Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကိုယ်တွေ့ဖြစ်ရပ်သက်သေခံခြင်း

    ခရစ်တော်၏နောက်လိုက်များသည် ခရစ်ယာန်အသက်ရှင်မှု၌ ထုတ်ပြောသောစကားများအားဖြင့် . တစ်ယောက်ကိုတစ်ယောက်ကူညီခြင်း၊ အားပေးခြင်းရှိရမည်။ လုပ်ဆောင်ခြင်းထက် ပိုပိုသာသာကျွန်ုပ်တို့၏အတွေ့ အကြုံများထဲက အဖိုးတန်အခန်းပိုင်းကို ပြောထုတ်တတ်ဖို့လိုပါသည်။ (ChS 212.3)ChSBur 352.3

    အသင်းတော်သည် ဘုရားသခင်နှင့်အတူ ဘုန်းတော်ဝင်စားလေ့ရှိ သောအသင်းသူ/အသင်းသားများ၏လန်းဆန်းသော၊ အသက်ရှင်သောကြုံတွေ့ ရခြင်းများကို လိုအပ်သည်။ ခြောက်သွေ့ငြီးငွေ့ဖွယ်သက်သေခံခြင်းနှင့်ဆုတောင်း ခြင်းများ၊ ခရစ်တော်အကြောင်းကိုပြောဆိုခြင်းမရှိခြင်းများသည် လူတွေကို ကူညီရာရောက်မည်မဟုတ်။ အကယ်၍သာဘုရားသားသမီးများဖြစ်ကြသည်ဟု မိမိကိုယ်မိမိကြွေးကြော်နေကြသူများသည် ယုံကြည်ခြင်း၊ အလင်း၊ အသက် တို့နှင့်ပြည့်ဝနေခဲ့ကြပါသော် သမ္မာတရားသတင်းကောင်းကြားနာရန် ရောက်လာ ကြသည့်သူများအား အဘယ်မျှအံ့ဖွယ်သက်သေပေးနိုင်ကြလေမလဲ။ လူတွေ ကိုဘယ်လောက်များများခရစ်တော်ရစေလိုက်မလဲ။ (ChS212.4)ChSBur 352.4

    ကိုယ်တော်ရှင်၏ ကတိသစ္စာတည်ခြင်းကို ကျွန်ုပ်တို့ဝန်ခံခြင်းသည် ဤကမ္ဘာကြီးအား ခရစ်တော်အကြောင်းဖေါ်ပြပေးရန် ကောင်းကင်ဘုံမှရွေးချယ် ခန့်အပ်ထားသောအင်အားစုဖြစ်သည်။ ထာဝရဘုရား၏ကျေးဇူးတော်ကို ရှေးကာလသန့်ရှင်းသူများမှတစ်ဆင့် ကျွန်ုပ်တို့သိရှိခဲ့ရပါသော်လည်း အထိ ရောက်ဆုံးအသိသည် ကိုယ်တွေ့ ဖြစ်ရပ်များကို သက်သေခံခြင်းမှဖြစ်သည်။ ကောင်းကင်ဘုံမှတန်ခိုးဖြင့် ပြုစုတော်မူသည်ကို ကျွန်ုပ်တို့၏ကိုယ်၌ထင်ရှား လျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏သက်သေခံများဖြစ်ကြသည်။ ပုဂ္ဂိုလ် တိုင်းသည် အခြားသူများနှင့်မတူ ထူးခြားသောဘဝအတွေ့အကြုံတစ်ခုရှိတတ် ကြသည်။ တွေ့ကြုံရခြင်းများသည်လည်း အခြားသူများနှင့်မတူနိုင်ပါ။ ဘုရား သခင်အလိုတော်ရှိ၍ ကိုယ်တော်ကိုကျွန်ုပ်တို့ချီးမွမ်းသောအသံသည် အထက် သို့လျှံတက်ရောက်ရှိသွားသောအခါ လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်ကို ကိုယ်တော် မှတ်သားတော်မူမည်။ ဤသို့မြတ်နိုးအပ်သောသိမှတ်တော်မူခြင်းသည် ကျေးဇူးတော်ဘုန်းအသရေကို ချီးမွမ်းခြင်းဖြစ်၍ ခရစ်တော်နည်းတူ အသက် ရှင်သောဘဝနှင့်ရပ်တည်လာသောအခါ တားဆီးမရနိုင်သောတန်ခိုးတော်စွမ်း အားသည် ဝိညာဉ်များကယ်တင်ခြင်းကို လုပ်ဆောင်၏။ (ChS 213,1)ChSBur 353.1