Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အောင်မြင်သောအသက်တာ

    သမ္မာတရားကိုဟောပြောနေရုံသက်သက်မဟုတ်၊ စာပေရေးသား ထုတ်ဝေနေရုံသက်သက်လည်းမဟုတ်ဘဲ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် သက်သေဖြစ်ကြရမည်။ ခရစ်တော်နည်းတူ အသက်ရှင်နေထိုင်ခြင်းသည် ခရစ်ယာန်ဘာသာရှေ့တိုးအသာစီးရရန် တန်ခိုးအပါဆုံးငြင်းဆိုခြင်းဖြစ် ကြောင်းကို ကျွန်ုပ်တို့မှတ်သားနာယူကြပါစို့။ သိမ်ဖျင်းသောခရစ်ယာန် အကျင့်စရိုက်သည် လောကီအကျင့်စရိုက်ထက်ပို၍ လောကကိုထိခိုက်နစ်နာ စေပါသည်။ (ChS 26.1)ChSBur 34.2

    ရေးသားထုတ်ဝေသောစာအုပ်အားလုံးသည် သန့်ရှင်းသောအသက် တာတစ်ခုကို မပြုစုပေးနိုင်ပါ။ သင်းအုပ်ဓမ္မဆရာများ၏ဒေသနာများအပေါ် မှာတင်မဟုတ်ဘဲ အသင်းတော်ရှင်သန်နေခြင်းကို လူတွေယုံကြည်ကြလိမ့်မည်။ မကြာခဏဆိုသလိုပင် အသင်းတော်ပလ္လင်ထက်မှ ဟောလိုက်သောတရား ဒေသနာ၏ သြဇာလွှမ်းမိုးခြင်းကို သမ္မာတရား၏အကျိုးဆောင်များဟူ၍ ကြွေးကြော်အသက်ရှင်နေထိုင်သူတို့ ဟောပြောသောတရားဒေသနာများက ချေဖျက်တတ်၏။ (ChS 26.2)ChSBur 34.3

    ခရစ်တော်၏အသက်တာသည် အစဉ်အမြဲကျယ်ပြန့်ခြင်း၊ အကန့် အသတ်မဲ့သြဇာလွှမ်းမိုးခြင်းရှိ၍ ဘုရားသခင်နှင့်လူ့မိသားစုတစ်ရပ်လုံးကို ကိုယ်တော်၌ချည်နှောင်သောသြဇာလွှမ်းမိုးမှုရှိသည်။ ဘုရားသခင်သည် လူကို သူတို့ကိုယ်တိုင်ရပ်တည်၍ အသက်ရှင်ရန် မဖြစ်နိုင်သောလူ့အရှိန်အဝါအောက် ၌ ခရစ်တော်အားဖြင့် အရင်းအနှီးပြုတော်မူခဲ့၏။ ကျွန်ုပ်တို့သည် တစ်ဦး တစ်ယောက်ချင်းအနေဖြင့် ထာဝရဘုရားသခင်၏မဟာအလုံးစုံအပိုင်းတစ်ပိုင်း ဖြစ်သောလူမိတ်ဆွေအပေါင်းအသင်းများနှင့် ထိတွေ့ ဆက်ဆံကြရပါသည်။ အပြန်အလှန်တာဝန်ရှိမှုအောက်၌လည်း နေထိုင်ကြရပါသည်။ မည်သူတစ်ဦး တစ်ယောက်ကမျှလည်း သူ့မိတ်ဆွေအပေါင်းအသင်းများနှင့်ကင်း၍ လွတ်ထွက် ရပ်တည်မနေနိုင်ကြပါ။ တစ်ဦးတစ်ယောက်၏ကောင်းစားခြင်းသည် အခြား သူများ၌လည်း အကျိုးသက်ရောက်စေပါသည်။ လူတစ်ဦးချင်းသည် သူတစ်ပါး တို့၏ကောင်းကျိုးချမ်းသာနှင့် ပျော်ရွှင်ခြင်းဖြစ်စေအောင်လုပ်ဆောင်ပေးရန် သူတို့ကိုယ်၌ လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း ခံစားမိခြင်းသည် ထာဝရ ဘုရားသခင်၏ ရည်ရွယ်တော်မူခြင်းဖြစ်၏။ (ChS 26.3)ChSBur 35.1

    သမ္မာကျမ်းစာတွင် ဖော်ပြထားသောဘာသာတရားသည် စာအုပ်အဖုံး အကာများအထဲ၌ ပိတ်လှောင်ထားရန်မဟုတ်သကဲ့သို့ အသင်းတော်တစ်ခု၏ နံရံများအတွင်း၌လည်း မြှုပ်ထားရမည်မဟုတ်ပါ။ ဤသည်ကိုမိမိကိုယ်ကျိုး အတွက် အခါအားလျော်စွာ ထုတ်ယူအသုံးပြုပြီးနောက် ဂရုတစိုက်တစ်ဖန် သိမ်းဆည်းထားသွားရန်လည်း မဟုတ်ချေ။ ဤဘာသာတရားအားဖြင့် ကျွန်ုပ် တို့၏နေ့စဉ်အသက်တာကို စင်ကြယ်စေခြင်းနှင့် စီးပွားရေးအလွှဲအပြောင်း အချိန်တိုင်း၌လည်းကောင်း၊ လူမှုဆက်ဆံရေးပြုသောအခါတိုင်း၌လည်းကောင်း ပေါ်လွင်ထင်ရှားစေရန် အသုံးပြုဖို့ဖြစ်ပါသည်။ (ChS 26.4)ChSBur 35.2

    ထာဝရဘုရားသခင်သည် ကိုယ်တော်၏လူများအားဖြင့် ဤလောက သားတို့ရှေ့၌ ဘုန်းထင်ရှားစေရန် ရည်ရွယ်တော်မူသည်။ သူတို့သည် ခရစ်တော် ၏နာမကိုဆောင်၍ သူတို့၏အတွေးအခေါ်၊ အပြောအဆို၊ အကျင့်အကြံအား ဖြင့် ဘုရားသခင့်ကိုယ်စား သက်သေထူကြရန် ကိုယ်တော်မျှော်လင့်သည်။ သူတို့၏အတွေးသည် စင်ကြယ်၍ သူတို့ဆိုစကားများသည်လည်း မြင့်မြတ် ခြင်းနှင့်ချီးမွမ်းခြင်းရှိလျက် သူတို့၏ပတ်ဝန်းကျင်ရှိလူသားများကို ကယ်တင်ရှင် အနီးသို့ ရောက်အောင်ဆွဲဆောင်ကြရမည်။ ခရစ်တော်၏ဘာသာသည် အပြောနှင့်အလုပ်ကိုက်ညီရမည်။ သူတို့၏စီးပွားရေးလုပ်ဆောင်မှုတိုင်းသည် လည်း ဘုရားသခင့်မျက်မှောက်တော်၌ မွှေးကြိုင်နေရပါမည်။ (ChS 26.5)ChSBur 35.3

    စီးပွားရေးသမားတစ်ယောက်သည် မိမိ၏သစ္စာရှိမှုဖြင့် မိမိ၏သခင့် ဘုန်းတော်ထင်ရှားစေသောလမ်းကြောင်းအတွင်း၌သာ စီးပွားရေးအလုပ် လုပ်ဆောင်ပါစေ။ မိမိလုပ်ဆောင်ပြီးစီးလေသမျှတို့တွင် မိမိ၏ဘာသာတရား ကိုထင်ရှားစေ၍ ခရစ်တော်၏စိတ်တော်ကိုလည်း တစ်ပါးသူများအား ဖွင့်ပြပေး ကြပါစေ။ စက်ပြင်ဆရာများဆိုလျှင်လည်း မိမိတို့၏လုံ့လဝီရိယနှင့် သစ္စာ ရှိခြင်းအားဖြင့် ယုဒပြည်၌ နှိမ့်ချစွာအသက်ရှင်၍ အလုပ်လုပ်ခဲ့ရသော သခင် ဘုရားကို ကိုယ်စားပြုနိုင်ကြပါစေ။ ခရစ်တော်၏နာမ၌ရှိကြသူတိုင်းသည် မိမိတို့၏ကောင်းမှုများကို တစ်ပါးသူတို့မြင်တွေ့ စေရအောင်လုပ်ဆောင်ခြင်း ဖြင့် မိမိကိုဖန်ဆင်းသောအရှင်နှင့် ရွေးနုတ်တော်မူသောအရှင်ကို ဘုန်းတော် ထင်ရှားစေခြင်းပြုနိုင်ကြပါစေ။ (ChS 27.1)ChSBur 36.1