Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အောင်မြင်သောအမှုတော်၌ငုပ်နေသောအကြောင်းရင်းများ

    စစ်မှန်သောချစ်ခြင်းမေတ္တာဖြင့် လုပ်ဆောင်ပြီးသောအရာမှန်သမျှသည် အမြဲသေးနုပ်ခြင်း၊ (သို့မဟုတ်) လူ့အမြင်၌ အထင်သေးဖွယ်ဖြစ်ခြင်းရှိသော် လည်း လုံးဝအကျိုးကျေးဇူးရှိလှ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် သည် လူတစ်ယောက်အဘယ်မျှလုပ်ဆောင်ပြီးစီးသည်ထက် ထိုသူ၏မေတ္တာဖြင့် လုပ်သောအမှုတစ်ခုအတွက် လေးစားတန်ဖိုးထားတော်မူ၏။ (ChS 262.3) အစစ်အမှန်ပြောင်းလဲသူ၊ လုပ်ကိုင်လိုစိတ်ရှိသူ၊ အတ္တကင်းသူအမှ တော်ဆောင်ဆယ်ယောက်သည် ပုံစံချ၍ ဘောင်ခတ်ကြိုးပမ်းသူများ၊ စက်ရုံ စည်းကမ်းမျိုးထိန်းသူများ၊ ဝိညာဉ်များအတွက် နက်နက်ရှိုင်းရှိုင်းမေတ္တာမရှိဘဲ အလုပ်လုပ်နေကြသူများထဲမှ လူအယောက်တစ်ရာထက်ပိုပြီး မစ်ရှင်ကွင်းထဲ၌ အလုပ်လုပ်နိုင်ကြပါသည်။ (ChS 262.4)ChSBur 437.2

    သင့်ကိုအောင်မြင်ခြင်းပေးသည်မှာ ယခုသင်ပိုင်ထားသော (သို့မဟုတ်) သင်၌အမြဲရှိနေသောလုပ်ကိုင်နိုင်စွမ်းကြောင့်မဟုတ်ပါ။ ဤအမှုသည် သင့် အတွက် ဘုရားသခင်လုပ်ပေးသည့်အရာဖြစ်သည်။ ကျွန်ုပ်တို့သည် လူက လုပ်ပေးနိုင်သောအရာများ၌ စိတ်ချယုံကြည်မှုနည်းနိုင်သမျှနည်းဖို့လိုအပ် သည်။ သို့သော် ယုံကြည်သူဝိညာဉ်တိုင်းအတွက် ဘုရားသခင်လုပ်ပေးသော အရာများ၌မူကား ပို၍ပို၍ ယုံကြည်စိတ်ချမှုရှိကြရမည်။ သင်သည် ယုံကြည် ခြင်းအားဖြင့် ဘုရားသခင်ဆီသို့အရောက်လှမ်းရန် ကိုယ်တော်မျှော်လင့်နေ ပါသည်။ ထိုနည်းတူ သင့်လောကီရေးရာများကို နားလည်သကဲ့သို့ ဝိညာဉ် ရေးရာကိစ္စများကိုလည်း နားလည်ပေးရန် ကိုယ်တော်မျှော်လင့်နေပါသည်။ ဉာဏ်ရည်ကို ကိုယ်တော်သွေးပေးနိုင်သည်။ လိမ္မာပါးနပ်မှုနှင့် ကျွမ်းကျင်မှ ကိုလည်း ကိုယ်တော်လုပ်ပေးနိုင်သည်။ သင်၏ကိုယ်ပိုင်အစွမ်းကို အမှုတော်မြတ်၌ ဆက်ကပ်လိုက်ပါ။ ဉာဏ်ပညာအတွက် ဘုရားသခင်ထံ ဆုတောင်းပါ။ သင့်အားပေးသနားတော်မူလိမ့်မည်။ (ChS 262.5)ChSBur 438.1

    ကျေးဇူးတော်ဘိသိက်သည် လူတွေကိုသတ္တိပေး၏။ သူတို့အား ဘုရား သခင်ပေးထားသောအလုပ်များကို သူတို့နေ့စဉ်လုပ်ကိုင်နိုင်ရန် တွန်းအား ပေးသည်။ မိုက်သောအပျိုကညာငါးယောက်သည် မီးအိမ်ရှိသည်။ (မီးအိမ် သည် သမ္မာကျမ်းစာဗဟုသုတကိုဆိုလိုသည်။) သို့သော် သူတို့၌ ခရစ်တော် ၏ကျေးဇူးတော်မရှိ၊ နေ့စဉ်နေ့တိုင်းသူတို့သည် ပွဲသဘင်နှင့်အပြင်တာဝန်များ ကို လှည့်ပတ်လုပ်ကိုင်ခဲ့ကြသည်။ သို့သော် သူတို့အမှုဆောင်မှု၌ အသက် မရှိ။ ခရစ်တော်၏ဖြောင့်မတ်ခြင်းတရားလည်း ကင်းမဲ့၏။ ဖြောင့်မတ်ခြင်း နေမင်းသည် သူတို့၏နှလုံး၊ သူတို့၏စိတ်ထဲ၌ မထွန်းမလင်း။ ခရစ်တော် ၏အသက်တာနှင့်စရိုက်လက္ခဏာ၊ ပုံသဏ္ဌာန်နှင့် မိန့်ဆိုတော်မူချက် များနှင့်ကိုက်ညီသောသမ္မာတရားကို သူတို့မြတ်နိုးခြင်းလည်းမရှိ။ ကျေးဇူးတော်သည် သူတို့၏အားထုတ်မှုနှင့် မရောမနှောခဲ့ပါ။ သူတို့၏ ဘာသာတရားသည် အစေ့မရှိသောအခွံခြောက်သက်သက်ဖြစ်၏။ သူတို့သည် ဝါဒပုံစံခွက်အထဲမြဲစွာချည်နှောင်ကြ၏။ သို့သော်လည်း သူတို့၏ခရစ်ယာန် အသက်တာသည် လှည့်ဖြားခံကြရ၏။ ကိုယ့်အားကိုယ်ကိုးဖြောင့်မတ်ခြင်းနှင့် အပြည့်ရှိကြ၏။ ခရစ်တော်၏ ကျောင်း၌ သင်ခန်းစာများကို လေ့လာရန် ကျရှုံးခဲ့ကြသည်။ အကယ်၍သာ သင်ခန်းစာများကို လေ့ကျင့်ခဲ့ကြပါလျှင် ကယ်တင်ခြင်းရသောဥာဏ်အလင်းသို့ သူတို့ရောက်ခဲ့ကြပါလိမ့်မည်။ (ChS 263.1)ChSBur 438.2

    ရာဘုရားသခင်၏အမှုတော်မြတ်သည် ဘုရားသခင်နှင့်လူသား ကိုယ်စားလှယ်တော်များ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ပြီးပြည့်စုံခြင်းသို့ ရောက်နိုင်ပါသည်။ မိမိကိုယ်၌မိမိပြည့်စုံလုံလောက်သူများသည် ဘုရားသခင် အမှုတော်ထဲ၌ နိုးကြားနေသည်ထင်ရသော်လည်း ဆုတောင်းခြင်းမရှိက သူတို့ ၏လှုပ်ရှားမှုသည် အရာမထင်ပါ။ သက်တံခုံးအုပ်မိုးထားသောပလ္လင်တော် အရှေ့ရှိရွှေယဇ်ပလ္လင်နံဘေး၌ ရပ်လျက်ရှိကြသောကောင်းကင်တမန်များ၏ လင်ပန်းကို သူတို့ကြည့်ရှုလျှင် သခင်ယေရှု၏ကောင်းမြတ်ခြင်းသည် ကျွန်ုပ် တို့၏ဆုတောင်းခြင်းနှင့်ကြိုးပမ်းလုပ်ဆောင်ခြင်းတို့ဖြင့် ရောနှောလျက်ရှိနေ သည်ကို သူတို့မြင်တွေ့ကြလိမ့်မည်ဖြစ်သည်။ သို့မဟုတ်လျှင် သူတို့သည် ကာလနတ်ပူဇော်သကဲ့သို့ တန်ဖိုးမဲ့ဖြစ်လေပြီ။ ကျွန်ုပ်တို့သည် ဘုရားသခင် ရှေ့တော်၌ ထင်ရှားလာသောလူသားတန်ဆာပလာများ၏လှုပ်ရှားမှုအလုံးစုံ ကို မြင်ပါသလား။ အမှုတော်ပြီးစီးခြင်းသည် များစွာဆုတောင်းခြင်းအားဖြင့် သာဖြစ်ကြောင်းနှင့် ခရစ်တော်၏ကောင်းမြတ်ခြင်းအားဖြင့်သာ စင်ကြယ်ခြင်း သို့ရောက်ကြောင်းကို ကျွန်ုပ်တို့မြင်ရနိုင်ပါသဖြင့် စစ်ကြောစီရင်ခြင်းကိုလည်း စမ်းသပ်ခံယူနိုင်ပါလိမ့်မည်။ ကြီးမားသောမဟာပြန်လည်သုံးသပ်ခြင်းပြုလာ ကြသောအခါ ဘုရားသခင်ကို အစေခံသူနှင့်ဘုရားသခင်ကို အစေမခံသူတို့ အကြား၌ သင်သည် သူတို့ကိုခွဲခြားကြည့်၍ သိမြင်လာပါလိမ့်မည်။ (ChS 263.2)ChSBur 439.1

    ပညတ်အခြေခံသောဘာသာရေးသည် ဤခေတ်ကာလတွင် အဖြေမဟုတ်ပါ။ ကျွန်ုပ်တို့သည် အပြင်ပိုင်းဝန်ဆောင်မှုအရာအားလုံးကို ခင်းကျင်းပြသနိုင်ကြသည့်တိုင် ဂိလဗော(Gilboa) တောင်ပေါ်၌ နှင်းရည် နှင့်မိုးရည်စက်ကင်းမဲ့သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်အရှိန်မြှင့်လွှမ်းမိုးခြင်း ကင်းမဲ့နေပါသေး၏။ ကျွန်ုပ်တို့အားလုံးသည် ဝိညာဉ်တော်ရေငွေ့ ကို လိုအပ် ကြသည်။ ထိုနည်းတူ ကျွန်ုပ်တို့၏စိတ်နှလုံးကို ပျော့ပျောင်းစေ၍ ချုပ်ထိန်း ခြင်းရှိနေစေရန် ဖြောင့်မတ်ခြင်းနေမင်း၏တောက်ပသောရောင်ခြည်ကိုလည်း လိုပါသည်။ ကျွန်ုပ်တို့သည် ကျောက်ကဲ့သို့မာသောအခြေခံသဘောတရား အမြဲရှိနေရမည်။ သမ္မာကျမ်းစာအခြေခံသဘောတရား၏သွန်သင်ခြင်းကို ခံယူ၍ သန့်ရှင်းသောလေ့ကျင့်မှုများအားဖြင့် ထောက်မထားရမည်။ (ChS 263.3)ChSBur 440.1

    အောင်မြင်မှုသည် စွမ်းအင်နှင့်ဆန္ဒအပေါ်၌ကဲ့သို့ ကိုယ်ပိုင်အစွမ်း၌ များစွာတည်နေသည်မဟုတ်။ လက်ခံနိုင်လောက်သောအမှုတော်ကိုတင်ဆက် ရန် ကျွန်ုပ်တို့၌ တတ်နိုင်စွမ်းသောခမ်းနားသည့်ကိုယ်ပိုင်စွမ်းရည်ကို ပိုင်ဆိုင် သောကြောင့်လည်းမဟုတ်ပါ။ နေ့စဉ်တာဝန်များကို ထမ်းဆောင်ရာ၌ တာဝန် ကျေပွန်ခြင်း၊ ကျေနပ်ရောင့်ရဲသောစိတ်ရှိခြင်း၊ မတုန်မလှုပ်ရှိခြင်းနှင့် အခြား သူများ၏ အရေးအခင်း၌ စေတနာစိတ်ထား၍ လုပ်ဆောင်ပေးခြင်းများကို တွေ့ကြရမည်။ ပုံမှန်ပြုသောလုပ်ငန်းများ၊ ချစ်သောစိတ်နှင့်ယုံကြည်မှုအပြည့် ဖော်ဆောင်ပေးခြင်းများသည် ဘုရားသခင်မျက်မှောက်တော်၌ အလှအပများ ဖြစ်ပါသည်။ (ChS 264.1)ChSBur 440.2

    အားကောင်း၍လှပသောစရိုက်လက္ခဏာတစ်ခု၏နည်းစနစ်တကျ ဖွဲ့စည်းခြင်းသည် ပုဂ္ဂိုလ်ရေးဆိုင်ရာတာဝန်လုပ်ဆောင်ခြင်းအားဖြင့် တည်ဆောက် ထားသည်။ သစ္စာစောင့်သိခြင်းသည် အသေးစိတ်လက္ခဏာအနည်းဆုံးသော် လည်းကောင်း၊ အများဆုံးသော်လည်းကောင်း ကျွန်ုပ်တို့၏ဘဝစရိုက်ကို ပေါ်လွင်စေပါသည်။ ငယ်သောအရာများ၌ တည်ကြည်မှု၊ သစ္စာရှိစွာပြုသော အမှုငယ်နှင့်ကြင်နာစွာပြုသောအမှုငယ်တို့ကို တင်ဆက်ခြင်းသည် ဘဝလမ်း ကြောင်းကို ဝမ်းမြောက်ခြင်းရှိစေလိမ့်မည်။ မြေကြီးပေါ်၌ ကျွန်ုပ်တို့အမှုဆောင် ခြင်းကုန်ဆုံးသောအခါ ထိုသို့ငယ်သောတာဝန်များကို ကျွန်ုပ်တို့သစ္စာအပြည့် နှင့်လုပ်ဆောင်ခဲ့သောအမှုတိုင်းသည် ကောင်းစွာသောသြဇာလွှမ်းမိုးခြင်းတစ် ရပ်ကို အားထုတ်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ဘယ်သောအခါမျှ မပျက်စီးနိုင် သောသြဇာလွှမ်းမိုးခြင်းလည်း ဖြစ်ပါသည်။ (Ch$ 264.2)ChSBur 440.3