Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပုရောဖက်နေဟမိ၏အသက်တာမှရယူနိုင်သောသင်ခန်းစာများ

    င်းခြင်း လွန်ခဲ့သောနှစ်များအတွင်းက အသင်းတော်သာသနာစီမံချက်လုပ်ငန်း နှင့်ပတ်သက်၍ ထိုအမှုတော်လုပ်ငန်းတိုးတက်အောင် ဘယ်လိုလုပ်ရမှာလဲ ဆိုသည့်အကြောင်းကို လုပ်ဖော်ကိုင်ဖက်ညီအစ်ကိုမောင်နှမ၊ မိတ်ဆွေတို့နှင့် စကားစပ်မိခဲ့ရာ နေဟမိကိုနမူနာထား၍ ညွှန်းဆိုပြောပြခဲ့ဖူးပါသည်။ ယခုအခါ ၌လည်း ထိုပုဂ္ဂိုလ်၏အတွေ့ အကြုံများကို လေ့လာမှတ်သားကာ နည်းယူရန် ကျွန်ုပ်နှိုးဆော်လိုပါသည်။ ထိုသူသည် ယုံကြည်ချက်အားကြီးသူ၊ ဆုတောင်း ခြင်းကိုတန်ဖိုးထားသူ၊ ဆုံးဖြတ်ခြင်းအရာမှာ လိမ္မာပါးနပ်သောသူဖြစ်ပါ၏။ ထာဝရဘုရား၏အမှုတော်အတွက် အကျိုးရှိ၍ တိုးတက်အောင်မြင်စေရန် မိမိ၏မိတ်ဆွေ၊ ဧကရာဇ်ဘုရင်ကြီးအာတဇေရဇ်၏ရှေ့တော်သို့ပင် ရဲဝံ့စွာ ဝင်ရောက်အကူအညီတောင်းခံနိုင်ခဲ့သူတစ်ဦးဖြစ်ပါသည်။ (ChS 171.3)ChSBur 286.1

    ပေးနိုင်သူတို့ထံမှအသနားခံတောင်းကြ--- ဆုတောင်းသောသူများသည် လက်တွေ့လည်းရှိရသည်။ အသင့်ရှိသူ၊ အလိုဆန္ဒရှိကြသူတိုင်းသည် အလုပ် လုပ်ရန် နည်းလမ်းများနှင့် လိုအပ်သည်များကို တွေ့မြင်သည်။ နေဟမိ သည် မသေချာမရေရာသောအရာများ၌ မှီခိုအားထားခဲ့သည်မဟုတ်။ သူ၌ မရှိသည့်အရာများကို ပံ့ပိုးပေးနိုင်သူတို့ထံမှ တောင်းခံခဲ့ခြင်းဖြစ်သည်။ (ChS 171.4)ChSBur 286.2

    လုပ်ငန်းအတွက်သတ္တိသည် တန်ခိုးတော်အားဖြင့်ရ၏--- နေဟမိ နှင့်အာတဇေရဇ်မင်းကြီးတို့သည် မျက်နှာချင်းဆိုင်ရပ်၍ စကားပြောခဲ့ကြ၏။ နေဟမိမှာစစ်ရှုံးသုံ့ပန်းအနင်းခံလူမျိုးထဲက အစေခံကျွန်တစ်ဦး၊ အခြားတစ်ဦး မှာ ကမ္ဘာ့အင်ပါယာကြီးတစ်ခု၏ ဧကရာဇ်မင်းဖြစ်သည်။ သို့ရာတွင် လူ့ရာထူး ရာခံအဆင့်အားဖြင့် ကွာခြားမှုထက် အတိုင်းအဆမရှိပိုကြီးသောကွာခြားမှု သည် သူတို့နှစ်ဦးကိုပိုင်းခြားပေးသည့် စာရိတ္တအကွာအဝေးဖြစ်လာသည်။ နေဟမိသည် ကောင်းကင်ထက်က ဘုရင်တကာ့ဘုရင်၏ဖိတ်ခေါ်ခြင်းကို လိုက်လျောနာခံခဲ့လေ၏။ “သူသည် ငါ (ဘုရား) နှင့်ငြိမ်းချမ်းရေးစေ့စပ် သဖြင့် ငြိမ်းချမ်းမှုရမည့်အကြောင်း ငါ (ဘုရား) ၏ခွန်အားသတ္တိကို ကိုင်စွဲ ပါစေသော်” ဤအသံတိတ်အသနားခံတောင်းလျှောက်ချက်သည် ယခင် ရက်ပေါင်းများစွာကတည်းက ကောင်းကင်ထက်သို့ ပို့လိုက်သောနေဟမိ၏ ရင်ဖွင့်သံဖြစ်ပါသည်။ ထာဝရဘုရား၏ကြွယ်ဝခြင်းသည် မိမိ၏တောင်းခံ ချက်ကို ပြည့်စုံစေရမည်ဟုလည်း မျှော်လင့်ခဲ့ပါသည်။ ယခုမှာနေဟမိက ထိုမိတ်ဆွေကြီးထာဝရဘုရားသည် အနန္တဉာဏ်တော်နှင့် အနန္တတန်ခိုးတော် အရှင်ဖြစ်သည်ကို စွဲမှတ်လျက် သတ္တိမွေးကာ မိမိ၏ကိုယ်စားအလုပ်လုပ် ပေးပါရန် ကောင်းကင်ဘုံရှင်ဖခင်ကို အကူအညီတောင်းခံပြီး ရှင်ဘုရင်ကြီးအား မိမိ၏ဆန္ဒကို တင်ပြပါသည်။ ထိုဆန္ဒမှာ မိမိအား နန်းတော်ရင်ပြင်ရုံးတော်မှ ခွင့်ရက်ပေးပြီး ယေရုရှလင်မြို့ ပြိုပျက်ရာများကို ပြန်လည်တည်ဆောက်ခွင့် အမိန့်ကို ထုတ်ပေးရန်ဖြစ်ပါသည်။ နေဟမိအနေဖြင့် ထိုပျက်စီးနေသော မြို့တော်ဟောင်းကို တစ်ဖန်ခွန်အားနှင့်ပြည့်ဝသောအကာအကွယ်မြို့တော်အဖြစ် ပြန်လည်တည်ဆောက်လိုသည်မဟုတ်လော။ ယုဒမြို့တော်နှင့် နိုင်ငံသားတစ်ရပ် လုံး၏အရေးသည် ထိုအသနားခံလွှာအပေါ်မှာ မူတည်နေပါသည်။ ထိုအခါ နေဟမိက “သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း ငါ၏ဘုရား သခင့်တန်ခိုးကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနားတော်မူ၏” ဟု ဆိုခဲ့ပါသည်။ (ChS 172.1)ChSBur 286.3

    ရုံးတော်ထောက်ခံချက်ကိုရ၍ လုံခြုံစိတ်ချရသည်--- နေဟမိ၏တောင်းခံ ချက်ကို ရှင်ဘုရင်သည် နှစ်သက်သောကြောင့် နေဟမိသည် မိမိ၏စီမံချက် အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သောအထောက်အပံ့များ ကိုတောင်းရန် သတ္တိရှိလာခဲ့ပါသည်။ မိမိ၏လုပ်ငန်းစဉ်ဖော်ဆောင်နိုင်ရန်မှာ သိက္ခာ၊ အာဏာနှင့်ခရီးစဉ်များလုံခြုံရေးလိုအပ်သဖြင့် ကိုယ်ရံတော်တံဆိပ် တစ်ခုကို နေဟမိရယူခဲ့သည်။ ယူကရေးတီးမြစ်တစ်ဖက်မှာရှိသောနယ်မြေ ဒေသများ၌ လုံခြုံရေးအဆင်ပြေစေရန် ရှင်ဘုရင်ထံမှ ထိုဒေသအစိုးရမင်း များထံသို့ ရေးသည့်အမိန့်တော်စာလွှာများကိုလည်း ရယူခဲ့ပါ၏။ ထို့အပြင် လေဗနုန်တောင်ပေါ်မှာရှိသောသစ်များကို ရယူနိုင်ရန် ဘုရင့်သစ်တောထိန်းထံ သို့ရေးသည့်စာတစ်စောင်ကိုလည်း ရယူခဲ့ပါသည်။ ထိုစာအရ နေဟမိသည် ယေရုရှလင်မြို့ဟောင်းနှင့် မြို့ရိုးကိုပြန်လည်တည်ဆောက်မည်ဖြစ်၍ ထင်းရူး သစ်နှင့်အခြားသစ်များလိုသလောက်ရရန် စီမံညွှန်ကြားထားပါသည်။ နေဟမိ သည် မိမိလုပ်ဆောင်မည့်အလုပ်တွင် အထစ်အငေါ့မရှိစေရေးနှင့် ညည်းတွား အပြစ်တင်စရာမရှိရလေအောင် အစိုးရအမိန့်နှင့် အခွင့်အရေးများကို ရနိုင် သလောက်ရအောင် သတိကြီးစွာဖြင့် စီမံရယူထားပါသည်။ ထိုလုပ်ဆောင်မှ အတွက် ရှင်းလင်းပီပြင်စွာဖြင့် နေဟမိတင်ပြတောင်းခံခဲ့ပါ၏။ (ChS 172.2) နေဟမိ၏ခရီးစဉ်တစ်ကြောမှာ ဖြတ်ကျော်သွားရမည့်ဒေသများကို အုပ်ချုပ်သောအစိုးရမင်းများအတွက် ဘုရင့်စာများပါလာသောကြောင့် နေဟမိ သည် ဂုဏ်ကျက်သရေရှိစွာဧည့်ဝတ်ပြုခြင်းခံရပါသည်။ လိုအပ်သောထောက်ပံ့ မှုများကိုလည်း ရရှိခဲ့ပါသည်။ ပါရှားဧကရာဇ်မင်းကြီး၏အာဏာစက်နှင့် လွှမ်းခြုံခြင်းခံရသဖြင့်လည်း အဘယ်ရန်သူကမျှ နေဟမိကို စော်ကားခြင်း မပြုဝံ့ကြပါ။ အားလုံးသောအစိုးရမင်းများက နေဟမိကို ရှင်ဘုရင်ဧည့်သည် တော်အဖြစ် သတ်မှတ်အောက်မေ့ကြပါသည်။ နေဟမိ၏ခရီးစဉ်သည် လုံခြုံ ၍ပွင့်လန်းခဲ့ပါ၏။ (ChS 172.3)ChSBur 287.1

    ဆူးငြောင့်ခလုတ်များကြုံတွေ့ ရခြင်း--- နေဟမိသည် ကိုယ်ရံတော် တစ်စိတ်နှင့်အတူ ယေရုရှလင်မြို့ ပျက်ဆီသို့ ရောက်ရှိလာပါပြီ။ စစ်တပ်ကြောင့် အရေးကြီးလုပ်ငန်းတစ်ခုလုပ်ဖို့ ရောက်လာမှန်းထင်ရှားသဖြင့် ယုဒတို့၏ ရန်သူများသည် မနာလိုအမုန်းပွားခဲ့ပါသည်။ ယေရုရှလင်မြို့ ပျက်နားမှာ နေထိုင်ကြကုန်သောတစ်ပါးအမျိုးသားအုပ်စုများသည် ယုဒလူမျိုးဆိုလျှင် ဆန့်ကျင်ရုံမျှမက အတင့်ရဲကာ ဒုက္ခပေးသူပေး၊ စော်ကားသူစော်ကားနှင့် အနိုင်ကျင့်တတ်ကြပါသည်။ ဤသို့သူတစ်ပါးငိုမှပျော်တတ်သည့် လူမျိုးအုပ်စု ကွဲအကြီးအကဲများအထဲတွင် ဟောရနိလူသမ္ဘာလတ်၊ အချွန်အမျိုးသား တောဘိ၊ အာရပ်အမျိုးသားဘေရှင်တို့သည် ထင်ရှား၏။ ထိုသူတို့သည် နေဟမိစရောက်လာကတည်းက မနာလိုသောစိတ်နှင့် မျက်စိဒေါက်ထောက် ကြည့်နေကြပါသည်။ နေဟမိ၏စီမံချက်နှင့်လုပ်ဆောင်မှုများကိုလည်း တတ်နိုင် သမျှနည်းပရိယာယ်နှင့်အာဏာကိုသုံး၍ သူတို့ကြိုးစားဖျက်ဆီးကြပါသည်။ (ChS 173.1)ChSBur 288.1

    တောဘိနှင့်အဖော်တို့သည် ပြန်လည်တည်ထောင်ရေးအလုပ်များ လုပ်ဆောင်နေကြသောအလုပ်သမားများအချင်းချင်းကို သွေးခွဲကြ၏။ ပြောင်လှောင်သရော်ကြ၏။ သို့ပြမှ ထိုလုပ်သားအချင်းချင်းတို့သည် တစ်ယောက် ကိုတစ်ယောက်သံသယဝင်သဖြင့် ယုံကြည်စိတ်ချမှုမရှိဖြစ်လာကြပါမှ ထိုရန်သူ တို့၏အကြံမှာ အောင်မြင်မည်မဟုတ်လော။ မဖြစ်နိုင်သောပြန်လည်တည်ထောင် ရေးကို အချည်းနှီးခွန်အားဖြုန်းတီးကာ လုပ်နေကြသည်ဟု ပြောင်လှောင်သရော် ကြကုန်၏။ အရှက်တကွဲအကျိုးနည်းစွာတပ်ခေါက်ပြန်ကြရတော့မည်ဖြစ် ကြောင်း နိမိတ်ဖတ်ဟောပြောကြ၏။ မြို့ရိုးကိုပြန်လည်တည်ဆောက်သူများ သည် ကြာသော်စိတ်ပျက်လာကြပါတော့သည်။ နေ့ညမပြတ်မအိပ်ဘဲ အပြစ် ရှာနေကြသည့်ရန်သူတစ်ပါးအမျိုးသားတို့၏အနိုင်အထက်ပြုခြင်းများကတစ်မျိုး၊ မှားယွင်းသောသတင်းများပေးပို့ကာ ပျက်စီးစေရန် ဖျက်ဆီးခြင်းကတစ်မျိုးနှင့် အဖျက်လုပ်ငန်းကို လျှို့ဝှက်လုပ်ဆောင်ရန် စေလွှတ်လိုက်သောရန်သူတို့၏ ကြိုးစားအားထုတ်ခြင်းများကတစ်ဖုံတို့ကြောင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်း ခွင်ထဲတွင် သပွတ်အူလိုရှုပ်ယှက်ခတ်နေပါသည်။ ခေါင်းဆောင်ကြီးနေဟမိ ကိုလည်း သူတို့စည်းရုံးကြပါသည်။ သို့ဖြစ်၍ သဘောထားမမှန်သောယုဒ လူတို့သည် ထိုသစ္စာဖေါက်တို့၏ခြယ်လှယ်မှုကို ထောက်ခံရန် ပြင်ဆင်လာ ကြပါတော့သည်။ ရန်သူတို့၏တိုးတိုးတိတ်တိတ်ဖျက်ဆီးလိုစိတ်နှင့် ကြံစည် မှုများ၊ မိတ်ဆွေအယောင်ဆောင်ကြသူများသည် မြို့ရိုးပြန်လည်ထူထောင် ရေး၌ လုပ်နေကြသူများနှင့်ရောကာ စိမ့်ဝင်နေပြီဖြစ်သဖြင့် ဤစီမံကိန်းကြီး ကို ပြောင်းလဲပစ်ရန် အကြံပေးခြင်း၊ လုပ်သားတို့၏စိတ်အာရုံကို ပြောင်းလဲ စေခြင်းတို့ကြောင့် ရှုပ်ထွေးပွေလီမှုနှင့် သံသယစိတ်များ၊ တစ်ဦးအပေါ်တစ်ဦး မယုံကြည်ခြင်းများဖြင့် လုပ်ငန်းခွင်အတွင်း တိုးပွားလာနေပါသည်။ (ChS 173.2) (ChSBur 289.1

    အလားတူသောအဟန့်အတားများယနေ့ခေါင်းဆောင်များရင်ဆိုင်နေကြ ရ---နေဟမိ၏အတွေ့အကြုံမျိုးကို ယနေ့ကာလဘုရားသခင်၏လူတို့၏သမိုင်း စဉ်၌လည်း တစ်ကျော့ပြန်လည်ရောက်ရှိလာပါသည်။ သမ္မာတရားအလင်း ပျံ့နှံ့စေရေး၌ ပါဝင်အသုံးတော်ခံနေကြသောသူများသည် သမ္မာတရားကို ဆန့်ကျင်သောရန်သူတို့၏အမျက်ဒေါသနှိုးဆွမှုကို မတားဆီးနိုင်ကြပါ။ ထိုသူတို့သည် ထာဝရဘုရားသခင်၏ ဖိတ်ခေါ်မှုကြောင့် အမှုတော်မြတ်၌ ပါဝင်လုပ်ဆောင်ရသလို ထာဝရဘုရားသခင်၏ထောက်ခံမှုကိုရသည့်တိုင်အောင် ရန်သူ၏ခနဲ့တဲ့တဲ့နာကြည်းအောင်ပြောဆိုလှောင်ပြောင်မှုမှ မလွတ်ကင်းနိုင်ကြ ပါ။ သူတို့သည် အမြော်အမြင်မရှိသောသူများ၊ အားကိုးမရသောသူများ၊ တစ်ဖက်သတ်ပြစ်တင်ဝေဖန်တတ်ကြသူများဟု ရှုတ်ချခြင်းကို ခံရလိမ့်မည်။ ဤကား ရန်သူတို့အကြိုက် ရန်သူတို့၏ရည်ရွယ်ချက်နှင့် ကိုက်ညီနေပါလိမ့်မည်။ အထူးသဖြင့် သန့်ရှင်းမြင့်မြတ်သောအရာများကို ဘုရားတရားမကိုင်းရှိုင်းသူတို့ သည် ပြက်ရယ်ပြုကြလိမ့်မည်။ သိမ်ဖျင်းသောစကားများ၊ သူတစ်ပါးနာကြည်း အောင်ငေါ့တော့တော့ပြောသောစကားအနည်းငယ်နှင့် မနာလိုဝန်တိုမှု၊ ဘုရား တရားမရိုသေမှု၊ မကိုင်းရှိုင်းမှု၊ မုန်းတီးမှုစသည်တို့သည် ဘုရားတရား မှားယွင်းဖောက်ပြန်သူများကို ရွှင်မြူးစေပါသည်။ ဘုရားတရားမလေးမစား ပြုသူတို့သည် ဤအမှုများကို ကျေနပ်နေကြပါလိမ့်မည်။ မိမိအလိုနှင့်ညီညွတ် အောင်ဖန်တီးပြုပြင်ထားသောယုံကြည်ခြင်းအတုအယောင်၌ ရွှင်မြူးနေကြ သူတို့သည် ထာဝရဘုရားအား ပြစ်မှားခြင်းအလုပ်ကို ရဲရင့်စွာလုပ်လာကြ ပါသည်။ အမှန်အားဖြင့် သူတစ်ပါးကိုအထင်အမြင်သေးခြင်း၊ ပြောင်လှောင် ကဲ့ရဲ့ခြင်းတို့သည် လူကိုစိတ်နာစေပါ၏။ သို့သော်လည်း ထာဝရဘုရား၌ သစ္စာရှိသူတို့သည် ဤမနှစ်မြို့စရာအတွေ့အကြုံများကို ခံကြရပါမည်။ ဤကား ထာဝရဘုရားပေးသောအမှုတော်ကို ထမ်းဆောင်နေသူတို့အား စာတန် မာရ်နတ်သည် လုံးဝမနှစ်မြို့သောကြောင့် ပြုသောအလုပ်ဖြစ်၏။ ဘုရားနှင့်ဝေးရန် လူတွေပြဌာန်းထားသောပေါ်လစီမူဝါဒလည်းဖြစ်ပါသည်။ (ChS 173.3)ChSBur 290.1

    စိတ်ပျက်အားလျော့နေသောအင်အားစုများကိုပြန်လည်စုစည်ခြင်း- နေဟမိသည် မည်သူမျှမသိ၊ တိတ်ဆိတ်စွာဖြင့် ညအချိန်ထ၍ ယေရုရှလင်မြို့ ရိုးမည်မျှပျက်စီးနေကြောင်း လေ့လာမှုကိုပြုခဲ့ပါသည်။ မှတ်တမ်းအရ “အဘယ်အရပ်သို့သွားသည်။ အဘယ်သို့ပြုသည်ကို မင်းတို့သည် မသိကြ။ ယုဒလူ၊ ယဇ်ပုရောဟိတ်၊ မှူးမတ်၊ မင်းအရာရှိ၊ လုပ်ဆောင်သောသူ တစ်စုံတစ်ယောက်ကိုမျှ ငါသည် ကိုယ်အမှုကိုမပြောသေး” ဟုဆိုသည်။ ယခုလိုစိတ်နာကြည်းစရာမြို့ရိုးဟောင်းကို လေ့လာကြည့်ရှုနေသည်ကို နေဟမိသည် အဘယ်မိတ်ဆွေများ (သို့မဟုတ်) ရန်သူများကိုသော်မျှ အသိမပေးလို၊ အာရုံမစိုက်လာစေလိုပါ။ အကြောင်းရင်းမှာ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ သိရှိသူတို့စိတ်လှုပ်ရှားလာကြပြီး သတင်းဖြန့်သဖြင့် မလိုလားအပ်သောအနှောင့်အယှက်ဝင်ကာ မိမိအလုပ်ပျက်မှာ စိုးရိမ်သော ကြောင့်တည်း။ ကျန်ရှိနေသောညအချိန်မှာ နေဟမိသည် ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့်စကားပြော၍ နံနက်မိုးသောက်သောအခါမှာ လုံးဝခွန်အား ယူလျက် သံသယဒွိဟမဖြစ် စည်းလုံးသောစိတ်ဓာတ်ဖြင့် နိုင်ငံသားတို့အား အလုပ်တာဝန်ကို ခွဲဝေထမ်းဆောင်စေခဲ့ပါသည်။ (ChS 174.1)ChSBur 291.1

    နေဟမိသည် ဘုရင့်အမိန့်တော်ဖြင့် မြို့ရိုးအဟောင်းကို ပြန်လည် ပြုပြင်တည်ဆောက်ရန် ဒေသခံမြို့သားများ၏စုပေါင်းလုပ်အားကို ရရှိလာရန် သူသည် ဘုရင့်အာဏာစက်သက်သက်ကို ဦးစားပေး၍ အားကိုးလုပ်ဆောင် ခဲ့သူတစ်ယောက်မဟုတ်ပါ။ လူတို့၏စိတ်စေတနာနှင့် ကိုယ်ချင်းစာတရား ယုံကြည်စိတ်ချထားမှုများကို ရှာဖွေယူသူတစ်ဦးဖြစ်ပါသည်။ အကြောင်းမှာ မိမိတာဝန်ယူလုပ်ဆောင်ရသောအလုပ်သည် တန်ခိုးအာဏာနှင့်မပြီးနိုင်၊ စုပေါင်း ညီညာအောင်ကြောင်းဖြာဆိုသလို တစ်စိတ်တစ်သဘောတည်း ညီညွတ်စွာ လုပ်ကိုင်ပါမှ ထိရောက်မည်ဆိုသည်ကို သူသည် ကောင်းစွာသိရှိထားပြီးဖြစ် ပါသည်။ သို့ဖြစ်၍ လူတို့၏ယုံကြည်အားကိုးခြင်းနှင့် ‘စည်းလုံးခြင်းသည် အင်အား’ ဟူသောဆောင်ပုဒ်ကို သူသည် ရင်ဝယ်ပိုက်ထားပါသည်။ (ChS 174.2)ChSBur 291.2

    နံနက်ခင်းအချိန်မှာ နေဟမိသည် မိမိလူတို့အား နှိုးဆော်စကား ပြောကြားသဖြင့် ပြန့်ကျဲနေသောသူတွေပေါင်းစည်းလာကြသည်။ စည်းလုံး ခြင်း၏အင်အားစုသည် နေ့ချင်းနှိုးထလာပါသည်။ ထိုအခါ နေဟမိသည် မိမိ၏အကြံအစည်ကို အသေးစိတ်တင်ပြကာ ဤစီမံချက်သည် ပါရှားဧကရာဇ် မင်းကြီးနှင့်ယုဒတို့၏ထာဝရဘုရားအမိန့်တော်တို့ပေါင်းစပ်၍ တည်ဆောက် ထားသောအစီအစဉ်ဖြစ်ကြောင်း “ဤစီမံချက်ကို သင်တို့တစ်တွေအခွင့်ကောင်း ယူ၍ ကျွန်ုပ်နှင့်အတူ မြို့ရိုးကိုတည်ဆောက်ကြမည်မဟုတ်လော” ဟု တိုက်ရိုက် မေးခွန်းကိုမေး၍ လှုံ့ဆော်ပေးလိုက်နိုင်ခဲ့သည်။ ဤပန်ကြားချက်သည် လူအပေါင်းတို့၏စိတ်နှလုံးကိုတို့ထိသဖြင့် ကောင်းကင်ဘုံရှင်ထာဝရဘုရား သခင်၏မျက်မှောက်တော်၌ မျက်နှာရသောကြောင့် သူတို့၏ယခင်က စိုးရွံ့ မှုသည် ရှက်ဖွယ်ကောင်းလှပေစွဟု ခံစားကြရကုန်၏။ ထို့နောက် အင်းအား အသစ်နှင့်တညီတညွတ်တည်းကြွေးကြော်ကြသည်ကား “ငါတို့သည်ထ၍ မြို့ရိုးတို့ကို ပြုပြင်တည်ဆောက်ကြကုန်အံ့” ဖြစ်သတည်း။ (ChS 174.3)ChSBur 292.1

    နေဟမိ၏သန့်ရှင်းသောအားအင်နှင့် မြင့်မားသောမျှော်လင့်ချက်တို့ ကို လူအပေါင်းတို့ကြားသိရသဖြင့် အားတက်လာကြ၏။ ထိုခေါင်းဆောင် နေဟမိ၏စိတ်ဓာတ်မြင့်မားသန့်ရှင်းမှုကို တွေ့မြင်ခံစားရကြသောအခါ လမ်းမှား သူများသည် စိတ်ဓာတ်ကိုမြှင့်တင်ပေးသောခေါင်းဆောင်ကြီး၏ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အသင့်ဖြစ်လာကြပါသည်။ တစ်ဦးချင်းစီ၌လည်း နေဟမိ လိုစိတ်ဓာတ်မျိုးရှိလာကြပါသည်။ တစ်ဦးကိုတစ်ဦးလုပ်ငန်းခွင်တာဝန်များ၌ အချင်းချင်းအားပေးကာ လက်ကမ်းတည်ဆောက်လာကြသည်။ (ChS 175.1)ChSBur 292.2

    ဦးဆုံးတုံ့ပြန်လာသောယု ဒ ယဇ်ပုရောဟိတ်များရှိလာသည်။ - နေဟမိ၏ သဘောထားကြီးမားမှုနှင့် စိတ်ဓာတ်ကြံ့ခိုင်ပြင်းပြမှုကို မြင်တွေ့ ခံစားမိသူများအထဲတွင် ယုဒ (အစ္စရေး) ယဇ်ပုရောဟိတ်များဖြစ်ကြသည်။ ထိုသူတို့သည် ဦးဆောင်သူများဖြစ်ကြသဖြင့် မည်သည့်အလုပ်ကိုမဆို မြန်ဆန် စေနိုင်သလို၊ နှေးလည်းနှေးကွေးစေနိုင်ပါသည်။ ထိုသူများကို ပူးပေါင်းလုပ် ဆောင်စေမည်ဆိုသောအစီအစဉ်သည် အောင်မြင်ရန်ကျိန်းသေသည်။ အလား တူပင် သန့်ရှင်းသောအလုပ်ဟူသမျှ၌ ဘုရားတရားကိုင်းရှိုင်းသူခေါင်းဆောင် များပါဝင်ရမည်။ သြဇာသက်ရောက်မှုရှိသောတာဝန်ဝတ္တရားကိုယူထားသည့် အသင်းတော်ခေါင်းဆောင်ကြီးများသည် ထာဝရဘုရား၏အမှုတော်မြတ်၌ ဦးဆောင်ရမည်။ သူတို့က ဖင့်နွှဲလေးကန်လျှင် အခြားသူများလည်း မလှုပ် ရှားကြတော့ပါ။ သို့သော် “ခေါင်းဆောင်များစိတ်တမ်းလျှင် လူများစွာကို နှိုးထစေ၏။” ထိုသူတို့၏အလင်းသည် ပို၍ထွန်းတောက်သောအခါ တစ်ထောင်သောမီးရှူးတိုင်များသည် ထိုအလင်းမှမီးပွားသဖြင့် မီးတောက်မီးလျှံ ကြီးထွန်းတောက်နေပါလိမ့်မည်။ (ChS 175.2)ChSBur 292.3

    နေဟမိသည် စည်းရုံးရေးမှူးကဲ့သို့ဖြစ်သည်။-- လူအပေါင်းတို့၏ စိတ်ဘဝင်သည် တစ်သွေး၊ တစ်သံ၊ တစ်မိန့်၊ မျိုးချစ်စိတ်နှင့်ဖြစ်ပြီး ဝမ်းမြောက်ရွှင်လန်းစွာလုပ်ဆောင်ကြသည်။ အရည်အချင်းရှိသူများနှင့် သြဇာ ကြီးသူတို့သည် ပြည်သူ့အလွှာအမျိုးမျိုးကို အုပ်စုဖွဲ့ပေးကာ အုပ်စုခေါင်းဆောင် တစ်ဦးစီက မြို့ရိုးအပိုင်းအခြားတစ်ခုစီကို ပြန်လည်ပြင်ဆင်တည်ဆောက်ရန် တာဝန်ယူကြရပါသည်။ ဤမြင်ကွင်းသည် ထာဝရဘုရားနှင့် ကောင်းကင် တမန်များရှေ့မှောက်၌ နှစ်သက်ဖွယ်ဖြစ်ရပါ၏။ ယေရုရှလင်မြို့ပျက်အုတ်နံရံ များကို ညီညွတ်စွာပြန်လည်တည်ဆောက်ရေးအလုပ်ခွင်မှ ထွက်ပေါ်လာသော ပျော်ရွှင်ဝမ်းမြောက်သံ၊ ကျောက်ခွဲ၊ လွှဖြတ်၊ သံတူရွင်းသံတို့သည် နံနက် ဝေလီဝေလင်းအချိန်မှစ၍ ညအချိန်ကြယ်များပေါ်ထွန်းလာသည့်အချိန်အထိ ကြားရသည်မှာ ပီတိဖြစ်စရာဖြစ်ပါ၏။ (ChS 175.3)ChSBur 293.1

    စစ်မှန်သောခေါင်းဆောင်မှု၏သရုပ်ပြသွန်သင်ချက်များ--- နေဟမိ၏ စိတ်အားကြီးမှုအစွမ်းသည် လျော့နည်းမသွားပါ။ ယခုအခါမှာ သူလုပ်ရမည့် အလုပ်ကို အမှန်တကယ်သူစတင်လိုက်ပါပြီ။ ဝန်ပေါ့သွားစေရန် သူသည် လက်ပိုက်ကြည့်မနေခဲ့ပါ။ မလျော့သောဇွဲလုံ့လနှင့် မမောမပန်းနိုင်ဘဲ အလုပ်ကို မပြတ်ကြပ်မတ်ခဲ့ပါသည်။ လုပ်သားများကို နှေးကွေးမှုမရှိအောင် အရေးပေါ် လိုအပ်ချက်တိုင်း၌ အသင့်ရှိရန် စီမံကွပ်ကဲခဲ့ပါ၏။ သူ၏သြဇာလွှမ်းမိုးမှ နှင့်မပြတ်သောဇွဲလုံ့လကြောင့် သုံးမိုင်အဝန်းရှိသောမြို့ရိုးသည် ပြီးမြောက်ရ၏။ ထိုကဲ့သို့သောအလုပ်ကိုလုပ်ရင်း ကြောက်လန့်နေသူတို့ကိုလည်း အချိန်အခါ အလိုက် အားပေးခဲ့သည်။ ဇွဲနှင့်အလုပ်လုပ်ရန် အားပေးပြောဆိုသည်။ နှေးကွေး သူတို့ကို နိုးကြားတက်ကြွလာရန် တိုက်တွန်းသည်။ တစ်ချိန်တည်းမှာပင် သူ့ရန်သူတို့၏လှုပ်ရှားမှု အဖုံဖုံကိုလည်း ထောင့်စေ့အောင်ရွှေလင်းယုန်မျက်လုံး ကဲ့သို့ စူးရှစွာစောင့်ကြည့်၏။ အကြောင်းမူကား၊ ထိုရန်သူတို့သည် ပြန်လည်တည်ဆောက်ပြုပြင်သည့်မြို့ရိုးနှင့်မဝေးလှသောနေရာ၌ရှိကြပါသည်။ ရန်သူတို့၏မြှောက်ထိုးပင့်ကော်စကားများကြောင့် သူတို့၏လုပ်ငန်းမပျက်သွား အောင်နှင့်မနှေးကွေးသွားအောင် သတိထားပြီး သူတို့လုပ်ဆောင်နေကြရသည်။ (ChS 175.4)ChSBur 293.2

    ယေရုရှလင်မြို့ရိုးကို ပြန်လည်တည်ဆောက်သောလုပ်သားတိုင်း၏ မျက်လုံးအစုံသည် နေဟမိကိုကြည့်မှတ်လေ့ရှိသဖြင့် အနည်းငယ်သတိပေး ချက်ကိုပင် လိုက်နာရန်ပြင်ဆင်ကြဘိသကဲ့သို့ နေဟမိ၏မျက်လုံးနှင့်နှလုံးသား တို့သည်လည်း ထာဝရဘုရားကို မျှော်ကြည့်၍ နေတတ်ပါ၏။ အကြောင်း ရင်းကား ထာဝရဘုရားသည် ထိုလုပ်ငန်းခွင်စီမံချက်တစ်ခုလုံး၏ ဦးစီးချုပ်ဖြစ် သည်မဟုတ်လော။ ထိုသခင်ကြီး၏စေခိုင်းချက်ကြောင့် နေဟမိသည် ယုံကြည် ခြင်းနှင့်ရဲရင့်ခြင်းစိတ်အားကြီးကာ အများကြားရအောင်နှင့် ကြားရသူလုပ်သား တိုင်းတစ်ချိန်လုံး နှလုံးသည်းပွတ်အထဲ၌ ပဲ့တင်ထပ်တုန်ခါသွားရလေအောင် ကြွေးကြော်လိုက်သည်မှာ “ကောင်းကင်ဘုံရှင်ထာဝရဘုရားသခင်သည် ငါတို့ အား ကြွယ်ဝချမ်းသာစေလိမ့်မည်တကား” ဟူ၏။ (ChS 176.1)ChSBur 294.1

    နေဟမိနှင့်သူ၏အဖော်တို့သည် အလုပ်ကြမ်းများကြောင့် နောက်သို့ မတွန့်သွားပါ။ ပင်ပန်းသောအလုပ်ကြောင့်လည်း ဆင်ခြေမပေးကြပါ။ နေ့ဖြစ်စေ၊ ညဖြစ်စေ၊ အချိန်တိုကလေးမှာပင် မပျင်းရိကြပါ။ အလုပ်လုပ်နေစဉ် အဝတ် မလဲ၊ မချွတ်ကြပါ။ လက်နက်များကိုလည်း ဘေးမှာချမချန်ရစ်ထား။ မှတ်တမ်း ရေးထိုးခဲ့သည်။ “ထိုသို့ငါနှင့်ငါ့ညီ၊ ငါ့ကျွန်၊ ငါ့နောက်၌လိုက်သောတပ်သား တို့သည် ကိုယ်အဝတ်ကို မချွတ်ဘဲနေရကြ၏။” (နေဟမိ ၄:၂၃) (ChS 176.2)ChSBur 294.2

    တန်ပြန်သြဇာသက်ရောက်မှုသည်ဘာသာရေးလှုပ်ရှားမှုတိုင်း၌ရှိ၏။ - အစ္စရေးတို့၏လူကြီးလူကောင်း၊ အုပ်ချုပ်ရေးသမားအများစုသည် မိမိတို့၏ တာဝန်ထမ်းဆောင်မှုတို့၌ ဂုဏ်ယူတတ်ကြပါသည်။ သို့သော်လည်း “အနည်းစုဖြစ်သောတေကောမင်းမှုထမ်းတို့သည် မိမိတို့အရှင်၏အမှုကို ဝိုင်းညီ ၍ မပြုကြပါ။” သစ္စာရှိသောမြို့ရိုးတည်ဆောက်သူတို့၏နာမည်များကို ထာဝရ ဘုရား၏မှတ်တမ်းစာအုပ်ထဲ၌ ဂုဏ်ယူအပ်သူများအဖြစ် ထည့်သွင်းဖော်ပြထား နေစဉ်တွင် လုံ့လမစိုက်၊ ပျင်းရိသောအစေခံတို့၏မှတ်မိစရာများမူကား ရှက်ဖွယ် လိလိဖြစ်၍ နောင်လာမည့်မျိုးဆက်သစ်အားလုံးတို့က သတိထားရမည့် မှတ်တမ်းဆိုးအဖြစ် လက်ဆင့်ကမ်းရောက်သွားသည်။ (ChS 176.3)ChSBur 295.1

    ဘာသာတရားလှုပ်ရှားမှုတိုင်းမှာ လူတချို့ရှိပါသည်။ ထိုသူတို့သည် ထာဝရဘုရား၏အမှုတော်လုပ်ရပ်ကို မငြင်းပယ်နိုင်သောအခါ သူတို့သည် မိမိကိုယ်ကိုအမှုတော်မြတ်တိုးတက်အောင် ရှေ့ဆက်ပါဝင်အားစိုက်ကာ လုပ်ဆောင်ရမည့်အစား မိမိကိုယ်ကိုခပ်ခွာခွာလေးထားတတ်ကြပါမည်။ သို့သော် လည်း ထိုသူများသည် မိမိတို့၏တစ်ကိုယ်ကောင်းဖို့ စိတ်ဝင်စားစရာများကို လုပ်ကြတော့မည်ဆိုလျှင် အထူးသဖြင့် ခြေလှမ်းတိုင်းမှာပေါ့ပါးအားပြည့် နေကြသည်။ ဤနေရာတွင် ကျွန်ုပ်တို့၏သဘောထားလုပ်ဆောင်သမျှသည် အထက်ကောင်းကင်ဘုံရှိ ထာဝရဘုရား၏စာအုပ်ကြီးထဲ၌ ရေးမှတ်ထား လျက်ရှိကြောင်း ထိုစာရင်းကား ထိန်ချန်လှပ်ထားသောအချက်မရှိ၊ အမှား အယွင်းမရှိ၊ ဖြစ်ပျက်ခဲ့သည့်အတိုင်း တရားစီရင်ခြင်းခံရမည်ဖြစ်ကြောင်းကို လုံးလုံးသတိရပါ။ ထာဝရဘုရားအတွက် အမှုဆောင်ရန် အခွင့်အရေးမယူ၊ ဂရုမစိုက်၊ ပျက်ကွက်မှုတိုင်းကို ကောင်းကင်တမန်သည် သစ္စာရှိစွာရေးမှတ် ထားသည့်အတိုင်း တင်ပြပါလိမ့်မည်။ မေတ္တာပါသောယုံကြည်ခြင်းဖြင့် လုပ်ဆောင်ချက်တိုင်း၌ နှိမ့်ချခြင်းရှိပါလေစေ၊ ထိုအရာကို ထာဝရကာလ ပတ်လုံးတွင် အမြဲသတိရနေစေမည်ဖြစ်ပါသည်။ (ChS 176.4)ChSBur 295.2