Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လက်ခံရရှိခြင်း၏အခြေအနေ

    သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့၏နီးစပ်ရာမိတ်ဆွေများအား ပေးကမ်းရန် အသက်မုန့်တောင်းခံကြသူများအားလုံးဆီသို့ ရောက်လာပါလိမ့် မည်။ (ChS 252.1)ChSBur 420.2

    ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏နှလုံးသားများကို ခရစ်တော်နှင့်အတူ ပေါင်းစည်း၍ အသက်တာများကိုလည်း ကိုယ်တော်၏ အမှုတော်နှင့်ဖက်စပ် ထားရှိကြသောအခါ ပင်တေကုတ္တေနေ့၌ တပည့်တော်များအပေါ်သို့ ဆင်းသက်ခဲ့သောဝိညာဉ်တော်သည် ကျွန်ုပ်တို့အပေါ်သို့ ကျလာလိမ့်မည်။ (ChS 252.2)ChSBur 420.3

    ဘုရားသခင်၏ကျေးဇူးတော်ကြွယ်ဝမှုသည် လူတို့ရှိရာမြေကြီးသို့ ကျရောက်မလာသည်မှာ ဘုရားသခင်ဘက်မှ ကန့်သတ်ချက်တစ်စုံတစ်ရာ ရှိသောကြောင့်မဟုတ်ပါ။ (ChS 252.3)ChSBur 420.4

    ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏တောင်းဆိုမှုနှင့်လက်ခံမှုကို စောင့်နေ ပါ၏။ (ChS 252.4)ChSBur 420.5

    ကျွန်ုပ်တို့သည် ထိုအရာအားဖြင့် တန်ခိုးတော်လက်ခံရသည်ဟုဆိုလျှင် ဝိညာဉ်တော်ဆုကျေးဇူးကို ကျွန်ုပ်တို့အဘယ်ကြောင့် မဆာမငတ်နေကြရသနည်း။ ထိုအကြောင်းအရာကိုမပြော၊ ထိုအရာအတွက်လည်း ဆုမတောင်း၊ ထိုအရာ နှင့်ပတ်သက်သောဟောပြောခြင်းကိုလည်းမပြု။ ဒီလိုဘာကြောင့် နေနေကြသလဲ။ (ChS 252.5)ChSBur 420.6

    ကတိတော်ပြည့်စုံခြင်းသည် ဆိုသည့်အတိုင်းမမြင်ရလျှင် ဤသို့ဖြစ် ရသည့်အကြောင်းမှာ ကတိတော်သည် ရှိသင့်သည့်အတိုင်း အသိအမှတ်ပြု မခံရသောကြောင့်ဖြစ်သည်။ အကယ်၍ လူတိုင်းက ဆန္ဒရှိကြသော် လူအားလုံး သည် ဝိညာဉ်တော်နှင့်ပြည့်ဝကြလိမ့်မည်။ (ChS 252.6)ChSBur 421.1

    ဝိညာဉ်တော်ဗတ္တိဇံကို နေ့စဉ်ခံယူလိုသူအမှုဆောင်တိုင်းသည် ဘုရားသခင်ထံ အသနားခံဆုပန်နေကြရမည်။ ခရစ်ယာန်အမှုဆောင်များ အုပ်စုသည် ပညာသားပါပါ စီမံကိန်းချမှတ်၍ ပြီးစီးအောင်လုပ်နိုင်ရန် မည်ကဲ့ သို့ သူတို့သိနိုင်ပါမည့်အကြောင်း အထူးအကူအညီနှင့်ကောင်းကင်ဆိုင်ရာ ပညာကိုရဖို့ သူတို့စုပေါင်း၍ ဆုတောင်းကြရမည်။ ဘုရားသခင်သည် သာသနာ နာကွင်း၌ရှိကြသော ကိုယ်တော်ရွေးထားသောသံတမန်များကို ဝိညာဉ်တော် အတိုင်းအဆကြွယ်ဝစွာဖြင့် ဗတ္တိဇံပေးပါမည့်အကြောင်းလည်း အထူးသဖြင့် သူတို့ဆုတောင်းကြရမည်။ (ChS 252.7)ChSBur 421.2

    ခရစ်ယာန်များသည် ပြင်းပြင်းထန်ထန်သဘောထားကွဲလွဲမှုများအားလုံး ကို ဘေးဖယ်ထုတ်လိုက်ကြပါစို့။ ပျောက်သောသူများအား ကယ်တင်ခြင်း ပေးနိုင်ရန် သူတို့ကိုယ်သူတို့ဘုရားသခင်ထံ အပ်နှံထားလိုက်ကြရမည်။ ကောင်းချီးပေးမည့်ကတိတော်ကို ယုံကြည်ခြင်းဖြင့် သူတို့ဆုတောင်းယူကြပါ စို့။ ကောင်းချီးရောက်လာပါလိမ့်မည်။ (ChS 252.8)ChSBur 421.3

    တပည့်တော်များသည် သူတို့ကိုယ်ဖို့အတွက် ကောင်းချီးရရန် ဆုတောင်းခဲ့ကြသည်မဟုတ်။ ဝိညာဉ်ဝန်ထုပ်ကို သူတို့ထမ်းရွက်ခဲ့ကြရ၏။ သတင်းကောင်းကို မြေကြီးစွန်းတိုင်အောင် သယ်ဆောင်သွားခဲ့ကြ၏။ သူတို့ သည် ခရစ်တော်ကတိပြုခဲ့သောတန်ခိုးတော်အပ်နှင်းခြင်းကို ကြွေးကြော်ခဲ့ကြ ၏။ ထို့နောက် သူတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သွန်းချခြင်းခံယူခဲ့ ကြရ၏။ တစ်ရက်တည်း၌ လူထောင်ချီပြောင်းလဲခဲ့ကြ၏။ (ChS 252.9)ChSBur 421.4

    ခရစ်တော်သည် ကိုယ်တော်၏အသင်းတော်အား သန့်ရှင်းသော ဝိညာဉ်တော်ဆုကျေးဇူးပေးရန် ကတိတော်ထားရှိခဲ့သည်။ ကတိတော်သည် ကနဦးတပည့်တော်များခံယူခဲ့ကြရသည်အတိုင်း ကျွန်ုပ်တို့နှင့်လည်း သက်ဆိုင် ပါသည်။ သို့သော် အခြားသောကတိတော်များနည်းတူ စည်းကမ်းချက်ဖြင့် ပေးကမ်းတော်မူ၏။ ဘုရားသခင်၏ ကတိတော်ရှိသည်ကို ယုံကြည်ပါသည် ဟူ၍ ပြောဆိုကြွေးကြော်နေသူများရှိကြပါသည်။ သူတို့သည် ခရစ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်အကြောင်းကို ပြောဆိုကြသော်လည်း အကျိုးခံစား ရသည်ဟူ၍ မရှိသေး။ သူတို့သည် ဘုရားသခင့်ကိုယ်စားလှယ်တမန်များ၏ လမ်းညွှန်မှု၊ ထိန်းချုပ်မှုများကို မခံမယူလိုကြပါ။ ကျွန်ုပ်တို့သည် သန့်ရှင်း သောဝိညာဉ်တော်ကိုသုံးလျှင်မရနိုင်။ သန့်ရှင်းသောဝိညာဉ်တော်သည် သာလျှင် ကျွန်ုပ်တို့ကိုအသုံးပြုသွားလိမ့်မည်။ သန့်ရှင်းသောဝိညာဉ် တော်မှတစ်ဆင့် ဘုရားသခင်သည် သူ့လူများ၌ “ဘုရားသခင်ကောင်းစွာ နှစ်သက်တော်မူစေခြင်းငှာ ဆန္ဒရှိစေ၊ ပြုလုပ်စေရန်” လုပ်ဆောင်တော်မူ သည်။ သို့သော် လူအတော်များများသည် ဤသို့အပ်နှံလိုစိတ်မရှိတတ်ကြ ပါ။ သူတို့ကိုယ်သူတို့ကိုယ်တိုင်လုပ်ကိုင်သွားလိုကြမည်။ ဤသို့ဖြင့် သူတို့ သည် ကောင်းကင်ဘုံဆုကျေးဇူးကို လက်ခံမရနိုင်ကြခြင်းဖြစ်သည်။ ဘုရား သခင်ကို စိတ်နှလုံးနှိမ့်ချလျက် စောင့်မျှော်နေကြသူများ၊ ဘုရားသခင်လမ်းညွှန် မှုနှင့်ကျေးဇူးတော်ကို မျှော်ကြည့်နေကြသူတို့အားသာလျှင် ဝိညာဉ်တော် ပေးအပ်ခြင်းခံရပါသည်။ ဘုရားသခင်တန်ခိုးတော်သည် သူတို့၏တောင်းဆို မှု၊ လက်ခံမှုတို့ကိုစောင့်နေပါသည်။ ဤကတိတော်ကောင်းချီးမင်္ဂလာသည် ယုံကြည်ခြင်းအားဖြင့်ရသည်ဖြစ်၍ အခြားကောင်းချီးများလည်း တွဲလျက်၊ ချိတ်လျက်ရောက်လာကြကုန်၏။ ဤသည်မှာ ခရစ်တော်၏ကျေးဇူးတော် ကြွယ်ဝမှုအတိုင်း ရောက်လာခြင်းဖြစ်ပါသည်။ ကိုယ်တော်သည် ဝိညာဉ် တော်၏လက်ခံနိုင်စွမ်းအတိုင်းအတာပမာဏအလိုက် ပေးကမ်းရန် အဆင်သင့် ရှိနေပါသည်။ (ChS 253.1)ChSBur 421.5

    ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်မြေကြီးတစ်ခွင်တစ်ပြင်သို့ ထွန်းလင်းစေနိုင်သောဝိညာဉ်တော်သွန်းလောင်းမှုကြီးသည် ကျွန်ုပ်တို့၌ ဉာဏ် အလင်းရသောလူများရှိမလာမချင်း ဖြစ်လာလိမ့်မည်မဟုတ်ပါ။ ထိုသူတို့သည် အတွေ့အကြုံအားဖြင့် ဘုရားသခင်နှင့်အတူတကွ လုပ်ဆောင်ခြင်းအဓိပ္ပါယ်ကို သိကြသူများဖြစ်ကြ၏။ ခရစ်တော်၏အစေကိုခံရန် ကျွန်ုပ်တို့သည် လုံးလုံး လျားလျားစိတ်ပါလက်ပါဆက်ကပ်မြှုပ်နှံခြင်းရှိသော် ဘုရားသခင်သည် အတိုင်းအဆမရှိ ဝိညာဉ်တော်သွန်းလောင်းခြင်းကို အမှန်အသိအမှတ်ပြုလာ လိမ့်မည်။ သို့သော် အသင်းတော်၏အပိုင်းကြီးတစ်ပိုင်းက ဘုရားသခင်နှင့် အတူတကွ လုပ်ဆောင်မှုမရှိလျှင်လည်း ဤအရာဖြစ်လာလိမ့်မည်မဟုတ်ပါချေ။ (ChS 253.2)ChSBur 422.1