Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အသားရောင်ကွဲပြားသောလူမျိုးစု

    ဤနိုင်ငံအတွင်း၌ အမှုဆောင်မရောက်သေးသောကွင်းကြီးတစ်ခုရှိ နေသည်။ အသားရောင်ကွဲပြားခြင်းရှိသူလူထောင်ပေါင်းများစွာသည် ခရစ် တော်၌ အမှန်တကယ်သက်ဝင်ယုံကြည်လူတိုင်းတို့ထံမှ သနားစိတ်နှင့်စဉ်းစား ပေးဖို့တောင်းပန်နေကြပါသည်။ ဤလူတို့သည် ပြည်ပနိုင်ငံ၌ နေထိုင်နေ သည်မဟုတ်။ သစ်သားရုပ်တု၊ ကျောက်ဆင်းတုများကို ဦးချကိုးကွယ်နေကြ သူများလည်းမဟုတ်ပါ။ ကျွန်ုပ်တို့အထဲမှာ ပြည်တွင်း၌သာ ရှိနေပါသည်။ သန့်ရှင်းသောဝိညာဉ်တော်ဖော်ပြချက်အရ မေ့လျော့ပစ်ပယ်ခံထားရသူလူသား များရှိနေသေးကြောင်းနှင့်ထိုသူတို့အား ဂရုတစိုက်ပြုစုလုပ်ဆောင်ပေးဖို့ ကျွန်ုပ် တို့ကိုမကြာခဏဘုရားသခင်နှိုးဆော်လျက်ရှိသည်။ ဤကွင်းကျယ်ကြီးသည် ကျွန်ုပ်တို့ရှေ့မှောက်၌ပင် အမှုတော်မရောက်ဘဲဖြစ်နေသည်။ ဤကွင်းထဲမှာ ကျွန်ုပ်တို့အား စိတ်ချယုံကြည်လျက်ပေးထားသောအလင်းကို ထွန်းလင်းစေ ဖို့ ကျွန်ုပ်တို့ကိုဘုရားသခင်ခေါ်ယူနေပါသည်။ (ChS 217.3)ChSBur 360.1

    ခြားနိုင်ငံ အသားအရောင်အဖြူနှင့်အမည်း ခွဲခြားဆက်ဆံမှုနံရံကြီးရှိနေပါ သည်။ ယေရိခေါမြို့ရိုးပြိုပျက်ကျခဲ့သည်ကို အမှတ်ရပါ။ ခရစ်ယာန်များသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နာခံ၍ ဖန်ဆင်းရှင်ကို အဆုံးစွန်ချစ်သွား ပြီး နီးစပ်သူများကိုလည်း သမာသမတ်ကျကျချစ်တတ်သွားကြသောအခါ အစွဲကြီးသောထိုအသားရောင်ခွဲခြားသည့်နံရံကြီးသည် ကျွမ်းထိုးမှောက်ခုံဖြစ် သွားမည်။ ဤယနေ့တွင် သမ္မာတရားကို သက်ဝင်ယုံကြည်ကြပါသည်ဟု ကြွေးကြော်နေကြသောအသင်းတော်တိုင်းမှ အသင်းသားများသည် မေ့လျော့ ပစ်ပယ်ခံရသောထိုလူတန်းစားနင်းပြားများကို ကြည့်ရှုကြပါ။ သူတို့သည် ကျွန်စနစ်မှလွတ်လာကြသူများဖြစ်ပြီး ကိုယ်ပိုင်တွေးခေါ်ခွင့်၊ ကိုယ်ပိုင်လုပ်ပိုင် ခွင့်များပိတ်ပင်ခံထားနေကြရပါသည်။ (ChS217.4)ChSBur 360.2

    တောင်ပိုင်းဒေသရှိလူတို့အတွက် အမှုတော်ဆောင်ရွက်ရန် ကျွန်ုပ် တို့စိတ်ဆုံးဖြတ်ကြပါစို့။ ထိုသူတို့သည် ဘယ်တော့မှတိုးတက်လာမည်မဟုတ် ဆိုပြီး သမားရိုးကျဆွဲချအဖြေနှင့် သာမန်ကြည့်နေရုံဖြင့် ကျွန်ုပ်တို့ကျေနပ် မနေသင့်ကြပါ။ အသားရောင်ကွဲသောကျွန်ုပ်တို့၏ညီအစ်ကိုတော်များအား သောကဝေဒနာသက်သာခြင်းပေးရန် သခင်ဘုရား၏နှလုံးသားကို ယူတင် လျက် တစ်စုံတစ်ရာလုပ်ဆောင်ပေးကြပါစို့။ (ChS 218.1)ChSBur 360.3

    အသားမည်းသူ၏နာမည်ကို အသက်စာရင်းစာစောင်ထဲတွင် အသား ဖြူလူ၏နာမည်ဘေးမှာချရေးထားလိမ့်မည်။ လူတိုင်းသည် ခရစ်တော်၌ တစ်လုံးတစ်ဝတည်းရှိသည်။ မွေးရပ်နေထိုင်ရာလူမျိုး၊ လူတန်းစား၊ (သို့မဟုတ်) အာဖရိကလူတစ်ယောက်ယောက်သည် ဘုရားသခင်ကို နာခံခြင်းနှင့်ယုံကြည် ဘု ခြင်းအားဖြင့် သူ့နှလုံးသားကို ဆက်ကပ်ပူဇော်လေသော် ယေရှုသည် သူ့ အသားရောင်ကို မကြည့်မမှတ်ဘဲ ချစ်မည်။ ထိုသူကိုလည်း ချစ်သောညီအစ်ကို ဟူ၍ ကိုယ်တော်ခေါ်ပါလိမ့်မည်။ (ChS 218.2)ChSBur 361.1

    အစိုးရမင်းများနှင့်မြေကြီးပေါ်ရှိ ဘုရားချစ်သောလူများသည် ဧဝံဂေလိ သတင်းကောင်းမျှော်လင့်ခြင်းဆီသို့ အခြေချရောက်လာကြသည့်ရိုးသားနှိမ့်ချ သောအာဖရိကမျိုးနွယ်လူများနှင့်အတူ ဝမ်းမြောက်ဝမ်းသာနေရာချင်းဖလှယ် ကြသည်ရှိသော် ထိုနေ့တစ်နေ့သည်လည်း ရောက်လို့လာနေပါပြီ။ (ChS 218.3)ChSBur 361.2

    ဘုရားသခင်ကိုအစေခံခြင်း၌ အောင်မြင်စွာရောက်လာကြသောအာဖရိက လူမျိုးနွယ်တို့၏ဝိညာဉ်များကို ဘုရားသခင်သည် ဂရုစိုက်သည့်အရာမှာ အစ္စရေးကိုဂရုစိုက်သည်ထက် လျှော့ပါးမည်မဟုတ်ပါ။ ဘုရားသခင်သည် တောင်ပိုင်းရှိ အဆင့်အတန်းမျိုးစုံလူများ အထူးသဖြင့် အသားရောင်ကွဲ လူများစွာတို့က မစ်ရှင်လုပ်ငန်းကို ဝင်ရောက်ဆက်ကပ်လုပ်ကိုင်နေသူများ ထက်ပို၍ ဘုရားသခင်သည် လူများစွာသာ၍ရောက်လာကြရန် တောင်းဆို နေပါသည်။ ကျွန်ုပ်တို့သည် အဆင့်မြင့်သောမျက်နှာကြီးလူတွေထက် အသား ရောင်ရှိလူတွေအတွက် ပို၍လုပ်ကိုင်ပေးရန် မဟာတာဝန်တစ်ရပ်အောက်မှာ မရှိကြသလော။ ထိုသူများကိုခိုင်းဖတ်ကျွန်လိုဖြစ်သွားအောင် ဘယ်သူတွေ လုပ်ခဲ့ကြသလဲ။ မယဉ်ကျေးအောင်အဘယ်သူချည်နှောင်ထားသလဲ။ လူမျိုး တစ်မျိုးအဆင့်အတန်းနိမ့်ကျသွား၍ သူတို့အလေ့အကျင့်အမူအရာများသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်လာသောအခါ ဒီလိုဖြစ်သွားအောင် .. ဘယ်သူတွေက လုပ်ခဲ့ကြပါသလဲ။ သူတို့ဒီလိုဖြစ်သွားအောင် လူဖြူတွေက လုပ်ခဲ့ကြတာ မဟုတ်လား။ သူတို့အပေါ်မှာ အမှားကြီးမှားခဲ့ကြပြီးတဲ့နောက် ယခုသူတို့ ကိုပြန်မြှင့်တင်ဖို့ အားစိုက်မလုပ်သင့်ကြပေဘူးလား။ သူတို့ဆီကို သမ္မာတရား ပို့ပေးရမည်။ ဝိညာဉ်ကယ်တင်ခြင်းခံယူဖို့ ကျွန်ုပ်တို့ကဲ့သို့ သူတို့၌လည်းရှိ သည်။ (ChS 218.4)ChSBur 361.3