Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုရားသခင်အလိုတော်စံနှုန်း

    မိမိတတ်မြောက်သောပညာကို သူတစ်ပါးတို့အား ဝေမျှသင်ကြား ပေးလိုသောသဘောထားဖြင့် ဖြစ်နိုင်သမျှပညာရပ်အားလုံးကို သင်ယူကြရန် ဘုရားသခင်လိုလားတော်မူ၏။ မည်သည့်အရပ်ဒေသမှာ မည်ကဲ့သို့အမှုတော် ဆောင်ကြရန် သူတို့ခေါ်ယူခံကြရမည်၊ သို့တည်းမဟုတ် ဘုရားသခင်အတွက် သူတို့စကားပြောကြရမည်ဆိုသည်ကို မည်သူတစ်ဦးတစ်ယောက်မျှ မသိကြ ပါ။ ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင် ခမည်းတော်တစ်ပါးသာလျှင် လူတွေ ဘာလုပ်ကြရမည့်အကြောင်း စီမံကြည့်ရှုတော်မူသည်။ ကျွန်ုပ်တို့၏ရှေ့မှောက် တွင် ကျွန်ုပ်တို့၏တုန်လှုပ်နေသောယုံကြည်ခြင်းက ခွဲခြားမသိမြင်ရသော ဖြစ်နိုင်ခြေအရာများစွာရှိနေသည်။ ကျွန်ုပ်တို့၏စိတ်သည် အလွန်ပင်သွန်သင်ခံ ယူထားကြသောကြောင့်သာလျှင် လိုအပ်သောအချိန်တွင် ကျွန်ုပ်တို့သည် အမြင့် ဆုံးသောမြေကြီးအုပ်စိုးပိုင်ရှင်သခင်၏ရှေ့တော်မှောက်၌ နာမတော်ဘုန်းထင်ရှား စေသောနည်းအတိုင်း ကိုယ်တော်၏နှုတ်ကပတ်တော်သမ္မာတရားကို တင်ဆက် ပေးနိုင်ကြသည်။ (ChS 62.4)ChSBur 98.3

    မည်သူသည် ဘုရားသခင်၏စပျစ်ဥယျာဉ်ခြံမှာ အလုပ်သွားလုပ်ဖို့ မိမိကိုယ်မိမိပြင်ဆင်ပြီး နေကြပါသလဲ။ တစ်ပါးသူအပေါ် မှီခိုနေရသေးသည့် လက်သင့်အဆင့်ကို ကိုယ်တော်နှစ်သက်သည်မဟုတ်။ ကျွန်ုပ်တို့အား ကိုယ်တော် ပေးအပ်ထားသောစွမ်းရည်များကို ဖြစ်နိုင်သမျှအကောင်းဆုံးနှင့် အဆင့်အမြင့်ဆုံး ထုတ်သုံးသူများကိုသာလျှင် ကိုယ်တော်အလိုရှိပါသည်။ (ChS 62.5)ChSBur 99.1