Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကလောင်အားဖြင့်၊ အသံအားဖြင့်

    ကျွန်ုပ်တို့အတွက် ကိုယ်စားပြုဆုတောင်းပေးရန် ယေရှုအသက်ရှင် လျက်ရှိနေကြောင်း ကလောင်အားဖြင့်လည်းကောင်း၊ အသံအားဖြင့်လည်း ကောင်း ကြွေးကြော်ဟောပြောနိုင်ကြသည်။ မြေကြီးပေါ်မှာ မေတ္တာနှင့်ဝတ်ပြု ခြင်းအားဖြင့် မိမိကိုယ်မိမိကိုယ်တော်တိုင် ငြင်းပယ်ခဲ့သောရွေးနုတ်ကယ်တင် ရှင်၏နောက်တော်သို့လိုက်ပါလျက် မဟာအမှုတော်ဆောင်သခင်ဘုရားနှင့်အတူ ပေါင်းစည်းကြပါစို့။ (ChS 130.3)ChSBur 216.1

    သူတို့ကိုဘုရားသခင်ခေါ်ယူလမ်းပြသည့်အတိုင်း အချို့သောသူများ သည် နည်းတစ်နည်းဖြင့်လည်းကောင်း၊ အခြားသူများက အခြားနည်းလမ်း တစ်နည်းဖြင့်လည်းကောင်း အမှုဆောင်ကြလိမ့်မည်။ သို့ပါသော်လည်း သူတို့ အားလုံးသည် ဥဿုံပြည့်ဝစုံလင်သောအမှုတော်မြတ်ကြီးကို ဖွေရှာလျက် အတူ တကွကြိုးပမ်းကြရမည်။ ကလောင်အားဖြင့်၊ နှိုးဆော်အသံအားဖြင့် သခင်ဘုရား အတွက် သူတို့ဝန်ထမ်းဆောင်ပေးကြရမည်။ (ChS 130.4)ChSBur 216.2

    ခရစ်တော်လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံခဲ့ကြောင်းကိုပြောပါ။ ဆုတောင်းပါ။ ဂုဏ်တော်ချီးမွမ်းသီချင်းဆိုပါ။ နှလုံးသားများစွာကျိုးပဲ့ခြင်း ရှိလာစေ၍ အောင်နိုင်ရလိမ့်မည်။ (ChS 130.5)ChSBur 216.3

    ကလောင်သည် လူတို့၏စိတ်နှလုံးရင်ပြင်ပေါ်တွင် တောက်လောင် နေသောအမှန်တရားကို ခံစားမိသူ၏လက်ထဲတွင်ရှိလျှင် တန်ခိုးရှိသည်။ ကလောင်ရှင်သည် ဘုရားသခင်အတွက် ဉာဏ်ရည်စိတ်ကြီးခြင်းဖြင့် ကောင်း စွာစိတ်ဆုံးဖြတ်ချိန်ညှိတတ်သူဖြစ်လေ၏။ စင်ကြယ်သောသမ္မာတရားစမ်း ရေတွင်းမှ ဇာစ်မြစ်ခံယူသောကလောင်သွားသည် လောက၏အမှောင်ထောင့်စွန်း များဆီသို့ အလင်းတန်းထိုးပေးနိုင်ပြီး ထိုအလင်းတန်းသည် ရောင်ပြန်ဟပ် ရောက်လာသောအခါ ပြန်လည်အားဖြည့်သွင်းပေး၍ နေရာအနှံ့သို့ အလင်း ရောင်ဖြန့်ကြက်တိုးတက်ရောက်သွားလေ၏။ (ChS 130.6)ChSBur 216.4

    ကျွန်ုပ်တို့၏သင်းအုပ်ဆရာများသည် ဒေသနာအကျယ်တဝင့်ဟော ပြော၍ ထိုနေ့မှာပဲ လုပ်စရာကုန်သွားရလောက်အောင် သူတို့စွမ်းအားအကုန် လုံးကိုထုတ်မသုံးသင့်ကြပါ။ သူတို့သည် အသင်းသူ/အသင်းသားများအား ဤအမှုတော်၏အပိုင်းများဖြစ်သည့် (မစ်ရှင်စာပေးစာယူလုပ်ငန်းစသည်ဖြင့်) ကျွန်ုပ်တို့မစ်ရှင်လုပ်ငန်းအဖွဲ့အစည်းထုတ်စာအုပ်စာစောင်များကို လှည်းဘီး အကြီးအထဲ ဝင်ရိုးဘီးငယ်လှိမ့်နေသကဲ့သို့ မည်သို့အောင်မြင်စွာကိုင်တွယ်၍ ဆက်လက်လုပ်ဆောင်သွားကြရမည်ကို လမ်းညွှန်ပေးနေရမည်။ ယင်းဘီးငယ် ကလေး၏လှုပ်ရှားမှုသည် အပြင်ဘီးကြီးကို ကောင်းစွာနှင့်အားပြည့်အင်ပြည့် လှိမ့်သွားနိုင်စေသည်။ ထိုအတွင်းဘီးလှုပ်ရှားမှုကို ရပ်စေမည်ဆိုပါစို့။ ဆုတ်ယုတ် ကျဆင်းလာသောဘဝနှင့်အတူ မစ်ရှင်အဖွဲ့အစည်း၏ထုတ်ဝေစာစောင်လှုပ်ရှား မှုလည်းကျဆင်းလာသည်ကို ရလဒ်အနေဖြင့် မြင်ကြရလိမ့်မည်ဖြစ်သတည်း။ (ChS 131.1)ChSBur 216.5

    နိုးနိုးကြားကြားရှိနေသည့်မစ်ရှင်ဝန်ဆောင်ခြင်းကို ငြီးငွေ့ အားလျော့ ခြင်းမရှိလိုက်ကြပါနှင့်။ သင်လုပ်ဆောင်နေသမျှအားလုံးထဲက ဤအမှုတော် ဆောင်ခြင်းသည် အကယ်၍ ဘုရားသခင်နှင့်သင်ဆက်သွယ်နေမည်ဆိုလျှင် အောင်မြင်ခြင်းရနိုင်သောအလုပ်ဖြစ်သည်။ စုံစမ်းရေးစာလွှာသင်မရေးချမီ သင့်နှလုံးကို အမြဲကြွ၍ ဘုရားသခင်ထံ ဆုတောင်းခြင်းဖြင့် မှန်သောစပျစ် နွယ်ပင်ဆီသို့ ကိုင်းဆက်ကူးပေးနိုင်သောပကတိရိုင်းသောအကိုင်းများကို အောင်မြင်စွာစုစည်းနိုင်ပြီးလျှင် ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန် အသီး သီးလာကြပါလိမ့်မည်။ ဤအမှုတော်၌ နှိမ့်ချသောစိတ်နှလုံးနှင့်တကွ ပါဝင် လုပ်ကိုင်ကြသူအားလုံးသည် ဘုရားသခင်၏စပျစ်ဥယျာဉ်ထဲတွင် ဝင်ရောက် လုပ်ကိုင်နေသူများအဖြစ် သူတို့ကိုယ်သူတို့ အစဉ်အမြဲပညာသင်ယူခြင်းရှိနေ ကြပါလိမ့်မည်။ (ChS 131.2)ChSBur 217.1

    -o-