Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နောက်ကျကျန်ရစ်သူများ၌စိုးရိမ်ရသောဆုံးရှုံးမှ

    ကျွန်ုပ်တို့၏စခန်းသွင်းစည်းဝေးပွဲများကို တန်ဖိုးကြီးပေး၍ စီစဉ် ကျင်းပခဲ့ရပါသည်။ ဤကဲ့သို့ကျယ်ပြန့်သောစည်းဝေးပွဲများတွင် သနားစဖွယ် ကျဆုံးအပြစ်သားများအတွက် အသေခံရွေးနုတ်ပေးတော်မူခဲ့သောကယ်တင် ရှင်၏မေတ္တာကရုဏာသတင်းစကားအကြောင်းကို အထူးပြုပိုလွန်ကဲပြောဆို ခြင်းအားဖြင့် ခေတ်မစားသောကျမ်းစာစကားရှေ့နေသင်းအုပ်ကြီးတွေ ရှိနေ တတ်ပါသည်။ ယင်းသတင်းစကားမျိုးပြောလာသည်ကို ဥပေက္ခာပြု၍ ဘေးဖယ် ထားရန်မှာ ထာဝရဘုရား၏ကရုဏာတော်နှင့်ကိုယ်တော်၏စကားသံတော် အားဖြင့် သတိပေးခြင်း၊ အသနားခံခြင်းကို အနည်းငယ်လျော့ပေါ့ထားရန် သာရှိ၏။ သူတို့ကိုပြောပြရမည်။ ဤကဲ့သို့သောအစည်းဝေးများကို သင်တို့ မတက်ရောက်ခဲ့ခြင်းကြောင့် သင်တို့၏ဝိညာဉ်ရေးရာတိုက်ပွဲသည် အလွန် အန္တရာယ်ရှိနေပါပြီ။ သင်တို့အနေဖြင့် ဘုရားသခင်အကြောင်း ဒေသနာစကား များကို နားထောင်နာယူခဲ့ကြပြီးလည်း ယုံကြည်သူများ၏ သမ္မာတရားနှင့်အတူ ရောနှောမွှေနှောက်ပစ်ခဲ့ကြသောကြောင့် သင်တို့ရဲ့ခွန်အားများလွဲချော်နေခဲ့ရ ခြင်းဖြစ်ပါသည်။ (ChS 197.1)ChSBur 328.1

    ယေရှု၏ကိုယ်စားလှယ်တော်များအဖြစ် ရပ်တည်သောမိသားစုတစ်စု အနေဖြင့် မယုံကြည်သူများ၏ ရပ်ကွက်အထဲမှာ ဘုရားပညတ်တော်ကို စောင့်ရှောက်နေခြင်းသည် ငယ်သောအမှုမဟုတ်ပါချေ။ ကျွန်ုပ်တို့သည် အသက်ရှင်သောသြဝါဒစာစောင်များဖြစ်နေဖို့လိုသလို အခြားလူတိုင်းအားလည်း သိမှတ်ဖတ်ရှုပေးစေနိုင်ရမည်။ ဤအခြေအနေတွင် အကြီးအကျယ်တာဝန် ရှိမှုနှင့် ပတ်သက်ရမည်။ အလင်းအောက်၌ အသက်ရှင်နေထိုင်ကြမည်ဆိုလျှင် အလင်းအိမ်ထဲမှ သင်ထွက်လာသည်ဖြစ်ရမည်။ သင်သည် သမ္မာတရားကို ချစ်သောသူများ၏နှစ်စဉ်ပြုသောအစည်းအဝေးကို သင့်မိသားစုနှင့်အတူ တက်ရောက်ရမည်ဟူ၍ လေးနက်သောတာဝန်အဖြစ်ခံယူပါလျှင် သင်သည် မည်သည့်စွန့်လွှတ်မှုမျိုးကိုမဆို စွန့်ပစ်နိုင်ရမည်။ သင့်ကိုခွန်အားနှင့်ပြည့်စေ သကဲ့သို့ အခြားသူများအဖို့လည်း စုံစမ်းမှုနှင့်တာဝန်ကို နာခံယူစေရမည်။ ယုံကြည်ခြင်းနှင့်ဆက်ဆံဖက်စပ်ခွင့်ရကြသောထိုသူတို့၌ အထူးအခွင့်အလမ်း တစ်ရပ်ပျောက်ဆုံးသွားစေမည်ဆိုလျှင် မကောင်းပါ။ အဘယ်ကြောင့်ဆိုသော် သူတို့၏စိတ်အတွင်း၌ သမ္မာတရားအရေးပါမှုပျောက်ဆုံးလျှင် ထိုသူတို့၏ နှလုံးသည် ဉာဏ်ပညာအလင်းကွယ်ပြီး စင်ကြယ်ခြင်းအရိပ်လည်း မှေးမှိန် လေ၏။ ထိုအခါ သူတို့သည် ဝိညာဉ်ရေးရာဆုံးရှုံးကြ၏။ အသက်ရှင်သော ဒေသနာအားဖြင့် နှုတ်ကပတ်စကားများသည်လည်း သူတို့၌ခွန်အားဖြစ်မလာ တော့ပါ။ လောကအတွေးများနှင့်လောကစီးပွားရေးလုပ်ငန်းများသည် သူတို့ စိတ်ထဲမှာ အမြဲတစေစိုးမိုးကြံစည်ရှိနေလျှင် သူတို့ဘဝ၌ ဝိညာဉ်အကြောင်း အရာများကို စွန့်ပစ်ပေတော့မည်။ (ChS 197.2)ChSBur 328.2

    နှစ်စဉ်ပြုသောအစည်းအဝေးပွဲသို့ အသင်းသူ/အသင်းသားတိုင်းသည် ဖြစ်နိုင်လျှင် အားလုံးတက်ရောက်ပါဝင်ကြပါစို့။ ဘုရားသခင်သည် သူတို့ ကို ဤသို့ပြုရန် အလိုတော်ရှိသည်ဟု ခံယူကြပါစေ။ အကယ်၍ သူတို့သည် ဘုရားသခင်၏ကျေးဇူးတော်တန်ခိုးအောက်၌ရှိ၍ ကိုယ်တော်နှင့်အတူ ခွန်အား ကောင်းမွန်လာစေရန် ပေးကမ်းတော်မူသည့် ဤအခွင့်အရေးကို သူတို့မရယူ ကြပါလျှင် သူတို့၌ အားနည်းသည်ထက် အားနည်းလာသည်နှင့်အမျှ သူတို့ ၏ဘဝအလုံးစုံကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံလိုခြင်းဆန္ဒသည်လည်း လျော့နည်းသည်ထက် လျော့နည်း၍လာပေလိမ့်မည်။ (ChS 197.3)ChSBur 329.1

    ညီအစ်ကိုတော်များ၊ ညီအစ်မများတို့ ဤစုံညီစည်းဝေးမှုအထွတ် အမြတ်ပွဲသဘင်ဆီသို့ သခင်ယေရှုကိုတွေ့ ရန် လာခဲ့ကြပါ။ ကိုယ်တော်သည် မျက်မှောက်ရောက်လာလိမ့်မည်။ သင်ပြုဖို့အလိုအပ်ဆုံးအရာကို ကိုယ်တော် ပြုစုပေးလိမ့်မည်။ သင့်လယ်ကွင်းဥစ္စာသည် သင့်ဝိညာဉ်အကျိုးမြှင့်တက်လာ ဖို့ထက် သာ၍အဖိုးထိုက်တန်သည်ဟု မတွေးသင့်ပါ။ သင်ပိုင်ဆိုင်နေသော ရတနာများအားလုံးသည်လည်း အစဉ်အဖိုးတန်လျက်ရှိသည်ဖြစ်နေပါစေ၊ သင့်အဖို့လိုအပ်သောငြိမ်သက်ခြင်းနှင့်မျှော်လင့်ခြင်းဆိုသောထာဝရဥစ္စာကို ဝယ်ယူရန် ငွေမလုံမလောက်ဖြစ်လိမ့်မည်။ ထိုအရာအတွက် သင်ပိုင်ဆိုင်ရာ ပစ္စည်းအကုန်လုံးနှင့်အတူ သင့်သက်တမ်းအဆုံးထိတိုင် ဒုက္ခခံစားလုပ်ကိုင် ရသမျှအလုံးစုံကိုပုံချပေးအပ်လိုက်ရမည်။ ခွန်အားကောင်းစေ၍ ရှင်းရှင်းမြင် ရနိုင်သော ထာဝရအရာတစ်ခုနှင့် ခရစ်တော်၌အဆုံးစွန်စိတ်ရောက်လျက်ရှိသော နှလုံးသားတစ်ခုတို့သည် ဤလောက၌ရှိသောကြွယ်ဝမှု၊ ပျော်ရွှင်စေမှု၊ ကျော်ကြား မှုများအားလုံးထက်သာ၍ အဖိုးထိုက်တန်လှသောကောင်းချီးမင်္ဂလာဖြစ်ပေသည်။ (ChS 198.1)ChSBur 329.2

    -o-