြသောသူများ အဘယ်မျှလောက်နည်းပါးနေရသနည်း။ ကမ္ဘာကြီး၏သေရေးရှင်ရေးသည် သို့လောသို့လောတွေးတောစရာဖြစ်နေပါသည်။ သေမျိုးလူသားတို့အား ပေးအပ် ခဲ့သမျှအထဲ၌ အထိရောက်ဆုံးဖြစ်သောသမ္မာတရားကို ယုံကြည်ပါသည်ဟု ကြွေးကြော်နေကြသူများပင်လျှင် ဤအခြေအနေ၌ တုန်လှုပ်ခြင်းမရှိကြသေး ပါ။ လူသားဇာတိအသွင်ဖြင့် လူသားကိုတွေ့ ထိပြီး ယင်းလူသားကို ဘုရား သခင်၏အထံတော်သို့ခေါ်ဆောင်ရန် ခရစ်တော်သည် ကောင်းကင်ဘုံကိုစွန့် ၍ လူဇာတိကိုခံယူရောက်လာရလေအောင် လမ်းပြပေးသည့်မေတ္တာမျိုး သူတို့ ၌ လိုအပ်နေပါသည်။ တာဝန်ချိန်ကို နားမလည်နိုင်လောက်အောင် ဘုရား သခင်၏လူတို့အထဲ၌ ထိုင်းမှိုင်းတွေဝေ၍ သွက်ချာပါဒရောဂါစွဲကပ်နေကြ ပါသည်တကား။ (ChS 37.4)ChSBur 55.1

    စာတန်သည် မိမိတပ်ကိုအားကောင်းစေရန်နှင့် ဝိညာဉ်များစွာသူ့ဘက် သို့ရောက်လာစေရန် ခရစ်ယာန်များဟူ၍ ဟစ်ကြွေးနေကြသူတို့ထဲက နုံးခွေ အားလျော့နေကြသူ၊ မထုံတက်သေးငိုက်မြည်းနေကြသူများကို အသုံးပြုသည်။ လူများစွာသည် ခရစ်တော်၏အမှုတော်ကို အမှန်မဆောင်ရွက်သော်လည်း ကိုယ်တော်၏ဘက်တော်သားများဖြစ်သည်ဟု ယူဆနေခြင်းအားဖြင့် ရန်သူ စာတန်အတွက် ကြိုတင်နယ်မြေသိမ်းပိုက်ထားနိုင်ခြင်းနှင့် အခွင့်အရေးအသာ ရခြင်းရှိစေပါသည်။ သခင့်အတွက် လုံ့လဝီရိယစိုက်သည့်အမှုဆောင်များ ဖြစ်လာရန် ရှုံးနိမ့်ခဲ့ကြသောကြောင့်လည်းကောင်း၊ တာဝန်များကိုမကျေပွန်၊ နှုတ်ကပတ်စကားလည်းမဟောပြောဘဲ ထိန်ချန်ခဲ့ကြသောကြောင့်လည်းကောင်း ခရစ်တော်ဆီသို့ အောင်နိုင်ပို့ဆောင်ရမည့် အသက်ဝိညာဉ်များကို ထိန်းချုပ် ရယူသွားနိုင်ရန် စာတန်ကိုအခွင့်ပေးလိုက်ခြင်းသာဖြစ်နေပါတော့သည်။ (ChS 38.1)ChSBur 55.2

    ကျွန်ုပ်သည် ဘုရားသခင်၏သမ္မာကျမ်းစာကို လေ့လာသည့်အခါ ဤနောက်ဆုံးနေ့ရက်များ၌ရှိနေသောထာဝရဘုရားသခင်၏ ဣသရေလလူမျိုးတို့ အတွက် ရုတ်တရက်ကျွန်ုပ်စိတ်ပူနေမိပါသည်။ သူတို့သည် ရုပ်တုဆင်းတု ကိုးကွယ်ခြင်းကင်းစင်ရန် အလေးအနက်တိုက်တွန်းခြင်းခံရပါ၏။ သူတို့မသိ ကျိုးကျွန်ပြုနေကြသည်ကို ကျွန်ုပ်စိုးရိမ်မိနေသည်။ ထိုလူမျိုးသည် ထာဝရ ဘုရားသခင်ကို ကိုးကွယ်ကြသူများနှင့် ထာဝရဘုရားသခင်ကို မကိုးကွယ်ကြသူများတို့ အကြား ကွာခြားချက်ကိုပင် ခွဲခြား၍မမြင်နိုင်လောက်အောင် လောကအများ နည်းတူ အလွန်လမ်းရိုးလိုက်၍ နေနေကြကုန်၏။ ခရစ်တော်နှင့်ကိုယ်တော် နောက်တော်လိုက်များအကြား အကွာအဝေးသည် ကျယ်ပြောလှ၏။ သို့သော် သူတို့နှင့်လောကအကြား အကွာအဝေးသည် လျော့နည်းသွား၏။ ခရစ်တော် ကိုအတိအလင်းကိုးကွယ်သူများနှင့် လောကီသားတို့အကြား ခွဲခြားထားသည့် အမှတ်အသားသည် ပျောက်ကွယ်လုနီးဖြစ်နေပါပြီ။ ရှေးခေတ်ဣသရေလ လူမျိုးများကဲ့သို့ သူတို့ပတ်လည်ရှိနိုင်ငံများ၏စက်ဆုပ်ရွံရှာဖွယ်နောက်သို့ သူတို့လိုက်ပါနေကြပါပြီ။ (ChS 38.2)ChSBur 56.1