Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ဆက်ကပ်မြှုပ်နှံခြင်း

    မှန်ကန်သောသန့်ရှင်းခြင်းသည် ဘုရားအမှုတော်ဆောင်ခြင်းအလုံးစုံ ဖြစ်၏။ ဤအခြေအနေသည် မှန်သောခရစ်ယာန်အသက်ရှင်ခြင်းဖြစ်၏။ ခရစ်တော်သည် လုံးလုံးလျားလျားဆက်ကပ်မြှုပ်နှံခြင်းတစ်ခုနှင့်တစိုက်မတ်မတ် အမှုဆောင်ခြင်းကို တောင်းဆို၏။ ကိုယ်တော်သည် နှလုံးသား၊ စိတ်ဓာတ်၊ ဝိညာဉ်နှင့်ခွန်အားတို့ကိုဆက်ကပ်ရန်လည်း တောင်းဆိုသည်။ အတ္တကို ရင်ဝယ်ပိုက်မြတ်နိုးကြရမည်မဟုတ်။ မိမိအတွက် မိမိနေထိုင်အသက်ရှင်သော သူသည် ခရစ်ယာန်တစ်ယောက်မဟုတ်ပါ။ (ChS 235.3)ChSBur 390.2

    ဘုရားသခင်နှင့်အတူတကွလုပ်ဆောင်သူဖြစ်မည့်သူအားလုံးတို့ ဦးစွာ လေ့လာရမည့်အရာမှာ မိမိကိုယ်မိမိစိတ်ချမှုမရှိသည့်သင်ခန်းစာဖြစ်သည်။ ထိုနောက် သူတို့ကိုခရစ်တော်၏စရိုက်လက္ခဏာမျိုးဖန်တီးပေးရန် ပြင်ဆင် ပေးရမည်။ ဤအရာသည် လောကသိပ္ပံကျောင်းများ၌ သင်ယူ၍ရနိုင်သည့် အရာမဟုတ်။ ကောင်းကင်ဘုံဆရာသခင်တစ်ပါးတည်းထံမှသာလျှင် သင်ယူ ရနိုင်သည့်ဉာဏ်ပညာ၏အသီးဖြစ်၏။ (ChS 235.4)ChSBur 390.3

    အိုင်ငံ လူတစ်ယောက်သည် အထူးအံ့ဖွယ်အခြေအနေကြောင့် ဝိညာဉ်ဘဝင် ခိုက်ရသည်ဟု သူပြောနိုင်သောကြောင့် ထိုသူခရစ်ယာန်တစ်ယောက်ဖြစ်သည် ဆိုသည်မှာ မငြင်းသာအောင်ခိုင်လုံသည့်သက်သေမဖြစ်ပါ။ သန့်ရှင်းခြင်းသည် ချီဆောင်ခြင်းမဟုတ်ပါ။ ဘုရားသခင်အား လုံးလုံးလျားလျားအညံ့ခံအပ်နှံ သည့်ဆန္ဒတစ်ရပ်ဖြစ်သည်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက် မွေးရှင်သန်ခြင်းဖြစ်သည်။ ကောင်းကင်ဘုံရှင်ခမည်းတော်၏အလိုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်။ စစ်ကြောခံရခြင်းရှိသည်ဖြစ်စေ၊ အလင်း (သို့မဟုတ်) အမှောင်ထဲ၌ရှိသည်ဖြစ်စေ၊ ဘုရားသခင်အား ယုံကြည်အပ်နှံခြင်းဖြစ်၏။ မျက်မှောက်အမြင်ဖြင့်မဟုတ်။ ယုံကြည်မျှော်လင့်ခြင်း၌ လျှောက်လှမ်းနေခြင်း ဖြစ်သည်။ ဘုရားသခင်ကို အမေးမထုတ်ဘဲ စိတ်ချအပ်နှံခြင်းနှင့်မေတ္တာတော် အောက်ဝင်ရောက်နားခိုခြင်းတို့ဖြင့် ဘုရားသခင်ကို အမှီပြုနေခြင်းဖြစ်သည်။ (ChS 235.5)ChSBur 391.1

    Larger font
    Smaller font
    Copy
    Print
    Contents