Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အထင်ကြီးလောက်သောမြင်ကွင်းများ

    ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာသောသူတို့သည် မိသားစုအိမ် များစွာသို့ အလည်အပတ်ရောက်ကြပြီး လူတွေကိုနှုတ်ကပတ်တော်ဖွင့်ဖတ်ပြ နေကြသည်ကို မြင်ရ၏။ နှလုံးသားများသည် သန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးအားဖြင့် ခိုင်မြဲစွာယုံကြည်လာကြပြီး စစ်မှန်သောပြောင်းလဲခြင်း စိတ်ဓာတ်များထွန်းကားလာနေပြီ။ (ChS 142.5)ChSBur 235.5

    မိသားစုဝိုင်းတစ်ခုတွင် ကျမ်းစာဖတ်အမှုဆောင်သူနှစ်ဦးထိုင်နေကြ သည်။ လူတွေအရှေ့မှာ သမ္မာကျမ်းစာအုပ်ကိုဖွင့်လျက် အပြစ်ကိုခွင့်လွှတ် ပေးသောကယ်တင်ရှင်သခင်ယေရှုခရစ်တော်အကြောင်းကို သူတို့နှစ်ဦးက ပြောပြ နေကြသည်။ ဘုရားသခင်ကို အလွန်စိတ်ထက်သန်စွာဆက်ကပ်ဆုတောင်းခဲ့ ကြ၍ သန့်ရှင်းသောဝိညာဉ်တော်လွှမ်းမိုးအုပ်စိုးလာသောအခါ နှလုံးသားများ သည် အရည်ပျော်ပြီး ထိန်းချုပ်လာနိုင်ခဲ့ကြသည်။ သူတို့ဆုတောင်းခြင်းများ သည် ရွှင်လန်းခြင်း၊ တန်ခိုးနှင့်ပြည့်စုံခြင်းတို့ဖြင့် ရွတ်ဆိုကြ၏။ ဘုရားနှုတ် ကပတ်တော်စကားများကို ရှင်းပြနေကြစဉ် ဖျော့တော့ရောင်ခြည်ဖြာထွက်နေ သောအလင်းသည် သမ္မာကျမ်းစာကို ထွန်းလင်းပေးနေသည်ကိုမြင်၍ ကျွန်ုပ် ဖြည်းညင်းစွာဆိုမိပါသည်။ “သခင်က မြို့ပြင်၊ လမ်းမ၊ ခြံနားသို့သွားဦး လော့။ ငါ့အိမ်ကိုပြည့်စေခြင်းငှါ အနိုင်အထက်ခေါ်သွင်းလော့။ (ChS 142.6)ChSBur 236.1

    ဤကမ္ဘာထဲမှာ နှုတ်ကပတ်တော်သမ္မာကျမ်းစာဖတ်ပြီး ဆိုလိုရင်း အဓိပ္ပါယ်ကို နားမလည်ကြသူတို့လူများစွာရှိနေကြပါသည်။ ကမ္ဘာကြီးထဲရှိ ကြကုန်သောလူအပေါင်းတို့သည် ကောင်းကင်ဘုံကို တမ်းတမ်းတတကြည့် မျှော်နေကြသည်။ ဆုတောင်းခြင်း၊ မျက်ရည်ကျခြင်း၊ မေးမြန်းခြင်းတို့သည် လူ့ဝိညာဉ်များစွာထံမှထွက်လာပြီး အလင်းရဖို့၊ ကျေးဇူးတော်ခံရဖို့နှင့် သန့်ရှင်း သောဝိညာဉ်တော်ရဖို့ သူတို့တောင့်တကြကုန်၏။ လူများစွာသည် ဘုရားသခင့် နိုင်ငံတော်အထဲ ဝင်လုနီးဖြစ်နေကြသည်မှာ ရိတ်သိမ်းမည့်သူအား စောင့်မျှော် နေခြင်းသာရှိနေကြပါတော့သည်။ (ChS 143.1)ChSBur 236.2

    Larger font
    Smaller font
    Copy
    Print
    Contents